Sunday, September 6, 2009

အစွန့်ပစ်ခံ....

ချစ်လို့ပဲ ဖြစ်ဖြစ် ....
မုန်းလို့ပဲ ဖြစ်ဖြစ် ....
စွန့်ပစ်ခံခဲ့ရမယ်ဆိုရင် ကျန်ရစ်သူမှာ အလွမ်းတွေ စာဖွဲ့လို့ မကုန်နိုင်ပါဘူး။
ဒီလို စာတွေ ကဗျာတွေ ဖွဲ့ရာကနေ သီချင်းလေး တစ်ပုဒ်အဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့တဲ့ အလွမ်းအဆွေး သီချင်းတွေ အများကြီး ကြားဖူးမှာပေါ့။

အခုလဲ အဟောင်းတွေထဲက ပြန်တူးဆွပြီး နားထောင်ဖြစ်တဲ့ အစွန့်ပစ်ခံသူတစ်ယောက်ရဲ့ အလွမ်း သီချင်းလေး တစ်ပုဒ်ကို ဝေမျှချင်ပါတယ်။ အစွန့်ပစ်ခံရတဲ့ တစ်ယောက်က အကြောင်းရင်းကို လိုက်ရှာနေပုံလေးကို ခံစားတင်ပြထားတာပါ။

ပထမဆုံး ကြားဖြစ်တာကတော့ အမျိုးသား အဆိုရှင် Arisman ပါ။ ၁၉၈၅ ခုနှစ်လောက်ဆီက ဆိုတဲ့ သီချင်း ဖြစ်မယ် ထင်ပါတယ်။ မသေချာပါ။ ဒီ့ထက် စောချင် စောနိုင်ပါလိမ့်မယ်။ Arisman ဆိုတာ အရင်က သီချင်းချိုအေးအေးများကို သီဆိုအောင်မြင်ခဲ့တဲ့ လူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ လပိုင်းများဆီက ထိုင်းနိုင်ငံ ပတ္ထယားမြို့မှာ အာဆီယံ အစည်းအဝေး ကျင်းပချိန်မှာ ဆန္ဒပြတဲ့ အနီဝတ်များကို တစ်ထောင့်တစ်နေရာက ဦးဆောင်ခဲ့တဲ့သူ၊ အဲဒီအတွက် အဖမ်းဆီးခံရပြီး အာမခံနဲ့ ပြန်လွှတ်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူ ဖြစ်ပါတယ်။ အောက်မှာ သူဆိုထားတဲ့ မူရင်း သီချင်းကို နားဆင်နိုင်ပါတယ်။ သီချင်းနာမည်က “Ting ထင့်” အစွန့်ပစ်ခံ ဖြစ်ပါတယ်။

ဒီသီချင်းဟာ အရစ်စမန်း သီဆိုချိန်မှာ အလွန်ပင် အောင်မြင်မှု ရရှိခဲ့ပါတယ်။ သူက ခံစားချက်နဲ့ သီဆိုခဲ့တဲ့ အတွက် သီချင်းဟာ အတော် အသက်ဝင်ပါတယ်။ တော်ရုံအဆိုရှင်များ လက်ရှောင်တဲ့ သီချင်း ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း နှစ်များမှာတော့ ဝါရင့် အမျိုးသမီး အဆိုရှင် မဲန်မ် က ထပ်မံ သီဆိုခဲ့ပြန်ပါတယ်။ သူလဲ သီချင်းကဝေ တစ်ယောက် ဖြစ်ပါတယ်။ မြန်မာ အဆိုတော် မေဆွိတို့နဲ့ ခေတ်ပြိုင် ဖြစ်နိုင်ပါတယ်။ သူသီဆိုတာကို တစ်လှည့် နားဆင်ကြပါစို့...။



Arisman ဆိုထားတဲ့ ယူထု မှာ ဝါရင့် သမ္ဘာရင့် အဆိုတော်တွေ (ရိန်းဘိုး၊မဲန်..) အကုန်ပါတာ တွေ့ရပါလိမ့်မယ်။ တစ်ဦးတည်းသော အမျိုးသမီး အဆိုရှင်လဲ တွေ့ရပါမယ်။ သူကတော့ ဒီသီချင်းကို ပြန်ဆိုတဲ့ မဲန်မ်ပါပဲ။

Youtube ဖွင့်မရသူများအတွက် mp3 link ကိုလဲ တင်ထားပေးပါတယ်။

ทิ้ง - Artist

3 comments:

  1. အင်း ဒီဘက်မှာ ယူထု ကြည့်လို့ မရတာ တော်တော် ဆိုးတာပဲ။ မေလေးက အဆိုတော်နာမည်တော့ သိဘူးရယ်။ သူ့သီချင်းတွေကို များများ နားထောင်ဖူးတယ်။ သိတဲ့အတိုင်း မေလေးက သီချင်းကြိုက်ဆိုတော့ အားလုံးနီးပါးကို ကိုယ်နားယဉ်တယ်ဆိုတိုင်း နားထောင်တာလေ ။ ခု မရတော့ ဟွန်းးးသွားပြိးနော် ။ ကျေးဇူး နောက်တခါ လာပြန်ဖွင့်ကြည့်မယ်။ အဲသီချင်းမျိုးတွေ mp3 ရော ရှိလားကိုကြီး သိချင်လို့
    ကျေးကျေးပါ နော် ။

    ReplyDelete
  2. maylay အတွက် mp3 လင့်ခ်။
    http://www.imeem.com/people/FVZ4uK/music/9RBaZvTI/artist/

    ReplyDelete
  3. ကိုဘများ အချစ်အကြောင်း စာဖွဲ့နေလားလို့...........

    ReplyDelete