Thursday, October 22, 2009

Official Release of Windows 7


အများတကာ မျှော်လင့်နေကြတဲ့ Windows OS 7 ကို ယနေ့ ကြာသပတေးနေ့မှာပဲ မိုက်ကရိုဆော့ဖ် ကုမ္ပဏီကနေ တရားဝင် ဖြန့်ချိလိုက်ပါပြီ။ ဖြန့်ချိတဲ့ရက် မတိုင်ခင်က ပိုင်းရိတ်ဗားရှင်းများ အင်တာနက်မာ ပလူပျံနေတာ တစ်ပတ်လောက် ရှိပါပြီ။ ဒီတစ်ပတ်ထဲမှာ ဒေါင်းလုဒ် အများဆုံး လုပ်တဲ့ စံချိန် တင်သွားပါတယ်။ ဘာတွေ ထူးခြားလဲ ဆိုတာတော့ စမ်းသပ်ပြီးမှ သုံးသပ်ချက်များ ထွက်လာမှ ထပ်မံရေးသားပေးပါ့မယ်။ လောလောဆယ် ပြောနိုင်တာကတော့ အရင် ဝင်းဒိုးများသည် ကွန်ပြူတာတွက်ချက်မှု စွမ်းရည် 64 bit ကို အပြည့် မသုံးပဲ 32 bit သာ သုံးထားပါတယ်။ အခု ဝင်းဒိုး အသစ်မှာတော့ ကွန်ပြူတာပရိုဆက်ဆာရဲ့ တွက်ချက်မှု စွမ်းဆောင်ရည် 64bit ကို အပြည့် သုံးထားတဲ့ အတွက် မိမိတို့ ကွန်ပြူတာ စွမ်းဆောင်ရည်ကို တင်းပြည့်ကျပ်ပြည့် သုံးနိုင်ပြီလို့ ဆိုနိုင်ပါတယ်။ (တစ်ချို့ကတော့ ဒီ Windows 7 ကို Vista အရည်ခွံခြုံထားတဲ့ Windows XP လို့ ဝေဖန်ကြပါတယ်။)

အချို့သော ဝင်းဒိုး အသစ်ဖြန့်ချိတဲ့ သတင်းများကို ဒီနေရာတွေမှာ ဖတ်နိုင်ပါတယ်။
-
Microsoft Windows 7 vs. Apple Snow Leopard
- It's Official: Microsoft Launches Windows 7

3 comments: