Wednesday, July 8, 2009

Starhub : Internet on Mobile အကြောင်း သိကောင်းစရာ။

တိုးတက်လာတဲ့ နည်းပညာများကြောင့် အခုအခါ မိုဘိုင်းဖုန်းတွေမှာ အင်တာနက်တွေ သုံးစွဲလို့ရနိုင်ပါပြီ။ ကျွန်တော်လဲ သူများ သုံးတာ မြင်တော့ သုံးချင်တာမို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ကိုယ် Voice Plan ယူထားတဲ့ Telco ဖြစ်တဲ့ Starhub ဆီမှာ အင်တာနက်ပလန်လေးများ ရှိကောင်းပါရဲ့ဆိုပြီး စုံစမ်းထားတာလေးတွေ ဝေမျှချင်တာပါ။ (၂၀၀၉၊ ဇူလိုင် ၇ရက်နေ့အထိ Update ပါ။)

Star Hub Mobile Internet plan ကို Max Mobile ဆိုပြီး ခေါ်ဆိုကြပါတယ်။ အဲဒီမှာ နှစ်မျိုး နှစ်စား ရှိပါတယ်။

၁။ ပထမ တစ်ခုက မိုဘိုင်းပေါ်မှာ သုံးရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အဲဒီမှာ ပလန် သုံးမျိုး ခွဲထားပါတယ်။

၁.က - Max Mobile Lite
သူကတော့ လစဉ်ကြေး မပါပဲ ကြိုက်သလောက်သုံး၊ ကျသလောက်ပေးတဲ့ စံနစ်ပါ။ Excess Charges 1.07 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၉၄.၁၆ ပေးရပါတယ်။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။

၁.ခ- MaxMobile Value
သူကတော့ လစဉ်ကြေး ၁၀.၇၀ ကျပ်ပါ။ လောလောဆယ် လစဉ်ကြေးကို ၅၀% လျှော့ပေးထားပါတယ်။ ၅.၃၅ ကျပ်ပဲ ပေးဆောင်ရပါမယ်။ ၂၀၀၉ ဒီဇင်ဘာအထိ ပရိုမိုးရှင်းပါ။ ဒေတာကို ၁၀ မက်ဂါဘိုဒ် လစဉ် ဖရီး ပေးထားပြီး ဒေတာသုံးစွဲမှု ပမာဏ ကျော်လွန်သွားရင်တော့ Excess Charges 0.32 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၃၆.၃၇ ပေးရပါတယ်။(လစဉ်ကြေး အပါအ၀င်+ဒေတာ ပိုမိုသုံးစွဲခ) ။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။

၁.ဂ- MaxMobile Premium
သူကတော့ လစဉ်ကြေး ၁၉.၉၀ ကျပ်ပါ။ ဒေတာကို ၁ ဂစ်ဂါဘိုဒ် လစဉ် ဖရီး ပေးထားပြီး ဒေတာသုံးစွဲမှု ပမာဏ ကျော်လွန်သွားရင်တော့ Excess Charges 0.32 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၃၆.၃၇ ပေးရပါတယ်။(လစဉ်ကြေး အပါအ၀င်+ဒေတာ ပိုမိုသုံးစွဲခ) ။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။


၂။ နောက်တစ်ခုက ပီစီ၊ လပ်ပ်တော့ပ်များနဲ့ ချိတ်ပြီးတော့ အင်တာနက် သုံးဖို့ အမျိုးအစား ဖြစ်ပါ။ Mobile Broadband လို့လဲ ခေါ်ပါတယ်။ သူက USB Modem Device ထဲမှာ 3G SIM Card ထည့်သုံးရတာမျိုးပါ။ ဗွိုက်ပလန် မယူပဲ ဒေတာ ပလန်သာ ယူချင်သူတွေအတွက် အဆင်ပြေပါတယ်။ Device အတွက် သတ်သတ် ၀ယ်ယူရပါတယ်။ သူလဲ သုံးမျိုး ခွဲထားပါတယ်။

၂.က- Max Mobile SurfLite
သူကတော့
2Mbps download speed mobile broadband plan အမျိုးအစားဖြစ်ပြီး လစဉ်ကြေးကတော့h $38.72 w/GST per month ဖြစ်ပါတယ်။ One Time Registrations Fees $၁၀.၇၀ (incld. GST) ပေးရပါမယ်။ ဆင်းကဒ်အတွက် ၄၇ ကျပ်လောက် ပေးရပါမယ်။ USB Modem Device ကို ဈေးလျှော့ရောင်းချပေးတတ်ပါတယ်။

