မြန်မာပြည်ကို ဖုန်းခေါ်ခတွေ ဈေးကြီးပါတယ်။ ဖုန်းတစ်ခါခေါ်ဖို့ အရေး ပြောစရာ စကားတွေ စီရပါတယ်။ ဒါကြောင့် မြန်မာပြည်ကို အားအားယားယား ဆက်ချင်တိုင်း ဆက်လို့ မရပါဘူး။ မနေ့က အင်တာနက် လျှောက်ဖွင့်ကြည့်ရင်းနဲ့ ဆိုဒ်တစ်ခု တွေ့လာပါတယ်။ http://www.tipmeet.com ဆိုတဲ့ ဆိုဒ်လေးပါ။သူက VoIP ဆိုဒ်ပေါ့လေ။ အင်တာနက်ကနေ ဖုန်းတွေကို ခေါ်ဆိုမှု ဝန်ဆောင်ပေးတဲ့ လုပ်ငန်းပေါ့။ အသစ်ထင်ပါရဲ့။ စဖွင့်ဖွင့်ချင်း ဆိုတော့ ပရိုမိုးရှင်းတွေ ပေးနေတယ်။
အကောင့်အသစ် စဖွင့်ဖွင့်ချင်းကို ယူအက်စ် ၃ ဒေါ်လာ အလကား ပေးထားပါတယ်။ မနေ့က ဖွင့်ပြီး မြန်မာပြည်ကို လှမ်းခေါ်တာ အဆင်ပြေပါတယ်။ ညပိုင်း ဖုန်းခေါ်ကြည့်တာ ကြည်ပါတယ်။ နေ့ခင်းပိုင်းမှာတော့ ရုံးက အင်တာနက်လိုင်းနဲ့မို့လို့ အဆင်မပြေပါဘူး။ သူငယ်ချင်းတွေကို လှမ်းဖွင့်ခိုင်းတော့ သူတို့လဲ ဆက်ကြည့်တာ အဆင်ပြေတယ် ဆိုလို့ အခုလို မျှပေးလိုက်ရပါတယ်။
ပျော်ပျော်ကြီး အကောင့်တွေ ဖွင့်ပြီး မြန်မာပြည်ကို ဆက်ကြပါကုန်။
(ဖုန်းကုမ္ပဏီက သိရင်တော့ ကွန်ပလိမ်းတွေ လာတက်တော့မှာပဲ။)
အကြံဉာဏ်ပေးချင်တာက အကောင့်တွေ ဖွင့်လို့ မေးလ်တွေ ထည့်ရတော့မယ်ဆိုရင် ကိုယ့်ရဲ့ Primary Email မသုံးပါနဲ့ ။ ဖြစ်နိုင်ရင် အလကားရတဲ့ Gmail/Yahoo/Hotmail မှာ အီးမေး အကောင့်တွေ စိတ်ကြိုက် ဖွင့်ပြီး သုံးပါ။
Burmese Zodiac Animal at Thursday Corner
4 weeks ago
မရတော့ဘူး.
ReplyDeleteဘယ်လောက်ကြာအောင် ပြောရလဲတော့ ထည့်မရေးထားဘူး။
ReplyDeleteလေးဆယ့်ငါးမိနစ်နဲ့ အထက်ရမှ တွက်ချေကိုက်တယ်။
မဟုတ်ရင် နာရီဝက်လောက်နဲ့ ပြောလို့ကောင်းတုန်း ပြတ်သွား မကျေနပ်တာတော့ ကိုယ့်ဖုန်းနဲ့ကိုယ် ပြန်ခေါ်၊ အစက ပြန်ပြော၊ ဟော... တွက်ရေးကတော့ စက်သူဌေးပဲ၊ တွက်ကြည့်တော့မှ စက်မရှိ...
ပိန်းလိုက်တဲ့ ရီတာ။
ReplyDeleteအီးမေးလ်တွေ အများကြီးနဲ့ အကောင့်တွေ အများကြီး ဖွင့်လိုက်ပါလား။
တစ်ခုကုန်သွားရင် လော့ဂ်အောက်လို့ နောက်အကောင့်တစ်ခုနဲ့ ပြန်လော့ဂ်အင်လုပ် ပြီး ဖွင့်ပါလား...။
တစ်ပြားမှ မရဘူး :(
ReplyDeleteအမလေး အဲလောက် မအားပါဘူး ကိုဘရယ်
ReplyDeleteကိုဘွိုင်းဇ် အကြံပိုင်လှချေလားဗျ။
ReplyDeleteမျှဝေပေးတာ ကျေးဇူးတင်ပါ့
ရဘူး..........
ReplyDeleteစမ်းတော့ကြည့်တယ်။
ReplyDeleteအစဉ်မပြေသေးဘူး။ လိုနေသေးတယ်... ပိုက်ဆံ ww