Showing posts with label Phone. Show all posts
Showing posts with label Phone. Show all posts

Wednesday, November 30, 2011

Turn your iPhone Signal Bar to Readble Digit Format

အိုင်ဖုန်းသုံးစွဲသူများအတွက် ဒီတစ်ခေါက်တော့ မိမိတို့ရဲ့ အိုင်ဖုန်းလိုင်းဆွဲအား ဘယ်လောက်ရှိနေတယ်ဆိုတာကို သိသာအောင် ဂဏန်းနဲ့ ပသတဲ့ Function ကို activate လုပ်ပုံလုပ်နည်းလေး ပြပါမယ်။


လောလောဆယ်တော့ iPhone 4S ရဲ့ iOS 5 ကနေ စမ်းသပ်ထားတာ ဖြစ်ပါတယ်။
တစ်ချို့ကတော့ iPhone 4 လဲ အလုပ်လုပ်တယ်လို့ ဆိုပါတယ်။
အကယ်၍ တစ်ခြားသော ဖုန်း အိုအက်စ်တွေမှာလဲ အလုပ်လုပ်တယ်ဆိုရင် ကော်မန့်မှာ လာရေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်။

လုပ်ဆောင်ပုံ လုပ်ဆောင်နည်း အဆင့်ဆင့်ကို အောက်မှာ ပြထားပါတယ်။

 
  1. ဖုန်းနံပါတ်နှိပ်ရတဲ့ နေရာကနေ *3001#12345#* ဆိုတာကို နှိပ်လိုက်ပါ။ အဲဒီနောက် Call ကို နှိပ်လိုက်ပါ။ 
 

2. Field Test Mode ဆိုတဲ့ Apps လေး ပေါ်လာပါလိမ့်မယ်။ အဲဒီချိန်မှာပဲ အပေါ်က signal bar လေးဟာ ဘားတန်းကနေ ဂဏန်းနံပါတ် အဖြစ် ပြောင်းသွားတာကို မြင်ရပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ Decibel အပေါ် အခြေခံထားတာဖြစ်လို့ သုညနဲ့ နီးလေ ဖုန်းရဲ့ လိုင်းဆွဲအားကောင်းလေ ဖြစ်တာကို တွေ့ရပါမယ်။ ဘားတန်းကို ပြန်ပြောင်းချင်ရင် အဲဒီ ဂဏန်းလေးကို toggle နှိပ်ပေးရုံနဲ့ ပြန်ပြောင်းနိုင်ပါတယ်။ ဒီဖန်ရှင်ကို အမြဲတမ်း On ချင်တယ်ဆိုရင်တော့ အောက်က နံပါတ်သုံး အတိုင်းဆက်လုပ်ပါ။ ဒါမှ မဟုတ် ဖုန်း နဂိုမူလအတိုင်း ပြန်ဖြစ်ချင်တယ်ဆိုရင် Home Button ကို နှိပ်လိုက်ပါ။ (Field Test Mode ထဲက ဖိုလ်ဒါတွေကို ဘာမှ သွားမကလိပါနဲ့။ အဲဒီ အပိုင်းက တတ်ကျွမ်းတဲ့ Test Engineer များအတွက်သာ ဖြစ်ပါတယ်။ မသုံးတတ်ရင် ဖုန်း ပျက်စီးနိုင်ပါတယ်။)
 

3. 'Slide to Power Off' ဆိုတဲ့ Bar မပေါ်မချင်း Power Button ကို နှိပ်ပေးပါ။ ဖုန်းကို ပါဝါ မပိတ်လိုက်ပါနဲ့။
4. Field Test ဆိုတဲ့ apps မပိတ်မချင်း Home Button ကို နှိပ်ပေးပါ။

ဒါပါပဲ...။
တစ်ခါတစ်လေ မိမိရောက်နေတဲ့ နေရာက ဖုန်း signal ကောင်းကောင်းမမိတဲ့ နေရာ ဖြစ်နေခဲ့ရင် လိုင်းဆွဲအားကောင်းတဲ့ နေရာကို စမ်းတဝါးဝါးနဲ့ နတ်ပင့်သလို ဖုန်းကို မြှောက်မြှောက်ပြီး ရှာနေစရာ မလိုတော့ပါဘူး။
အဲဒီ ဂဏန်းတန်ဖိုးက သုညနဲ့နီးလေ လိုင်းဆွဲအားကောင်းလေပါပဲ။

အကယ်၍ ဖုန်း Signal Default Bar ကို ပြန်ဖြစ်စေချင်ရင်
  1. *3001#12345#* ဆိုတဲ့ ဂဏန်းကို ရိုက်ထည့်ပြီး Dial ကို နှိပ်ပေးပါ။
  2. Home Button ကို တစ်ချက် ပြန်နှိပ်ပေးလိုက်ပါ။ ဖုန်းက နဂိုမူလ Default Signal Bar ကို ပြန်တွေ့ပါလိမ့်မယ်။

စာကြွင်း ။ ။ ကျွန်တော့်ဖုန်းမှာတော့ အလုပ်ဖြစ်ပါတယ်။ အထက်က ပြထားတဲ့ ပုံတွေက ကျွန်တော့်ဖုန်းက screen shot ရိုက်ပြီး တင်ထားတာပါ။ လူကြီးမင်းတို့ ဖုန်းမှာ စမ်းသပ်ကြည့်လို့ တစ်ခုခု ချွတ်ယွင်းချက်များ ဖြစ်ပေါ်ပါက ကျွန်တော်မျိုးနဲ့ မဆိုင်ပါကြောင်း...။ :D

Thursday, August 26, 2010

Google Voice OR Call phone from Gmail






အံမယ်... ခုနလေးတင် ဒီညနေပိုင်းကမှ ဂျီမေလ်း ဖွင့်လိုက်တာ... ဗြုန်းဆို တက်လာပါရောလား...။
ဘာတက်လာတာတုန်း...
သြော်.. ဂျီမေးလ်ကနေ လိုင်းဖုန်းတွေကို ဖုန်းခေါ်လို့ရပြီ ဆိုတဲ့ မက်ဆေ့ခ်ျလေးပါ။
လောလောဆယ်တော့ အမေရိကားနဲ့ ကနေဒါနိုင်ငံကို ၂၀၁၀ ဒီဇင်ဘာလကုန်အထိ အခမဲ့ ခေါ်လို့ရပါတယ်တဲ့...။ နှစ်ကုန်သွားရင်တော့ အခကြေးငွေ တွေ ဘာတွေနဲ့ လာတော့မှာပေါ့လေ။
တစ်ခြားနိုင်ငံတွေကတော့ အခကြေးငွေနဲ့ စတင် ကောက်ခံမှာပါ..။
စစချင်း ပရိုမိုးရှင်းအနေနဲ့သုံးတဲ့ စာသားလေးက သင်းတယ်ဗျား...။ နိုင်ငံတကာကို ခေါ်ဆိုခသည် Insanely Rate တဲ့....။

ပထမဦးဆုံး မိမိ ဂျီမေးလ်ကို ဖွင့်လိုက်တာနဲ့ အထက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်။ အဲဒါကို ကလစ်လုပ်လိုက်ရင် ဂူဂယ် ရ့ Terms & Conditions ဘာညာ သာရကာတွေကို သဘောတူမတူ မေးတဲ့ Pop Up Box တစ်ခု ပေါ်လာမယ်။ အဲဒီမှာ Try now ကို ကလစ်နိုပ်လိုက်ရင် အောက်က ပုံအတိုင်း မိမိ ဂျီမေးလ်ဖွင့်ထားတဲ့ ဘရောက်ဇာရဲ့ ညာဘက်အောက်ခြေမှာ ဖုန်းနံပါတ်နှိပ်ဖို့ အကွက် ပေါ်လာပါလိမ့်မယ်။ အဲဒါလေးကို နှိပ်ပြီး မိမိ အလိုရှိရာ နိုင်ငံဒေသအသီးသီးကို ဆက်သွယ်နိုင်ပါပြီ။


