Saturday, December 3, 2011

Donation for Kid who need urgent operation in Myanmar

ကလေးလေးရဲ့ လက်ရှိ Update အခြေအနေများကို အောက် အလှူရှင်စာရင်းအောက်မှာ နောက်ဆက်တွဲအနေနဲ့ တင်ပြထားပါတယ်။ လောလောဆယ် အလှူခံတာ လျာထားချက် ပြည့်မှီသွားလို့ ခဏရပ်ဆိုင်းထားပါတယ်။ 

ကလေးလေးအတွက် ဘလော့ဖတ်မိပြီး စေတနာရှင်များမှ အောက်ပါအတိုင်း လှူဒါန်းလာပါတယ်။
(ဘလော့ဖတ်ပိတ်သတ်က ဆက်သွယ်လှူထားတာပါ။)

၁။ အမည်မဖော်လိုသူ Anonymous S$ 100. (Transferred to Yangon on 07 Dec 2011)
၂။ မအိခိုင်                                 S$   15 
(Transferred to Yangon on 07 Dec 2011)
၃။ ကိုဇီးရိုး                                 S$   30  (Transferred to Yangon on 07 Dec 2011)
၎။ ကိုအောင်ကျော်လွင်                 S$   30 (Transferred to Yangon on 07 Dec 2011)
၅။ Meredith Johnson                 S$   50 (Transferred to Yangon on 07 Dec 2011)
၆။ မခင်ချိုလွင်                            S$   30 (Transferred to Yangon on 07 Dec 2011)
၇။ မအေးမြတ်မြတ်မွန်                 S$   20 (Transferred to Yangon on 07 Dec 2011)
၈။ ကိုဝင်းကျော်ထွန်း                 S$   50 (Transferred to Yangon on 07 Dec 2011)
၉။ Ma May Su Sandy                  S$   50 (Will transfer to Yangon on next batch donation)
၁၀။ Ma သွယ်ဇင်ဦး                       S$   30 (Will transfer to Yangon on next batch donation)

**************************************************************
ကောက်ခံရရှိလာသည့် အထက်ပါ အလှူငွေများကို ရန်ကုန်သို့ ပို့ပေးရန် လက်ခံပေးနေသော မြန်မာဘလော့ဂါအဖွဲ့အစည်း (All about Bloggers) ထံသို့ လွဲပြောင်းပေးပါမည်။ 
အလှူငွေဖြတ်ပိုင်းရရှိပါကလည်း ဤဘလော့ပေါ်၌ ပြန်လည်တင်ပေးပါမည်။ 
**************************************************************
နောက်ဆက်တွဲ ၁(ဒီဇင်ဘာလ ၇ ရက်နေ့ ၂၀၀၁)
လူ့ဘ၀ဆိုတာ ရခဲပါတယ်။ အဲဒီလိုရခဲလှတဲ့ လူ့ဘ၀လေးမှာ ကောင်းမွန်စွာ ရှင်သန်နေနိုင်ဖို့က ပိုပြီးအရေးကြီးလှပါတယ်။ ဒီကလေးလေးဟာ သူ့အသက်နဲ့မမျှတဲ့ အသည်းရောဂါဝေဒနာကို ခံစားနေရရှာပြီး အကြီးစားခွဲစိတ်ကုသမှုကို အချိန်မီရရှိနိုင်မှသာ အသက်ဆက်လက် ရှင်သန်နိုင်မှာဖြစ်ပါတယ်။ ငွေကြေးပိုင်းမှာ အခက်အခဲကြီးမားစွာ ဖြစ်နေသည့်အတွက် မိမိတို့တတ်စွမ်းသလောက် ၀ိုင်းဝန်းကူညီပေးကြမယ်ဆိုရင် ရခဲလှတဲ့ ဒီအသက်လေးတစ်ချောင်းဟာ သူ့ဘ၀လေးကို ဆက်လက်ပျော်ရွှင်စွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