၂.ခ- MaxMobile Ultimate
သူကတော့ 7.2Mbps download speed mobile broadband plan အမျိုးအစားဖြစ်ပြီး လစဉ်ကြေးကတော့h $72.76 w/GST per month ဖြစ်ပါတယ်။ One Time Registrations Fees $၁၀.၇၀ (incld. GST) ပေးရပါမယ်။ ဆင်းကဒ်အတွက် ၄၇ ကျပ်လောက် ပေးရပါမယ်။ USB Modem Device ကို ဈေးလျှော့ရောင်းချပေးတတ်ပါတယ်။

၂.ဂ- MaxMobile Prepaid :
ဒီအမျိုးအစားကတော့ ခဏတာ အလည်အပတ် ရောက်ရှိတဲ့ ခရီးသွားဧည့်သည်များ အင်တာနက် ခဏတစ်ဖြုတ် သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ၁၈ ကျပ်တန် ထုတ်ထားတယ် ထင်ပါတယ်။ သူလဲပဲ ယူအက်စ်ပီ ဒီဗိုက် ၀ယ်မှ ရမယ် ထင်တယ်။

တစ်လောက ဖုန်းမှာ အင်တာနက်သုံးချင်လို့ လိုက်ဖတ်ရာက သိထားတဲ့ အချက်တွေပါ။ အပ်ပ်ဒိတ် အချက်အလက်နဲ့ ပရိုမိုးရှင်းကိုတော့ သက်ဆိုင်ရာ စတားဟဘ် ၀က်ဘ်ဆိုဒ်မှာ ဖတ်နိုင်ပါတယ်။

စကားမစပ် အရင်က စတားဟပ်ဘ် ဆိုဒ် လေးအောက်တွေက ဖတ်ရလွယ်တယ်။ အခု ဇူလိုင်လကနေ စပြီးပြောင်းသွားတဲ့ လေးအောက်က မျက်စိလည်စရာကြီး ဖြစ်နေတယ်။

13 comments:

  1. ဖတ်လိုက်ဦးမယ်။

    ReplyDelete
  2. ထိုင်း က ကုန်ကျနှူန်း ဘာလို့ မပါလဲ တို ကြီး။ ပြန်တင်ပေးပါ။(စတာပါ)

    ReplyDelete
  3. ကျေးဇူးပါပဲ မျှဝေပေးတဲ့အတွက်

    ReplyDelete
  4. ဒေတာကို ၁၀ မက်ဂါဘိုဒ် ဆိုတာ ဘယ်လိုအသုံးမျိုးကိုရပါသလဲ.
    ခက်တာက ဒေတာ ဆိုတဲ့အသုံးအနှူံဘဲ. အီးမေးလကို သွားစစ်တယ် ခဏဘဲပြန်ထွက်လာတယ်ဆို၇ရင်ဒေတာ ဘယ်လောက်ကုန်မလဲ ဘလော့ကိုစစ်ကြည့်တယ်။ ခဏ တဖြုတ် သုံးမိတယ်။ ဒေတာ ဘယ်လောက်ကုန်မလဲ ဒေါင်းလုပ်သိတ်မလုပ်ဘူး. စာနဲနဲဘဲဖတ်ချင်တယ်ဆိုရင်ဒေတာ ဘယ်လောက်ကုန်မလဲ.။

    အစမ်းကာလမှာတော့ တစ်ခါ မှ မသု့းဘူးတဲသူတစ်ယောက်အတွကဆိုရင် ၁.ခ- MaxMobile Value ဘဲကောင်းမယ်ထင်တယ်။ အလယ်အလတ် usage ပေါ့။
    အဲသလို စမ်းသုံးပြီး ပိုသုံ့းချင်လာလို့မှ ပလန်ပြောင်းမယ်ဆိုရင်ရပါမလား. အစကတည်းက ဘယ်လောက်ပမာဏ ဘယ်နစ်လ ဆိုပြိးစာချုပ်ထားရမှာလား။

    ReplyDelete
  5. နစ်က သွားချိတ်ဘို့ဆိုတော့ တစ်ပလန်ယူထားပေမဲ့ ဒီ လိုမျိုးသုံးချင်သေးရင် ထပ်ချိတ်ရဥိးမှလား. မွဲတော့မှာဘဲ အိမ်က ကွန်ပြူတာလိုင်းက တစ်ခါ. ဖုံ့းကအင်တာနက်ဘိုးက တစ်ခါ ရူံ့းမှာခိုးကြည့်ဘို့က တစ်ခါ။

