Thursday, July 9, 2009

ပေါက်တတ်ကရ အိတ်တီ့ အပိုင်း (၉)

ဒီနေ့ ကြာသပတေးနေ့ ဇူလိုင် ၉ ရက်နေ့။
အာခေါင်နဲ့ နှာခေါင်းပြွန် နှစ်ခု ဆုံတဲ့နေရာမှာ နာသလိုလို ဖြစ်နေတယ်။ ဟိုတစ်ညတွေဆီက အကျီင်္ချွတ်နဲ့ နေခဲ့တဲ့ ဒဏ်တွေပေါ့။ ချက်ချင်း မဖြစ်ပဲ စုပြီးခါမှ ဖြစ်နေတယ်။ ခုတစ်လော တုပ်ကွေးလေးများ ခေတ်စားနေတော့ ကွေးမလား မသိဘူး။ ရာသီဥတုက အေးတဲ့ဘက်ကို ကဲလာတယ်။ ညဆို စောင်ပါးပါးတောင် ခြုံနေရတယ်။ အိပ်ရာခင်း မလျှော်ရတာ တစ်ပတ်တောင် ကျော်သွားတယ်။ ဒီစနေတော့ လျှော်လိုက်မယ်လေ။ စကားမစပ် အိမ်မှာ တီဗွီ အသစ်လဲလိုက်တယ်။ မြိုးလမ်းညွှန်ပေးလို့ပါ။ ခုတော့ စိတ်လက်ချမ်းသာစွာနဲ့ ကြည့်နေတယ်။ အရင် အိမ်ရှင့်တီဗွီက စီအာတီ အမျိုးအစား။ ကြည့်လာတာ ကြာပြီ။ လမုတ်မရှိ ဘာမရှိ။ ချန်နယ် ပြောင်းချင်ရင် ရှေ့က ဘုသီးလေး သွားနှိပ်၊ ပိတ်ချင်ရင် ပါဝါခလုတ်ကို ထောက်ကနဲ နှိပ်။ မျက်နှာပြင် ဘေးနှစ်ဘက် အလယ်ကနေ အတွင်းကို ကျုံ့လာတယ်။ ကြာရင် ပျက်တော့မှာပဲ ဆိုပြီး ပစ်ထားတာ။ ပြင်မယ်ဆို ၂၀၀ ကျော်တဲ့။ တော်ပါပြီလေ။ ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတယ်။ အခု အသစ်လေးနဲ့ဆိုတော့ ဟန်ကျ။

အဲ.. ခုတစ်ယော စက်ပစ္စည်းနဲ့များ နှစ်ပါးသွားရမလား မသိဘူး။ အရင် အင်တာနက်လိုင်း လျှောက်တုန်းက အခမဲ့ပေးတဲ့ HP iPaq 612C ဆိုတဲ့ ဖုန်းလေးပေါ့။ နောင်တော်ကြီးသုံးနေတာ။ သူက Touch Screen နဲ့ Key Pad ပါတာလေး။ ခုတော့ Touch Screen ဘယ်ဘက်ခလုတ်ကို နှိပ်ရင် အဆင်ပြေနေပေမယ့် ညာဘက်က ခလုတ်ကို နှိပ်ရင် ဘယ်ဘက်ကိုပဲ Active ဖြစ်နေတယ်။ တတ်သလောက် မှတ်သလောက် ပြင်ကြည့်ပါတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ သူက WinMo လို့ခေါ်တဲ့ Windows Mobile 6.0 အမျိုးအစား စက်မောင်းနှင်စနစ် ကို သုံးထားတာလေ။ ဝင်းဒိုးဆိုတာ ဒီမောင်က ကျွမ်းနေပြီးသားဆိုတော့ ကလိတာပေါ့ဗျာ။ ဘယ်လိုမှ ပြန်ပြင်လို့ မရတာနဲ့ စက်ထဲမှာ ပါလာတဲ့ Factory Setting ဆိုတာကို နှိပ်ပစ်လိုက်တယ်။ အေးရော။

