Wednesday, November 12, 2008

အိမ်သာဋီကာ (၂)



ဒီပို့စ်တိုလေးကတော့ အရင် ပို့မှာ ပြောဖူးခဲ့တဲ့ ကေအယ်လ် လေဆိပ်မှာ အိမ်သာတွင်း ရေပန်း ထည့်မပေးတဲ့ ကိစ္စကို ပြောချင်တာပါ...။
ရောက်တိုင်းလဲ ခဏခဏ ကြည့်မိတယ်...။
ကျွန်တော် ၀င်မိတဲ့ အခန်းကပဲ ဖြစ်နေသလား မသိဘူး...။ ရေပန်းကို လုံးလုံး မရှိတာပါ...။
အခု နောက်ဆုံးအခေါက်မှာတော့ တပ်ထားတာ တွေ့ပါတယ်...။
သက်သေအနေနဲ့ ကင်မရာ နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်...။
ဝမ်းသာ ပျော်ရွှင်ကြပါကုန်...။
( ဘောင်ကွပ်ချင်သော်ငြား မကွပ်တတ်၍ မကွပ်တော့ပါ...။ )

ထပ်ဖြည့်။ ။ Kom မှ ကေအယ်လ်လေဆိပ်တွင်ရိုက်သည်ကို မယုံပါ၊ သက်သေပြပါဟု တောင်းဆိုလာသဖြင့် အောက်ပုံ နှစ်ပုံကို ထပ်တင်လိုက်ရသည်...။


Align Center

15 comments:

  1. 12 Nov 08, 18:47
    kom: နောက်တစ်ခါ ဆိုရင် သောက်ကြည့်ခဲ့ပါ. အရသာသိချင်လို့ .ကိုယ်မရောက်ဘူါ်လို့ပါ။ :P
    12 Nov 08, 18:47
    kom: စာကြွင်း။ ။ အဲဒီ သန့်စင်ဆေးရည်က Sprit လို မွေးတေးတေးနဲ့ အေးအေးလေးဗျ...။
    12 Nov 08, 18:45
    kom: အခန်းပေါက်စေ့ဝင်ြ့ပီး insepction လုပ်ခဲ့ပါ။နောက်တခေါက်ကြရင်။
    12 Nov 08, 18:43
    kom: KL လေဆိပ်မှာ ရိုက်ထားတယ်လို့ သက်သေ ပြနိုင်သလား။ ယုံဘူးဟေ့။ :P
    12 Nov 08, 18:42
    kom: ခန္ဒာကိုယ်နှုင်္င့် အခန်းနှင့် မဆန့်ဖြစ်နေ့ပဲုံ့ရတယ်။
    12 Nov 08, 18:41
    kom: အဲလို အပေါ်စီးက မရိုက်ရဘူးလေ. ဘေးတိုက်ကို ပြချင်ရင် ထိုင်ပြီး ဘေးတိုက်ရိုက်မှ သိမှာပေါ့။ ထိုင်လို့မဆန့်ဘူးထင်တယ်။ ဝနေလို့။ခန္ဒာကိုယ်နှုင်္
    12 Nov 08, 18:40
    kom: ဘာပါလိမ့် ခေါင်မိုးပေါ်မှာဘာကြီးပါလိမ့်လို့စဉ်းစားနေတာ.
    12 Nov 08, 18:40
    kom: ဓါတ်ပုံ ဆရာကတော်တော့ ခေါင် မိုးပေါ်မှာထင် လို့ မော့ကြည့်နေတာ။

    ReplyDelete
  2. အစ်ကိုရေ..
    ဂျပန်မှာကတော့ အျမိသာပြီးရင်မသုံးကျပါဘူး
    တစ်(စ်)ရှုးအသုံးများတယ် ခင်ဗျ့ 
    လက်ဆေးတာတို့ဘာတို့ အတွက်တော့ ရေပါတယ်
    တတိယနိုင်ငံတွေမှာ ရေမသုံးကျတော့ဝူးလို့တော့ ထင်ပါတယ်...
    အကို ကံဆိုးလို့ မတွေ့တာမဖြစ်နိုင်လောက်ပါဝူး :)