မြန်မာပြည်ကို ဖုန်းခေါ်ချင်ရင် တစ်မိနစ်ကို အမေရိကန် ဒေါ်လာ $0.35 / minutes နှုန်း ကျသင့်ပါလိမ့်မယ်။ skype နဲ့ သိပ်မကွာသလိုပဲ...။ ဂူဂယ်က မဆိုစလောက်လေး သက်သာပါတယ်။



တစ်ခုကောင်းတာကတော့ စကိုက်ပ် လို ဆော့ဖ်ဝဲသတ်သတ် သွင်းစရာ မလိုပဲ မိမိရဲ့ ဂျီမေးလ်ကနေ တစ်ဆင့် ခေါ်ဆိုမှု ပြုလိုက်နိုင်ခြင်းပါပဲ...။

(ဂူဂယ်က Gizmo5 ကို ဝယ်လိုက်ကတည်းက VoIP နည်းပညာကို သူတို့ လမ်းထပ်ချဲ့လိုက်တယ် ဆိုတာ အဲ့ကတည်းက တွေးမိတာ မှန်မှန်း ခုတော့ သိတယ်...။)

အကျယ်သိချင်ရင် Google Mail ရဲ့ Official Website ကို သွားကြည့်ပါလား...။

ထပ်ဖြည့်။ ။ ပိုက်ဆံထည့်ဖို့နေရာ ရှိပါတယ်။ ကိုယ့်အကောင့်ထဲက ကျန်နေတဲ့ ပမာဏကို ဖော်ပြတဲ့ နေရာနားက Down arrow key ကို နှိပ်လိုက်ရင် နောက်ဘရောက်ဇာတစ်ခုမှာ ခရဒ်ဒစ်ကဒ် အင်ဖော်မေးရှင်းတွေ ဖြည့်ဖို့ ပုံစံထွက်လာပါလိမ့်မယ်။ အဲဒီမှာ Billing Tab အောက်နားမှာ Add $10 ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး လိုအပ်တဲ့ ခရဒ်ဒစ် အချက်အလက်တွေကို ဖြည့်လိုက်ရုံနဲ့ ကိုယ့်အကောင့်ကို ကိုယ် top up လုပ်နိုင်ပါပြီ။

Wednesday, July 8, 2009

Starhub : Internet on Mobile အကြောင်း သိကောင်းစရာ။

တိုးတက်လာတဲ့ နည်းပညာများကြောင့် အခုအခါ မိုဘိုင်းဖုန်းတွေမှာ အင်တာနက်တွေ သုံးစွဲလို့ရနိုင်ပါပြီ။ ကျွန်တော်လဲ သူများ သုံးတာ မြင်တော့ သုံးချင်တာမို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ကိုယ် Voice Plan ယူထားတဲ့ Telco ဖြစ်တဲ့ Starhub ဆီမှာ အင်တာနက်ပလန်လေးများ ရှိကောင်းပါရဲ့ဆိုပြီး စုံစမ်းထားတာလေးတွေ ဝေမျှချင်တာပါ။ (၂၀၀၉၊ ဇူလိုင် ၇ရက်နေ့အထိ Update ပါ။)

Star Hub Mobile Internet plan ကို Max Mobile ဆိုပြီး ခေါ်ဆိုကြပါတယ်။ အဲဒီမှာ နှစ်မျိုး နှစ်စား ရှိပါတယ်။

၁။ ပထမ တစ်ခုက မိုဘိုင်းပေါ်မှာ သုံးရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အဲဒီမှာ ပလန် သုံးမျိုး ခွဲထားပါတယ်။

၁.က - Max Mobile Lite
သူကတော့ လစဉ်ကြေး မပါပဲ ကြိုက်သလောက်သုံး၊ ကျသလောက်ပေးတဲ့ စံနစ်ပါ။ Excess Charges 1.07 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၉၄.၁၆ ပေးရပါတယ်။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။

၁.ခ- MaxMobile Value
သူကတော့ လစဉ်ကြေး ၁၀.၇၀ ကျပ်ပါ။ လောလောဆယ် လစဉ်ကြေးကို ၅၀% လျှော့ပေးထားပါတယ်။ ၅.၃၅ ကျပ်ပဲ ပေးဆောင်ရပါမယ်။ ၂၀၀၉ ဒီဇင်ဘာအထိ ပရိုမိုးရှင်းပါ။ ဒေတာကို ၁၀ မက်ဂါဘိုဒ် လစဉ် ဖရီး ပေးထားပြီး ဒေတာသုံးစွဲမှု ပမာဏ ကျော်လွန်သွားရင်တော့ Excess Charges 0.32 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၃၆.၃၇ ပေးရပါတယ်။(လစဉ်ကြေး အပါအ၀င်+ဒေတာ ပိုမိုသုံးစွဲခ) ။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။

၁.ဂ- MaxMobile Premium
သူကတော့ လစဉ်ကြေး ၁၉.၉၀ ကျပ်ပါ။ ဒေတာကို ၁ ဂစ်ဂါဘိုဒ် လစဉ် ဖရီး ပေးထားပြီး ဒေတာသုံးစွဲမှု ပမာဏ ကျော်လွန်သွားရင်တော့ Excess Charges 0.32 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၃၆.၃၇ ပေးရပါတယ်။(လစဉ်ကြေး အပါအ၀င်+ဒေတာ ပိုမိုသုံးစွဲခ) ။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။


၂။ နောက်တစ်ခုက ပီစီ၊ လပ်ပ်တော့ပ်များနဲ့ ချိတ်ပြီးတော့ အင်တာနက် သုံးဖို့ အမျိုးအစား ဖြစ်ပါ။ Mobile Broadband လို့လဲ ခေါ်ပါတယ်။ သူက USB Modem Device ထဲမှာ 3G SIM Card ထည့်သုံးရတာမျိုးပါ။ ဗွိုက်ပလန် မယူပဲ ဒေတာ ပလန်သာ ယူချင်သူတွေအတွက် အဆင်ပြေပါတယ်။ Device အတွက် သတ်သတ် ၀ယ်ယူရပါတယ်။ သူလဲ သုံးမျိုး ခွဲထားပါတယ်။

၂.က- Max Mobile SurfLite
သူကတော့
2Mbps download speed mobile broadband plan အမျိုးအစားဖြစ်ပြီး လစဉ်ကြေးကတော့h $38.72 w/GST per month ဖြစ်ပါတယ်။ One Time Registrations Fees $၁၀.၇၀ (incld. GST) ပေးရပါမယ်။ ဆင်းကဒ်အတွက် ၄၇ ကျပ်လောက် ပေးရပါမယ်။ USB Modem Device ကို ဈေးလျှော့ရောင်းချပေးတတ်ပါတယ်။

၂.ခ- MaxMobile Ultimate
သူကတော့ 7.2Mbps download speed mobile broadband plan အမျိုးအစားဖြစ်ပြီး လစဉ်ကြေးကတော့h $72.76 w/GST per month ဖြစ်ပါတယ်။ One Time Registrations Fees $၁၀.၇၀ (incld. GST) ပေးရပါမယ်။ ဆင်းကဒ်အတွက် ၄၇ ကျပ်လောက် ပေးရပါမယ်။ USB Modem Device ကို ဈေးလျှော့ရောင်းချပေးတတ်ပါတယ်။

