Thursday, July 2, 2009

Yesterday


မနေ့က
မိုးတွေ ညို့နေခဲ့တယ်။
မနက်ခင်း နိုးထစ အချိန်မှာ
ကောင်းကင်ဟာ ဆန့်ကျင်ဖက် အလှတွေ ပေါင်းစပ်ထားလို့ပေါ့။

အနောက်ဖက်မှာ
မိုးသားတွေ အပေါ်ကို အလုအယက် လုတက်နေကြချိန်
အရှေ့ဖက်မှာတော့
နေမင်းကြီးက ထွန်းလင်းလို့ ကောင်းတုန်း။

ဒီအလှကို တစ်ဒင်္ဂ ငေးမိလို့
ဓါတ်လှေကား သုံးစင်းစာ လွှတ်သွားတယ်။
ဘတ်စ်ကား လေးစင်း ကျော်သွားတယ်။

လမ်းပေါ်မှာတော့ လူတွေ လူတွေ
ပြိုတော့မယ့် မို့ကို စိုးထိတ်တဲ့ မျက်နှာနဲ့ မော့ကြည့်နေကြလေရဲ့...။
ငါ လာရာလမ်းမှာ လူတွေ တစ်သုတ်သုတ် လျှောက်လို့ပေါ့။
မိုးအောက်မှာနေလို့ မိုးစိုတာ မဆန်းဘူး။
အမိုးအကာ ပါရဲ့သားနဲ့ မိုးစိုတာ ဆန်းနေခဲ့တယ်။

ကောင်မလေး တစ်ယောက် ထီးဆောင်းပြီး မိုးရေတွေ စိုရွှဲနေတယ်။
နှုတ်ခမ်းသားလေးက ပြာနေလို့။
ကိုယ်ခေါ်ထားတဲ့ ကားလေး ရောက်လာတယ်။
ကောင်မလေးက မိုးရေတွေ ရွှဲနေတုန်း။
ကိုယ့်ကားကို ပေးလိုက်တယ်။
ကိုယ်ကတော့ မိုးရေတွေ ရွှဲကျန်ခဲ့တယ်။

ကောင်းကင်ကတော့ အငြိုးနဲ့ မိုးတွေ သဲသဲ ရွာချတုန်း။

(လက်ကိုင်ဖုန်းနဲ့ ရိုက်ထားတဲ့ မနေ့က ပုံလေးပါ။)

22 comments:

  1. အဟမ်း..တယ်သဘောကောင်းနေပါလား။ ကောင်မလေးမို့နေမှာပါ။
    ကုလားကြီးဆိုရော ဟင်။
း)

    ReplyDelete
  2. မနေ့ က ကျွန်တော်တို့ building က ညီမတွေနဲ့ ရှယ်ပြီး mrt ကနေ building ကို taxi ငှါးလိုက်ရတယ်။
    ကိုဘွိုင်းလိုတော့ သဘောမကောင်းဘူး
    american system ,equal share

    ReplyDelete
  3. နှုတ်ခမ်းသားလေးက ပြာနေတာ အပြာရောင်များဆိုးထားလားမသိဘူးနော်။

    ReplyDelete
  4. ကောင်မလေး တစ်ကယ်ချမ်းနေတာပါ။ ထီးကလဲ မလုံဘူး။ ဒါနဲ့ ကျွန်တော် ဖုန်းခေါ်ထားတဲ့ တက်စ်စီကို ပေးလိုက်တာ။ ကုလားကြီးလဲ ပေးဖြစ်မယ် ထင်ပါတယ်။ မကြုံဖူးတော့ မသိဘူးဗျ။

