Wednesday, October 7, 2009

ညီမလေးတစ်ယောက် ရှိခဲ့လေသည်

  • လွန်ခဲ့သော ၆ နှစ်ကျော်က MDD chat ကနေ သိခဲ့တယ်။
  • စေ့စပ်ထားတဲ့ ချစ်သူက လူကီးမီးယား ဖြစ်နေတယ်။
  • စိတ်ညစ်နေတတ်တယ်။
  • NTU ကျောင်းဆင်း။
  • အဲဒီတုန်းက အော်တိုမေးရှင်း စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတယ်။
  • ကျွန်တော့်ကို အွန်လိုင်းကနေတစ်ဆင့် ကျောင်းကိစ္စ၊ ယူရမယ့် ဘာသာတွဲကို တူတူ ရွေးပေးခဲ့တယ်။ (အဲ့တုန်းက တော်တော် အားနာသွားခဲ့တယ်။ ကျွန်တော်က သူ့ကို အွန်လိုင်းမှာ ထားပြီး မေ့ပြီး ချက်တင် ဝင်နေတာ။)
  • ဖိုရမ်မှာ ဝင်ရေး၊ ဝင်ဖတ်နေတာကို သူက သဘောမကျဘူး။
  • ရန်ကုန် အနောက်ပိုင်းက နာမည်ကြီး ခေတ်ဟောင်း စတီရီယို အဆိုကျော် နေတဲ့ ရပ်ကွက်မှာ နေတယ်။
  • အများအားဖြင့် သူနဲ့ ကျွန်တော် အီးမေးလ်နဲ့ပဲ အဆက်အသွယ် ရှိတယ်။
  • အဲ့တုန်းက ကျွန်တော်က ရုံးအီးမေးလ်အပြင် အလုပ်ကထွက်တော့ boyz@autospeed.com ဆိုတဲ့၊ ပုဂံက ပိတ်ဖို့ လေးနှစ်ကြာ မေ့နေတဲ့ မေးလ်ကို သုံးပြီး သူနဲ့ ဆက်သွယ်ဖူးတယ်။
  • နောက်တော့ ဘာအကြောင်းကြောင့်လဲ မသိဘူး အဆက်အသွယ် ပြတ်သွားတယ်။
  • တစ်ရက်သားကျတော့ သူက သွားကျိုးဆိုတဲ့ နစ်နဲ့ မေးလ်အကောင့်တစ်ခု ဖွင့်ပြီး ပြန်ဆက်သွယ်လာဖူးတယ်။ ကျွန်တော့်ကို ဆက်သွယ်ရတာ အတော်ခက်တယ်လို့ ညည်းတယ်။
  • ဒီတစ်ခေါက်မှာ သူ့သူငယ်ချင်းတွေနဲ့ ခရီးသွားနေတဲ့ ပုံတွေ ပို့လာတယ်။ (ပူလာအူပင်ကျွန်းကို အလည်သွားတယ် ထင်တာပဲ။ သူ တော်တော် ပြောင်းလဲသွားတယ်။ ပျော်လာတယ်လို့ ရိပ်မိတယ်။ သူ့အတွက် ဝမ်းသာလိုက်တာ။)
  • ဖြစ်ချင်တော့ ကျွန်တော် သုံးနေတဲ့ autospeed mail ကို ပုဂံက ပိတ်လိုက်တော့ သူနဲ့ အဆက်အသွယ် ပြန်ပြတ်သွားတယ်။
  • နောက်ပိုင်းမှာ autospeed မေးလ်ကို ဘန်းကျော်ကနေ ပြန်ကြည့်လို့ရတော့ အကောင့်က suspend ဖြစ်နေလို့ ပြန်ပြီး password အသစ်နဲ့ ဝင်ရတယ်။ မေးလ် အဟောင်းတွေ အကုန် ပျက်ကုန်တယ်။
  • အခုထိ အဆက်အသွယ် ပြန်မရတော့ဘူး။

ဒီနေ့မှ သူ့အကြောင်းတွေ မစဉ်းစားဘဲ ခေါင်းထဲ ရောက်လာတယ်။ ညီမလေးကို သတိရလိုက်တာ။
နာမည်မှာ စိုး ပါတယ် ထင်ပါရဲ့။ သတိရရင် မေးလ်ပို့ပါ။

26 comments:

  1. လွမ်းစရာလေး…........