၂.ဂ- MaxMobile Prepaid :
ဒီအမျိုးအစားကတော့ ခဏတာ အလည်အပတ် ရောက်ရှိတဲ့ ခရီးသွားဧည့်သည်များ အင်တာနက် ခဏတစ်ဖြုတ် သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ၁၈ ကျပ်တန် ထုတ်ထားတယ် ထင်ပါတယ်။ သူလဲပဲ ယူအက်စ်ပီ ဒီဗိုက် ၀ယ်မှ ရမယ် ထင်တယ်။

တစ်လောက ဖုန်းမှာ အင်တာနက်သုံးချင်လို့ လိုက်ဖတ်ရာက သိထားတဲ့ အချက်တွေပါ။ အပ်ပ်ဒိတ် အချက်အလက်နဲ့ ပရိုမိုးရှင်းကိုတော့ သက်ဆိုင်ရာ စတားဟဘ် ၀က်ဘ်ဆိုဒ်မှာ ဖတ်နိုင်ပါတယ်။

စကားမစပ် အရင်က စတားဟပ်ဘ် ဆိုဒ် လေးအောက်တွေက ဖတ်ရလွယ်တယ်။ အခု ဇူလိုင်လကနေ စပြီးပြောင်းသွားတဲ့ လေးအောက်က မျက်စိလည်စရာကြီး ဖြစ်နေတယ်။

Wednesday, December 10, 2008

ချဉ်ခြင်း...။


Photo Credit to : http://www.totalpda.co.uk/
ဒီဟာလေး လိုချင်နေတာ...။ ဆိုနီ အဲရစ်ဆန် ဖုန်းတွေနဲ့ တွဲသုံးလို့ရတဲ့ အက်ဆက်ဆာရီပေါ့ဗျာ...။ HGE-100 GPS Enabler တဲ့..။ သူက စတီရီယိုသီချင်း နားထောင်လို့ရတဲ့ နားကျပ် ဖြစ်သလို ဂျီပီအက်စ် ရီဆစ်ဗ်ဗာ လဲ ဖြစ်တယ်...။ ခက်တာက သူနဲ့ တွဲသုံးရမယ့် ဆော့ဖ်ဝဲက လိုအပ်တဲ့ မြေပုံကို အင်တာနက်က သူ့ဆာဗာပေါ် တက်တက်ပြီး ဒေါင်းလုဒ် ဆွဲဆွဲချနေလို့ ဂျီပီအာအက်စ် ဒေတာဖိုးနဲ့ မွဲမယ့်ကိန်းဗျ...။ ဘလူးတုဒ် ဂျီပီအက်စ် ကိရိယာများ ၀ယ်သုံးချင်သော်လည်း ဘလူးတုဒ် ON ရင် ဘက်ထရီအား အကုန်များမှာရယ်၊ ကိရိယာက ဖုန်းထက် ကြီးနေတာရယ်ကြောင့် ခုထိ စိတ်ကြိုက် မတွေ့မိသေးဘူး...။ ဒါဆို ဘာလို့ ဂျီပီအက်စ်Built-in ပါတဲ့ ဖုန်း မ၀ယ်သလဲ မေးကြမယ်။ အခုသုံးတဲ့ ဖုန်းက ဆိုနီထဲက ကျွန်တော် အကြိုက်ဆုံးဖြစ်တဲ့ ၀ိုင်ဖိုင်ပါသော မြင်ကွင်းကျယ် Touch Screen Smart Walkman Phone ဖြစ်လို့ပါ...။ သီချင်းနားထောင်ရင် ဝေါ့ခ်မဲန်းက ဆရာကြီးဆိုတော့ ဖုန်းကိုလဲ ဝေါ့ခ်မန်းမှ ဝေါ့မန်း ဖြစ်နေတယ်...။ အိုင်ဖုန်းက အိုင်ဂျွန်း က ဆိုနီ ဝေါ့ခ်မန်း ကို မမှီသေးဘူးလို့ ခံစားမိတယ်...။





Photo Credit to - Mobile Gazzette
ဆက်ကဲန်းချွိုက်စ် အနေနဲ့ အခု ဒီဇင်ဘာလကမှ ထုတ်သွားတဲ့ HTC Touch HD ကို သဘောကျမိတယ်...။ မြူးဇစ်ဖန်ရှင်တော့ မစမ်းကြည့်ရသေးဘူး...။ ဖုန်းလဲကိုင်မယ်ဆိုရင်တော့ သူ့ကို တားဂက်ထားထားတယ်...။ သူက ၀ိုင်ဖိုင်၊ ဂျီပီအက်စ်၊ ၃.၈လက်မ စကရင်၊ တပ်ခ်ျစကရင်၊ ၀င်းဒိုးမိုဘိုင်းအိုက်အက်စ်၊ အမေရိကားနဲ့ အီးယူမှာ သုံးနိုင်တဲ့ ဖန်ရှင်တွေ ပါတဲ့အတွက် တေးထားတယ်...။ မြူးဇစ်ပိုင်းကို ရီဗျူးတွေမှာ သေချာ ပြန်လိုက်ဖတ်လို့ ကြိုက်တယ်ဆိုရင် နောက်နှစ် ပြောင်းသုံးဖို့ စိတ်ကူးထားတယ်...။ ခုက ပေါ်ခါစဆိုတော့ ဈေးကြီးနေသေးတယ်...။ နှစ်နှစ် ကန်ထရိုက်နဲ့ကို စလုံး ဒေါ်လာ ၈၀၀ ကျော် ၉၀၀ နီးပါး ပေးနေရတုန်းပဲ...။

Saturday, November 15, 2008

Monkey and Mango : BamBuser

မျောက် အုန်းသီးရတာ မဟုတ်ပါဘူးတဲ့...။ မျောက် သရက်သီးရတာပါတဲ့...။ ဘာလို့လဲ ဆိုတော့ မျောက်သာ အုန်းသီး ရခဲ့ရင် ဘယ်လို ခွဲရမှာ မသိတာနဲ့ မစားလိုက်ရပဲ သရက်သီး ကျတော့ စားလို့ရလို့ပါတဲ့...။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ဆီက အလုပ်မှာ ပျင်းပျင်းရှိတာနဲ့ ကိုယ့်စမတ်ဖုန်းလေးနဲ့ ကိုက်ညီမယ့် အပ်ပလီကေးရှင်း အသစ်များ ထပ်ထုတ်တာပါလိမ့် ဆိုပြီး အွန်လိုင်းပေါ် မွှေကြည့်ပါတယ်...။ ကိုယ့်ဖုန်းက စမတ်ဖုန်း ဆိုတော့ စွယ်စုံ ရတယ်လေ။ ရိုးရိုး စကားပြောနိုင်ရုံသက်သက် ဖုန်း ဆိုတာထက်ကို ကျော်လွန်ပြီးတော့ pocket PC သဖွယ် လုပ်လို့ရနိုင်တဲ့ စမတ်ဖုန်းပေါ့။
(ကြွားလိုက်ရတာ အရသာရှိပါ့...။)
:egdance:

