Monday, February 15, 2010

Model List

ကျွန်တော် ဓါတ်ပုံ ရိုက်ဖြစ်ရင် မော်ဒယ်အဖြစ် ရိုက်ချင်သူများ စာရင်းကို တေးထားတယ်။ အလှပုံ ဘာညာ ပေါ့ဗျာ။ ရိုက်မယ်သာ ပြောတာ။ ကင်မလာက ဘယ်နားနေမှန်း မသိဘူး။ ဖုန်းကင်မလာလေးနဲ့တော့ ဟိုရိုက်ဒီရိုက်။

ကဲ စာရင်းလေးတွေ ချရေးမယ်။ စာရင်းထဲ ပါတဲ့သူတွေ စိတ်မဆိုးကြေး။ (နောက်ဆက်တွဲ - စာရင်းထဲ မပါတဲ့သူတွေ စိတ်ဆိုးနေတယ်။ ဟိ)

၁။ ဒန်တန့်တန်
မျက်နှာ အနီးကပ်ပုံရိုက်လို့ အဆင်ပြေတယ်။ တစ်ကိုယ်လုံးခြုံရိုက်လဲ ရတယ်။ စွယ်စုံပေါ့လေ။ သူ့ကျတော့ ဆွေးနေတဲ့ ပုံတွေ ရိုက်လို့ မရဘူး။ လွတ်လပ်ပေါ့ပါး၊ ရယ်ရွှင်မြူးတူး၊ ပြေးလွှား ဆော့ကစား၊ အကြည့်စူးစူး စတဲ့ အမူအရာတွေနဲ့ ရိုက်လို့ ကောင်းတယ်။

၂။ ဝတုတ်
သူ့ကျတော့ နာမည်နဲ့လိုက်အောင်ကို တစ်ကိုယ်လုံးပုံ ရိုက်လို့ မသင့်တော်ချေဘူး။ ဒါပေမယ့် သူ့မှာ ထင်းနေတဲ့ မျက်ခုံးရှိတယ်။ မျက်နှာကျ ကောင်းတယ်။ မေးဖျားနားက မဲ့ကလေးက ဓါတ်ပုံအရိုက်ခံလို့ ကောင်းတဲ့ အမှတ်အသားလေး။ သူက အသားညိုတော့ ဓါတ်ပုံစားတယ်။ မျက်နှာ အနီးကပ် ကလို့စ်အပ်တွေ ရိုက်လို့ ကောင်းတယ်။ ခပ်ငေးငေး၊ ဆွေးရိပ်သန်း မျက်နှာပေးတွေ ရိုက်လို့ရတယ်...။

၃။ မြ
သူ့ မျက်နှာက ကြည်တယ်။ ပေါ့တ်ထရိတ် ရိုက်လို့ မကောင်း။ အပြုံးလေးတွေ အပြစ်ကင်းတယ်။ သူက နည်းနည်းတော့ အိုဗာ အိုက်တင်တွေ ပါတတ်တယ်။ နည်းနည်း ထိန်းပေးရင် ပုံကောင်းလေး ရနိုင်တယ်။

၎။ ခေးခေး
ဘာလာလာ ဒေါင်းတယ် ဆိုတဲ့သူပဲ။ အနီးကပ် ၊ အဝေးခွာ၊ မျက်နှာကလို့စ်အပ်ပ် အဆင်ပြေတယ်။ ပို့စ်ပေးတတ်တယ်။ ဖေ့ဘွတ်မှာတောင် သူ့ပုံတစ်ချို့တင်ထားတယ်။ မှဲ့လေး မဆိုစလောက် ဖျက်တာတစ်ခုပဲ။ ပြစ်မျိုးမှဲ့မထင် တော့ မဖြစ်ဘူးပေါ့လေ။ ဒါကလဲ မြင်တတ်မှပါ။

၅။ ဝဏ်
အလှတရားကို လမ်းလျှောက်သင်ခါစ၊ မြီးကောင်ပေါက်၊ အရွယ်ကောင်း၊ ကျရိပ် ဆိုပြီး ခွဲဖြစ်ခဲ့ရင် သူက အရွယ်ကောင်းမှာ ရောက်နေတယ်။ ရင့်ကျက်တည်ငြိမ်တယ်။ ပါးဖောင်းဖောင်းနဲ့ နှုတ်ခမ်းဖူးဖူးက ဆွဲဆောင်မှု ရှိတယ်။ ဒါကို အသားပေး ရိုက်ပေးရင် ပုံကောင်းရနိုင်တယ်။ သူက နည်းနည်း ဆက်ကစီဆန်တဲ့ အလှရှိတယ်။

