Wednesday, November 11, 2009

Better Man

ငါ့ကို တစ်ကယ်ချစ်တဲ့ ချစ်သူလေးတစ်ယောက်ရှိခဲ့ရင် ပေးသနားပါ....။
သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးဝဿန်အောက်မှာ နွေးထွေးလုံခြုံတဲ့ လက်အစုံမှာ ခိုနားချင်လို့ပါ။
ဒီဒဏ်ရာတွေကို ကုစားနေခိုက်မှာ နာကျင်နေတဲ့ ငါ့နှလုံးသားကို ကာကွယ်ပေးဖို့ ချစ်သူလေးတစ်ယောက်ပေးပါ။
ကြမ်းတမ်းပြင်းထန်လှတဲ့ အအေးဒဏ်ကနေ ကာကွယ်ဖို့ အဆုံးမဲ့ နွေရာသီကို ပေးသနားတော်မူပါ အရှင်....။
အချိန်မတိုင်မီ အိုမင်းလာတာကို ခံစားနေရတယ်။

ကောင်းကင်ယံက နတ်သမီးတွေလဲ ငါ့မျက်ရည်ကို သိမ်းဆည်းပေးဖို့ အယူခံဝင်ပါတယ်။ ငါ့ကို ဒီအပြစ်လောက ကနေ အပြင်ကို ဖေးမခေါ်ယူပေးပါ။ အပြစ်တွေ အပြည့်နဲ့ ဒဏ်ရာတွေ ခံစားနေတဲ့ အပြစ်သား ငါရယ်ပါ။

ငါ့ဝိဉာာဉ်ဟာ အရှက်တရားများကို ကုစားနေခိုက်မှာ ငါဟာ ဒဏ်ရာများနဲ့ ညည်းတွားနာကျင်နေခဲ့ရတယ်။
အဖ ဘုရားသခင်.. ငါသည် ကိုယ်စွမ်းစိတ်စွမ်း တတ်အားသမျှ ကြိုးစားလုပ်ဆောင်ပြီးပါပြီ။
လူပေလူတေ တစ်ယောက်အဖြစ်ကနေ လူ့အလိမ္မာလေးဖြစ်အောင် ကြိုးစားနေပါတယ်။

ဒီဒဏ်ရာတွေကို ကုစားနေခိုက်မှာ နာကျင်နေတဲ့ ငါ့နှလုံးသားကို ကာကွယ်ပေးဖို့ ငါ့ကိုနားလည်ပေးနိုင်တဲ့ ချစ်သူလေး တစ်ယောက်ကို ပေးသနားတော်မူပါ အရှင်။

ငါ့အနားမှာ အချစ်တွေနဲ့ ထုံမွမ်းနေခိုက် ငါ့ကို ခဏတာ ငြိမ်းချမ်းခွင့်ပေးပါ။ ဆူးပြွမ်းတဲ့ လမ်းတွေမှာ ငါလဲကျဖူးတယ်။ ဒါပေမဲ့ ငါ့ဘေးမှာ အချစ်တွေက လွမ်းခြုံထားခဲ့တယ်။

Better Man (Robbie Williams)


ထုံးစံအတိုင်း သီချင်းကောင်းလေးများ ကြားရရင် နယူးဗားရှင်း ပြောင်းချင်တဲ့ ဆန္ဒကို ချိုးနှိမ်မရလို့...
၁။ HP Pavillion dv6701 Laptop
၂။ Sony Acid Music Studio 5.0 (ဖရီးဗားရှင်း။)
၃။ နားကျပ်နဲ့ မိုက်
စတဲ့ လက်တစ်ကမ်းက ရရာလေးတွေကို အသုံးပြုပြီး New Version ပြန်လုပ်ထားတယ်။ မဆိုစလောက်လေးပါ။ အဟက်။
နားထောင်ကြည့်ပါလား။

Better Man (Boyz's Version)

Download here.

18 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။:

khin oo may said...

