Sunday, February 14, 2010

အလွဲတွေ

ကျွန်တော်တို့မြို့ကအလွဲလေး ပြောပြချင်တယ်။

သူငယ်ချင်း ညီအစ်ကိုနှစ်ယောက်... ဆိုးချက်က တာတေလန်
ရဲစခန်း လူဆိုးမှတ်တမ်းဝင်တွေ
တစ်နေရာရာမှာ ထစ်ကနဲရန်ဖြစ်ပြီဆို လူဆိုးထိန်းက အရင်ဆုံးသူတို့အိမ်လာမေးတယ် သူတို့ ပါမပါပေါ့လေ..
နှစ်ကောင်စလုံးက ခပ်ဆိုးဆိုးဆိုတော့ ရည်းစားသနာ အတည်တကျ မရှိချိန်ပေါ့လေ။
မြို့ကလေးက ချောင်ကျတော့ ည၇ နာရီဆို မီးပြတ်နေပြီ။ လမ်းမီးတိုင်ကလဲ ခရမ်းချဉ်သီးသာသာလောက်ပဲ လာတော့တယ်။
အပျိုလူပျိုများ ဆိုင်ကယ်နဲ့ လည်ကြချိန်ပေါ့။
မှောင်ကလဲ မှောင်ဆိုတော့ ရုပ်ဆိုးသူလှတဲ့အချိန်။
ညီအစ်ကိုနှစ်ယောက်သား ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်စီးနေတာ လမ်းကွေ့တစ်ခုမှာ ရှေ့နားခပ်လှမ်းလှမ်းလောက်မှာ ကောင်မလေးတစ်ယောက် တစ်ယောက်တည်း ဆိုင်ကယ်စီးသွားနေတယ်...။
နောက်ဘက်က ကြည့်တော့ အမိုက်စားဆိုတော့ ညီအစ်ကိုနှစ်ယောက် လိုက်စကားပြောတယ်။ မှောင်ကလဲ မှောင်ဆိုတော့ ဘယ်သူမှန်းလဲ မသိဘူး။
ကောင်မလေးက လှည့်မကြည့်သလို စကားလဲ ပြန်မပြောဘူး။ ဆိုင်ကယ်ဦးထုပ်လဲ ဆောင်းထားတာကိုး..။
လိုက်ပြောနေရင်းနဲ့ သူတို့ရပ်ကွက်ကို သွားတဲ့လမ်းနားရောက်မှ နှစ်ကောင်သား အမူးပြေသလို ဖြစ်သွားတယ်။ ဆိုင်ကယ်နံပါတ်သေချာကြည့်မှ သူတို့ ဦးလေးနံပါတ်။

ညီမလေး ဝမ်းကွဲကိုမှ လိုက်စကားပြောနေတဲ့ အစ်ကိုနှစ်ယောက်။ မနက်ရောက်တော့ သူတို့နှစ်ယောက်သား အီလည်လည်နဲ့ ပြန်လာပြောပြတယ်။

သူတို့ညီမဝမ်းကွဲလဲ နောက်ဆို ညဖက်ကို တစ်ယောက်ထဲ ထွက်မလည်ရဆိုပြီး ဦးလေးက အမိန့်ထုတ်လိုက်တယ်ဆိုပဲ။
:P

5 comments:

  1. အခြောက်များဖြစ်သွားမလားလို့တို့စိတ်ကူးထဲမှာအဆုံးသတ်ထားတာ။

    ReplyDelete
  2. ဒါတော့ လွန်လွန်းတယ်

    ReplyDelete
  3. ဟုတ်တယ်။ မူးနေတော့ အဲလို ဖြစ်တာ။
    သူတို့နှစ်ယောက်က ကျွဲသောက် နွားသောက် သောက်တာ။

    ReplyDelete
  4. ကိုယ်လဲ မမထင်သလိုပဲ ထင်လိုက်မိတာ...း))
    တလွဲ...
    (နေ့ခင်းက မှတ်ချက်တခါလာရေးသေးတယ်...
    ပေါ်လဲ မပေါ်ဘူးနော်... ဘာလို့လဲ မသိ)

    ReplyDelete