ဒါနဲ့ အဆင်ပြေသွားတယ်လို့ မမျှော်လင့်ပါနဲ့။ ဖုန်းကို ပါဝါပြန်ပိတ်ပြီး ပြန်ဖွင့်တော့ ပုံမှန်အတိုင်း ဝင်ဒိုးအသစ် တင်သလိပါပဲ စက်ကို Touch Function အလုပ်လုပ်အောင် Calibration ဆိုတာ လုပ်ပေးရပါတယ်။ သူပြတဲ့ ပွိုင့်တွေမှာ ကိုယ်က stylus ပဲန်လေး တစ်ချောင်းနဲ့ လိုက်ထောက်တာပေါ့ဗျာ...။ သေချာအောင် သူပြတဲ့ တားဂက် အလယ်ကို ထောက်ပြီး ထောက်ထားတာကို သဘောတူကြောင်း ဖိပေးရတယ်ဗျ။ အဲဒီကျတော့မှ စက်က တစ်ခြား ပွိုင့်ကို ပြပြီး ထပ်နှိပ်ခိုင်းတယ်။ ဘယ်၊ ညာ၊ အပေါ်၊ အောက်၊ ထောင့်လေးထောင့်နဲ့ အလယ်တည့်တည့်မှာ ပွိုင့်တွေ နှိပ်ပြီးတာနဲ့ အစကို ပြန်လည်သွားတယ်။ အော် ကိုယ်လုပ်တာ မတိကျလို့ သူအစက ပြန်လုပ်ခိုင်းတာ နေမှာဆိုပြီး ပြန်လုပ်ပေးသေးတယ်။ နောက်တော့ အစကိုပဲ ပြန်ပြန် လည်နေတော့ ဒါ မဖြစ်ချေဘူး ဆိုပြီး စက်ကို ပါဝါပိတ် ပြန်ဖွင့်လုပ်သော်ငြား ဘယ်လိုမှ အဆင်မပြေတော့ပါ။

ဒါနဲ့ ဆားဗစ်စင်တာကို ညကြီး ၁၂ နာရီလောက်မှာ ဆက်သွယ်ရတာပေါ့။ ဒီအချိန်ကြီးတော့ ဖုန်းsupport တော့ ဘယ်ပေးလောက်တော့မလဲ။ HP Website ထဲမှာ Online Chat Support ဆိုတာ ရှိနေတော့ အဲဒါကို အားကိုးရတာပေါ့။ အိန္ဒိယနာမည်နဲ့ အင်ဂျင်နီယာ တစ်ယောက် တက်လာပါတယ်။ သူက ဖြစ်ကြောင်းရယ် ကုန်စင်ကို စုံကလုံစေ့နေအောင် မေးမြန်းပြီးသကာလ သူပြောတဲ့အတိုင်း လိုက်လုပ်ပါတဲ့။ သူပြောတာတွေက ကိုယ်လုပ်ပြီးသား၊ စမ်းပြီးသားတွေ ဖြစ်နေတယ်။ လုပ်ပြီးသားလို့ ပြောပေမယ့်လဲ ကိုရွှေအိန္ဒိယက လက်မခံပဲ သူပြောတဲ့ အတိုင်း step by step လုပ်ပေးပါတဲ့။ အတွန့်မတက်နဲ့ ဆိုတဲ့ သဘော။ အေးပေါ့လေ. လုပ်ရတာပေါ့။ လုပ်တယ်။ မရပါ။ နောက်တစ်နည်း ပြောင်း မရ...။ နောက်တစ်နည်း မရ။ သူပြောတာတွေက မောင်ဘွိုင်း လုပ်ပြီးသားတွေ။ နောက်ဆို သူတို့ support မှာ ကိုယ်ပဲ သွားလုပ်တော့မယ်။ ဆိုတော့ မနက် ၃း၃၀ နာရီ လောက် ရောက်သွားတယ်။ ကိုယ်လဲ အိပ်ချင်တော့တာနဲ့ မလုပ်တော့ဘူး ဆိုပြီး စက်ပိတ် အိပ်လိုက်တော့တယ်။ နောက်မှ အလက်ဇန္နားလမ်းထဲက သူတို့ ဆားဗစ်စင်တာကိုပဲ ပို့တော့မယ်။ အထဲက 4GB memory card လေးတော့ မှတ်မှတ်ရရ ဖြုတ်ထားလိုက်တယ်။