အခု ဖုန်းက ပီစီအသေးစားလေး တစ်ခုလိုပါပဲ။ လိုအပ်တဲ့ ဆော့ဖ်ဝဲလေး ထည့်ပေးလိုက်တာနဲ့ မဆိုင်းမတွ ဆောင်ရွက်ပေးပါတယ်။ ဒီဖုန်း အကြောင်းကိုတော့ ဒီမှာ နဲ့ ဒီမှာ အနည်းအကျဉ်း ရှင်းပြဖူးပါတယ်။ သူ့ဆီမှာ သုံးတဲ့ OS က ကွန်ပြူတာမှာ သုံးတဲ့ Windows တော့ မဟုတ်ဘူးပေါ့။ (ဖုန်းအတွက် သုံးတဲ့ ၀င်းဒိုးကိုတော့ Window Mobile 3,4,5,6, 6.1 Windows CE စသဖြင့် သတ်သတ် ထုတ်လုပ်ထားပါတယ်။ ) ကျွန်တော်သုံးတဲ့ ဖုန်းက ဆိုနီအဲရစ်ဆန် ဖုန်းပါ။ OS ကတော့ Symbian OS 9.1 ဖြစ်ပြီး UI ဆိုတဲ့ User Interface ကိုတော့ oped source ဖြစ်တဲ့ UIQ 3.0 ကို သုံးထားပါတယ်။ OS က Symbian S60 ကို သုံးတဲ့ နိုကီယာဖုန်းများနဲ့ မတူပါဘူး။ UIQ နည်းပညာကို သုံးထားတဲ့အတွက် User Interface ဟာ ညက်ပါတယ်။ အနုစိတ်ပါတယ်။ ကွန့်လို့ ရတယ်။

ဆိုတော့ သူ့အိုအက်စ်နဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲဗားရှင်းများကို သုံးမှသာ သက်ဆိုင်ရာ ဖုန်းပေါ်မှာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်...။ (တစ်ချို့သော အက်ပဲလ် မက်ဆော့ဝဲများ မိုက်ခရိုဆော့ဖ် ၀င်းဒိုးမှာ သုံးမရသလိုပေါ့ဗျာ...။ ) အခုလဲ ကျွန်တော့် ဖုန်းနဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲများကို အွန်လိုင်းပေါ်မှာ လိုက်ရှာရင်းနဲ့ အသုံးလဲတည့်၊ အလကား လဲရတဲ့ ဟာလေးတွေကို စမ်းသုံးကြည့်မိပါတယ်...

နောက်ဆုံး တွေ့မိတဲ့ ဆော့ဖ်ဝဲကတော့ Bambuser လို့ခေါ်တဲ့ ဆော့ဖ်ဝဲပါ။ သူက မိမိဖုန်းမှာ ပါတဲ့ ဗွီဒီယို ရီကော့်ဒ်ဒင်း ဖန်ရှင်ကို အသုံးချပြီးတော့ မိမိဘလော့ဂ်၊ ၀က်ဆိုဒ်ပေါ်မှာ ဗွီဒီယိုတွေကို တိုက်ရိုက် လွင့်ပြနိုင်ပါတယ်။ Company တွေကတော့ မိမိတိုရဲ့ Website တွေမှာ company အကြောင်းကို တိုက်ရိုက် လွင့်ချင်တာပဲ ဖြစ်ဖြစ်၊ ပြပွဲတစ်ခုခုမှာ မိမိတို့ ထုတ်ကုန်တွေကို ပြသတာကို ကမ္ဘာအနှံ့က လူတွေ တိုက်ရိုက် ကြည့်ရှုနိုင်အောင် ထုတ်လွင့်ပြသချင်တာပဲ ဖြစ်ဖြစ် ဒီဆော့ဖ်ဝဲလေးကို အသုံးချရုံပါပဲ...။ ဘလော့ဂ်ပေါ်မှာတော့ မိမိတို့ရဲ့ ရောင်းရင်း၊ အပေါင်းအသင်း မိတ်ဆွေများကို မိမိတို့ရဲ့ happy moment ကို တိုက်ရိုက်ပြချင်တာ၊ ခရီးထွက်လို့ရှိရင် ရောက်တဲ့နေရာကနေ တိုက်ရိုက် ရိုက်ကူးပြီး မိမိတို့ ဘလော့ဂ်ပေါ်မှာ အချိန်မဆိုင်းပဲ လွင့်ပေးနိုင်ပါတယ်။ (ကြွားချင်တာကို တိုက်ရိက် ကြွားနိုင်အောင်ပေါ့လေ။)
:LoL:

ဒီဝက်ဘ်ဆိုဒ်မှာ ရီဂျစ်စတာ လုပ်လိုက်ပါ။ ကိုယ့်ဖုန်းနဲ့ ကိုက်ညီမဲ့ ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပါ။ ဖုန်းထဲကို အင်စတော လုပ်ပါ။ (၀က်ဘ်ကင်မ်သုံးပြီး ရိုက်ချင်သူများ အတွက်လဲ ၀က်ဘ်ကင်မ် ဆော့ဖ်ဝဲ ရှိပါတယ်။) ရီဂျစ်စတာ လုပ်ပြီးချိန်မှာ မိမိဘလော့ဂ်ပေါ် တင်ဖို့အတွက် လိုအပ်တဲ့ HTML စာသားတွေကို တစ်ခါတည်း ထုတ်ပေးပါတယ်။ ကော်ပီကူးပြီး မိမိတို့ ဘလော့်မှာ တင်လိုက်တာနဲ့ ကိုယ့်အကောင့်အတွက် သတ်သတ် assign လုပ်ပေးထားတဲ့ ဗွီဒီယို ပလေယာတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ တစ်ခုကောင်းတာက မိမိတို့ ရိုက်ကူးလိုက်တဲ့ ဗွီဒီယို ဖိုင်တွေကို သူ့ဆာဗာပေါ်မှာပဲ တစ်ခါတည်း တင်နိုင်တဲ့ အချက်ဖြစ်ပါတ်။ တစ်ခြားသော application များလို့ သတ်သတ် ဆာဗာပေါ်မှာ တင်စရာ မလိုပါဘူး။ မိမိတင်ထားတဲ့ ဖိုင်တွေကို လိုအပ်သလို ပြင်ဆင်၊ တည်းဖြတ်၊ ဖြတ်တောက်နိုင်ပါတယ်။

ရိုက်ကူးဖို့ စတင်တော့မယ်ဆိုရင် မိမိရဲ့ ဖုန်း၊ ရိုက်ကူးမယ့် ကင်မရာ၊ ၀က်ဘ်က်မ်ဟာ အင်တာနက်နဲ့ ဆက်သွယ်နေဖို့ လိုပါလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဖုန်းမှာ အိမ်က ၀ါယာလက်စ်ကို ၀ိုင်ဖိုင် နဲ့ အရင် ချိတ်ပါတယ်။ ပြီးမှ application ကို run ပါတယ်။ setting ကို အော်တို ကော်နက် ဆိုပြီး ရွေးထားတော့ application ကို run တာနဲ့ သူက အင်တာနက် ကော်နက်ရှင်ကို တန်းချိတ်ပြီး ရိုက်ကူးမှုကို စတင်ကာ မိမိတို့ရဲ့ ဗွီဒီယို ပလေယာ အကောင့်ထဲကို တိုက်ရိုက် လှမ်းပို့ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်က ကြည့်ရှုသူတွေကလဲ Video streaming လုပ်ပြီး ကြည့်နိုင်ပါတယ်။ တိုက်ရိုက်လွင့်နေချိန်မှာ မကြည့်လိုက်ရလဲ လွင့်ပြီးသား ဖိုင်တွေကို ပြန်လည် ကြည့်ရှုနိုင်အောင် လုပ်ပေးထားပါတယ်...။ တိုက်ရိုက်လွင့်နေချိန်မှာ သတိထားမိအောင် live ဆိုတဲ့ တိုင်တယ် တပ်ပေးပါတယ်။ offline ဖြစ်နေရင် “Boyz (အကောင့် ပိုင်ရှင်ပေါ့ဗျာ) is not broadcasting right now” ဆိုပြီး စာတမ်း ထိုးထားပေးပါတယ်။ ဒါဆိုရင် သူနောက်ဆုံးလွင့်ခဲ့တဲ့ဖိုင်ကို မြားကလေး ပုံစံဖြစ်နေတဲ့ ပလေး ခလုတ်ကို နှိပ်ပြီး ကြည့်နိုင်သလို ဒီမတိုင်ခင်တုန်းက လွင့်ခဲ့တဲ့ ဗွီဒီယိုဖိုင်များကို စတုရန်း အကွက်လေးတွေ တန်းစီနေတဲ့ ခလုတ်ကို နှိပ်ခြင်းအားဖြင့်လဲ တစ်ဖိုင်ချင်း ကြည့်နိုင်ပါတယ်။