နားထောင်ရင်းနဲ့ပြုံးသွားတယ်။
နဲနဲသတိထားပြီးဆိုသလိုဖြစ်တယ်။
နဲနဲဖွင့်ပေးရင်ပိုကောင်းမဲ့သဘောရှိမယ်။
ရော်ဘီကို မနားထောင်ဘဲနဲ့ ဘွိုက်ကိုဘဲအားပေးသွားတယ်။
To be a better man ဆိုတဲ့ အပိုဒ်ကလေးကတော့အတော်ကောင်းတယ်။
အတော်ကို စိတ်ပါလက်ပါဆိုထားတဲ့သဘောတော့ရှိတယ်။
ဖျာရောင်းလို့ရပါတယ်။
အသံကပိုကောင်းးပြီးတီးလုံးကတောင် ကျန်ခဲ့တဲ့သဘောရှိပါတယ်။
သီချင်းအကြောင်းနားမလည်သလို ဆိုလဲမဆိုတတ်ပါ.
စိတ်ကူးပေါက်ရာပြောသွားပါတယ်။
ရှမ်းပွဲု့ကိုတောင် လက်မှတ်ဝယ့်ရမလိုဖြစ်သွားတယ်။
အသံကလေးတောင် အဟာဟာ ဆိုပြီးဆွဲပြီးဝဲဆိုလိုက်သေးတယ်။ တယ်ဟုတ်။
စကားမစပ်. မိုက်ရပြီလား။

khin oo may said...

ဘာလိုံ့ပြုံးသလဲမေးချင်လား။
အော် ..သဘောကျလို့ပေါ့။

may said...

အပေါ်က စာက ခံစားချက်အပြည့်နဲ့  ဆုတောင်းတာထင်လို့ 
ဂလိုပဲ သီချင်းကောင်းတွေ ကြားရင် အများသူငါကို နှိပ်စက်တတ်တယ်ပေါ့
ရှမ်းပွဲအတွက် ပရိုက်တစ်

ဘွိုဇ် ဖော် ဘက်တားဘွိုဇ်

ဖြူတုတ်လေး said...

WoW...Awesome, Brilliant, Fantastic, Excellent! What more do you want me to say? :D
I absolutely loved it! I could feel how much effort you put into making of your own version... What I am impressed with singers like you is that you give your all to the listeners. Looking forward to hearing more of your songs! 5* (got that rating* habit from SFY) :D

busymozzee said...

ဒေါင်းသွားတယ်.... :)

may said...

မိုက်တယ်ဗျာ ထပ်နားထောင်သွားတယ်
Better Man ဆိုတဲ့နားလေးက အရမ်းမိုက်တယ်

B For Better Boyz

Thandar said...

Wow Ko boyz,

very good.
Will you be singing at Shan Traditional Fes?
Good programe.
We already bought ticket.Will u b sing early?
hope we can see&feel how you sing outsite.
Good night.

Steve Evergreen said...

your writing style slightly better i think. and more international knowledge. Good for you

Vista said...

ကိုဘ အသံကောင်းတယ် အသံလေးချိုတယ် ဒါပေမယ့်မြန်မာသီချင်းဆိုပြရင်ပိုကောင်းမယ် ..
နောက်တစ်ခါဆိုEnglish သံပိုပီအောင်ဆိုပါ
(စိတ်မဆိုးနဲ့ နော် ဟိ )
ကိုဘ အသံကချိုတယ်
်ဆွဲလည်းဆွဲနိုင်မယ် ပီဖို့ ပဲလိုတယ်
ကိုဘဆိုတာနားထောင်ပြီးမှ မူရင်းနားထောင်တာပါ ..
Robbie Williams ကို ၇ နှစ်သမီးလောက်ကစကြိုက်တယ်ထင်တယ်
ဖေဖေ စီဒီအပုံတွေထည်းကနားထောင်ဖြစ်ရင်းနဲ့ 

may said...

ဘာ ဗစ် အဲ့လိုမပြောပါနဲ့  ကိုဘက အီးသံပီပီပြင်ပြင်ထွက်ပါတယ်အေ့
သေချာလည်းနားမထောင်ပဲနဲ့  ဟွန့် 
နော့် ကိုဘရာ ကိုဘက အီးသံ ပီအောင်ထွက်တယ်နော့

wa wa said...

Ko Boyz.....you are such a talented singer : your new version of the song "Better Man" turned out to be very good. One thing ,I can tell you for sure is you know how to sing very well . I have been listenning to your songs since you posted them on your blog. On top of that you have a nice voice. Keep singing while blogging!!!!!

သစ်သစ် said...

အမှန်အတိုင်း ပြောရရင် ကိုဘကို ရှမ်းသံဝဲမယ် ထင်ထားခဲ့တာ....ခုတော့....

potato said...

OMG... someone also likes that song..he has been listening to it lately (:

potato said...

your version is also pretty awesome (:

potato said...

this is my really favourite post...thumbs up :-bd

khin oo may said...

.thumbs up :-tds

Sean OK, Sai said...

Nice Bro!
stumble upon your blog wondering you might have posted something about our New Year!
You know what I end up listening your " Better Man!
Cheers!

khin oo may said...

Love me ထက်ပိုကောင်းလာသလိုဘဲ။

Post a Comment