Friday, September 4, 2009

နောင်တစ်ချိန် အိုမင်းမစွမ်းချိန်၌ အမှတ်ရစေခြင်းငှာ။

ယောကျာ်းလေးတွေအတွက် တစ်သက်မှာ သုံးခါ ပျော်ရတယ်တဲ့။ ရှင်လိင်ပြန်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့၊ နောက်တစ်နေ့က ဘာလဲတော့ မသိဘူး မေ့သွားပြီ။
မိန်းကလေးများအတွက်ကတော့ ပထမဦးဆုံး မင်္ဂလာဆောင်တဲ့ နေ့ဟာ တစ်သက်မှာ တစ်ကြိမ်တည်းသော အပျော်ဆုံးနေ့ပါတဲ့။
ဒီကောက်ချက်ကို ကြည့်ရရင် မိန်းကလေးများက ယောကျာ်းလေးများလောက် အပျော်ဆိုတာကို မခံစားတတ်ဘူးလို့ ထင်ရသလိုပါပဲ။
ဒါပေမဲ့ သေချာ ပြန်တွေးရင် မိန်းကလေး ရှင်လိင်ပြန်တယ်ဆိုတာ ရှိမှ မရှိတာနော့...။
ဒါ့ကြောင့် ရှင်လိင်ပြန်တဲ့ အပျော်ဆိုတာ မိန်းကလေးတွေအတွက် အကျုံး မဝင်ဘူးပေါ့။
ထောင်ကထွက်တဲ့နေ့ ပျော်ရအောင်ဆိုတာလဲ မိန်းကလေးအများစုက မိုက်မိုက်ကန်းကန်း မရှိကြလေတော့ ထောင်တန်းကျတယ်ဆိုတာ မရှိသလောင်ပါပဲ...။

တစ်သက်မှာ တစ်ခါ ပျော်ရတဲ့ ဒီမင်္ဂလာဆောင်ပွဲမှာ မိန်းကလေးတွေဟာ ဖြစ်နိုင်ရင် အမှတ်ရစရာ တစ်ခုအဖြစ် တစ်သက်တာ သိမ်းဆည်း အမှတ်ရစေချင်တယ်။ နောင်တစ်ချိန် အဖိုးကြီး ငါ့ကို အဖွားကြီးက မောင်တွေ ဘာတွေ ခေါ်ပါဦး ဘာညာ ရယ် ဖြစ်လာရင် တွေးတွေးပြီး ကြည်နူး အမှတ်ရနိုင်အောင် တစ်ခုခုတော့ ချန်ထားခဲ့ချင်ကြတာပဲ။

အောက်က ယူထုလေး ကြည့်ပြီးတော့ မင်္ဂလာဆောင်ချင်စိတ်လေးများ မပေါ်မိဘူးလား။
(Native Myanmar Forum မှာ Alive တင်ထားတာလေးကို ကြည့်ရင်းနဲ့ ဘလော့ဂ်ကြွလာ မိတ်သဟာများကိုပါ မျှဝေချင်မိလို့ တင်လိုက်တာပါ။)


Credit to : TheKheinz

11 comments:

  1. ဟိုးးတစ်လောက မြိုးပေးပြလို့ ကြည့်ပြီးသွားပြီ..
    ပျော်စရာလေး..

    ReplyDelete
  2. ပျော်စရာလေးပါလား
    ကိုဘွိုင်း အလှည့်ရောက်ရင်ပြောလေ
    ဘလော့ဂါတွေ အကုန် လာကပေးကြမယ်
း))

    ReplyDelete
    Replies
    1. တစ်ယောက်မှလဲ ဝင်မကကြပါဘူးဗျာ... :P

      Delete
  3. သူတို့ကို ကြည့်ပြီး ရီလိုက်ရတာ... သတ္တိခဲတွေ

    ReplyDelete
  4. ဟုတ်တယ် ဟုတ်တယ် ဘလောဂါတွေ အားလုံး ကပေးမယ် တပျော်တပါးကြီးပေါ့နော့


    ပျော်ပါစေ ကိုဘွိုင်းရေ
    သမီးပျို

    ReplyDelete
  5. ကြည့်ပြီး မရီဘဲမနေနိုင်ပေါင်...အဲလို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လေးလည်းကောင်းတာဘဲ... ဗမာတွေက သိပ်ရှက်တတ်တော့
    အဲလိုမျိုးဆောင်ပုံမျိုးနဲ့တော့ ကြည့်ကောင်းမှာမဟုတ်ဘူးနော်...
    သီချင်းတီးဝိုင်းပွဲတွေမှာ ကြည့်ရင်သိနိုင်ပါတယ်..လက်ခုပ်တီးအားပေးဖို့ လက်ကလေးတွေမြှောက်ထားဖို့ ကို စင်ပေါ်ကလူ
    ကနေ တချိန်လုံးပြောနေရလို့ပေါ့... ဒီကလူတွေများ ပြောစရာကိုမလိုပါ... ကိုဘွိုင်းဇ်ရေ ...မျှဝေပေးတာကျေးဇူးတင်ပါတယ်..

    mie nge

    ReplyDelete
  6. သဘောကျလိုက်တာ။ ရွှေရတု ကျရင် ဒါမျိုးလုပ်ရင်ကောင်းမလား မသိ အဟိ။

    ReplyDelete
  7. အိုးးးးးကိုယ့်ဆီကိုတောင် အပျော်တွေကူးစက်သွားတယ်..။ Thanks !!! :) :) :)

    ReplyDelete
  8. ဒီဘက်မှာဖွင့်လို့မရဘူး နောက်မှ လာပြန်ကြည့်မယ်။ ကိုကြီးလည်း အဲလိုလုပ်ပါ။ လာကူညီပေးမယ်။ က ဖို့ ဟိဟိ

    ReplyDelete
  9. ကိုဘ ဆောင်ရင် အဲလိုဆောင်ပါ။

    ReplyDelete
  10. အမြဲတမ်း အမှတ်ရစေမယ့် မင်္ဂလာပွဲလေးပါ။
    ရန်ဖြစ်တဲ့အချိန် ပြန်ဖွင့်ပြီး ကြည့်ရင်တောင် စိတ်ဆိုးတာ၊ စိတ်ကောက်တာလေးတွေ ပြေသွားကြမယ် ထင်ပါတယ်။
    အိုင်ဒီယာလေး တကယ်ကောင်းပါတယ်။
း)

    ReplyDelete