    ReplyDelete
  3. ရေမသုံးရင် မသန့်ဘူးနော့.... ညီရာ့...။

    ReplyDelete
  4. ကိုဘွိုက်ဇ်…..လွယ်တာကို ခက်အောင်လုပ်နေပြန်ပါပြီ။ နောက်တခါ အိမ်သာဝင်ကာနီးရင် ကိုကာကိုလာတဗူးနဲ့ Mentos ၀ယ်သွားလိုက်။ ကိစ္စပြီးရင် ကိုကာကိုလာဗူးကိုဖွင့်။ မင်းတို့စ် တပြားနှစ်ပြား ဗူးထဲကိုထည့်လိုက်။ ကုတ်တွေ ပန်းထွက်လာမယ်။

    ကိုကာကိုလာဟာ အိမ်သာအိုးအဟောင်းတွေ စွန်းထင်းနေရင်တောင် ပြောင်လက်သွားအောင် ဆေးကြောနိုင်တယ်ဆိုတော့ ကိုဘွိုက်သန့်ရှင်းချင်တဲ့ ဧရိယာလောက်တော့ အပျော့ပေါ့နော်။

    ReplyDelete
  5. ကိုပေါ...။
    အဆိုပါ အကြံဥာဏ်ကို ကိုယ်တိုင် လက်တွေ့ သုံးကြည့်ဖူးပါသလော။
    သုံးဖူးပါက မည်ကဲ့သို့ ခံစားရသည်ကို တင်ပြပါ...။
    ကျေးဇူးတငပါသည်။

    ReplyDelete
  6. ကိုဘွိုက်ဇ်….။

    ကိုယ်တိုင် မသုံးကြည့်ဖူးသေးပါ။ ကိုဘွိုက်ဇ်ကို ကူညီလိုသော စိတ်စေတနာကောင်းဖြင့် လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသကဲ့သို့ တီထွင်စဉ်းစားပေးရခြင်းဖြစ်ပါသည်။

    ချိန်သားကိုက်စေရန်အတွက် Bubble Milk Tea သောက်သော Straw အကြီးစားတချောင်းပါလျှင် ပိုအဆင်ပြေလိမ့်မည်။

    ပရိုဆီဂျာမှာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    (၁) သုံးလိုသောအခါ အအေးဘူးကို ရှေးဦးစွာဖွင့်ပါ။
    (၂) စထရောကို အအေးဘူးတွင်းသို့ အဆုံးထိ စိုက်ထည့်ရမည်။
    (၃) အအေးဘူးဝနှင့် စထရောအကြား လစ်ဟနေသောနေရာကို လုံခြုံတင်းကြပ်စေရန် အိမ်သာသုံးတစ်ရှူးကို ဖိနှိပ်၍ ပိတ်ပါ။ ဟနေသော အပေါက်မှ အရည်များ မလိုအပ်သောနေရာသို့ ပန်းမထွက်စေရန်ဖြစ်သည်။
    (၄) ပြီးလျှင် စထရော (ပလပ်စတစ်ပိုက်)မှတဆင့် Mentos နှစ်ခုခန့်ကို အသာထည့်လိုက်ပါ။
    (၅) ပြီးလျှင် စထရော၏ ထိပ်ဝကို လက်ညိုးနှင့်လက်မနှစ်ခုကြားတွင် ဖိ၍ မိမိ ပန်းလိုသောနေရာသို့ ချိန်ရွယ်ပြီးမှ ဖိထားခြင်းကို ဖွင့်ပေးပါ။
    (၃) လိုသောနေရာသို့ ချိန်ရွယ်ပုံမှာ ရေမွှေးဆွတ်သည့်အခါတွင် ပြုမူရသလိုမျိုးပင်ဖြစ်သည်။

    မည်သို့သော ခံစားချက်မျိုးရှိသနည်းဆိုပါက (အအေးဘူးသည် စက်မှထုတ်လာကာစ ဖြစ်ပါက) ထူးကဲ၍ အေးမြသော အရသာကို ခံစားရပါလိမ့်မည်။

    ဤနည်းသည် အပူအစပ်စာများကို အားပါးတရ စားသောက်လာခဲ့သူများအတွက် အထူးသင့်လျော်ပါသည်။ ရှာဝါကဲ့သို့ ရေပန်းရေမွှာများကို အလိုရှိပါက စထရောထိပ်ဝကို ချေမွ၍ သုံးသင့်ပါသည်။

