Wednesday, November 19, 2008

Shan New Year Celebration Concert in Singapore (2008)






ဘလော့ဂ်ဖတ်လာ မိတ်သဟာ အပေါင်းတို့ခင်ဗျား။
အရင်က ဒီပို့စ်မှာ ရေးဖူးခဲ့သလိုပဲ စင်ကာပူပေါ်က အဝေးရောက် ရှမ်းမိသားစုများရဲ့ ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို အခုလ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်...။
ကျင်းပမဲ့ နေရာကတော့ လာဗဲန်းဒါး ဘူတာကနေ တစ်ဆင့် သွားရတဲ့ ဖူချောင်းခန်းမ မှာ ဖြစ်ပါတယ်။


ရှမ်းရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ဖေါ်ကျူးတဲ့ အကများ၊ ရှမ်းပျိုဖြူများရဲ့ လှပကျော့ရှင်းတဲ့ ကကြိုး၊ ကဟန်၊ ကကွက်များ၊ အိုးစည်ဗုံမောင်းသံ တစ်ညံညံနဲ့ ဓါးသိုင်းအကများ၊ တိုးနယားအကများ၊ ကိန္နရီ ကိန္နရာ ငှက်မောင်နှံ အကများ နဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။


ရွှေပွဲလာ ဧည့်ပရိသတ်များအတွက် ရှမ်းအမျိုးသားတို့ရဲ့ အစားအသောက်များနဲ့ တည်ခင်းဧည့်ခံပါဦးမယ်။
အနုပညာကို ၀ါသနာ ထုံသူများအတွက် ယခုနှစ် အထူးအစီအစဉ် အဖြစ် နာမည်ကြီးအဆိုတော် တင့်တင့်ထွန်းကို အထူးဖိတ်ကြားထားပါတယ်။
ရှမ်းသီချင်းသံကိုမှ နားဆင်ချင်ပါတ်ယလို့ ဆိုလာသူများအတွက်လည်း လစ်ဟာမှု မရှိရလေအောင် အဆိုတော် စိုင်းထီးဆိုင်ရဲ့ ညီအရင်း ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းအောင်ထီးခမ်းကိုလဲ ဖိတ်ခေါ်ထားပါတယ်...။
ကိုထီးအလွမ်းပြေ သီချင်းများကို စိုင်းအောင်ထီးခမ်းမှ လာရောက်ဖျော်ဖြေပေးပါဦးမယ်...။




တစ်နှစ်မှ တစ်ခါသာ ကျင်းပတဲ့ ဒီပွဲတော်ကို စင်ကာပူရောက် ရှမ်းမိသားစု၊ မောင်မယ်များမှ ၀ိုင်းဝန်းအကောင်အထည်ကြတဲ့ ဒီပွဲကို တက်ဖြစ်အောင် တက်လိုက်ကြပါ။
အမြတ်အစွန်းကို မဓါန မထားတဲ့ ပွဲပါ။
ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့ ပွဲမို့ လာရောက်အားပေးကြပါ...။

လက်မှတ်များကို ပွဲတော်ည အထိ ရောင်းချသွားပါမယ်....
လက်မှတ် တန်ဖိုးကတော့ SGD 30 နဲ့ 40 အသီးသီး ဖြစ်ပါတယ်။
လက်မှတ်များ ရရှိနိုင်တဲ့ နေရာကတော့ ပင်နီစူလားပလာဇာက ရှမ်းတောင်တန်း၊ လွိုင်ဟိန်း နဲ့ နီးစပ်ရာ ရှမ်းအမျိုးသား မိတ်ဆွေ အပေါင်းအသင်းများထံမှ ၀ယ်ယူရရှိနိုင်ပါတယ်...။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် (စနေနေ့) ညနေ ၅ နာရီမှာ စတင်ပါလိမ့်မယ်...။
ခုံနေရာများကို ဦးရာလူစံနစ် စီစဉ်ပေးထားတဲ့အတွက် နေရာကောင်းရရန် စောစောကြွပါ...။

အသေးစိတ် ဖတ်ချင်ရင်တော့ ဒီပို့စ်မှာ တင်ထားပါတယ် ခင်ဗျား...။

ပွဲတော်ညမှ ဆုံတွေ့ကြပါစို့။

8 comments:

  1. မေက တစ်ယောက်ထည်းလား။ သြော် ဟန်နီနဲ့ခင်တာ ကြာပြီဘဲ ။N2 နံ မဗေဒါကလည်းရည်းစား မရှိရှာဘဲကိုး။ တို့ငယ်ငယ်က ရည်းစားမရှိရင် သိတ်ရှက်တာ။အဲဒါကြောင့် ရည်းစားထားရတာ။ ထားချင်လို့ မဟုတ်ဘူး။ ကလူသစ် သမီးလေး ကလည်း စားမဲ့ပုဲံဘဲ။

    ReplyDelete
  2. ကိုBoyz ဒါးသိုင်း ကပြရင် လာပါမည်...

    ReplyDelete
  3. ရှမ်းရိုးမက အိုးစည်သံ သီချင်းဆိုပြပါဗျို့

    ReplyDelete
  4. ဒုံးဝေးတဲ့အထဲမှာ ကိုဘွိုက်လဲပါတယ်။သိတ်စိတ်ငြစ်တယ်။ တကယ်နားမလည်တာလား။အဲလိုဆိုရင် ပြန်လာပြီးရှင်းပြမယ်။

    ReplyDelete
  5. ကိုဘွိုင်းဇ်တင်မဟုတ်ဘူး.. မွန်လဲထုံတာပဲ အစ်မရဲ့။ နားလည်ဘူး။
    ဟန်နီ၊မေ၊ မဗေဒါက ရှမ်းနှစ်ကူးနဲ့ ဘာဆိုင်လဲ။ အဟိ..
    လှထုံနောက်တစ်ယောက်။

    ReplyDelete
  6. အစ်မ ခင်ဦးမေ.. N2 က အဲဒီနေရာမှာ အစ်မလိုပဲ သိပ်ရှက်တတ်တာပါ.. ဒီတော့ အများအလည်မှာ ရှက်စရာမဖြစ်အောင် နေပါတယ်.. :D

    ReplyDelete
  7. အလုပ်ရှိလို့ မလာဖြစ်ပါ။ :P
    လူမရောက်သောငြား စိတ်ရောက်ပါမည်။
    ဓါတ့်ပုံနှင့် အတွေ့ အကြုံများတက်လာမည်ဟု မျှော်လင့်ပါသည်။
    ကျေးဇူး

    ReplyDelete
  8. သုံ့းခေါက်ကြည့်သွားပါသည်။ ဘာမှ မမြင်ရ. ဝီူးတိုးဝါးတာ. လူရီပ်ကလေး နဲနဲမြင်ရ. အသံကတော့ မဆိုးပါ. ပေါ်လုပျောက်လိုက် နားထောင်လို့ရပါသည်။ ယနေ့ည သွားလျှင် လက်နှီပ်ဓါတ်မီး ယူသွားရန် အကြံ့ပူလိုပါသည်။

    ReplyDelete