Wednesday, July 22, 2009

ပေါက်တတ်ကရ အိတ်တီ့ အပိုင်း (၁၀)

22 Jul 09, 19:22
Boyz: နှာသံနဲ့ သီချင်းဆိုတယ်ဆိုလို့ ဟိုးတုန်းက ရွာဘုရားပွဲတစ်ပွဲ ရောက်ဖူးတာ မှတ်မိတယ်။ အမှောင်ထဲက ချောင်မှာ ဝါးကျည်တောက်နဲ့ သီချင်းဆိုတာ အဲ့တုန်းက စာဥ သီိချင်း ခေတ်စားတုန်း။
22 Jul 09, 19:23
Boyz: ငါးဆန်ပြုတ်ကို ကြာကွေးနဲ့ ညှပ်စားနေတယ်။ ကြက်သားကုန်းဘောင် အစပ်ချက်နဲ့ တွဲဖက်စားသုံးနေပါတယ်။ မုဒိတာပွားကြပါကုန်။
22 Jul 09, 19:25
Boyz: ကြက်သားကုန်းဘောင်က နည်းနည်းစပ်တော့ ချွေးသီးချွေးပေါက်များ ကျနေတာပေါ့လေ။ ထမင်းစားလို မြိန်သဗျား။ ခင်ရာဆွေမျိုး မြိန်ရာ ဟင်းကောင်းဆိုတော့လဲ...။ လာစားလှည့်ပါဦး။
နှေညိုညို.. တှိမ်တောက်တဲ့အခှါ ရွာလှမ်းနှံဘေးမှာ....။ စှာဟုရေ.. ရွာအရောက်ပြန်ခဲ့ပှါ...။ အိုး.. ဟထိုးသံ သက်သက် ထည့်ဆိုသလား အောက်မေ့ရတယ်။
22 Jul 09, 19:26
Boyz: အသံကို ကြားကတည်းက မသင်္ကာလို့ သေချာ မီးမှိန်မှိန်အောက်မှာ သွားကြည့်တာ..။ ရော်.. ကြွေတော့မယ့် ပန်းနှယ်... ခမျာ... ကိုယ်ပျက်နေရှာတာကိုး...။ နှာခေါင်းက ပဲ့နေပြီ။ နှာနုရိုးများ မြင်နေရတယ်။
22 Jul 09, 19:27
Boyz: ကြက်သားက ဖွယ်တယ်တယ်နဲ့...။ ဒီကကြက်တွေကို မြန်မာကြက်လောက် ခံတွင်းမတွေ့တာ အမှန်ပဲ။ ဆန်ပြုတ်ကတော့ အတော်ပူသဗျား...။
22 Jul 09, 19:28
Boyz: လက်ဖမိုးတစ်ခုလုံးကို ပတ်တီးစီးထားတာ.. ယင်တလောင်းလောင်းနဲ့။ လက်ချောင်းတွေက သုံးလေးချောင်းလားပဲ အကောင်းကျန်တော့တယ်။ ပြတ်ကုန်တာ။ ဘေးနားမှာတော့ သမီးလေး နှစ်ယောက် ဖင်ပူးတောင်းထောင်တမ်း ကစားနေကြတယ်။
22 Jul 09, 19:29
Boyz: ဒီမှာလဲ အီကြာကွေးကို အီကြာကွေးလို့ပဲ ခေါ်သဟ။ ပုံမှန် တစ်ခြမ်းပဲ ပေးတယ်။ အဲဒ့ါ အပို နှစ်ခု ထပ်ဝယ်လာတယ်။ တစ်ခု ငါးမူး။ နှစ်ခုတစ်ကျပ်။ မဆိုးဘူး။ စားလို့ကောင်းတယ်။ ယိုးဒယားငံပြာရည်နည်းနည်း ထပ်ထည့်လိုက်တယ်။
22 Jul 09, 19:30
Boyz: သမီးလေးတွေက ရှိလှ ၃-၄ နှစ်ပေါ့။ ကျောင်းစိမ်း ဂါဝန်တွေ ညစ်ထေးထေးနဲ့။ အဖေလုပ်သူကတော့ သီချင်းဆိုရင်း ရှေ့က ဖြန့်ထားတဲ့ လက်ကိုင်ပုဝါ အနွမ်းလေးမှာ တစ်ဆယ်တန် ခပ်နွမ်းနွမ်းလေးတွေ။ ဝါးကျည်တောင် တစ်ဒုံဒုံနဲ့..။
22 Jul 09, 19:32
Boyz: ဆန်ပြုတ်ကို ဘယ်လို အသံထွက်တာလဲဟင်။ congee ကို ကွန်းညီးလို့ ထွက်တာလား.. ကွန်ဂီးလို့ အသံထွက်တာလားဟင်။ တို့ကတော့ နံပါတ်စဉ်တပ်ထားတာ တွေ့တော့ နံပါတ်ပြောမှာတာပဲ။ အိဟောက်၊ အေ့ဟောက်၊ဆန်းဟောက်... ဟဲ. မိုက်တယ်။
22 Jul 09, 19:34
Boyz: သီချင်းဆိုတာတော့ မဆိုးဘူးဗျ။ ဆိုးတာက နှာသံပါနေတာ။ ရာတန် နှစ်ရွက် ထည့်ခဲ့ပါတယ်။ အဲ့တုန်းက ၉၄ လောက်ထင်ပါ့။ တောင်းစားတာချင်းတူတူ သီချင်းဆိုတောင်းစားတဲ့သူကို ပိုပေးဖြစ်တယ်။
22 Jul 09, 19:35
Boyz: ကြာကွေးကတော့ ကြာကွေးလို့ သိကြတယ်။ လဲန်ကေ့၊ ဆန်ကေ့ နှစ်ခု သုံးခု မှာလိုက်တယ်။ အဆင်ပြေတယ်။ အဆင်မပြေတာ။ ကျသင့်ငွေပဲ။ တစ်ကျပ်နှစ်ကျပ်တွေက ရတယ်။ ပြားသုံးဆယ်တို့ ပြားခြောက်ဆယ်တို့ လာရင် သေရော။
22 Jul 09, 19:36
Boyz: ဆရာသမားက မခေဘူးဗျ။ သိုးမည်းတွေ ရတယ်။ လမ်းကြားထဲမှာ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ခိုးနမ်းတော့ အလစ်သုတ်တဲ့ ဗေဒင်ဆရာက ပိုသိနိုင်မလား ဘာညာတွေ အသေဟဲတာ။ လူတွေ ဝိုင်းလို့ပေါ့ဗျာ။
22 Jul 09, 19:37
Boyz: ကြက်ကုန်းဘောင်ကြော်ကတော့ ပုံတွေ့လို့ လက်ညိုးထိုးမှာတာ။ ပုံက ၆ ပုံလောက်ပဲ ရှိတယ်။ ကျန်တဲ့ ဟင်းအမယ်တွေက ၂၅ မျိုးလောက်ကို တရုတ်စာတွေနဲ့ပဲ ရေးထားတယ်။ လောလောဆယ် ပုံထဲက ဟင်း၆မျိုးမအီသေးခင်တော့ အဆင်ပြေသေးတယ်
22 Jul 09, 19:38
Boyz: တစ်ခါ တစ်ခါ သူ့သမီးလေးတွေက ဝင်ဝင်ကကြတယ်။ တင်တွေ ဘာတွေ တွန့်ပြသေး။ ပရိတ်သတ်တွေကတော့ သဘောကျနေတာပေါ့လေ။ ခေတ်ပေါ် အလွမ်းအဆွေးတင်မက မိုနို မြန်မာသံတွေပါ ရတယ်ဗျ။
22 Jul 09, 19:40
Boyz: တရုတ်စာတွေနဲ့ ရေးထားတာတွေကတော့ နောက်မှ တစ်ခုချင်း လက်ညိုးထိုးပြပြီး ဝယ်စားကြည့်ရမယ်။ အခုတစ်လော ဓါတ်ပြတ်နေတော့ ထမင်းဟင်း မချက်စားချင်တော့ဘူး။ ဝယ်စားတာလဲ စိတ်တိုင်း သိပ်ကျတာ မဟုတ်ဘူး။
22 Jul 09, 19:41
Boyz: မောင့်အချစ်က ပိုတာ ဘကြီးအောင် ညာသွားလို့ ရွှေရုပ်လိုချင်တဲ့ အထိ... သဲပွင့်လေးထဲမှာ ဆပ်ပြာကုန်းကောက်လို့ -င်ပေါ်တဲ့ သီချင်း အဆုံး...။ အံမယ် ကိုယ့်ဆရာက စိုင်းဆိုင်မောဝ်ပါ ဟစ်သေးသဗျ။
22 Jul 09, 19:42
Boyz: ပင်နီစူလားအထိ သွားစားရအောင် ဆိုတာကလဲ အသွားအပြန်နဲ့တင် ဗိုက်က ချောင်နေပါပြီဗျာ။ အသွား နာရီဝက် အပြန် နာရီဝက် အနည်းဆုံး စီးရတယ်။ ရနံ့သစ်၊ ရွှေတြိဂံ၊ လွိုင်နိုင်း၊ အင်းလေး အဆင်ပြေပါတယ်။
22 Jul 09, 19:43
Boyz: မေရယ် အထင်တော့ မလွဲလိုက်နဲ့ဦး စာလွှာများ ရောက်မလာခဲ့ရင် မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့နော်။ အစ်ကိုလို စစ်သားဘဝဟာ ချစ်သူကို လွမ်းဖို့ရာ ဆိုပြီး ဟဲလိုက်ရင် xxxxx ဝတ် ကိုကိုများ သဘောကျလို့ ဆုချီးမြင့်သဗျား။