    ဤနည်းကို မူပိုင်မှတ်ပုံတင်ထားခြင်းမရှိပါ။ အသုံးပြုလိုသောမိတ်ဆွေများ….ဥပမာ ခရီးမကြာခဏထွက်တတ်သော ကိုတီဇက်အေကဲ့သို့ မိတ်ဆွေများကို မျှဝေပေးနိုင်ပါသည်။

    ပုံ…. တီထွင်ပါရဂူ ဖိုးကိုပေါ

    ReplyDelete
  7. ဟီဟိ..ကောမန့်တွေက တော်တော်ရယ်ရတယ်....
    ဓါတ်ပုံကို သေချာရိုက်ပါ...ရေပန်းက မျက်နှာကျက်မှာ တပ်ထားတာမှတ်လို့....
    အတည်ပြောရသော်.... လေဆိပ်တွေရဲ့အိမ်သာမှာ ရေသုံးစရာမပါဘူးလို့ပဲ မှတ်ထားတာ....ထိုင်းနဲ့ ကိုရီးယားလေဆိပ်အိမ်သာတွေတော့ တစ်ရှူးပဲသုံးလို့ရပြီး ရေပန်းမပါတာသေချာတယ်..
    ...ကဲ..အဲဒါကို analyze လုပ်ကြရအောင်...
    မိမိတက်ဖူးသောလေဆိပ်အိမ်သာများမှာရေပန်းပါမပါ လာအကြောင်းကြားကြပါ.
    ကြားကြားဘလော်ဂါအပေါင်း သူတော်ကောင်းတို့.......

    ReplyDelete
  8. စာကျန်သွားလို့...ဟိ
    **ကြားကြားသမျှ*****

    ReplyDelete
  9. E pipe
    e.ပိုက် ပိတ်သွားပြန်ပြီ လို့အင်ဂျင်နီယာ က တင်ပြ လာတာနဲ့ခေါင်း ခြောက် သွားတယ်။ e တုံး ကဘဲ ကြီးလေ သလား။ တစ်ရှူးစက္ကူတွေ ကဘဲ ပိတ်လေ သလား။ အကြံ မရတာနဲ့ ရွှန်းမီပြောတဲ့ Heart museum ကလဲ ထောက်ခံထားတဲ့ MR MUSCLE DRAIN DECLOGGER ကို NTUC မှာ မိုးထဲ လေထဲ သွားဝယ်။ တစ်နာရီလောက် ထာြး့ပီး စုပ်ခွက်နဲ့တွနးချ တော့ ရေ ဆင်းသွားတယ်။ ဒါပေမဲ့ နှေးသေးတယ်။

    စိတ် မချသေးတာနဲ့ byakga အကြံပေးထားတဲ့အတိုင်း ကိုကာကိုလာ တပုလင်းကို ထည့်လိုက်တယ်။ ခဏနေတော့ sprite တဗူးကို ထည့်ပြန် တယ်။ ကိုပေါ ညွန်ကြားတဲ့ အတိုင်း mentos သုံ့းပြား (သူကတော့ တပြားနှစ်ပြားလို့ဘဲ ပြောပါတယ်။ အမှန် က သူက Boyz ကို အကြံပြူတာကို ကိုယ်က လိုသလို အသုံြး့ပူ ) ကို ထည့်လိုက်တယ်။ sprite တွေ ဆူသွားတယ်။ sprite သူံ့းဗူး ထည့်လိုက်တယ်။ ရေနွေးတွေလည်း ကြိုပြီး ငါးဗူးလောက် လောင်းလိုက်တယ် ။ စပရိုက် ၇ ဗူးနဲ့ ကိုကာကို လာ တဗူးပို နေ တာကိုတော့ ကိုယ်ဘဲ သောက်တော့ မယ်။ အခု အိုကေ သွားပါပြီ။ အားလုံး ကို ကျေးဇူးတင် ရှိပါကြောင်း။