ဟိုတစ်လောက မောင်မင်းကြီးသား ထိုင်းက ဘလော့ဂါတစ်ယောက်နဲ့ တွေ့ဖို့ချိန်းတဲ့ညမှာ ဖူနန်ကို ရောက်ဖြစ်သေးတယ်။ အပေါ်ဆုံးထပ်က Challenger မှာ တီဗွီနဲ့ချိတ်ဖို့ ကေဘယ်လိုက်ရှာနေတာ။ HDMI Cable ပေါ့။ ရွှေ၂၄ ကာရက် ကွပ်ထားတယ် ဆိုတဲ့ အမျိုးအစားကို ၃ မီတာ အစားထဲက ဝယ်လာတယ်။ HDMI 1.3 အမျိုးအစားပေါ့။ အော်ဒီယို၊ ဗွီဒီယို နှစ်မျိုးစလုံးကို တစ်ကြိုးထဲ သွားတယ်။ HD data များကို streaming ကောင်းကောင်း ပို့နိုင်တယ် ဆိုပဲ။

ဖူနန်ကနေ အင်းလေးကို ရောက်ခဲ့တယ်။ ထိုင်းက လာလည်တဲ့ ဘလော့ဂါနဲ့ တွေ့တယ်။ နောက် စင်ကာပူက ဘလော့ဂါမမ တစ်ယောက်နဲ့ တွေ့တယ်။ စားပြီး သောက်ပြီး ဒူးရင်းသီးဘက် လမ်းလျှောက်ထွက်ခဲ့တယ်။ (စကားမစပ် အဲဒီနေ့က ငါးခူကြော် တော်တော်ငန်တယ်။) ဒါ့ပုံတွေ ရိုက်လို့ပေါ့။ ပြီးတော့ မိုးကြိုးခ ခံရတဲ့ ခြင်္သေ့ကို သွားတယ်။ နောက် ဝမ်းဖူလာတန်ကနေ ဖူလာတန် ဟိုတယ်ကို မြေအောက်ဥမင်ကနေ လျှောက်ပြန်ခဲ့တယ်။ ဘုတ်ကီးနားရောက်တော့ လမ်းခွဲပြန်တယ်။