အားနည်းချက်ကတော့ အင်တာနက် ကော်နက်ရှင် ရှိမှပဲ မိမိတို့ ရိုက်ကူးမှုကို ဆာဗာပေါ် လှမ်းချိတ်လို့ရတဲ့ အချက်ပါ။ ခရီးသွားနေသူများကတော့ ကြွားချင်ကြတယ်ဆိုရင် Data Plan Flat rate မယူထားရင်တော့ တေဘီဆြာပဲ...။
:suicide:
ဗွီဒီယိုဖိုင်များက ဒေတာတွေ တော်တော်များကို အသုံးပြုတာကိုး...။
:oops2:

Screenshot နဲ့ ရှင်းပြပေးချင်သော်ငြား စိတ်ဝင်စားသူ မရှိတာကတစ်ကြောင်း၊ ပျင်းနေတာက တစ်ကြောင်း ကြောင့်ရယ်ကြောင့် မတင်ဖြစ်တော့ပါ။ မေးမြန်း စုံစမ်းမှုများ ပြုသပ ဆိုရင်တော့ ကော်မန့်ဖြစ်ဖြစ်၊ စီပုံးထဲမှာ ဖြစ်ဖြစ် မက်ဆေ့ခ်ျများ ထားပေးပါ။ စိတ်အခန့်သင့်ရင်၊ ရွှီးတတ်တဲ့အချက်တွေဆိုရင် ခရီးသွားဟန်လွဲ၊ လမ်းကြုံ ၀င်ဖြေပေးပါမယ်။ ဖြေမထားဘူးဆိုရင်တော့ မသိလို့ပဲ ဖြစ်ဖြစ်၊ မအားလို့ပဲ ဖြစ်ဖြစ်၊ မတွေ့မိလို့ပဲ ဖြစ်ဖြစ်၊ မဖြေချင်တာပဲ ဖြစ်ဖြစ် အဲဒီ တစ်ဖြစ်ဖြစ်တွေထဲက တစ်ဖြစ်ဖြစ်ကြောင့် ဖြစ်လိမ့်မယ်လို့ ဖြစ်လိုက်ကြပါ အဲ. အဲ ဖြည့်တွေးလိုက်ကြပါ။ လိုက်ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျား။
:thanks:

နောက်များမှာ အခုဖုန်းထဲမှာ လက်ရှိသုံးနေတဲ့ Third Party အလားရတဲ့ ဆော့ဖ်ဝဲများ အကြောင်းကို တစ်ခုချင်း လာရှင်းပြပါ့မယ်...။ (Note that "No Time Limit")


(အခုတစ်လော အတည်အတံ့တွေ ရေးမရ ဖြစ်နေပါတယ်။ လက်က ပျက်နေပြီလား မသိ... ဟိ..ပြောင်ချော်ချော် ဖြစ်နေပါတယ်...။)
:partyman:
မောတာ...။
:ashamed:

ရေး.... :dance:တစ်ပုဒ်ပြီးသွားပြီ...။ လေးငါးရက်လောက်တော့ အေးဆေး နားလို့ရပြီ...။ :excited:
:backtotopic:

Thursday, November 6, 2008

pfingo Phone Promotion (Nov)



အသေးစိတ် သိလိုပါက အထက်ပါ ပုံကို ကလစ်နှိပ်ကြည့်ပါ


ကျွန်တော် အခုတစ်လော သုံးဖြစ်နေတဲ့ VoIP ဖုန်းပါ...(တစ်နှစ်ကျော်ကြာ သုံးဖြစ်သွားပါပြီ...။)။
Stauhub ကနေပြီးတော့ ၀န်ဆောင်မှု ပေးနေတဲ့ အင်တာတက် စနစ်သုံး ဖုန်းဝန်ဆောင်မှု လုပ်ငန်း ဖြစ်ပါတယ်...။
သုံးရတာ အဆင်ပြေပါတယ်...။

(အရင်တုန်းကတော့ voipdiscount, voipstunt, Skype Out အစရှိတဲ့ VoIP ၀န်ဆောင်မှု လုပ်ငန်းတွေကို သုံးပါတယ်...။ သူတို့ဆီက ဆာဗာအခြေအနေကြောင့် ဖုန်းပြောရတာ ပြတ်တောင်းပြတ်တောင်း ဖြစ်သည်က တစ်ကြောင်း၊ ကိုယ်ပြောလိုက်တဲ့ စကားသံသည် တစ်ဘက်ကို ၂ စက္ကန့်လောက် နောက်ကျပြီးမှ ရောက်သွားတတ်လို့ ပြောရတာ အဆင်မပြေတာက တစ်ကြောင်းတို့ကြောင့် မသုံး ဖြစ်တော့ပါ...။)

pfingo က starhub ကနေ ပေးတဲ့ ၀န်ဆောင်မှု ဖြစ်တာကြောင့် connection ကောင်းပြီး အသံ အရည်အသွေး ကြည်လင်ပြတ်သားစွာနဲ့ ဆက်သွယ် ပြောဆိုနိုင်ပါတယ်...။
အကယ်၍ ပြည်တွင်းက မိမိတို့ရဲ့ ဆွေမျိုး၊ မိတ်ဆွေများကို ဒီအကောင့် ပေးထားလိုက်ရင် သူတို့အနေနဲ့ အင်တာနက်ကဖေးဖြစ်ဖြစ်၊ မိမိတို့ ကိုယ်ပိုင် ကွန်ပြူတာမှာ ဖြစ်ဖြစ် ဒီဆော့ဖ်ဝဲကို သွင်းပြီး ပေးထားတဲ့ အကောင့်နဲ့ sign in လုပ်လိုက်ရင် မိမိတို့ရှိရာ စင်ကာပူကို တစ်မိနစ်ကို ၂ ဆင့်နှုန်းနဲ့ ဆက်သွယ်နိုင်ပါတယ်...။

ကွန်ပြူတာ၊ အင်တာနက်နဲ့ ဒီ pfingo account ရှိရုံနဲ့ နိုင်ငံခြားကို ဈေးနှုံးသက်သာစွာနဲ့ ဆက်သွယ်နိုင်ပါပြီ...။
Account subscription က တစ်နှစ်မှ စင်ကာပူ ဒေါ်လာ ၁၂ ကျပ်ပဲ ကျပါတယ်...။ (Basic Plan ပေါ့...။ ကျွန်တော်လဲ ဒီပလန်ပဲ သုံးနေတယ်...။)
ဘေ့စ်စစ်ပလန်ကို ပရိုမိုးရှင်းကာလအတွင်း sign-up လုပ်မယ်ဆိုရင် subscription တစ်နှစ်စာ အခမဲ့ ပေးပါတယ်...။
ရက်အကန့်အသတ် ရှိပါတယ်...။ ၂၀၀၈ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးပါ...။
pfingo ဖုန်းနံပါတ် တစ်ခု ပေးပါတယ်...။ 3xxx xxxx
ကျွန်တော့်နံပါတ်ကတော့ ၃၁၁၃ ၇၆၅၃ ပါ...။
အမြဲတမ်းတော့ ဖွင့်မထားပါဘူး...။
နိုင်ငံခြားကို ခေါ်ဆိုချင်တဲ့ အချိန်မှာမှ ဖွင့်ပါတယ်...။
ဖုန်းခေါ်ဆိုဖို့ လိုအပ်တဲ့ credit ကိုတော့ သူတို့ဆီမှာ အွန်လိုင်းကနေတစ်ဆင့် ၀ယ်ယူနိုင်ပါတယ်...။
စင်ကာပူ နိုင်ငံတွင်း ခေါ်ဆိုမှုတွေကို တစ်မိနစ်ကို ၂ ဆင့်နှုန်းသာ ကျသင့်ပါတယ်...။
ထိုင်းနိုင်ငံကို ခေါ်ဆိုမှုကိုတော့ လောလောဆယ် ပရိုမိုးရှင်းအနေနဲ့ တစ်မိနစ်ကို ၅ ဆင့် သတ်မှတ်ထားပါတယ်...။
မြန်မာပြည် ခေါ်ဆိုမှုကိုတော့ တစ်မိနစ် ၅၀ဆင့်နှုန်းနဲ့ ကောက်ခံပါတယ်...။
pfingo အချင်းချင်း ဆက်သွယ်မှုကိုတော့ ဖရီး (သို့) အခမဲ့ပါ...။
အောက်မှာ လတ်တလော ပရိုမိုးရှင်း rate တွေကို ပြထားပါတယ်...။