    ReplyDelete
  10. သြော်..ဘလော့ရွာမှာ e ပြသနာ ခေတ်စားနေပါလားးးးး

    ReplyDelete
  11. ဆောရီးပါဗျိုး……… ပရိုဆီဂျာမှာ နောက်ဆုံးအရေးကြီးတဲ့အချက် ကျန်သွားလို့။ ကိုယ်လက်သန့်စင်ပြီးသွားလို့ ဘူးထဲမှာ ကိုကာကိုလာကျန်သေးတယ်ဆိုရင် စထရောကတဆင့် ရေငတ်ပြေ အသင့်သောက်သုံးလို့ ရပါသေးတယ်ဆိုတဲ့အကြောင်း…..
    ကိုဘွိုင်းဇ်တို့၊ ဆင်ဒန်လားတို့ မခင်ဦးမေတို့လည်း လက်တွေ့သုံးစွဲကြည့်ပြီးက ထုတ်လုပ်သူထံ Feedback ပြန်ပေးဘို့ ဖိတ်ခေါ်အပ်ပါတယ်။

    ReplyDelete
  12. တစ်ခုတော့ ရှိသဗျ...။
    ကိုပေါ ရည်ညွှန်းတဲ့ ဧရိယာဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ အနုနယ်ဆုံး အပိုင်းကိုပြောတာ...။
    အဲဒါကို အမ်းမား က stain တွေ တစ်အား စွန်းနေတဲ့၊ တစ်နေတဲ့ ပိုက် ပွင့်သွားအောင် သုံးတာ အဆင်ပြေပါ့မလား...။
    တော်ကြာ အအေးဗူးထဲက အအေးတွေက ကာဘွန်နိတ်တစ် အရည်တွေဆိုတော့ ဂက်စ်တွေ ပြန်ထလာရင် မခက်ပါလား။
    ဒီနေရာမှာ တစ်ခု သတိ ချပ်ရမှာက ဂက်စ်ဆိုတာ အောက်ကို သွားတဲ့ အမျိုး မဟုတ်၊ အထက်ကိုသာ ဆန်တတ်တဲ့ အမျိုး။
    မတော် အခင်းကြီး သွားမလို့ ကမုတ်ပေါ် ထိုင်နေတဲ့ အခိုက်၊ အဲဒီဂက်စ်က အပေါ်ကို ထိုးတက်လာတာနဲ့ ကြုံရင် မခက်လား...။
    သတိထားပါ...။
    ရေဆွဲချကြည့်ပါ။ ပုံမှန်အတိုင်း ရေက လျှောလျှောရှုရှု ဆင်းတာ်၊ မြန်မြန်ဆန်ဆန် ဆင်းတယ်ဆိုရင်တော့ စိတ်ချလက်ချ ၀ိတ်ချနိုင်တယ်...။
    If not, then u better go to public rest room at near by MRT or Bus Interchange.
    :D

    ဆင်ဒဏ်လား - ကိုးရီးယားနဲ့ ဂငယ်မှာ အဟုတ်ကို ရေမသုံးတာလား...။
    အံ့သြတယ်...။ ရေနဲ့ မှ ပြောင်ရှင်းမယ့် ကိစ္စကို...။
    P.S(စာကြွင်း)။ အိမ်သာ ကိစ္စကို လူတွေ အတော် စိတ်ဝင်စားတာပါကလား...။ ဘာကော်မန့်တွေ လာဦးမလဲ မသိဘူး..။

    ReplyDelete
  13. ဝေါ့..... သုံးပြီးလို့ ကျန်တာကို ရေငတ်ပြေ သောက်နိုင်သေးတယ်တဲ့...။
    တော်တော်လဲ ထွင်နိုင်တဲ့ အီကို အင်ဗဲန်တာ ဆိုင်းတစ်စ်ကြီး တီထွင် ပါရဂူ ကိုပေါရယ်...။
    သူ့ကော်မန့်တွေ ဖတ်ပြီး ကုတ်တို့၊ စပရိုက်တို့ကို မသောက်ဖြစ်တာ ၂ ရက်ရှိပြီ...။ ekkke

    ReplyDelete
  14. သာမီးပြောတာ..လေဆိပ်အိမ်သာနော်..ဂငယ်ရောက်ဖူးဘူး...
    ယပက်လက်ပြောတာ..ဒါတောင် transit ၆ နာရီထဲ လေဆိပ်အပြင်ရောက်ဖူးဘူး...

    ReplyDelete
  15. Boyz's က live လွှင့်တော့မယ် ဆိုဘဲ။ procedure ကို demonstrate နဲ့တူတယ်။ အမလေး

    ReplyDelete