Saturday, August 3, 2013

The Moments (01)

ရယ်စရာလေး တစ်ခု ပြောရဦးမယ်...။
အသည်းလေးကို မြန်မာပြည်ပြန် ဆွေပြမျိုးပြ အလည်သွားတုန်းကပေါ့။
အမျိုးတွေဆီ သွားလည်ကြတာ သူ့ကို နောက်ကနေတင်ပြီး ကျွန်တော်က ဆိုင်ကယ် မောင်းသွားတယ်။
သူက ဆိုင်ကယ် အဆင်းအတက် သိပ်မကျွမ်းဘူး...။
ဘောင်းဘောင်းနဲ့ပါပဲ...။
နောက်ကနေ ခွထိုင်.. ကျွန်တော့်ခါးကို ဖက်. အဲလို စီးတာပေါ့လေ..။

မြို့ပြင်ထွက်လည်ရင်း လမ်းမှာ ဓါတ်ဆီဆိုင်မှာ ရပ်ပြီးဆီထည့်တာ...။
ဆီဖြည့်ပြီးတော့ ပိုက်ဆံရှင်းပြီး မောင်းထွက်လာတာပေါ့။
အထွက်မှာ သူတက်လာလား တက်မလာဘူးလား သတိမထားပဲ ဆက်မောင်းထွက်လာတာ...။
ဘယ့်နှယ် ငါ့ခါးလဲ လာမဖက်ဘူး...။
မစီးတတ်ဘူးလဲ ပြောသေးတယ်.. တော်ကြာနေ ပြုတ်ကျနေမှ ဆိုပြီး လှည့်ကြည့်လိုက်တာ သူက ဆိုင်မှာ ကျန်ခဲ့တာဗျ...။
ဆိုင်ကယ်ကို သူက တစ်ခါမှ မစီးဖူးတော့ အတက် အဆင်း မကျွမ်းတာ မေ့သွားတယ်။
ခွိခွိ...

အဲ့တုန်းက သူ့ခမျာ ငိုမဲ့မဲ့နဲ့ ကျန်နေခဲ့တာ...
ရယ်လဲ ရယ်ချင် သနားလဲ သနားသွားတယ်။

5 comments:

  1. ဆားချက်ချက် လွန်တယ်..
    ဖေ့ဘွတ်မှာသူများစတေးတပ်စ်အောက်က ကောမန့်မှာ တစ်ခါ၊
    ဖေ့ဘွတ်မှာ ကိုယ်ပိုင် စတေးတပ်စ်နဲ့ တစ်ခါ
    ဘလော့မှာ တစ်ခါ ...
    ဟင်းဟင်းဟင်းးးး



    မယ်ဆင်

    ReplyDelete
  2. အိုး...ဒါ သူ့ ဘလော့လား....


    မယ်နောင့်

    ReplyDelete
    Replies
    1. မယ်နောင့် ဘာပြောချင်တာလဲဟင်

      Delete