Sunday, October 18, 2009

အဆိုတော်တစ်ယောက် ပြောပြဖူးတဲ့ ဟာသတစ်ပုဒ်

စင်ကာပူမှာ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပတော့ မြန်မာပြည်က အဆိုတော်ကို ဖိတ်ခေါ်တယ်။ အဲဒီ အဆိုတော်က သီချင်းလာရောက် ဖျော်ဖြေရင်းနဲ့ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကြား အတီးသမားတွေ ခဏအနားရနိုင်ဖို့ အရွှန်းဖောက်တဲ့ လူကြီး ဟာသပါ။ အသက်၁၈ နှစ်နဲ့ အထက် လူကြီးများအတွက်သာ ဖြစ်တဲ့ အတွက် မိမိကိုယ်ကို လူကြီးလို့ သတ်မှတ်သူများ အောက်က စာတွေကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးသူ ညီငယ် ညီမငယ်များ ဒီပို့စ်ကို မဖတ်ပါနဲ့။ (မဖတ်နဲ့ဆိုပေမယ့် ခိုးဖတ်မယ်ဆိုတာ ကြိုသိနေတယ်။)

တစ်ခါကပေါ့။ ဘတ်စ်ကားပေါ်မှာ တစ်နှစ်သားအရွယ် နို့မပြတ်သေးတဲ့ ကလေးလေးနဲ့ သူ့အမေတို့ ပါလာသတဲ့။ ကလေးကို နို့တိုက်ချိန်ရောက်တော့ အမေက ကလေးကို နို့တိုက်တာမှာ ကလေးက ဂျီကျပြီး မသောက်ပဲ နေတော့ အမေက စိတ်တိုပြီး ကလေးကို “နို့စို့မလား မစို့ဘူးလား။ မစို့ရင် ကုလားကြီးကို တိုက်လိုက်မှာနော် ” ဆိုပြီး ပြောသတဲ့။ ကလေးက မစို့ဘူးတဲ့။ အမေက ကလေး မဆာသေးလို့ နေမှာ တွေးမိပြီး ခဏ နေလိုက်သတဲ့။ နောက်တစ်အောင့်လောက်ကြာတော့ ကလေး နို့တိုက်ချိန် ကျော်လာတာ သတိပြုမိတော့ ကလေးကို နို့တိုက်မယ် ပြင်သတဲ့။ ကလေးကလဲ မသောက်ချင်ပဲ ဂျီကျပြန်သတဲ့။ အမေကလဲ ရှေးနည်းတူ “သား မစို့ရင် ကုလားကြီးကို တိုက်လိုက်မှာနော်” လို့ ပြောပြန်သတဲ့။ ကလေးကလဲ မစို့ချင်လို့ ငိုသတဲ့။ အမေကလဲ လက်လျှော့ရပြန်သတဲ့။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရှေ့က ကုလားကြီးက ပြောလိုက်သတဲ့။ “အစ်မဂျီးနော်။ အစ်မဂျီး ကလေးကို ပြတ်ပြတ်သားသားမေးပါနော်။ ကုလားနော် စောင့်နေတာ ဆင်းရမယ့် မှတ်တိုင် ၃ မှတ်တိုင်တောင် ကျော်လာပြီတဲ့”။

မရယ်ရရင် ကျွန်တော် တင်ပြပုံ ညံ့ဖျင်းလို့ လို့ပဲ မှတ်ယူပါ။ အဆိုတော် ပြက်လုံးထုတ်တုန်းကဆို ပိတ်သတ်တွေ ပွဲကျလိုက်တာ ပတ်တုတ်လို့ တောင် မနိုင်ဘူး။ (သူက ကုလားအမူအရာ ဟန်ပန်လေသံနဲ့ လေယူလေသိမ်းပါ လုပ်ပြတာ။)

Discrimination ဘာညာ မရှိပါ။ ဟာသ တစ်ပုဒ်ကို မျှဝေခြင်း ဖြစ်ပါတယ်။

25 comments:

  1. တဟားဟားနဲ့ ရယ်လိုက်ရတာ...

