Tuesday, September 8, 2009

လွမ်းတဲ့စိတ်


အဓိပ္ပါယ်လေးကို သဘောကျလို့။
လွမ်းတဲ့ စိတ်...
လူက လွမ်းတာလား
စိတ်က လွမ်းတာလား
ဒီလိုနဲ့ စံပါယ်ဖြူတွေတောင် ပွင့်သွားတာ လေးရာသီမြောက်ပေါ့။
တောင်ခိုးတွေ ဝေသီနေတဲ့ မြင်ကွင်း
ပွင့်အန်ကျလာတဲ့ နံနက်ခင်း နေရောင်
လေတိုက်တိုင်း မြည်နေတဲ့ ဆည်းလည်းသံ
ခပ်သဲ့သဲ့ ကြားရတတ်တဲ့ ချာ့ခ်ျကျောင်းက ခေါင်းလောင်းထိုးသံ

အိမ်ကိုလွမ်းတယ်။
မာနတွေ တစ်ထွေးကြီး ခံနေတဲ့၊ ဖန်ပေါင်းချောင် အလင်းကို သဘာဝ အလင်းလို့ ထင်မှတ်မှားနေတဲ့ ညီမလေးကို လွမ်းတယ်။

ရင်၌ ဖြစ်သော စကားသံသည်
လေထုထံပါးမှ တစ်ဆင့်
တောင်နံရံကို ရိုက်ခတ် မြည်ဟည်းစေ။
ထို့အတူ
ရင်၌ ဖြစ်ထွန်းသော
ချစ်ခြင်းတရားသည်
အကြွင်းတည်စေ။
ယင်းနှင့် တွဲပါလာသည့်
ရင်အစုံကို လောင်ကျွမ်းစေတတ်သော
ပူလောင်မှုများသည်
နေလာနှင်းပျောက်သကဲ့သို့
အလွမ်းများ ငြိမ်းစေသတည်း။

14 comments:

  1. ဖတ်လို့ကောင်းနေလို့ ဘာရေးရမှန်းမသိအောင်ဖြစ်သွားတယ။်။ အရသာ မပျက်စေလိုလို့ ဘာမှ မရေးခဲ့တော့ဘူး။

    ReplyDelete
  2. အထပ်ထပ် ဖတ်မိတယ။်

    ReplyDelete
  3. ကဗျာဆရာနာမည်လိုက်ရှာမိသေးတယ်။ ဘုရားစူး။

    ReplyDelete
  4. ဖတ်ပါ... ဖတ်ပါ။ ကော်မန့်လေးတွေကို တစ်စုတစ်စည်းတည်း တစ်ခုတည်း ထားနိုင်ရင် ပိုကောင်းသွားမှာ...။
    ကဗျာဆရာလား။
    အမည်မသိ ရှေးစာဆို ထင်ပါ့။

    ReplyDelete
  5. စီပုံးတင်ကပ်စေးနည်းတာမဟုတ်ဘူး. ကွန်မက်ပါ ကပ်စည်းနည်းသကိုး။

    ReplyDelete
  6. ဟုတ်ပါဘူးကွယ်။ ကော်မန့်တစ်ခါလာတိုင်း Notification mail့  ဒေါင်ခနဲ တက်တက်လာလို့ပါ။
    အဆင်ပြေသလိုလုပ်ပါ။

    ReplyDelete
  7. ဟဟ ကော်မန့် လည်း ကပ်စီးနည်းတယ်လား
    မမရေ ဆော်တာဆော်ေ၇းတာရေး
    ဟုတ်ပြီလား နောက်ကနေ အနော့လိုက်မယ်

    ReplyDelete
  8. လွမ်းရတာ လွမ်းတယ်...။။
    တခါတလေ လွမ်းတဲ့စိတ်လေး ဆွဲထားမိတယ်..။
    လွမ်းချင်လို့...။။

    ReplyDelete
  9. လွမ်းရတာ မကြိုက်ဘူး..
    ခံစားရတာ ပင်ပန်းတယ်

    ReplyDelete
  10. မိန်းကလေးတွေပဲ လွမ်းတတ်သလားလို့...

    ReplyDelete
  11. စာသားလေးတွေကညွှန့်နေတာပဲ

    ReplyDelete
  12. အလွမ်းများ ငြိမ်းစေသတည်း
    လွမ်းတဲ့စိတ်
    တစ်ခုက ကော်နီ သီချင်း
    တစ်ခုက မျိုးကြီး သီချင်း။

    ကိုဘ သူများ စကားလုံးယူပြီး လွမ်းထားတယ်ဟေ့။

    (ကြိတ်ဟားသွားသည်)

    ReplyDelete
  13. ကိုကြဲီး ရေးတတ်တာကြည့်စမ်း ။ ညီမလေးက ဖန်ပေါင်းချောင်အလင်းနဲ့ လင်းတယ်ထင်ရင် ပိုလင်းအောင်လုပ်ပေးလိုက်ပါလား။ နော် ကိုကြီးကိုယ်စား လွမ်းတောင်လွမ်းသွားသလိုပဲ

    ReplyDelete
  14. အင်း တို့များရဲ့ ဘလောခ့်ဂါ လေးလဲ မရိုးတော့ဘူးထင်ပါ့။
    အော် သူလည်းလေ လောကီသားပေမို့....။

    ReplyDelete