Saturday, October 17, 2009

ကြက်သား ထောပတ်ထမင်း

ဒီမနက် ကြက်သား ထောပတ်ထမင်း စားဖြစ်တယ်။ မစားဖြစ်တာ ကြာလို့လား မသိဘူး။ စားကောင်းကောင်းနဲ့ စားလိုက်တာ နှစ်ပန်းကန်တောင် ကုန်တယ်...။ လောလောဆယ် ဗိုက်ကြီးက တင်းကားနေတော့ အိပ်ချင်နေတယ်။

ကြက်သားကို ရှယ်နူးနေအောင် ချက်ထားတယ်။ အနှစ်များများ ပါတယ်။


ထောပတ်ထမင်းက ဆန်ခြင်ထည့်တာ နည်းနည်းများသွားလို့ မနပ်တာနဲ့ နှစ်အိုးခွဲထည့်လိုက်တယ်။ ဖာလာစေ့တွေ ၊ အမွှေးအကြိုင်တွေ၊ အခေါက်တွေ၊ သပျစ်သီး ခြောက်တွေ ပါတယ်။ ကြက်သွန်ဥ ဥသေးလေးတွေ အလုံးလိုက် မြုပ်ပြီး ချက်တယ်။



ကြက်ခြေထောက်နဲ့ ရင်ပုံနားက အရိုးကိုကျတော့ ခုတ်ထစ်ပြီး ဟင်းရည်လုပ်လိုက်တယ်။



အအီပြေ သရက်သီးသနပ်လေး ရှိတယ်။ ကြက်သွန်နီကို အချဉ်ရည်ဆမ်းပြီး ငြုပ်သီး ပါးပါးလှီးထည့်ထားတဲ့ အချဉ်လဲ ရှိတယ်။
လောလောဆယ်တော့ ကမ္ဘ့ာအလေးဆုံး အရာကို ထမ်းထားရတယ်။

9 comments:

  1. ရက်စက်လိုက်တာ။
    စီဘောက်မှာ စကားလုံးနဲ့ ကြွားလို့ အားမရဘူး။
    ဘလော့တောင် ရေးပစ်လိုက်သေးတယ်။

    ReplyDelete
  2. ကိုယ်ကတော့ မစားချင်ပေါင်...
    ဝစာတွေ.. ပြီးတော့လဲ ကိုလက်စထရောတွေ...
    (မစားရတဲ့အတူတူ အနိုင်ရ ပြီးရော... ပြောချင်ရာပြောသွားတာ...)

    ReplyDelete
  3. ကြက်သားဟင်းထဲမှာ အမျှင်ကြီးဖယ်လိုက်အုံး... အော့အော့ ..ဟိ

    ReplyDelete
  4. ဘိုက်ဆာနေတာနဲ့အတော်ဘဲ။့ ရှုသွားတယ်။ (I mean...smell not view)

    ReplyDelete
  5. နောင်တော်ကြီးဘဲလား။
    ဆီတော့များတယ်။
    သုံးခါဖတ်ပြီးခံစားသွားတယ။် စိတ်ကူးနဲ့လိုက်စားကြည့်လိုက်တယ်။ ကျေးဇူး။

    ReplyDelete
  6. ကောင်းမယ့် ပုံပဲ...

    ReplyDelete
  7. ကောင်းမှာလည်း မဟုတ်ပါဘူး

    ဖျားတဲ့သူက ဒါတွေစားနေလား

    မြန်မြန်နေကောင်းပါစေ ဘီယာတိုက်မယ်ဆိုလို့ :P

    ReplyDelete
  8. အေးလေ ပြောတော့ဖြင့် နေမကောင်းဘူးတဲ့
    စားတော့ဖြင့် လန့် စရာတွေ
    အောက်ဆုံးက ကြက်ဆွစ်လေးတော့ သောက်ချင်သား

    ReplyDelete
  9. စားချင်လိုက်တာ....this is my favourite meal :(

    ReplyDelete