    ReplyDelete
  2. ကိုဘွိုင်းရော ဘယ်နှစ်မှတ်တိုင်လောက် စောင့်လိုက်ရသလဲ...

းဝ)

    ReplyDelete
  3. တင်ပြပုံမညံ့ပါဘူး... ရယ်ရတယ်...း)))

    ReplyDelete
  4. လက်စသတ်တော့ ၁၈ နှစ်အောက် မကြည့်ရဆိုတာ "တင်" ပြမှာမို့လို့ကိုး...

းဝ)

    ReplyDelete
  5. မောင်ကောင်းထိုက် ထဲမှာလည်းပါတယ် အဲဒါ ...

    ReplyDelete
  6. ဘယ်အဆိုတော်လဲ ဆိုတာ သိရရင် ပိုရီရမယ်။

    ReplyDelete
  7. ရီလိုက်ရတာ အူတက်တယ်။ လူဇိုးကြီး ကဘ.. စောင့်ရင်းနဲ့ ကားဂိတ်ဆုံးမှ လှည့်ပြန်လာခဲ့ရသလားအေ..

    ReplyDelete
  8. ငယ်ငယ်တုန်းကဖတ်ဖူးတယ်..
    ဟာသပဒေသာ စာအုပ်တစ်ခုထဲမှာ..
    အဆိုတော်လဲ အဲဒီက ဖတ်ဖူးတာဖြစ်လိမ့်မယ်.း)

    ReplyDelete
  9. ကိုဘွိုင်းဇ်
    လာလည်သွားပါတယ်နော်။

    ReplyDelete
  10. ကိုဘ သာ အဲ့ကုလားကြီးနေရာမှာဆို ပိုရီရမယ် ဟိဟိ

    ဘီ ဖော် ဘိုင်ဆပ်ဘွိုဇ်

    ReplyDelete
  11. အကြွေးတွေ လိုက်ဆပ်နေသလား အောက်မေ့ရတယ်။ တစ်ပို့စ်ပြီး တစ်ပို့စ် ကော်မန့်တွေ လိုက်တင်နေတာပါလား။

    ReplyDelete
  12. သံသရာထိ မသယ်ချင်လို့ လေ ခဏဆင်းလာတုန်းလေး
    အပြန် ကင်းကွိုင်က ဒန်းလော့ဝယ်သွားမယ်
    (လူးလိမ့်ရယ်တဲ့အရုပ်)

