Thursday, November 6, 2008

pfingo Phone Promotion (Nov)



အသေးစိတ် သိလိုပါက အထက်ပါ ပုံကို ကလစ်နှိပ်ကြည့်ပါ


ကျွန်တော် အခုတစ်လော သုံးဖြစ်နေတဲ့ VoIP ဖုန်းပါ...(တစ်နှစ်ကျော်ကြာ သုံးဖြစ်သွားပါပြီ...။)။
Stauhub ကနေပြီးတော့ ၀န်ဆောင်မှု ပေးနေတဲ့ အင်တာတက် စနစ်သုံး ဖုန်းဝန်ဆောင်မှု လုပ်ငန်း ဖြစ်ပါတယ်...။
သုံးရတာ အဆင်ပြေပါတယ်...။

(အရင်တုန်းကတော့ voipdiscount, voipstunt, Skype Out အစရှိတဲ့ VoIP ၀န်ဆောင်မှု လုပ်ငန်းတွေကို သုံးပါတယ်...။ သူတို့ဆီက ဆာဗာအခြေအနေကြောင့် ဖုန်းပြောရတာ ပြတ်တောင်းပြတ်တောင်း ဖြစ်သည်က တစ်ကြောင်း၊ ကိုယ်ပြောလိုက်တဲ့ စကားသံသည် တစ်ဘက်ကို ၂ စက္ကန့်လောက် နောက်ကျပြီးမှ ရောက်သွားတတ်လို့ ပြောရတာ အဆင်မပြေတာက တစ်ကြောင်းတို့ကြောင့် မသုံး ဖြစ်တော့ပါ...။)

pfingo က starhub ကနေ ပေးတဲ့ ၀န်ဆောင်မှု ဖြစ်တာကြောင့် connection ကောင်းပြီး အသံ အရည်အသွေး ကြည်လင်ပြတ်သားစွာနဲ့ ဆက်သွယ် ပြောဆိုနိုင်ပါတယ်...။
အကယ်၍ ပြည်တွင်းက မိမိတို့ရဲ့ ဆွေမျိုး၊ မိတ်ဆွေများကို ဒီအကောင့် ပေးထားလိုက်ရင် သူတို့အနေနဲ့ အင်တာနက်ကဖေးဖြစ်ဖြစ်၊ မိမိတို့ ကိုယ်ပိုင် ကွန်ပြူတာမှာ ဖြစ်ဖြစ် ဒီဆော့ဖ်ဝဲကို သွင်းပြီး ပေးထားတဲ့ အကောင့်နဲ့ sign in လုပ်လိုက်ရင် မိမိတို့ရှိရာ စင်ကာပူကို တစ်မိနစ်ကို ၂ ဆင့်နှုန်းနဲ့ ဆက်သွယ်နိုင်ပါတယ်...။