    သူနဲ့က ခရီးမတူဘူးလေ။ နောက်တစ်စီး ထပ်ခေါ်လိုက်တယ်။

    အပြာရောင် နှုတ်ခမ်းဆိုး မဆိုးတော့ မသိဘူး။ ချမ်းလို့ တုန်နေတာတော့ သိတယ်။

    စိုင်းထီးဆိုင်ရဲ့ မေမြို့မိုး သီချင်းတောင် သတိရသွားသေးတယ်။ အဟက်။

    ReplyDelete
  5. ညီမလေးတစ်ယောက် စီဘောက်ထဲမှာ ရင်ခုန်သံ ထပ်တူ ကျတာလေး လာရေးထားတော့ ဒီမှာလာတင်ထားလိုက်တယ်။ အမှတ်တရပေါ့။
    May Flower : ဒီနေ့  မိုးတွေသည်းသည်းမဲမဲ ရွာတယ် မနက်ခင်းနိုးထစမှာ နေမင်းကြီးက သာလို့ ပေါ့။
    ဓါတ်လှေကားက ၁၂ ထပ်ကို ခဏလေးနဲ့ တက်လာတယ်။
    မနက်နေပူထဲမှာ မီးပွိုင့်၂ခုကို စိတ်ရှည်ရှည်ထားပြီး ဖြတ်ခဲ့တယ်။
    ရထားတစ်စင်းကတော့ ကပ်သီသီလေးလွတ်သွားလို့  နောက်ထပ် ၆ မိနစ် ထပ်စောင့်လိုက်ရတယ်။
    ဒါ့ပုံရိုက်ဖို့  သဘာဝအလှတရားကို ပါဆာမားလားကြီးကကွယ်ထားတယ်။
    ကိုယ့်အတွက်တော့ ဒီရက်ပိုင်းတွေက ကဗျာတပုဒ်မဟုတ်ခဲ့ဘူး (ဘ၀က တခါတလေ သိပ်ကြမ်းတမ်းလွန်းတယ်)။
    ရုံးက ဖယ်ရီရှိတော့ တက်စ်စီမှာ ကောင်လေးချောချောရော ကောင်မလေးချောချောတွေကိုရော အမြဲဦးစားပေးထားတယ်။
    ထီးကတော့ အိမ်သူကြီးအမူးအရူးကြီး ရိုက်ချိုးလိုက်လို့  မိုးမမိအောင် ခပ်ပေါပေါ ခပ်နွဲ့ နွဲ့  ထီးတချောင်း အမြန်ဝယ်လိုက်ရတဲ့အတွက် မိုးမစိုလိုက်ဘူး။
    အမိုးအကာအောက်မှာနေပြီး မိုးတော့မရွှဲခဲ့ဖူးဘူး ဒါပေမယ့် မျက်ရည်တွေတော့ ရွှဲခဲ့ဖူးတယ် ရင်ထဲကမိုးတွေပေါ့ ဟိ။


    ကိုဘွိုင်းမှတ်ချက်။ ။ ရေးထားတာတွေက ကောင်းပြီ ကောင်းရဲ့နဲ့ အဆုံးသတ်က “ဟိ” ဆိုတာက ဖျက်နေတယ်။ ပါဆာမားလား ဆိုတာ ဘာပါလိမ့်။ ဘုရား သိကြားမလို့ ညည်း အိမ်သူကြီး လာမဖတ်ဖြစ်ပါနဲ့ကွယ်။ ထီး အသစ် ရနေဦးမယ်...။

    ReplyDelete
  6. ကိုဘ ကောင်မလေးက ဘာပြောသွားသေးလဲ။ ကဗျာဆန်ဆန်လေးရေးထားတာ ကြိုက်တယ်။ မမဆီက လက်ချာသာစောင့်ပေတော့

    ReplyDelete
  7. အခုတော့ ဝေးခဲ့ပြီလေ။ အခုတော့ ဝေးကြပြီ တို့နှစ်ဦးသား။
    နှုတ်ဆက်မျက်ရည်လေးများ အားလုံး မသိအောင်သိမ်းထား။
    အခါလွန်တဲ့ မိုးမို့ အငြိုးနဲ့ရွာ။

    ReplyDelete

  8. အင်းးး

    ဒီလောက် “Priority” ကောင်းနေမှ တော့....

    သူလေး များလား ?

    ReplyDelete
  9. ကဘကြီးက သဘောကောင်းလှချည်လား

    ReplyDelete
  10. ကုလားကြီးဆိုရင်တော့ နှုတ်ခမ်းက နကိုယ်ပြာတာဆိုပြီး ပေးမစီးပဲနေမှာပ်ါဟယ်....။

    ReplyDelete
  11. သြော်...တပိုင်းတစ ရင်ခုန်ဖွယ် ဇာတ်လမ်းလေးလဲ အကုန်ဝိုင်းရေးမှ ပျက်ပါရောလား။

    ReplyDelete
  12. innn ko boyz , ko boyz

    weather also become new post.talent?

    ReplyDelete
  13. အော် ကိုဘ ကိုဘ

    ReplyDelete
  14. ဒီတစ်ခါတော့စိတ်ကောင်းဝင်ပြီးသေချာရေးသွားပါလား။

    ReplyDelete
  15. ဒါပေမဲ့ ပရိသတ်က လက်မခံကြဘူး။

    ReplyDelete
  16. ဖတ်လို့ကောင်းတယ။် ဆက်ရေးပါ။

    ReplyDelete
  17. ပရိတ်သတ်က ကိုဘ စိတ်ကောင်းဝင်တယ်ဆိုတာကို လက်မခံတာပါ၊

    ReplyDelete
  18. သဘောကောင်းတဲ့ လူကြီးပေါ့နော်း)။ မိုးတွေရွှဲပြီး ကျန်နေတော့ မဖျားဘူးလား..။ စကားမစပ် ဖုန်းနဲ့ ရိုက်တဲ့ ပုံလေးလဲ ကောင်းတာပါပဲ..။း))

    ReplyDelete
  19. ကို ဘွိုင်း လို gentleman များများ ရှိပါစေ..

    ReplyDelete
  20. ထပ်လာဖတ်သွားတယ်။

    ReplyDelete
  21. များများစိုပါစေ။အဲလေ များများသဘောကောင်းပါစေ။ သူငယ်ချင်းရေ ငါreaderလာလုပ်သွားတယ်နော် ။ဖတ်လို့ကောင်းလိုက်တာ။ပုံလေးလည်း ကောင်းတာပါပဲ။ ဆက်ရေးပါ။
    maylay

    ReplyDelete
  22. Yesterday.. ကိုယ့်ကားကို ပေးလိုက်တယ်။
    ကိုယ်ကတော့ မိုးရေတွေ ရွှဲကျန်ခဲ့တယ်။

    Today.. ဟပ်ချိုး ဟပ်ချိုး.. ရှီးရွှီး .. ဘတ်

    ReplyDelete