၂၆၊ နိုဝင်ဘာ၊ ၂၀၁၁
ကလေးနာမည်က မောင်သန်းဇော်ဦးပါ။ အသက်က ရနှစ်ပါ။ ဖခင်ကတော့ မရှိတော့ပါဘူး။ သူခံစားနေရတဲ့ရောဂါက အသည်းမှာ ရေအိတ်တည်နေတာပါ။ လက်ရှိ စစ်တွေမှာရှိနေပြီး မိခင်ဖြစ်သူနှင့်အတူ တနင်္ဂနွေနေ့ကို ရန်ကုန်ကိုရောက်ပါမယ်။တနင်္လာနေ့မှာ ရန်ကုန်ကလေးဆေးရုံကြီးကို တင်မှာဖြစ်ပါတယ်။ ရရှိရသမျှအခြေအနေများကို ဆက်လက်တင်ပြသွားပါမယ်။

၂၇၊ နိုဝင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးရန်ကုန်သို့ရောက်ရှိပါပြီ။ သူနှင့်အတူ မိခင်၊ အဒေါ်နှင့် ၇လသားညီလေးပါလာပါတယ်။ မနက်ဖြန် အလုံကလေးဆေးရုံကြီးကိုတင်မှာဖြစ်ပါတယ်။

၂၈၊ နိုဝင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးအား ကလေးဆေးရုံကြီး အဆောင် ၁၊ အခန်း ၂၊ ကုတင် ၃ တွင်တင်ထားပြီး လိုအပ်သော ဆေးစစ်မှုများကိုပြုလုပ်လျက်ရှိပါသည်။

၅၊ ဒီဇင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးအား အလုံကလေးဆေးရုံကြီးတွင် တင်ထားပြီး 64 CT Scan ရိုက်ပြီးသွားပါပြီ။ ၆ ရက်နေ့တွင် ဆေးစစ်ချက်အဖြေများရရှိပြီး ကလေး၏အခြေအနေမှာ အသည်းတစ်ခုသာထိခိုက်နေပြီး ကျန်သောကိုယ်တွင်းအင်္ဂါများမှာ ကောင်းမွန်စွာအလုပ်လုပ်လျက်ရှိသည်ဟု သိရှိရပါသည်။ ဆရာဝန်များ၏ ထပ်မံညွှန်ကြားချက်အရ ယနေ့ ၇ရက်နေ့တွင် ဆေးစစ်ရန်နောက်ဆုံးလိုအပ်အချက်အနေဖြင့် ရင်ဘတ်ဓါတ်မှန်ရိုက်ပါမည်။ ခန့်မှန်းထားသည့်အတိုင်း အစစအရာရာအဆင်ပြေပါက နောက်အပါတ်တွင် ခွဲစိတ်မှုကို ပြုလုပ်မည်ဟု ဆရာဝန်များက အကြောင်းကြားထားပါသည်။

လက်ရှိကောက်ခံရရှိသောအလှူငွေများမှာ မြန်မာ၊ စင်ကာပူ၊ ဒူဘိုင်းနှင့် အမေရိကမှဖြစ်ပြီး စုစုပေါင်း ၃၅ သိန်းကျော်ရရှိပြီဖြစ်ပါသည်။ ဆရာဝန်များ၏ ကြိုတင်ခန့်မှန်းကုန်ကျစရိတ်မှာ ၁၀ ~ ၃၀ သိန်း ဖြစ်သဖြင့် ခွဲစိတ်မှုကုန်ကျစရိတ် လုံလောက်ပြီဟု လတ်တလောအနေဖြင့် သတ်မှတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အလှူငွေကောက်ခံခြင်းကို ရပ်လိုက်ပြီး ခွဲစိတ်မှုပြီးနောက်ထပ်မံလိုအပ်ဦးမည်ဆိုပါက လှူဒါန်းရန်စိတ်ဝင်စားသော အလှူရှင်များအား အကြောင်းကြားပေးပါမည်။ မောင်သန်းဇော်ဦးဓါတ်ပုံနှင့်အကူအညီလိုအပ်ကြောင်းပို့စ်ကိုတင်ပြီးသည့်ရက်မှစ၍ တစ်ပါတ်ကျော်အတွင်း ယခုကဲ့သို့လုံလောက်သောအလှူငွေများရရှိသည့်အတွက် မောင်သန်းဇော်ဦးနှင့်မိသားစုကိုယ်စား အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ လှူဒါန်းကြသောအလှူရှင်အပေါင်းအားလည်း ကျမ မဆုမွန်အောင်၊ မမိုးမိုးအေးဒွေး၊ မငြိမ်းနုဖြူ နှင့် ကာယကံရှင်မိသားစု တို့မှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်။ ခွဲစိတ်ပြီးအခြေအနေကိုလည်း ဓါတ်ပုံနှင့်တကွ တင်ပေးပါမည်။