    ReplyDelete
  2. ပြန်တွေ့ပါစေ။

    ReplyDelete
  3. ကိုဘ ဓါတ်ပုံပေးပါလား ။ ကိုယ်တို့နန်းညီတို့ မျိုး တို့ ရဲ့အားလုံးရဲ့ ဘလော့မှာ ပိုစ်တင်လိုက်မယ်။ ညီမလေးမြင်အောင်လို့။

    ReplyDelete
  4. ညီမလေးတစ်ယောက် ပုံပျောက်သွားပါလား. ဒါပေမဲ့မှတ်မိပါတယ်။

    ReplyDelete
  5. ကူညီပါရစေ.. ကူညီပါရစေရှင့်...
    (Information နဲနဲထပ်ပေးပါ... ကူရှာပေးပါရစေ...)

    ReplyDelete
  6. သြော်…. ဒီလူသားရဲ့သစ္စာဟာ ကမ္ဘာတည်သရွေ့ပါပဲ….. သာလွန်းတယ်….အရင်ညက…. ဘွိုင်းဇ်လပြည့်ဝန်း…. တွန့်….တွန်….တွန်း….တွန်…..။

    ReplyDelete
  7. ဘလော့တွေမှာ လူပျောက်ကြေညာ ထည့်ပေးကြလေ
    ဘယ်လိုလဲ ..

    ReplyDelete
  8. ဟုတ်ပါ့ ကိုကြီးက ပုံပါရှိရင် တင်ပါ့လား။ အင်ဖော်မေးရှင်းက နည်းနည်းလိုနေတယ်။ နာမည်မှာ စိုး ပါတယ် ထင်ပါရဲ့တဲ့ ။ကဲ ......နည်းနည်းတော့ လွမ်းစရာလေးနော်။ ကိုယ် နောက်ဆုံးသိတုန်းက သူ နည်းနည်းပျော်နေတယ်ဆိုတော့ ကောင်းပါတယ်။ ပြန်ဆက်သွယ်လို့ရပါစေ

    ReplyDelete
  9. တို့လဲ ကူရှာပေးမယ်။ တို့အသိထဲက စိုး ပါတဲ့ တယောက် ရှိတယ်။ ဒါပေမဲ့ သူက အသက် ၈၀ ကျော်..ကဘ တို့ အရွယ်လောက်ပဲ။ သူ များလား...????

    ReplyDelete
  10. မချိုသင်းပြောတာ နည်းနည်းနီးစပ်တယ်။ ဖြစ်နိုင်တယ်။
    ပုံက ဟာ့ဒစ်ပျက်ကတည်းက ပါသွားလို့ မရှိတော့ပါ။

    ReplyDelete
  11. ရှာကူမယ်.. ဘာပေးမလဲ..

    ReplyDelete
  12. ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးတဲ့။
    စလုံးက ဆို ပိစိလေးပါ။ ပြန်တွေ့ပါစေ။ အတည်။

    ReplyDelete
  13. ကဲ... အသက် ၈၀ ဝန်းကျင်...
    တရံရောအခါက သူငယ်ချင်းတွေနှင့် ပူလာအူပင်ကျွန်းကို အလည်အပတ်သွားဖူးသူ... သွားကျိုးဆိုတဲ့ နစ် ပိုင်ရှင်...
    နာမည်ရင်းမှာ စိုးပါသူ ညီမလေး ရေ...
    စာမလာ သတင်းမကြားရသည်မှာ ကြာပြီဖြစ်ပါ၍ ကိုဘနှင့် အဆက်အသွယ်ပြုပါရန် အကြောင်းကြားအပ်ပါသည်။
    (အဲ.. တပ်မတော် စာတိုက်ခန်းနဲ့ မှားသွားပြီထင်တယ်...)