    ReplyDelete
  6. မျှဝေပေးတာ ကျေးဇူးတင်ပါတယ်...။ ဟဲဟဲ...လောလော ဆယ်ဖုန်းလဲ ချင်လို့...ဒါပေမယ့် 2 နှစ်စာချုပ်နဲ့ မို့ ဘာလုပ်ရမယ် မသိဘူး ဖြစ်နေတယ်..။ 2 နှစ်ပြည့်ခါနီးပြီ...။

    ReplyDelete
  7. သက်ပြင်းချသွားသည်။

    ReplyDelete
  8. ဒေတာ ပလန်က ၃ လ အနည်းဆုံး ယူရပါတယ်။ ဒေတာတွေ အသုံးများလို့ ပိုက်ပိုက်ကုန်မှာ မပူပါနဲ့ အများဆုံး ပေးရတာ ၃၆.၃၈ ကျပ်ထဲပါ။

    ReplyDelete
  9. အဲဒါဆိုရင်တော့ ရွေးရမယ်ဆိုရင်တော့ ဖုံးပလန်ဘဲ ရွေးတော့မယ်။ ရုံးမှာ သိတ်လဲထိုင်ရတာမဟုတ်တော့ ဖု့းံကလေးနဲ့ ခိုးကြည့်လို့ရင်မဆိုးပါဘူး။

    ReplyDelete
  10. ခက်တာက လိုင်းမမိတာဆိုးတယ်။

    ReplyDelete
  11. လက်ရှိဖုန်းပလန်မှာပဲ MaxMobile Value ကို VAS (Value Added Service) အနေနဲ့ ထည့်လျှောက်ရုံပါ။ လုပ်တတ်ရင် စတားဟဘ်ဝဘ်ဆိုဒ်မှာတင် ကိုယ့်ဖုန်းနံပါတ်နဲ့ အကောင့်ဖွင့်ပြီး ကိုယ်တိုင် သွင်းလို့ ရပါတယ်။ ဘီလ်ကတော့ စထည့်ပြီး နောက်လမှသာ ပါလာမှာပါ။
    မလုပ်တတ်ရင် ဆားဗစ်စင်တာမှာ သွားထည့်ခိုင်းလိုက်ပါ။ ၅မိနစ် မကြာပါဘူး။
    (ကျူ စောင့်ဆိုင်းချိန်မပါ။)

    ReplyDelete
  12. တခါတလေ ဖွင့်ရင် ခဏနေ ဖွင့်လို့မရဘူးဆိုပြီးပြန်ပိတ်သွားတယ်။ ဖွင့်မရ မန့်မရဖြစ်နေတယ်။ ဒီနေ့ကျတော့ အဆင်ပြေတယ်ဗျား။

    ReplyDelete
  13. မိုဘိုင်း အင်တာနက် က ဖုန်းဆားဗစ်သမားတွေ အတော်ကိုက်တဲ့ အလုပ်ပါဗျာ။
    ကျွန်တော် ထိုင်းမှာ နေခဲ့စဉ် ၂၀၀၄ လောက်ကတည်း က
    GPRS နဲ့  တွဲပြီးတော့ ကွန်ပြူတာ နဲ့ ချိတ်သုံးတယ်။
    ဈေးကြီးတယ်။ မြန်နှုန်းက လဲ နှေးပါတယ်။
    ခုတော့ ၂၀၀၉ ဆိုတဲ့  နှစ်မှာ ပိုကောင်းတဲ့  ပိုမြန်ဆန်တဲ့ speed တွေရနေကြပြီ။
    Smart Phone တွေ 3G phone တွေ အားလုံးက လဲ အဲဒီ Wifi သို့ မဟုတ် GPRS,EDGE နည်းပညာတွေ နဲ့ သုံးလာကြတော့ တယောက်နဲ့တယောက် မျက်နှာကြည့်ပြောလို့ ရနေပါပြီ။
    ခုလဲ ကျွန်တော် မိုဘိုင်းအင်တာနက် သုံးနေပါတယ်။
    အိန္ဒိယ မှာ ကတော့ နေရာတိုင်း နက်ဝေါ့ရှိတော့ ဘယ်ရောက်ရောက် အင်တာနက် အတွက် မခက်တော့ပါ။
    အယင် က မြို့တမြို့ ရောက်ယင် အင်တာနက် ကဖေး ရှာရတာ အတော် ခက်ပါတယ်။ ခုတော့ ဖုန်း ကနေ ပြီး ကွန်ပြူတာ ကို ချိတ်လိုက်ရုံ နဲ့  အင်တာနက် ပေါ်ရောက်သွားပါပြီ။
    ဗဟုသုတတွေ အတွက် ကျေးဇူးပါ ကို Boyz ရေ

    ReplyDelete