Blu Ray Player များ လိုက်ဖတ်ကြည့်တော့ သူ့မှာ ဗားရှင်းတွေ သုံးမျိုး ရှိသတဲ့။ profile 1.0, profile 1.1, profile 2.0 ဆိုပြီး ခွဲထားသတဲ့။ profile 1.0 က စစဦးဆုံး ပလေယာတွေမှာ ပါလာတာ ဖြစ်တယ်။ သူက ဘလူးရေး အခွေတွေကို ကြည့်ရုံသာ ကြည့်နိုင်တယ်လို့ ပြောတယ်။ profile 1.1 ပလေယာများမှာကျတော့ မူရင်းဇာတ်လမ်း ကြည့်နေတုန်း scene တစ်ခုရောက်နေရင် အဲဒီ scene ကို ဘယ်လို ရိုက်ခဲ့ရတယ် ဆိုတာကို သရုပ်ဆောင်များ၊ ဒါမှ မဟုတ် ဒါရိုက်တာက ပြောပြတာကို ပုံအသေးလေးနဲ့ ထောင့်မှာပေါ်နေအောင် လုပ်ပေးနိုင်တဲ့ function လို့ ဆိုပါတယ်။ နောက်ဆုံး အမျိုးအစား ဖြစ်တဲ့ profile 2.0 ကျတော့ ပလေယာမှာ အင်တာနက်နဲ့ ချိတ်ဆက်ဖို့ Ethernet Port, USB port များ ပါလာပြီး အခွေတစ်ခွေ ထည့်လိုက်ရင် အဲဒီ အခွေနဲ့ ပါတ်သက်တာတွေကို အင်တာနက်ကနေ ဒေါင်းလုဒ် အော်တိုလုပ်ပေးတဲ့ ဖန်ရှင် ပါတယ်လို့ ဆိုပါတယ်။ နောက်ဆုံးရ သတင်းများအရ အဆိုပါ profile တွေဟာ ဘလူးရေး နည်းပညာ စထွင်ကတည်းက တွေ့ရှိပြီးသား ဖြစ်ပေမယ့် ထုတ်လုပ်သူများက တစ်ခါတည်း ထည့်ပေးလိုက်ရင် စားပေါက်ပိတ်မှာ စိုးရိမ်ကြပြီး တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့် ထုတ်ရောင်းတာ လို့ ဆိုပါတယ်။ အဲဒီအချက်တွေကြောင့် တစ်ချို့သော ထုတ်လုပ်သူတွေဟာ အသစ်အဆန်း မဟုတ်တဲ့ ဒီနည်းပညာကို profile ထိန်ချန်ခြင်း မပြုပဲ အကုန်ထည့်သွင်းပြီး ထုတ်လုပ်ဖို့ ပြင်ဆင်နေပါ့တယ်။ နောက်တစ်ခုကတော့ ဈေးနှုန်းတွေဟာ ထိုးကျလာတော့မယ် ဆိုတာပါပဲ။ အရင်တုန်းက ဘလူးရေး ပလေယာတစ်ခုဟာ ထောင်ဂဏန်းချီ ပေးရပါတယ်။ အခုတော့ ရာဂဏန်း အနည်းငယ်သာ ကျသင့်တော့မယ်လို့ သိရပါတယ်။

ဘလူးရေး ဆိုတာ အကြမ်းဖျင်း ပြောရရင်တော့ ပုံဖေါ်စွမ်းရည် ၁၉၂၀ x ၁၀၈၀ ရှိတဲ့ နည်းပညာ ဖြစ်ပါတယ်။ ပုံဖေါ်စွမ်းရည် များလေ ရုပ်ပုံများ အသေးစိတ်မြင်ရလေ ဖြစ်ပါတယ်။

17 comments:

  1. အော် ဒီလိုရေးလဲ အဆင်ပြေသား....

    ReplyDelete
  2. အိမ်မှာ တီဗွီ အသစ်လဲလိုက်တယ်ဆိုတာကို အတင်းကို စကားစပ်တော့တာပဲ.. ကျန်တာတွေ ဖတ်သော်လည်း ခေါင်းထဲမရောက်ဘူး

    ReplyDelete
  3. သြော်.. သူယူသွားတာကိုးးးးးးး (တီဗီ)

    ReplyDelete
  4. နောင့် လဲ ဖုန်း တစ်ခုခု ဖြစ်ရင် power off ပြီး ပြန်ဖွင့် ..ပြန်ကောင်းနေတာပဲ..။ ကော်နက်ရှင် မကောင်းတော့ဘူး ဆိုလဲ ကွန်ပြူတာကို ပိတ်ပြီး ပြန်ဖွင့်တယ်..။ ပြန်ရ နေတတ်တယ်..း)။ service center တော့ မခေါ်ရဲတော့ဘူး မနက် 3 နာရီ ထိ ရောက်သွားမှာ စိုးလို့ :P

    ReplyDelete
  5. ငါးခူကြော် က မနေ့  ကကျန်တာ ပြန်ကြော်ထားတော့ ငန်တာပေါ့..
    မဆိုင်တာ ပဲပြောသွားတယ်.. ကျန်တာ က သိမှမသိတာလို့ 

    ReplyDelete
  6. ဖတ်သွားသည်။

    ReplyDelete
  7. အမ Kom ရဲ့  comment အတိုင်း

    ReplyDelete
  8. visited & read

    wanna read "lwan maw bwe a tate nayt yet myar"

    to b continue?

