Thursday, September 24, 2009

The Lost Symbol


ဒါလေး ဝယ်ခဲ့တယ်။
၉၉ ရင်းဂစ်တဲ့။
စလုံး ၄၀ နီးပါးပဲ။
စလုံးမှာ ဘယ်ဈေးလဲ မသိပါ။
၁၅ စက်တင်ဘာက ထွက်တာ။
အရင် ၄ အုပ်ထက်တော့ ပိုကောင်းမယ် ဆိုပဲ...။

21 comments:

  1. ဈေးကြီးလိုက်တာ..စာအုပ်ဈေးတွေက..
    အာလးကြော်တော့ စားချင်သား..

    ReplyDelete
  2. ဈေးကြီးလိုက်တာ.. ၉၉..၄၀...၁၅....၄........၁၂:08

    ReplyDelete
  3. အင်.ဒီနေ့. ပေါ့ ။ ဝယ်လာတာလား။

    ReplyDelete
  4. ဖတ်ပြီး ဒီဘက်ခဏငှားပါ၊ ဈေးကြီးလို့ ဝယ်မဖတ်နိုင်ဘူး

    ReplyDelete
  5. ၄၅ USD ဆိုလို့ ပြေးလာခဲ့တာပါကွယ်
    ပေါ်ပြူလာစာအုပ်ဆိုင်မှာ
    လွန်ခဲ့တဲ့ ၁လက ကြော်ညာထားတယ်
    ဝယ်သေးဘူးကွယ် ဒီလောက်တော.
    ကွက်တိပါပဲ အရင် ဒုတိယတစ်အုပ်ကမပြီးသေးဘူးဆိုတော့
    ပြီးတာနဲ့ ဈေးကျတာနဲ့  ဟိဟိ

    ReplyDelete
  6. လိုချင်တယ်။ ဒါပေမယ့် ၉၉ရင်းဂစ်က ဈေးများလွန်းတယ်။ ၃၅ရင်းဂစ်လောက်အထိ ကျသွားအောင် စောင့်လိုက်ပါဦးမယ်

    ReplyDelete
  7. ပေါက်- မက်ဒေါ်နယ်က အာလူးကြော်ဖြစ်ပါတယ်။ ကြိုက်သလောက် ဝါးသွားပါ။
    အန်တီ - ဘာတွေ ရေးထားလဲလို့ မနေ့ညကတည်းက စဉ်းစားနေတာ။ ဒီနေ့မှ အဖြေပေါ်တော့တယ်။ ၁၂းဝ8ကျတော့ အရှေ့က လေးခုနဲ့ မဆိုင်ပဲနဲ့ ဘာလို့ ထည့်ထားတာလဲဟင်...။ ဘောက်ချာဖြတ်ပိုင်းနဲ့ သေချာ ရိုက်ပြထားတာတောင် ဝယ်လာတာလားဟင်တဲ့။
    မဲလေး - စာအုပ်ဆိုဒ်က ရှေးခေတ် တရားစာအုပ်ဆိုဒ်လို ခပ်ရှည်ရှည်ထူထူ Hard Cover နဲ့မို့လို့ ဒီဈေးနဲ့ ဒီစာအုပ်နဲ့ အသစ်တစ်အုပ်အနေနဲ့ ဒန်ဘရောင်း ရေးထားတဲ့ စာအုပ်အနေနဲ့.. အနေနဲ့.. အနေနဲ့ ဆိုတော့ တန်တယ်လို့ ပြောလို့ရပါတယ်။ ပုံမှန် soft cover တွေက မထွက်လောက်သေးဘူးလေ။ ကြော်ငြာကတည်းက ဖတ်ချင်နေတာနဲ့ လေဆိပ်မှာတွေ့တုန်း ဆွဲလာလိုက်တာ။ စာအုပ်ပုံကြီးကို တစ်ယောက်တစ်အုပ် ဆွဲယူလိုက်တာ ကိုယ့်ရှေ့မှာတင် ပြိုက်ကနဲ ကုန်သွားတယ်။
    Vista - စောင့်နိုင်တယ်ဆို စောင့်လိုက်ပေါ့ကွယ်...။ ကောင်းပါတယ်။ ဈေးကျနိုင်ပါတယ်။
    သဉ္ဇာ - ၃၅ ရင်းဂစ်တော့ မရဘူးထင်တယ်။ အရင်စာအုပ်တွေတောင် အခု ပရိုမိုးရှင်းကို ၄၂ ရင်းဂစ်နဲ့ တွေ့ခဲ့သေးတယ်...။ အခုဆိုဒ်က အရင်စာအုပ်ဆိုဒ် မဟုတ်ဘူး။ ဆိုင်တွေမှာ တစ်ချက် ကြည့်လိုက်ပါလား...။