၆။ နာမည်ကြီးဘလော့ဂါ
နာမည်တော့ မတပ်တော့ပါဘူး။ သူ့ကိုတော့ မြှောက်ပေးလို့ မရဘူး။ အိုက်တင် မပေးတတ်တာ ပြောတာ။ သူလဲပဲ ထင်းနေတဲ့ မျက်ခုံးရှိတယ်။ မြင်သူတိုင်း သတိထားမိစေတဲ့ မျက်ခုံးနက်နက်ရှိတယ်။ ပါးလျားတဲ့ နှုတ်ခမ်း ရှိတယ်။ သဘာဝ ပင်ကိုယ် အရှိအတိုင်းပဲ။ ဆံပင်ကို အလယ်မခွဲပဲ ဘေးတစ်စောင်းခွဲ ရိုက်ရင် အဆင်ပြေတယ်။ သူ့ကို ကာလာစိုစိုနဲ့ ရိုက်တာထက် ဗင်းတေ့ခ်ျ ဆန်ဆန် ရိုက်တာတို့၊ ခရိုမာဖောက်တယ်ဆိုလား.. အဲလို ရိုက်ရင် ပိုကောင်းတယ်။ သူလဲ မျက်နှာ အနီးကပ် ရိုက်လို့ ကောင်းတယ်။ သူ့မျက်လုံးတွေ ဝိုင်းစက်တယ်။ လှတယ်။ တောက်စိုကြည်စင်နေတာပဲ။ အိပ်ရေးမဝလဲ ဒီအတိုင်း တောက်နေတယ်။ သမင်မမျက်လုံး ဆိုတာလား မသိဘူး။ ညီမလေးက နည်းနည်းပိန်တယ်။

ဒါလောက်ပဲ တို့ထိထားမယ်။ နောက်မှ ပြန် Update လုပ်မယ်။

စကားမစပ် မနေ့ညက ဆန်တိုဆာမှာ အတော်မူးသွားတယ်။
ယုံလား မသိဘူး။ ဒါ ပထမဆုံးအကြိမ် သွားဖူးတာပဲ။
ဒီနေ့မနက်ပြန်လာတော့ ကာစီနိုနဲ့ ယူနီဗာဆယ် စတူဒီယို ဝင်လည်တယ်။
ကာစီနိုက ဝင်ကြေး ၁၀၀ တောင် ပေးရတယ်။ ဈေးကြီးလိုက်တာ။
သူများလုပ်တာကို ကိုယ်လိုက်မလုပ်ရရင် သေမတတ်ဖြစ်နေတဲ့ Kiasu ဖြစ်နေတဲ့ စလုံးတွေလဲ ကျူတန်းရှည်တွေနဲ့ တွေ့ခဲ့ရတယ်။

11 comments:

  1. မေးထောက်ကာစဉ်းစားသွား၏။

    ReplyDelete
  2. တစ်ခုမှ နားမလည်ဘူး။
    မူးနေတုန်းရေးတဲ့ပို့စ်မို့လားမသိ။

    ReplyDelete
  3. သူတို့နားမလည်တိုင်း ရေးတဲ့သူကို အပြစ်ဖို့ ဖို့ပဲ စဉ်းစားတယ်။
    တတ်လဲ တတ်နိုင်တဲ့ ပေါက်။

    ReplyDelete
  4. နံပတ်စဉ်တွေ မှန်နေတယ် ဆိုတော့ မူးရင်တောင် အများကြီးမူးတာ မဟုတ်လောက်ပါဘူးဗျ...

းဝ)

    ReplyDelete
  5. "တောက်စိုကြည်စင်" စာလုံး၎လုံးနဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့သွားတာ ဆိုတော့ကာ မမူးလို့ပဲဖြစ်မယ်၊ ဒါမှမဟုတ် မူးမှပိုကွန့်မြူးလာတတ်တာမျိုးလားဟင်င်၊


    ခမမ

    ReplyDelete
  6. နှစ်ယောက်လောက်တော့ ခန့်မှန်းလို့ရသလိုပါပဲ

    ReplyDelete
  7. များကိုလဲ တစ်ပုံလောက်။
    သမင်မမျက်လုံးနဲ့.. နာမည်ကြီးဘလော့ဂါက..
    လူနဲ့နာမည်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ တစ်ယောက်လား။

    ReplyDelete
  8. ကလူထွေး - မမူးပါဘူးဆိုတာကို မဆိုစလောက် မူးတယ် လုပ်နေသေးတယ်။ မူးရင် မတင်နိုင်တော့ဘူး ထင်ပါတယ်။ :P

    ခမမ - သူပြောတာန့ ကိုယ့်ကိုယ်ကိုယ်တောင် မူးတုန်းတင်တာလား။ မမူးတုန်းတင်တာလားဆိုတာ ဝေခွဲမရတော့ဘူး။

    မဲလေး - သူခန့်မှန်းတိုင်း မှားတတ်ပါသည်။ တက်တက်စင်အောင် မှားပါသည်။

    မသု - မသုပြောတဲ့ တစ်ယောက်ပဲ။ တော်ဒယ်။

    ReplyDelete
  9. ဘာမှ နားမလည်ဘူး... (မော်ဒန်ပဲ)
    ဘယ်သူ့ကိုမှ မသိဘူး... (ကိုယ်ကိုက ညံ့တာပါ)
    မွန့် (မသု) ဆီပြေးလိုက်အုံးမယ်... (ကေပို...)

    ReplyDelete
  10. ကိုယ်လဲ ကိုယ် ဒါ့ပုံရိုက်ချင်တဲ့ ယောက်ျားများ ဆိုပြီး ပို့စ်လုပ်ပြီး တင်ဦးမှပဲ။ စာရင်းထဲ ကိုဘတော့ ပါမှာမဟုတ်ဘူး။ :D

    ReplyDelete
  11. မယ်ရီတာ ... ကိုယ့်ကို အပြင်မှာ အရှင်လတ်လတ် လူကို မြင်ဖူးရင် ဒီလိုကော်မန့် လာရေးဖြစ်မယ် မထင်....။
    ခွိခွိခွိ...။

    ReplyDelete