    ReplyDelete
  9. ဒီတစ်ခါ လည်းအတော်စိတ်ရှည်လက်ရှည်ရေးထားတာဘဲ.ဒါကို ကြည့်ချင်း အားဖြင့် အတွှုင်းလူ တစ်ယောက် အနေနဲ့ပြောရရင် အခုတစ်လော အတော်ကလေး စိတ်အေးချမ်းသာ ရှိနေတယ်ဆိုတာ ကို ခန့်မှန်းလို့ရတယ်။

    အာခေါင်နဲ့ နှာခေါင်းပြနွန်. ( ကိုယ်ခေါင်းခြောက်သွားတယ် ဖတ်တာရပ်ပြီး လက်ထောက် စဉ်းစားလိုက်ရသေးတယ်။ အာခေါင်..နျာခေါင်. လည်ချောင်းနာတာလဲ မဟုတ်ဘူး. ကဲလေ. တစ်နေရာ ကနာတယ်ဘဲဆိုကြပါစို့။

    ဗလကလေးတော့ကြည့်ချင်သေးသား စထရိုက်မမြင်လိုက်တာဆိုးတယ။် ခိုစီးချင်စိတ်ကလေးတွေ ပေါက်သွားမယ်ထင်ရဲ့။

    တို့ရဲ့ဝါသနာအပါဆုံးအလုပ်တစ်ခုထဲမှာ အိပ်ရာခင်းလဲတာဘဲ. ဂဒီးဂဒီးလျော်တယ့် ဂဒီးကဒီလဲတယ်။အိပ်ရာခင်းလဲလိုက်ရင် အေးအေးလေးနဲ့ဖုန်စင်တဲ့ အရသှာရှိတယ်။စမ်းကြည့်ပါလား။

    စကားမစပ်တာကလဲ ဘလိုင်းကြည်းဘဲ။ စိန်လက်စွပ်ဝတ်ထားတဲ့ဆရာမက လက်ကလေးခါခါပြီး စာသင်တာ သတိရမိသေးတော့တယ်။

    လမုတ်မရှိတာမျာ.း တူတူဘဲ တို့လဲမရှိဘူး။ လွယ်ပါတယ။် နစ်ကျပ်တန်ဆိုင်မှာ တစ်ဆယ်ပေးရင်လမုတ်တွေများ ကြိုက်တာပြေ. တိုနီယူမလား.ဆိုရှိဘာ ယူမလား. ကြံချောင်းယူမလား ကြိုက်တာ ရှိတယ်။ အဲသလိုနဲ့ဝယ်ထားတယ်။ ကလန်းမန်းတီးဆိုင်က. စကားမစပ် အသစ်ကလေးနဲ့ဟန်ကျ. အသစ်ဆိုတာ ကတော့ကောင်းတာချည်းဘဲ။

    နောင်တော်ကြီး ပျက်တာ ကိုကိုယ်က ဘာဖြစ်လို့ပြင်ရတာလဲ။ ဒီနေရာမှာ စတေတပ်မှာလည်းတင်ထားသေးတယ။် ဒါဟာ ရှေ့နောက်မညီဘူး. သူပျက်ရင် သူပူပေါ့. ကိုယ်ပူစရာဘာလိုသလဲ လို. စဉ်းစားသွားတယ်။ ဒီကိစတ်စ ကိုရှင်းပါ

