Sunday, October 18, 2009

"B" for Beach a.k.a ဝက်သားတုတ်ထိုး ပါတီ

စနေနေ့ညက သူငယ်ချင်း တစ်ယောက်က အပေါင်းအဖော်များနဲ့ စုံစုံလင်လင် တွေ့ချင်တယ်ဆိုလို့ Sembawang Park ကို တွေ့ဖို့ သွားကြပါတယ်။ အတီးအဆိုမပါပဲ. သူငယ်ချင်းများနဲ့ အစားသောက်များသာ သက်သက် ပါတဲ့ ပွဲလေး တစ်ပွဲပါ။ အဲဒီချိန်းဆိုထားတဲ့ နေရာကို မသွားခင်မှာ တစ်ယောက်က မှာလို့ လာဗဲန်းဒါး နားက ဂိုးဒန်းမိုင်းက ယိုးဒယား စားသောက်ဆိုင်မှာ ကြက်အရေခွံကြော် ဝင်ဝယ်ပါတယ်။ နောက် အဲဒီကနေ တစ်ဆင့်ဆမ်ဘားဝမ်ကို အမ်အာတီနဲ့ ဒိုးပါတယ်။ ဆမ်ဘားဝမ် အမ်အာတီ ရောက်တော့ တက်စီနဲ့ ထပ်သွားပါတယ်။ ဘတ်စ်ကားတွေ သွားတာ ရှိပါတယ်။ နောက်ကျနေလို့ တက်က်စီနဲ့ သွားတာပါ။ ဟိုရောက်တော့ လူတော်တော်စုံပြီး တော်တော်လေးလဲ ခရီးရောက်နေကြပါပြီ။ ကိုယ်လဲ အမှီလိုက်မယ်လဲ ကျန်ရော.. လမ်းဆုံးဘူတာ ဆိုက်ပါပြီတဲ့။ ဟတ်ကော့ကြီး ကျန်ခဲ့တယ်။ ဒါနဲ့ ကျန်တဲ့ အစားဘက်ကို လှည့်ကြတာပေါ့။ ကြာဇံကြော်နဲ့ ဝက်သားတုတ်ထိုးတဲ့။ ဝက်သားတုတ်ထိုးကတော့ အိုးသူကြီး စပါယ်ရှယ်လစ်စ် ကယ်လ်ဗင် လုပ်လာတာလေ။ ဒီညတော့ ကြာဇံကြော်ည မဟုတ်ပဲ ဝက်သားတုတ်ထိုးည ဖြစ်သွားခဲ့တယ်။ အချင်း၊ အူတိုင်၊ နားရွက်၊ အစာအိမ်၊ လျှာ၊ မျက်လုံး စသဖြင့် အင်္ဂါရပ်များ စုံလင်စွာပါဝင်တဲ့ ဝက်သား တုတ်ထိုးပါ။ အချဉ်ကလဲ ကိုယ်တိုင် လုပ်လာတဲ့ အတွက် ဝမ်းတော်လားမှာကို စိုးရိမ်စရာ မလိုပါ။ အချိုတည်းဖို့ကတော့ ဖရဲသီးတွေ ပါတယ်။
အချုပ်ဆိုရရင်တော့ ဗော့ဒ်ဂါကို ဆန်းကစ်နဲ့ ရောလိုက်တဲ့ ညလေး တစ်ညပေါ့လေ။

ဒီလိုညလေး ပြန်ကြုံချင်သေးတယ်။ ကျေးဇူး ကိုဟိုးမား

မုဒိတာပွားလို့ရအောင် ဖုန်းကင်မရာလေးနဲ့ ရိုက်လာတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဝါးတား မှုန်တုန် မကြည်လင် မပြတ်သားမှုများကို ဖယ်ပြီး ကြည့်လိုက်ရင် ဝက်သားတုတ်ထိုးဆိုတာ တွေ့ပါလိမ့်မယ်။

သိပ်တောင် မကျန်ချင်တော့ဘူး။ ရောက်တာ နောက်ကျသွားလို့...။ ဒါပေမယ့် အစုံတော့ စားရသေးတယ်။ မျက်လုံးက ဘယ်သူ စားသွားလဲ မသိဘူး။

ဒီဗန်းထဲက အူတိုင်တွေ အချင်းတွေ ကြက်ဥတွေနဲ့ပဲ ကျန်တော့တယ်။ လျှာက သတ်သတ်ဖွက်ထားတယ် ထင်တယ်။ ဘယ်ရောက်သွားပါလိမ့်။ ခုနက စားနေတုန်း....။

ဖရဲသီးလေးတွေ စားပါဦး။ ဆန်းကစ်ခွက်က အထဲမှာ ဆန်းကစ်ယောင်ဆောင်တဲ့ ဗော်ဒကာ ပါတယ်။

ကိုယ်ကြိုက်တဲ့ Angle ကနေ ကြည့်ချင်ရင် ကြည့်နိုင်အောင် Direct cut အနေနဲ့ ရှုထောင့်စုံစုံကနေ တင်ပြလိုက်ပါတယ်။
အလင်းများသွားလို့ နည်းနည်း ရောင်ပြန် များသွားတယ်။

8 comments:

  1. sdl: စားချင်ပါဘူး.. ပုံတွေက တုန်၊ မှုန်၊ ဝါး တွေ

    ReplyDelete
  2. wow wow wow ဝက်သားတုတ်ထိုး looks nice

    ReplyDelete
  3. ဘယ်မလဲ အချဉ်ရေ...။

    ReplyDelete
  4. မှောက်ကျလို့ ကုန်ရော့...။ (အချဉ်ရေ ပြောပါတယ်။)

    ReplyDelete
  5. ဒီတခါတော့ သိပ်စားချင်စရာ မကောင်းလို့ မနာလို မဖြစ်တော့ဘူး။

    ReplyDelete
  6. ဒီတခါတော့ ဆိုနီ သိက္ခာကျတယ်
    ဘုရားစူး ၀က်သားဒုတ်ထိုးပါ
    ဖရဲသီးတော့ မြင်ရလို့ တော်သေး

    ဘီ ဖော် ဘလိုင်းဘွိုဇ်

    ReplyDelete
  7. ဘယ့်နှယ် ဘလိုင်းဖြစ်ရတာတုန်းအေ့...

    ReplyDelete
  8. ဒါ့ပုံကို ကောင်း၂မှ မရိုက်တာကိုး
    ဒါကြောင့် အဲ့လိုပြောဒါ
    သူနဲ့ မှ ဆိုနီတောင် သုံးချင်စိတ်ပျောက်တယ်

    ReplyDelete