(ကျန်တာကို နောက်ပိုင်း အော်ပဒါ ဇာတ်ထုတ် ကပြတဲ့ အချိန်မှာပဲ ရှုစားနားသောတ ဆင်တော်မူကြပါ ပိတ်သတ်ကြီးတို့။)

7 comments:

  1. ကိုကြီးက အဟုတ်တင်လိုက်တာပဲ အမှတ်တရပေါ့နော် ကောင်းတယ် ညလေး အရင်ဆုံးလာဖတ်တယ်နော် ဆက်ရန်ကိုစောင့်မယ်

    ReplyDelete
  2. ummm.. i think ya should label as "Combination of Karaoke n Congee"

    Gd day :)

    ReplyDelete
  3. ညကအော်ပါဒါ ဇာတ်လည်းမကဘူး...စောင့်နေသေးတယ။်

    ReplyDelete
  4. hybrid post (ကြာကွေး & နှာကွေး?? ဘယ်လိုသုံးရပါ့)
    စားရင်းနဲ့များ သတိရတတ်ပလေ မျက်စိထဲကို ကွင်းကွင်းကွက်ကွက် :)

    ReplyDelete
  5. Post-modern တွေလား။ Surrealism တွေလား။ တခုခုပဲ။ တခေါက်တည်းနဲ့ နားမလည်ဘူး။ သေချာဖတ်မှ။

    ReplyDelete
  6. ဟိုသားအဖတွေကမြန်မာပြည်က ဆန်ပြုတ်ကစကာင်္ပူက အဲလိုနားလည်တယ် ဟုတ်လား ဆက်ရန်မျှော်နေမယ်

    ReplyDelete