Showing posts with label Yesterday. Show all posts
Showing posts with label Yesterday. Show all posts

Friday, May 23, 2008

Yesterday .... မနေ့က

မနေ့က
အားကုန်လုဆဲဆဲ ပန်းပွင့်ကို
မြေသြဇာ သွန်းလောင်းနိုင်ခဲ့တယ်...။

မနေ့က
ရွက်ကျပင်ပေါက် တစ်ပင်ရဲ့
တွယ်ရာမဲ့ နိဒါန်းကို
အဆုံးသတ်ဖို့
အစပျိုးတဲ့ ဇာတ်ကွက်ကို
တွေ့ရတယ်...။

မနေ့က
ကိုယ့်အရိပ်ကို ပြန်လန့်နေတဲ့
အတိတ်တစ္တေအခြောက်ခံသူများရဲ့
ဆင်ကန်းတောတိုး ကမူးရှုးထိုး
တုန့်ပြန်မှုကို
ခါတိုင်းလို ကြုံရပြန်တယ်...။

မနေ့က
မနိုင်ဝန်ထမ်းပြီး
မဖြည့်စွမ်းနိုင်တဲ့ ဂတိတွေ
အထပ်ထပ် အခါခါ
ပေးခဲ့တဲ့၊ ပေးနေတဲ့၊ ပေးနေဦးမယ့်
လူတစ်ယောက်ကို တွေ့ခဲ့တယ်...။

မနေ့က
ရှာမှရှားတဲ့ သမိုင်းဝင် ဖြစ်ရပ်တစ်ခု
အစပျိုးခြင်းကို ကြုံလိုက်ရတယ်...။

မနေ့က
တစ်သက်လုံး ကြားလာခဲ့တဲ့
စကားပုံတစ်ခု
ပြောင်းပြန်ဖြစ်တာ
ကြားဖူးသွားတယ်...။

မနေ့က...
မနေ့က...
(မနေ့က...)။