ကွန်ပြူတာ၊ အင်တာနက်နဲ့ ဒီ pfingo account ရှိရုံနဲ့ နိုင်ငံခြားကို ဈေးနှုံးသက်သာစွာနဲ့ ဆက်သွယ်နိုင်ပါပြီ...။
Account subscription က တစ်နှစ်မှ စင်ကာပူ ဒေါ်လာ ၁၂ ကျပ်ပဲ ကျပါတယ်...။ (Basic Plan ပေါ့...။ ကျွန်တော်လဲ ဒီပလန်ပဲ သုံးနေတယ်...။)
ဘေ့စ်စစ်ပလန်ကို ပရိုမိုးရှင်းကာလအတွင်း sign-up လုပ်မယ်ဆိုရင် subscription တစ်နှစ်စာ အခမဲ့ ပေးပါတယ်...။
ရက်အကန့်အသတ် ရှိပါတယ်...။ ၂၀၀၈ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးပါ...။
pfingo ဖုန်းနံပါတ် တစ်ခု ပေးပါတယ်...။ 3xxx xxxx
ကျွန်တော့်နံပါတ်ကတော့ ၃၁၁၃ ၇၆၅၃ ပါ...။
အမြဲတမ်းတော့ ဖွင့်မထားပါဘူး...။
နိုင်ငံခြားကို ခေါ်ဆိုချင်တဲ့ အချိန်မှာမှ ဖွင့်ပါတယ်...။
ဖုန်းခေါ်ဆိုဖို့ လိုအပ်တဲ့ credit ကိုတော့ သူတို့ဆီမှာ အွန်လိုင်းကနေတစ်ဆင့် ၀ယ်ယူနိုင်ပါတယ်...။
စင်ကာပူ နိုင်ငံတွင်း ခေါ်ဆိုမှုတွေကို တစ်မိနစ်ကို ၂ ဆင့်နှုန်းသာ ကျသင့်ပါတယ်...။
ထိုင်းနိုင်ငံကို ခေါ်ဆိုမှုကိုတော့ လောလောဆယ် ပရိုမိုးရှင်းအနေနဲ့ တစ်မိနစ်ကို ၅ ဆင့် သတ်မှတ်ထားပါတယ်...။
မြန်မာပြည် ခေါ်ဆိုမှုကိုတော့ တစ်မိနစ် ၅၀ဆင့်နှုန်းနဲ့ ကောက်ခံပါတယ်...။
pfingo အချင်းချင်း ဆက်သွယ်မှုကိုတော့ ဖရီး (သို့) အခမဲ့ပါ...။
အောက်မှာ လတ်တလော ပရိုမိုးရှင်း rate တွေကို ပြထားပါတယ်...။



အသံအရည်အသွေး ကြည်လင်ပြတ်သားမှု ရှိပါတယ်...။
သုံးသင့်တယ်လို့ ထောက်ခံပါတယ်...။
(မောင်တီဇက်အေကတော့ အရင်တုန်းက credit ၀ယ်တာ အွန်လိုင်း မရလို့ ဒီမှာ မြည်တွန်တောက်တီး ဖူးပါတယ်...။ တစ်ကယ်တော့ ဆာဗာ ဒေါင်းနေတာနဲ့ ကြုံတော့ သူ purchase လုပ်တာ အဆင်မပြေ ဖြစ်သွားတာပါ...။ ကျွန်တော့်အတွက်ကတော့ အဲဗား အဆင်ပြေပါတယ်...။)

ခြွင်းချက်။ ။ ဖုန်းနံပါတ်တစ်ခုတော့ provide လုပ်ရပါလိမ့်မယ်...။ အဲဒါမှ သူက activation key တစ်ခုကို sms နဲ့ ပို့ပေးလာမှာ ဖြစ်ပါတယ်...။

အသေးစိတ် သိချင်ရင်တော့ အပေါ်က ပုံကို ကလစ်နှိပ်လိုက်ပြီး သွားကြည့်လိုက်ပါ...။

ဘလော့ဂ်ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ...။
(ယနေ့ ဖွင့်မယ့် ၁.၅ မီလီယံ တိုတိုမှာလဲ ဒုတိယဆုတွေ ပေါက်ကြပါစေ...။ ပထမဆုက ကျွန်တော့်အတွက် ဖြစ်သွားလို့ပါ...။ ခွိခွိခွိ)

4 comments:

  1. အဲဒါကြောင့် GK ရှိတယ်ပြောတာပေါ့..:P
    ဒါနဲ့ တို့ရွှေမြန်မာနိုင်ငံကြီးကျမှာ ဘာလို့ဈေးအကြီးဆုံးဖြစ်ရတာလဲ...ငှင်..
    ရွှေသဌေးတေါပေါများတဲ့ နိုင်ကြီးမို့ထင်ပ..:(

    ReplyDelete
  2. ဆောဒီး....နိုင်=နိုင်ငံ*
    ဘလော့ပိုင်ရှင်ကိုအားနာပါတယ်..(မမကေအိုအမ်ရဲ့စကား) ဒီလက်ကြောင့် သတ်ပုံမှားနေတာ

    ReplyDelete
  3. စိတ်ဝင်စားစရာဘဲ။အဲဒါ ဆိုရင် ဖုံးငါးလုံး ဖြစ်တော့မယ်။ :P

    ReplyDelete