အသံအရည်အသွေး ကြည်လင်ပြတ်သားမှု ရှိပါတယ်...။
သုံးသင့်တယ်လို့ ထောက်ခံပါတယ်...။
(မောင်တီဇက်အေကတော့ အရင်တုန်းက credit ၀ယ်တာ အွန်လိုင်း မရလို့ ဒီမှာ မြည်တွန်တောက်တီး ဖူးပါတယ်...။ တစ်ကယ်တော့ ဆာဗာ ဒေါင်းနေတာနဲ့ ကြုံတော့ သူ purchase လုပ်တာ အဆင်မပြေ ဖြစ်သွားတာပါ...။ ကျွန်တော့်အတွက်ကတော့ အဲဗား အဆင်ပြေပါတယ်...။)

ခြွင်းချက်။ ။ ဖုန်းနံပါတ်တစ်ခုတော့ provide လုပ်ရပါလိမ့်မယ်...။ အဲဒါမှ သူက activation key တစ်ခုကို sms နဲ့ ပို့ပေးလာမှာ ဖြစ်ပါတယ်...။

အသေးစိတ် သိချင်ရင်တော့ အပေါ်က ပုံကို ကလစ်နှိပ်လိုက်ပြီး သွားကြည့်လိုက်ပါ...။

ဘလော့ဂ်ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ...။
(ယနေ့ ဖွင့်မယ့် ၁.၅ မီလီယံ တိုတိုမှာလဲ ဒုတိယဆုတွေ ပေါက်ကြပါစေ...။ ပထမဆုက ကျွန်တော့်အတွက် ဖြစ်သွားလို့ပါ...။ ခွိခွိခွိ)

Monday, June 23, 2008

iPhone Killers !!!!

ခုတစ်လော Blogging ဘက်ကို အချိန်မပေးနိုင်တာ ကြာသွားတယ်...။ ရေးမယ်လို့ ကြံတဲ့ အကြောင်းအရာ တွေကလဲ ခေါင်းထဲမှာ တစ်ပုံတစ်ပင်ကြီး...။ ဘယ်ကစပြီး ရေးရမယ်မှန်း မသိလို့...။ ရေးဖို့ကလဲ လက်က မတက်ချင်တော့ စိတ်လျှော့နေရတယ်...။ ဒါပေမဲ့ အလည်လာခဲ့သော မိတ်ဆွေများကို အားနာမိတဲ့ အတွက် မရေးမဖြစ် တစ်ပုဒ်တော့ အားတင်းပြီး ရေးလိုက်ရပါကြောင်း...။ ဆားလဲ မချက်တတ်/ မချက်ချင်ဆိုတော့ :D ...။


အခု တင်ပြမယ့် အကြောင်းအရာကတော့ အိုင်တီသတင်းများကို စဉ်ဆက်မပြတ် နားစွင့်သူများအတွက် ကြားဖူး၊ သိဖူးပြီးသား အကြောင်းအရာ ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်...။ ဒါ့ကြောင့် သိပြီးသူများအတွက် အသစ်အဆန်း မဟုတ်တော့ပေမယ့် မသိသေးသူများအတွက် သိသွားအောင် ဝေမျှပေးလိုက်ရပါတယ်...။

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့တုန်းက Apple ကနေ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ လူကြိုက်များတဲ့ iPhone ကို 3G Version အဖြစ် အဆင့်မြှင့် ထုတ်လုပ်လိုက်ပါတယ်...။


3G iPhone

ဖြန့်ချိမယ့်ရက်ကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့ အစောဆုံးထားပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်...။
ပထမဆုံး ဖြန့်ချိတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ စင်ကာပူနိုင်ငံတော့ မပါရှိခဲ့ပါဘူး...။ (အရာရာတိုင်းမှာ ထိပ်ဆုံး၊ ပထမဆုံး ဖြစ်ချင်တဲ့ ကိုကို စင်ကာပူ၊ မမ စင်ကာပူတို့ မခံချိမခံသာ ဖြစ်သွားတာပေါ့...။) ဒါတောင် ပြောလိုက်သေးတယ်...။ ပထမအသုတ်မှာ မပါပေမဲ့ သူတို့ဟာ အာရှ၊ပစိဖိတ်တစ်လွှားမှာတော့ iPhone သုံးစွဲသူ အများဆုံး ဖြစ်မှာပါတဲ့...။

ထားလိုက်ပါ...။ လိုရင်းကို မရောက်နိုင်ဘူး ဖြစ်နေတယ်...။ ခုတစ်လော ဒီလို ဖြစ်နေတယ်...။ အကြောင်းအရာ တစ်ခုကို စလိုက်ရင် ဘယ်တော့မှ တန်းမရောက်ဘူး...။ ဟိုကွေ့ဒီဝိုက်နဲ့...။ အကျင့်ဖြစ်နေတာ...။ ကဲ..ကဲ ပြန်တည့်လိုက်ရအောင်...။

အခုလို ခေတ်စားနေတဲ့ အိုင်ဖုန်းကို အရူးအမူး စွဲလမ်းတဲ့ သူများ ရှိနေသလို တစ်ဖက်ကလည်း အိုင်ဖုန်းကို မနှစ်မြို့သူများလဲ ရှိပါတယ်...။ ဥပမာပြရရင် ကျွန်တော်ပေါ့...။ ကျွန်တော်လဲ အိုင်ဖုန်းကို မကြိုက်ပါဘူး...။ Apple က ကိုယ်ကျွမ်းကျင်တဲ့ ခွင်ကို အပိုင်ကိုင်နေရုံးနဲ့ မကျေနပ်သေးပဲ သူံခွင်မဟုတ်တဲ့ ဆက်သွယ်ရေးကဏ္ဍကို လာရှုပ်ပါတယ်...။ Apple ဆိုတဲ့ တံဆိပ်ကြောင့်သာ လူတွေက ကောင်းတယ် ထင်နေတာပါ...။ တစ်ကယ့်တစ်ကယ်တော့ စထုတ်ကတည်းက အိုင်ဖုန်းမှာ ပြစ်ချက်တွေ ပါလာပြီးသားပါ...။ အမြင်သာဆုံး ဥပမာ ပြရရင်တော့ ၀င်လာတဲ့ မက်ဆေ့ခ်ျ SMS တစ်ခုကို နောက်တစ်ယောက်ဆီ forward လုပ်ပြီး မပို့နိုင်တာပါပဲ...။ ပထမဆုံးထုတ်လိုက်တဲ့ အိုင်ဖုန်းမှာ ဒီပြစ်ချက်ပါလာတာ ထားပါတော့...။ အခု နောက်ထပ် အဆင့်မြှင့် ထုတ်လိုက်တဲ့ 3G iPhone မှာလဲ ဒီပြစ်ချက်ကို ဖြေရှင်း မပေးသေးတာ တွေ့ရပါတယ်...။ အဆိုပါ ပြစ်ချက်ကို ဖုန်းကွယ်နိုင်ဖို့ အတွက် ဖြန့်ချိဈေးနှုံးကို လျှော့ပေးထားပါတယ်...။ နှစ်နှစ်ကန်ထရိုက်နဲ့ ၀ယ်ရင် ယူအက်စ် ၁၉၉ ဒေါ်လာနဲ့ 8GB 3GiPhone ကို ပိုင်ဆိုင်နိုင်ပါတယ်တဲ့...။ (ကောင်မလေး နှုတ်ခမ်းပဲ့နေတယ်လို့ ပြောတော့ ကိစ္စမရှိဘူး သူကြီးသမီးမို့လို့ ယူတာလို့ ဆိုတဲ့ ရွာကသာအေးနဲ့တူပါ့...။)