လှူဒါန်းထားကြသောအလှူရှင်များအနေဖြင့်ယခင်ဆက်သွယ်ရန်ပေးထားသော ဖုန်းနံပါတ်၊ အီးမေးလ် နှင့် နေရပ်လိပ်စာများအတိုင်း ဆက်သွယ်နိုင်ကြပါသည်။ အလှုရှင်များ၊ လှူဒါန်းငွေအသေးစိတ် နှင့် ခွဲစိတ်မှုကုန်ကျစရိတ်အားလုံးကို  စာရင်းနှင့်တကွ ပြန်လည်တင်ပေးပါမည်။  မေးမြန်းစုံစမ်းလိုကြသောသူများအနေဖြင့် မက့်ဆေ့ခ်ျပို့၍ မေးမြန်းနိုင်ကြပါသည်။ ကျေးဇူးအထူးတင်ရှိပါသည်။


နောက်ဆက်တွဲ (၁) ပြီးဆုံး၏။





 ================================================

ရေနစ်နေသူအတွက်တော့ ကောက်ရိုးတမျှင်ကလည်း အားကိုးရာပါ၊
ဝေဒနာခံစားနေရတဲ့ကလေးအတွက်တော့ ကျွန်တော်တို့ရဲ့  မေတ္တာ၊ဂရုဏာ၊စေတနာက သူ့ရဲ့ အားကိုးရာပါ၊

သူငယ်ချင်းတို့ ရေ
သူငယ်ချင်းတို့ရဲ့ ဆေးလိပ်တလိပ်
သူငယ်ချင်းတို့ရဲ့ ကွမ်းရာတရာ
သူငယ်ချင်းတို့ရဲ့ ဘီယာတဗူး
သူငယ်ချင်းတို့ရဲ လက်ဖက်ရည်တခွက်
သူငယ်ချင်းတို့ရဲ အချိုရည်တဗူး
သူငယ်ချင်းတို့ရဲ လက်သည်းဆိုးဆေးတဗူး
သူငယ်ချင်းတို့ရဲ့  နူတ်ခမ်းနီလေးတတောင့်
သူငယ်ချင်းတို့ရဲ့ ဆံညှပ်ကလေးတခု
သူငယ်ချင်းတို့ရဲ့  ခေါင်းစီးကြိုးလေးတခုရဲ့ တန်ဖိုးရယ်
တခြားသော သူငယ်ချင်းတို့ရဲ့ တနေ့တာ သုံးစွဲမဲ့အသုံးလေးက၊ကလေးတယောက်ရဲ့ အသက်တချောင်းကို ကယ်တင်ဖို့ အတွက်အထောက်အကူအများကြီးဖြစ်နိုင်တယ်ဆိုတာသူငယ်ချင်းများသိမြင်ခံစားနိုင်ပါစေ။
သူငယ်ချင်းတို့မှာလည်း မိသားစုရှိမယ်၊ညီအစ်ကိုမောင်နှမရှိမယ၊် တူတူမတွေရှိမယ်၊ဆွေမျိုးသားချင်းရှိမယ။်
ရပ်ဆွေရပ်မျိုးဆိုတာရှိမယ်၊သူငယ်ချင်းအပေါင်းအသင်းရှိမယ်၊သူတို့တွေထဲက သူတို့တွေရဲ့ကလေးတစ်
ယောက်ခုလို့ အဖြစ်မျိုးနဲ့ ကြုံနေရရင် သူငယ်ချင်းတို့ ပြုံးပျော်နိုင်မလား။ခံစားနေရမယ်ဆိုတာ ကျွန်တော်အပါအဝင် အားလုံးကိုယ်စီသိနှင့်ပြီးသားပါ။