    ReplyDelete
  14. ပိုလာအိုပင်သွားတယ် စိုးပါတယ် ဆိုတော့ အခုစလုံးမှာလား။
    သေချာတယ်ဆို အဆက်အသွယ်ရှိတယ်လို့
    မနောက်ဘူးနော်
    အတည်ပြောသွားတာ

    ReplyDelete
  15. ၈၀ကျော်အရွယ်က ညီမလေး ဆိုသူကို ရုတ်တရက်တွေ့မိခြင်း။
    င့်္်farm ville တွင် ကြည်တစ်ယောက်လယ်ထွန်နေစဉ် ရုတ်တရက် သနားစဖွယ် ဘဲရုပ်ဆိုး အဲလေ မှားလို့ ကိုဘ ညီမလေးဟုယူဆဖွယ် အသက်၈၀အရွယ် အမျိုးသမီး တစ်ယောက်ကိုတွေ့ရှိခဲ့ပါသည်။ သနားသောအားဖြင့် သူမကို ဘလာ...ဘလာ..ဘလာ...။

    သက်ဝေရေ ညီမလေးမှန်ပါတယ်ကွယ်။ မမကြည်ပါ။ ကိုကိုကြည် မဟုတ်ပါဘူး။ ကိုဘ ရွီးတာ ..။

    ReplyDelete
  16. အရင်တင်တဲ့ ပုံလေးရောဟင်

    ReplyDelete
  17. ဒါနဲ့ ကိုဘ

    မစဉ်းစားဘဲ လို့ "ဘကုန်း"ရေးမှ အမှန်မဟုတ်လား။

    ReplyDelete
  18. အင်း.... ကလူသစ်ထင်တယ်။ နာမည်မှာ စိုး ပါတယ်ဆိုလားလို့ :)

    ReplyDelete
  19. ပူဘာအူပင် သွားတယ်။ စိုးပါတယ် ဆိုတာနဲ့တော့ အချက်အလက်တွေ နည်းနေသေးတယ်ဗျ။ ခု စလုံးမှာ ရှိမရှိ ကျွန်တော် မသိ။ အပေါ်က အချက်တွေထဲက ၈၀%လောက် တူမှ ဖြစ်နိုင်ချေ ရှိတယ်လို့ ထင်ပါတယ်။

    နှင်းဆီပန်းချစ်တဲ့ ကောင်မလေး ရေ။ ညီမလေးက စလုံးမှာ အခု ရှိမရှိ ကျွန်တော် မသိပါဗျာ။

    ReplyDelete
  20. ဒီလူကြီးရဲ့ ချစ်ဇာတ်လမ်းတွေကလည်း ဟက်ပီးအန်းဒင်းကို တခုမှ မရှိဘူး။ ရာမ၊ ချိန်ပါ၊ ကျန်ရစ်တွေချည်းပဲ။

    မယုံဘူး။ မယုံဘူး။ အွန်လိုင်းပေါ်က ကောင်မလေးတွေ သနားလာအောင် ဇာတ်လမ်းတွေထွင်ပြီး ၀ါဒဖြန့်တာ ဖြစ်ရမယ်။

    ရင်ခုန်သံချင်း ထပ်တူညီတယ်တဲ့။ သွား . . . ။ လူဇိုးကြီး။

    ReplyDelete
  21. ဒါတွေ အကုန်ဖတ်မိတာနဲ့ တို့သိတယ် ကိုဘ။
    သူခုထိ အပျိုကြီး ။ စလုံးမှာပဲ မဟာတက်နေတယ်။
    တို့နဲ့ အဆက်အသွယ်ရှိတယ်။ တကယ်အတည်ပြောတာ

    ReplyDelete
  22. ဒါလေး ပေးဖတ်လိုက်ပါလား မခင်မင်းဇော်။

    ReplyDelete
  23. စိုးမြတ်နန်ဒါလား စိုးမြတ်သူဇာလား။ စိုးမြတ်ကလျာလား။စိုးပြည့်သဇင်လား။
    ဒါမှ မဟုတ် သူတို့အဘွားလား။
    အဲ..မခင်မင်းဇော်ပြောတာ အပျိုကြီါ်ဆိုပါလား။ ဒါဆို သူတို့တစ်ယောက်မှ မဟုတ်နိုင်ဘူး။

    ReplyDelete
  24. သေချာတယ် ကိုဘ
    အဲဒါ တို့ မဟုတ်တာ

    ReplyDelete
  25. လုံးဝ သေချာတယ်။ ညည်းမဟုတ်ဘူး။

    ReplyDelete
  26. လူးလိမ့်ရီတဲ့အရုပ်လေးကို ဒီမှာတင်လို့ ရရင် သိပ်ကောင်းမှာပဲ

    ReplyDelete