Apple က ကနဦးမှာ 2G အမျိုးအစား iPone ဆိုပြီး ထုတ်လိုက်တော့ လူတွေက အရူးအမူး ဖြစ်ကုန်ရော...။ ဒီမှာတင် သမားရိုးကျ ဖုန်းထုတ်စားလာခဲ့တဲ့ ဖုန်းထုတ်လုပ်ရေး ကုမဏီများ မျက်ကလဲဆန်ပြာ ဖြစ်ပြီး ကမူရှုးထိုးနဲ့ ဖုန်းတိုက်ပွဲထဲကို Smart Phone များ အပြိုင်အဆိုင် ထုတ်လုပ်ပြီး ၀င်ရောက်လာကြတယ်...။
Nokia N95 8GB Phone

ဖုန်းဘိုးအေနိုကီယာတောင် မနေနိုင်တော့ပဲ N95 Series ဖုန်းနဲ့ အသဲအသန် လိုက်ဖိုက်လိုက်ရတယ်...။ ဒါပေမဲ့ ဖုန်းဘိုးအေလဲ နောက်ကောက်ကျသွားပါပြီ...။ N95 က Touch Screen မဟုတ်ပါဘူး...။ iPhone က Touch Screen ပါ...။ Screen က 3.5" ပါ...။ N95 က iPhone Killer မဟုတ်ခဲ့ပါဘူး...။

LG Viewty

LG က LGViewty ဆိုပြီး Touch Screen အကြီးကြီးနဲ့ လိုက်ယှဉ်ဖို့ ကြိုးစားပါတယ်...။ မတိုးပါဘူး...။ ဆမ်ဆောင်းကလဲ ထပ်ထုတ်ပါသေးတယ်...။ သူ့ကျတော့ ထုတ်လိုက်တဲ့ touch screen ဖုန်းများက အမျိုးအစား များလွန်းတော့ ဘာထုတ်လို့ ထုတ်မှန်းတောင် မသိလိုက်တော့ပါဘူး...။ iPhone ကို မှီဖို့ နေနေသာသာ ယှဉ်တောင် မယှဉ်နိုင်ပဲ ဈေးကွက်ထဲက ငုတ်လျိုးသွားပါတယ်...။

Sony Ericsson W960i

အိုင်ဖုန်းထွက်ပြီး တစ်နှစ်လောက်နေတော့ Sony Ericsson ကနေ Wi-Fi Functin ပါတဲ့ Touch Screen Smart Phone တစ်မျိုးကို ထုတ်လိုက်ပါတယ်...။ W960i Walkman Smart Phone အမျိုးအစားပါ...။ သူကတော့ လက်ရှိဈေးကွက်ထဲ ရောက်ရှိပြီး၊ လူကြိုက်များနေတဲ့ ထွက်ရှိခဲ့သမျှ ဖုန်းတွေထဲမှာ iPhone ကို လက်ရည်တူ ပြိုင်နိုင်တဲ့ ဖုန်းပေါ့...။ ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ ထွက်ရှိသမျှ ဆိုနီဖုန်းတွေထဲမှာ Wi-Fi သုံးထားတဲ့ ဖုန်း၊ Built in Memory 8GB ရှိတဲ့ ဖုန်း၊ Touch Screen ပါတဲ့ဖုန်း စတဲ့ ထူးခြားချက်တွေပါ...။ ဖုန်းရဲ့ Operation System ကိုတော့ Symbiam စံနစ်ကို သုံးထားပြီး UIQ နည်းပညာနဲ့ အလှအပရေးရာ Graphic အပိုင်းကို တာဝန်ယူထားပါတယ်...။ ပရိုဆက်ဆာကိုလဲ ၁၂၈ MB အထိ သုံးပေးထားလို့ iPhone နည်းတူ ပေါ့ပါးတဲ့ လုပ်ဆောင်ချက်ကို ပေးနိုင်ပါတယ်...။ အရွယ်အစားကတော့ အိုင်ဖုန်းလောက် မကြီးပါဘူး...။ စကရင်ကလဲ ၂.၆ လက်မသာ ရှိလို့ သေးတယ်လို့ ပြောနိုင်ပါတယ်...။ သို့သော်ငြားလဲ ဆိုနီအဲရစ်ဆန်ရဲ့ သူများနဲ့ မတူတဲ့ Walkman ဆိုတဲ့ လုပ်ဆောင်ချက်ကြောင့် အိုင်ဖုန်းနဲ့ ယှဉ်ပြီး ဖုန်းဈေးကွက်မှာ နေရာယူလာပါတယ်...။ Internal Built in memory ကလဲ သီချင်းအပုဒ်ပေါင်း ၈၀၀၀၀ ကျော်မက သိုမှီးနိုင်သလို ဗွီဒီယို ရုပ်ရှင်ကားများလဲ ဆန့်သလောက် သိမ်းထားနိုင်တဲ့ အတွက် အိုင်ဖုန်းကို မနှစ်သက်သူများအတွက် ရွေးစရာ ဖုန်းတစ်ခု ဖြစ်ခဲ့ပါတယ်...။ (စကားမစပ် ကျွန်တော်အခု လတ်တလော သုံးနေတာ ဒီဖုန်းပေါ့...။ ဟဲ...။ အဲဒါကြောင့် သူ့ကောင်းကြောင်းတွေပဲ ရွေးညွှန်းနေတာ...။ )