    ReplyDelete
  13. အဆိုတော်က မိန်းကလေးထင်တယ်။ ဟုတ်တယ်ဟုတ်။

    ReplyDelete
  14. အခုမှဘဲ မန့်လို့ရတော့တယ် ဝမ်းသာလိုက်တာ။

    ReplyDelete
  15. မိန်းကလေး အဆိုတော်က ဒီလို ဟာသ ပြောမလားဆိုတာ သေချာစဉ်းစားပါ။

    ReplyDelete
  16. You make me smile.
    Thanks a lot.
    BINO

    ReplyDelete
  17. အဲဒီအဆိုတော်က ကြယ်တစ်လုံးဖြစ်မယ်ထင်ပါတယ်။

    ReplyDelete
  18. ကြယ်တစ်လုံး အဲလိုဘဲ ရှိုးပွဲတစ်ခုမှာ နားတုန်းပြောသွားတာတစ်ခုကြားဘူးတယ်။ ၁၈နှစ်အောက်မဖတ်ရပဲနော်။ ကြိုပြောထားတယ်။
    သားလုပ်တဲ့သူက အမေကို ထမင်းဆာလှပြီလို့ပူဆာသတဲ့။
    အမေက ထမင်းမကျက်သေးလို့ ထမင်းရယ်ငှဲ့ထားတာလေးပဲ အဆာပြေ အရင်သောက်ထားပါလို့ပြောတာကို သားလုပ်သူကမရဘူး ထမင်းပဲစားမှာဆိုပြီဇွတ်ပေနေသတဲ့။ အမေကသားဖြစ်သူကိုချော့မရတော့ ယောက်ကျားကို "ရှင့်သားကို ပြောပါဦး"လို့ စစ်ကူတောင်းရောတဲ့။ ယောက်ျားက "နေ နေ ငါပြောလိုက်မယ်"ဆိုပြီး သားအဖချင်းနှစ်ကိုယ်ကြားတိုးတိုး နဲ့လည်းပြောလိုက်ရော သားက ရှလွတ်..ရှလွတ်နဲ့ အားရပါးရသောက်ပါလေရောတဲ့။
    ဇနီးဖြစ်သူက အရမ်းအံ့သြပြီး"ရှင့်သားကို ရှင်ဘယ်လိုပြောလိုက်တာလဲ" လို့မေးတော့ ယောက်ျားက "သား ထမင်းရည်များများသောက်ရင် (.....)ထွားတယ်ကွ လို့ပြောလိုက်တာပါကွာ"လို့ပြောပြသတဲ့။
    စကားလည်းဆုံးရော မိန်းမက ယောက်ျားကို ကိုင်ထားတဲ့ ယောက်မနဲ့ဒေါင်ကနဲခေါက်ပြီး ပြောလိုက်တာက "ရှင်ငယ်ငယ်က ထမင်းရည်မသောက်ဘူး" တဲ့....။

    ReplyDelete
  19. ပို့စ်ကို သေချာ မဖတ်ဘူး။ စလုံးမှာ လုပ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲလို့ အစကတည်းက ပြောထားတာကို ကြယ်တစ်လုံးတဲ့။ လာဟဲ့.. ယောက်မနဲ့ ခေါက်လိုက်မယ်။ သွားထမင်းရည် သွားသောက်... အဲ.. ပို့စ်ကို အစဆုံး သေချာပြန်ဖတ်ချည်။

    ReplyDelete
  20. အဖေကဆို၊ သားကတီး၊ တကယ်ကောင်းတဲ့ပွဲတပွဲဗျို့။ အဖေကလဲ မူးလို့ လူတောင်ပစ်မလဲအောင် မနဲထိန်းထားရတယ်။ အသံကတော့ မပျက်ဘူး။ သတိရလိုက်တာဗျာ။ အဲ့ဒီပွဲကို ဗီဒိုရိုက်ပြီး အခွေသိမ်းထားသေးတယ်။

    ReplyDelete
  21. ကလူသစ်.. ဗီဒိုလိုချင်တယ်ဗျာ...။ ကူးထားပေးပါ။ အားတဲ့တစ်နေ့ လာယူမယ်။

    ReplyDelete
  22. အခွေကြမ်းရှိသေးရင် ရှာထားပေးမယ်။ အခွေချောကတော့ သူများပေးလို့မဖြစ်ဘူး။ မဖွယ်မရာပုံတွေပါတယ် :
    )

    ReplyDelete
  23. မဖွယ်မရာပုံဆိုတာ ဘာကို ဆိုလိုချင်တာလဲ ကလူသစ်

    ReplyDelete
  24. ပွဲလာကြည့်တဲ့ အသိဓာတ်ပုံတွေကို အခွေလွတ်နေတဲ့နေရာမှာ ဆလိုက်ရှိုးလိုလုပ်ပြီး ထည့်ထားမိတယ်လေ။ သူများပုံတွေကို ဖြန့်ဝေနေလို့ ဘယ်ကောင်းမလဲ။ အဲ့တာပြောတာပါ။ ဘာတွေ တွေးနေတာလဲ

    ReplyDelete
  25. တို့က ချက်ဆို ဗိုက်မှာ ကပ်ပြီးသား ကလူသစ်ရဲ့...။

    ReplyDelete