Google ကနေပြီးတော့ မနေ့က ဆော့ဖ်ဝဲ အသစ် တစ်မျိုးကို ထပ်မံ ထုတ်လုပ်လိုက်ပါတယ်။ အဓိက ကတော့ စမတ်ဖုန်းများကို ဦးတည်ပါတယ်။ ဖုန်းထဲက Contacts များနဲ့ Google Account ထဲက Contacts များကို Sync လုပ်နိုင်တဲ့ ဆော့ဖ်ဝဲပါ။ ဘီတာဗားရှင်းပဲ ရှိပါသေးတယ်။ ဖုန်းကနေ အီးမေးလ်ပေးပို့ခြင်း၊ လက်ခံခြင်းတို့ကို ပြုလုပ်တတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တစ်ခြားသော ခရီးမကြခဏ သွားဖြစ်တဲ့ သူများ အတွက် ရည်ရွယ် ထုတ်လုပ်ပါတယ်။
အခုထုတ်လုပ်လိုက်တဲ့ ဆော့ဖ်ဝဲကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးအစား များကတော့ iPhone, Android, Windows Mobile Phone နဲ့ အခြားသော S60 Symbian ဖုန်း တို့ဖြစ်ပါတယ်။ UIQ3 Symbian ဖုန်းများအတွက် ဘီတာဗားရှင်းကို များမကြာမီ ကာလမှာ ဆက်လက် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ နေ့လည်တုန်းက မိမိမှာ ရှိတဲ့ ဆိုနီဖုန်းနဲ့ ၀င်ကြည့်တော့ မီနူးသာ ရှိပြီး သုံးလို့ မရသေးပါဘူး။
တစ်ကယ်တော့ ဒီလို ဆော့ဖ်ဝဲမျိုး ပေါ်သင့်တာ ကြာပါပြီ။ ဖုန်းအသစ်တစ်လုံး ပြောင်းမယ်ကြံတိုင်း ခေါင်းခဲရတဲ့ အခက်ခဲဆုံး အပိုင်းကတော့ ဖုန်းထဲက Contacts နဲ့ Calender ကို တစ်ခြားဖုန်းထဲကို ပြောင်းထည့်ရတဲ့ အပိုင်းပါပဲ။ အခုတော့ Google ရဲ့ Sync ဆော့ဖ်ဝဲနဲ့ အလွယ်တကူ ပြောင်းနိုင်ပါပြီ။
စိတ်ဝင်စားသူများ အောက်က လင့်ခ်တွေမှာ သွားရောက် စမ်းသပ်နိုင်ပါတယ်။
Find out how to setup Google Sync services for your desktop and mobile devices.
-
PC Get Gmail and sync your Outlook calendar with Google. -
Mac Get Gmail and sync your iCal and Address Book with Google. -
Linux Get Gmail and sync your Calendar with Google. -
Android Sync Gmail, Calendar and Contacts with your phone. -
BlackBerry Get Gmail and sync your Calendar and Address Book with Google. -
Symbian S60 Get Gmail and sync your Contacts with Google. -
iPhone Sync Calendar and Contacts with your iPhone and get your Gmail. -
Windows Mobile Sync Calendar and Contacts and get your Gmail.
Pictures and Links from Google. All Credits to Google.