မေတ္တာရပ်ခံချင်တာက………..
တရက်လောက် ဆေးလိပ်မသောက်ပဲ
တရက်လောက် ကွမ်းမစားပဲ
တရက်လောက် ဘီယာမသောက်ပဲ
တရက်လောက် လက်ဖက်ရည်မသောက်ပဲ
တရက်လောက် အချိုရည်မသောက်ပဲ
တခါလောက် လက်သည်းဆိုးဆေးမဝယ်ပဲ
တခါလောက် နူတ်ခမ်းနီမဝယ်ပဲ
တခါလောက် ဆံညှပ်မဝယ်ပဲ
တခါလောက် ခေါင်းစည်းကြိုးမဝယ်ပဲ
တခါလောက်၊တရက်လောက် တနေ့တာသုံးစွဲမဲ့ အသုံးလေးထဲကနေကူညီခဲ့မယ်ဆိုရင်.............

နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်ပေမဲ့ နှမ်းစေ့ပေါင်းများစွာစုမိကြမယ်ဆိုရင်တော့ ဆီပေပါတခုဖြစ်လာနိုင်သလို
ကျွန်တော်တို့ ရဲ့ နိုင်သလောက်လေး၊တခါလောက၊် တရက်လောက်က၊ဝေဒနာခံစားနေရတဲ့ကလေးလေးရဲ့ 
အသက်ဆက်ရှင်သန်ဖို့ အတွက်တော့တနှစ်လည်းပဲဖြစ်နိုင်တယ်၊တသက်လုံးလည်းဖြစ်နိုင်ပါတယ်။

ကူညီကြပါလို့ တိုက်တွန်းရင်း…………
မေတ္တာရပ်ခံရင်း………..

အမေ့သား
======================================
အမေ့သား ဘလော့မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
သတင်းဖတ်မိ၍ သိရှိမိသလောက် ပြန်ဝေငှရသော်
ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မင်းကယ်ကျေးရွာအနီးတွင် နေထိုင်သော အသက် ၇ နှစ်အရွယ် ကလေးလေးမှာ အသည်းရောဂါကြောင့် ဝမ်းဗိုက်အဆမတန် ဖောင်းကားနေသော ရောဂါ ခံစားနေရပါသည်။ ခွဲစိတ်မှု ပြုလုပ်ရမည့် အခြေအနေ ဖြစ်သည်ဟု သိရပါသည်။ ယခုအခါ တောင်ဒဂုံရှိ ကလေး ဆေးရုံတွင် ရောက်ရှိနေပြီး ခွဲစိတ်ခ ၂၇ သိန်း လိုအပ်မည်ဟု သိရပါသည်။ ခွဲစိတ်မှု အချိန်မီ မလုပ်ဆောင်နိုင်ပါက အသက်ရှင်နိုင်ရန် အခွင့်အလမ်းနည်းပါးသည်ဟု သိရှိရပါသည်။
ထို့အတွက်ကြောင့် နီးစပ်ရာ မိတ်ဆွေ ဘလော့ဂါများ စုပေါင်းက အလှူငွေများ ကောက်ခံလျက် စုဆောင်းရရှိငွေများကို သက်ဆိုင်ရာ ကလေးမိဘထံ လွဲပြောင်းရန် စီစဉ်နေပါသည်။ ဒီဇင်ဘာ ၇ရက်နေ့ နောက်ဆုံးထား ကောက်ခံပြီး ရန်ကုန်သို့ ဒီဇင်ဘာ ၈ရက်နေ့၌ လွဲပြောင်းပေးပါမည်။
သို့ပါ၍ ကလေးငယ်အတွက် ခွဲစိတ်ခအတွက် ပါဝင်ကူညီ လှူဒါန်းလိုသူများ mr.boyz@gmail.com ထံ အီးမေးလ်ပို့ပေးပါ။ 
***အလှူငွေများကို လက်ခံပေးနေသော မြန်မာဘလော့ဂါအဖွဲ့အစည်း (All about Bloggers) ထံသို့ လွဲပြောင်းပေးပါမည်။***
***အလှူငွေဖြတ်ပိုင်းရရှိပါကလည်း ဤဘလော့ပေါ်၌ ပြန်လည်တင်ပေးပါမည်။***


သတင်းတင်ပြပေးသော The Voice ဂျာနယ်အား ကျေးဇူးတင်ပါသည်။
မူရင်းသတင်းလင့်ခ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

No comments:

Post a Comment