    ReplyDelete
  8. ရင်းဂစ် ၉၉.၉၀ တန် စာအုပ်ကို တွေ့တာနဲ့ တန်းကနဲ ၀ယ်လိုက်တဲ့ ဒီဘလောခ့် ပိုင်ရှင်သည် လခကောင်းသူဖြစ်ရမည်။

    ReplyDelete
  9. တစ်လစာသုံးစရာတွေထဲက ဘယ်ကိုတာကို ချိုးခြံရတော့မယ်ဆိုပြီး စိတ်တွက်တွက်နဲ့ ဝယ်လာတာကို ထည့်တွက်ပေးပါကိုကိုကြည်...။ (ဥပမာ-စီးတီးဟောတွင် ထမင်းစားခြင်းအမှုကို တစ်လတိတိ ရှောင်ကြဉ်ခြင်း...။)

    ReplyDelete
  10. မထွက်ခင်က ၃၉ကျပ်ကျော်တယ် ခုတော့ ၂၉ကျပ်ဖြစ်သွားရှာပြီ
    ဒီမှာပြောပါတယ်။

    ReplyDelete
  11. အင်း.. hardcover ကြီးဆိုတော့ ၃၅ရင်းဂစ်ထိတော့ ကျမယ့်ပုံ မရှိဘူး။ စာရွက်မည်းညစ်ညစ်လေးတွေနဲ့ ပုံပြန်နှိပ်တာဘဲ စောင့်ရတော့မယ်။

    ReplyDelete
  12. ကိုယ်လဲ ဖတ်ချင်တယ်။ ဖတ်ပြီးနားမလည်မှာလဲ စိုးတယ်။ ဘာသာပြန်ဖတ်ပြီးသားတောင် မူရင်းကို မနည်းဖတ်ရတဲ့ skill နဲ့မို့။
    ဒါနဲ့ အရင် လေးအုပ်ထက် ကောင်းတယ်ဆိုတာ ဘာလဲ။ နားမလည်ဘူး။
    လေးတွဲထွက်တာလား။ ဗားရှင်းလေးမျိုး ထွက်တာလား။

    ကိုဘ ဘလော့လာဖတ်မှပဲ အီးလိုတောင်မှ မူရင်း ဖတ်တဲ့လူတွေ အတော်များမှန်း သိပြီး အားတောင် ငယ်ချင်သလိုလို။ ကိုယ်က ကိုယ်လိုတွေ များတယ် မှတ်နေတာ။
    :D

    ReplyDelete
  13. စာအုပ်ငှားပါ။ မဟုတ်ရင် ဖတ်ပြီး ပြန်တင်ပါ ကိုကြီး ။ ဖတ်ချင်လို့ ဟီးးး ခရီးသွားတာ မောလား။ စာအုပ်ကိုတောင် အပြေးအလွှား ဆွဲလာရတယ်ဆိုတော့လေ အပြန်လက်ဆောင် မုန့်ကို ကျွေးခိုင်းတော့ပါဘူး။

    ReplyDelete
  14. မနော်ဟရီ - အစ်မရေ..။ ဒီအေးရှားမှာတော့ ဟစ်နေတုန်းပဲ။ ဆိုင်က ပြောတာကတော့ ၄ ခေါက်အော်ဒါ ထပ်မှာလိုက်ရတယ်တဲ့။ ဈေးက မူရင်းဈေးပဲ.. မလျှော့သေးဘူးတဲ့။