    အဲဒီတော့ကာ လိုရင်းက
    ၁ လည်ပင်းနာ
    ၂. တီဖွီအသစ်ကလေးဝယ်
    ၃။ တယ်လီဖုံးပျက်
    ၄။ ထိုင်းဘလော့ဂါလာ
    ၅။ စလုံး မမ နဲ့တွေ့
    ၆။ ခရီးသွားလမ်းညွန်
    ဖူန်န်= အင်းလေး.. ဒူးရင်းသီး..ခြသေူ်ကြီး.. ဖုလာတန်ဟော်တယ် ဘွတ်ကွေး.
    အင်း တစ်ပါတ်တော့လည်သွားလေရံဲ့

    ရ. ဘလူးလေရပလေယာက တော့ဘလိုင်းကြီးဝင်လာတာပါ
    တစ်က ကြည့်ဘို့နစ်က ဟစ်ထရီလိုက်ဘို့ သုံးက ဘာညာဘာညာ အင်တာန်မက်သတင်း. သူတို့ဘယ်လိုဘဲဖန်တည်းပေမဲ့ ဘေ့စစ်က တစ်ကဘဲ အသံုးဝင်တာပါ အဲဒီတော့နစ်နဲ့သုံးက မပါလည်းဘယ်လိုမှ မနေဘူး. ရမလားလို့အင်ထုကြည့်တာ မရဘူးဆိုတာ သိလို့အလကားပေးမယ်ပြောတာပါ။ ရိုးနေပြီ။ ဘလူးရေးဆိုတာ အင်းအဲ ..ဗွီစီဒီလိုပါဘဲအင်တာနက်မှာ ရှာကြည့်တာ မရှိလဲ ဘာမှ မဖြစ်ဘူး. လူပျိုများ..ထိန်းသိမ်းမဲ့သူမရှီလို့ဂယောက်၈ယက်ဖြစ်ပြီး လိုချင်တာ မဝယ်နိုင်တော့. ဟိုဝယ်ချင် ဒီဝယ်ချင်ဖြစ်နေတာပါ။ စိတ်မငြိမ်ဘူးခေါ်တာပေါ့။

    ဒါပါဘဲ။

    ReplyDelete
  10. - တားအင်တာနက်လျှောက်တော့ အဲဒီဖုန်းလေး ရထားတာလေးပါဗျန့်။ အဲဒါကို နောင်တော်ကြီးက ယူသုံးတာလေ။ တားတားပိုင် ပစ္စည်းပေါ့။ အနေသာကြီးလို့ ပြောလို့မရဘူးဗျန့်။

    - လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ ဆက်ရန် ရှိပါသည်။ မကြာမှီ လာမည်မျှော့........ ပေါ့ခင်ဗျ။

    ReplyDelete
  11. ကိုဘွိုက်ဇ်ကြွားသမျှ နောက်က မခင်ဦးမေ လိုက်ပြီး ဖော်ကောင်လုပ်နေသည်။ အော်.. ဒုက္ခ၊ ဒုက္ခ။

    ReplyDelete
  12. စာလာဖတ်သွားတယ်

    ReplyDelete
  13. ဟူး ဟူး ဟူး...
    တီဗီဆိုတာ သေချာမကြည်ဖူးတာ ၂ နှစ်ကျော် ကြာပေါ့
    အားငယ်ထှာ

    ReplyDelete
  14. နှလုံးသားရပ်ဝန်း အသံတိတ်နေသည်။ အသင် ဘာရှုပ်နေသနည်း။

    ReplyDelete
  15. ကိုဘွိုင်း လာလည်သွားတယ် ဘလူးရေး လေးစိတ်ဝင်စားသွားပြီ။

    ReplyDelete
  16. ရှိတာဘဲ. တစ်ခါ ထပ်ဖတ်သွားတော့တယ။် အလွမ်းပြေ

    ReplyDelete
  17. Hey, i have heart youtube has been blocked in your country, so if you want to watch youtube videos visit http://www.viddeo.net . You can watch and download all youtube videos. Http://www.viddeo.net

    ReplyDelete