Apple ကတော့ အစက သူ့ဖုန်းကို ယှဉ်နိုင်မဲ့ ဖုန်း မရှိဘူးဆိုပြီး ငြိမ်ရာကနေ အခုတော့ ဆိုနီရဲ့ W960i Feature တွေ မြင်ရရော... မျောက်မီးခဲ ကိုင်မိသလို ဖြစ်ပြီး 2G ဖုန်းအဖြစ်ပဲ ထုတ်လုပ်ရာကနေ 3Gဖုန်းအဖြစ်ကို အဆင့်မြှင့်ဖို့ လိုအပ်တဲ့ သုတေသနများ အပူတပြင်း ရှာဖွေခဲ့ရာမှာ ပထမမျိုးဆက် 2G iPhone ကို ထုတ်လုပ်ပြီး တစ်နှစ်ကျော်အကြာမှာပဲ 3G iPhone ကို ထုတ်လုပ်နိုင်ပါတော့တယ်...။ အမြန်နှုန်းအနေနဲ့ အရင်မျိုးဆက် iPhone ထက် ၂ ဆ ပိုမြန်ပြီး ဈေးနှုန်းကတော့ တစ်ဝက်တောင် ပိုသက်သာလာတယ်လို့ ကြော်ငြာထားပါတယ်..။ (အရင်ဖုန်း ၀ယ်သုံးမိတဲ့သူတွေကတော့ စတိဗ်ကို သတ်ချင်မှာပဲ...။ ဈေးကြီးပေးဝယ်ထားရပြီး နောက်ပေါ်တဲ့ ဈေးချိုတဲ့ 3G ဖုန်းက ပိုကောင်းနေတယ်...။) ဒီနောက်ဆုံးပေါ် 3G iPhone ရဲ့ ထူးခြားချက် ဒါမှမဟုတ် နောက်တိုးလာတဲ့ လုပ်ဆောင်ချက်ကတော့ GPS စံနစ်ပါလာတာပါပဲ...။ အခု နောက်ပိုင်း (၂၀၀၇ ခုနှစ် ဇွန်လ နောက်ပိုင်း) ထုတ်လာတဲ့ စမတ်ဖုန်း အများစုဟာ အဲဒီ GPS စံနစ် ပါလာတာ များပါတယ်...။ GPS စနစ်ဆိုတာကတော့ ကိုယ်လက်ရှိရောက်ရှိနေတဲ့ နေရာကို ဂြိုဟ်တု အကူအညီနဲ့ တွက်ချက်ပေးပြီး မြေပုံပေါ်မှာ ပြပေးတဲ့ စနစ်လေးပါ...။ ဒီစနစ်ကို အမေရိကန် စစ်ဘက်ရေးရာက ထိပ်တန်းစစ်ဘက်ဆိုင်ရာ အဖြစ်သာ အသုံးပြုခဲ့ရာမှ အရပ်သုံးအဖြစ် ခွင့်ပြုခဲ့တာ မကြာသေးပါဘူး...။ ဒီစနစ်ရဲ့ အားသာချက်ကတော့ အခမဲ့ သုံးလို့ရခြင်းပဲ ဖြစ်ပါတယ်...။ GPS အကြောင်းကို နောက်မှ ထပ်ရှင်းပြပါမယ်...။ အကျယ် သိချင်သူများ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်...။

GPS စနစ်ရဲ့ ထူးခြားချက်၊ အခမဲ့ သုံးခွင့်ရတဲ့ အချက်၊ နိုကီယာရဲ့ N Serirs ဖုန်းတိုင်းမှာ GPS စနစ်ကို အားလုံးနီးပါး ထည့်သွင်းလာတဲ့ အချက်ကြောင့် အခုနောက်ပိုင်းဖုန်းတွေမှာ အဲဒီ GPS စနစ် မပါရင်ကို Smart Phone မဟုတ်တော့သလို အထင်ရောက်တဲ့အထိ ဖြစ်သွားပါတယ်...။ ဒါပေမဲ့ Apple က ထပ်ကွန့်လိုက်တာကတော့ သူ့ရဲ့ GPS စနစ်ဟာ အများစုသော Smart Phone ထဲမှာ ပါသလို သမားရိုးကျ GPS စနစ် မဟုတ်ပါဘူးတဲ့...။ AGPS လို့ခေါ်တဲ့ Assit GPS စံနစ်ပါတဲ့...။ သမားရိုးကျ GPS များက မိမိရောက်ရှိရာ နေရာရဲ့ ထက်ကောင်းကင်ယံက ၆၀ ဒီဂရီ ခြားပြီး ရှိနေတဲ့ GPS Sattelite ၃လုံးကနေ အချက်အလက်ကို ရယူပြီး မိမိရဲ့ တည်နေရာကို လတ္တီကျူ့၊လောင်ဂျီကျူ့နဲ့ တွက်ချက် ဖေါ်ပြပေးပါတယ်...။ AGPS ကတော့ အဆိုပါ ဂြိုဟ်တုများရဲ့ အကူအညီအပြင် မိမိရောက်ရှိတဲ့ နေရာနဲ့ အနီးဆုံးက Cell Tower တိုင်များရဲ့ Signal ကိုပါ တွက်ချက်ပြီး ပိုပြီး တိကျတဲ့ နေရာကို ဖေါ်ပြပေးနိုင်ပါတယ်တဲ့...။

ဆိုတော့ Apple က ဒီတစ်ခေါက် ထိုးနှက်လိုက်တဲ့ လက်သီးချက်ကတော့ ပြင်းလွန်းပါတယ်...။ ဆိုနီ w960i တောင် မလှန်နိုင်တော့ပါဘူး...။ ဆိုနီက ထပ်ထုတ်လိုက်တဲ့ ဖုန်းတွေကလဲ w960i လို လုပ်ဆောင်ချက် စုံလင်တဲ့ ဖုန်းတွေ မဟုတ်တော့ပဲ တစ်ခုကောင်းဖုန်းများ ဥပမာ- Walkman Phone, CyberShot Phone စသည်ဖြင့်သာ ထွက်ရှိလာတာ တွေ့ရပါတယ်...။

ခုနောက်ဆုံး ကြားသိရတဲ့ သတင်းတွေအရ iPhone ကို အပြတ်အသတ် ယှဉ်မယ်ဆိုပြီး ထုတ်လာတဲ့ ဖုန်းတွေကတော့ Samsung Omania Instinct ဖုန်းတွေ ဖြစ်ကြောင်း သိရပါတယ်...။



Instinct

Instinct ကတော့ iPhone ထက် စောစီးစွာပဲ အမေရိကားမှာ လက်ဦးမှုရယူပြီး ဖြန့်ချိလိုက်ပါတယ်...။ Nextel နဲ့ ချိတ်ပြီး အမေရိကန်ဒေါ်လာ ၁၃၀ နဲ့ နှစ်နှစ် ကန်ထရိုက်နဲ့ ထုတ်လိုက်တာပါ...။ သို့သော်လဲ ကြားသိရ၊ မြင်တွေ့ရသလောက်တော့ iPhone Killer ဆိုပေမဲ့ အိုင်ဖုန်းလောင်းရိပ်အောက် မလွတ်နိုင်ရှာပဲ အိုင်ဖုန်း အသွင်အပြင်၊ အိုင်ဖုန်း လုပ်ဆောင်ချက်များကို တုပကော်ပီလုပ်ထားတာလို့ ထင်ရပါတယ်...။ လောလောဆယ်တော့ ဒီဖုန်းကို အမေရိကားမှာ ဖြန့်ချိနေပါတယ်...။



Omnia

နောက်တစ်မျိုး ဖြစ်တဲ့ Omnia ကတော့ စောင့်ကြည့်ရမှာပါ...။ ၃.၂ လက်မ စကရင်၊ 5 Mega Pixel Camera (iPhone က 2 mega pixel ပဲ ရှိပါတယ်...။) စတဲ့ အချက်တွေကြောင့် Real iPhone Killer များ ဖြစ်လာနိုင်မလားလို့ စောင့်ကြည့်နေပါတယ်...။ Omnia ဖုန်းကိုတော့ စင်ကာပူမှာ ပြီးခဲ့တဲ့ စနေနေ့ကပဲ အမှာစာနဲ့ မှာယူစာရင်းသွင်းနိုင်ကြောင်း အိုင်တီ သတင်း တစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်...။

ကဲ...။ အဆွေတော်များကရော ရွေးချယ်ခွင့်ပေးမယ်ဆိုရင် iPhone ကိုရွေးမလား...။ iPhone မဟုတ်တဲ့ တစ်ခြားဖုန်းများကို ရွေးမလားဗျာ...။ (လက်ညောင်းသွားပြီဗျာ...။ နားလိုက်ဦးမယ် ၃-၄ ရက်လောက်..။ :D )