    သဉ္ဇာ - စာရွက်ဝါညစ်ညစ်တွေနဲ့က ထုတ်ဖို့က ကြာဦးမယ်ထင်တယ်။
    ထွက်မယ်ဆိုရင်တောင် ဈေးက ၃၀ ကျော်မယ်ထင်တယ်။ အရင် လေးအုပ်တုန်းက တစ်အုပ်ကို ပျှမ်းမျှ ၄၀ ရင်းဂစ်နဲ့ ကေအယ်လ်ကနေ ဝယ်ထားတယ်။ (လေးအုပ်တွဲ ကော်လက်ရှင်အနေနဲ့ ထုတ်ထားတာ။ အေးရှား ဗားရှင်းတဲ့။ စလုံးထက်တော့ ဈေးသက်သာတယ်...။)
    ကြည့်ရတာ ကေအယ်လ် လေဆိပ်က ဈေးသက်သာပုံရတယ်။

    ရီတာ- အရင်လေးအုပ်ဆိုတာက ဒန်ဘရောင်းရဲ့ ထွက်ခဲ့တဲ့ လေးအုပ်ကို ပြောတာပါ။ (Davici Code, Deception Point, Digital Fotress, Angenls&Demons ဆိုတဲ့ စာအုပ်တွေပါ။)
    ထွက်ပြီးသမျှထဲက ဒါဗင်ချီကုဒ်နဲ့ အိန်ဂျယ်လ်အဲန်ဒီမွန်ကိုပဲ ကြိုက်တယ်။

    မေလေး- စာအုပ်ငှားချင်တယ်ဆိုရင်တော့ တစ်လလောက် စောင့်ပါ။ ဟဲ။ ဗြိတိသျှလို သိပ်မကျွမ်းတော့ တစ်ကြောင်းတစ်ကြောင်းကို သဘောပေါက်အောင် မနည်း ဘာသာပြန်ဖတ်နေရတယ်။

    ReplyDelete
  15. စာအုပ်တွေ့ရင်တော့ စိတ်ဝင်စားသားပဲ။ ဖတ်ချင်တယ်။ ကောင်းမကောင်း ဖတ်ပြီးရင် အကြောင်းကြားပါ။ ဒါပဲ။

    ReplyDelete
  16. စာအုပ်ဈေးထက် အထဲကဟာတွေ နားမလည်မှာ စိုးတယ်။
    အရင်လေးအုပ်ထဲက Digital Fotress ကို မသိဘူး။
    ကောင်းလား ကိုboyz?

    ReplyDelete
  17. ကိုကေ - ကောင်းမှာပါ။ ဒါဗင်ချီကုဒ် အဆက်ဆိုတော့လေ...။
    ဂျူနီယာ - Digital Fortress က အိုင်တီနဲ့ နည်းနည်းဆိုင်တယ်။ ဇာတ်က အဆုံးသတ်လောက်မှာ နည်းနည်းအိုင်သွားတယ်။ သိပ်မကြိုက်မိဘူး။
    အခု The Lost Symbol ကိုတော့ မဖတ်မိသေးဘူး။ ပြန်ရောက်တာနဲ့ အလုပ်တွေ ရှုပ်နေလို့...။

    ReplyDelete
  18. ဖတ်ရတာ လွယ်လား။
    ကိုယ့်အဆင့်လောက်ဆို ဖတ်ရတာ အဆင်ပြေမယ်လို့ ထင်လားဟင်။ ထင်တယ်ဆိုရင် ပြီးရင် ငှားပါ။
    :P

    ReplyDelete
  19. တခါမှမဖတ်ဖူးဘူး ကိုယ်က အီးလိုမရဘူးကွယ်.. အားငယ်လိုက်ထှာ..ရီတာ့ထက်ဆိုးပါတယ်..

    ReplyDelete
  20. E လို ညံ့လို့ ကိုင်တောင်မကြည့်ဘူးဘူး ခင်မင်းဇော်. / ကြားလဲမကြားဘူးဘူး. ။ ဘလော့ပိုင်ရှင်ကို အားနာလို့ဝင်ယောင်ပေးနေတာ။ဘာမှ အားမငယ်ပါနဲ့။

    ReplyDelete
  21. ဖတ်ပြိးရင် ကောင်းမကောင်း အကြောင်းပြန်ပါ... (ခပ်တည်တည်ပဲ)
    ** ကြည်ဆိုတာ ကိုကို မဟုတ်ဖူးထင်တယ် သေချာလား ကိုကိုဆိုတာ...

    ReplyDelete