Saturday, February 13, 2010

We Are The World

ကျွန်တော်တို့ မှီတင်းနေသော ကမ္ဘာမြေကြီးက ကျွန်တော်တို့နဲ့ တစ်သားတည်း ထပ်တူကျတယ်လို့ ထင်ပါသလား။
ပတ်ကြားအက်တွေ ဖုံးလွမ်းနေတဲ့ လွင်တီးခေါင်က နွားရိုးခေါင်းဟာ ပူပြင်းလှတဲ့ နေရောင်အောက်မှာ ခြောက်သယောင်းနေပါတယ်။
ဗိုက်ပူနံကားကလေးငယ်လေးကတော့ ယင်တစ်လောင်းလောင်းနဲ့ ပုပ်ပွနေတဲ့ အကောင်ရဲ့ဘေးနားက ဝပ်နေတဲ့ ရေအိုင်လေးထဲက ရေကို အငမ်းမရ လက်ခုပ်နဲ့ ခပ်သောက်နေလေရဲ့။
အရိုးငေါငေါနဲ့ သစ်ပင်ဟာ ဘုရားစူး သစ်ပင်လို့ ပြောလို့ရအောင် ရိုးတံတွေသာ ကျန်ပါတော့တယ်။
ဒါဟာ အာဖရိကရဲ့ သဲကန္တာရ တစ်နေရာက မြင်ကွင်းတစ်ခုပါ။

အမေရိကားမှာ နှင်းမုန်တိုင်းတွေ နှစ်နှစ်ဆက်တိုက် ဆိုးဝါးပြင်းထန်စွာ ကျနေပါတယ်။
ဖိလစ်ပိုင်က အိပ်ပျော်နေတဲ့ မီးတောင်ဟာ အခုတော့ အသက်ဝင်လာပါပြီ။ အဲနားတစ်ဝိုက်မှာ နေထိုင်နေကြတဲ့ ဒေသခံ ပြည်သူတွေကို ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးနေပါပြီ။

တရုတ်ပြည်မှာ ဒီဇင်ဘာလဆန်းပိုင်းလောက်က အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခံလို့ ရေဘေးဒုက္ခကို ကြုံတွေ့နေရတယ်....။ ရွာလုံးကျွတ် ရွှံရေတွေအောက် မြုပ်သွားကြတယ်။

ပီရူးမှာ မြေပြိုမှုတွေ ဆက်တိုက် ဖြစ်နေတယ်။ ညတွင်းချင်း အရှင်လတ်လတ် အိပ်နေရင်းတန်းလန်းနဲ့ မြေပြိုလို့ တစ်ခါတည်း မြေမြုပ်ပြီးသားတွေ ဖြစ်သွားကြတယ်။

ကမ္ဘာကြီးက လူသားတွေကို ဒဏ်ခတ်နေပြီလား...။
လူသားအချင်းချင်း စာနာသနား ကူညီထောက်ထားဖို့ အချိန်ရောက်နေပြီ။
ကောင်းကင်နိုင်ငံတော်က တံပိုးခရာသံတွေ စမှုတ်နေပြီလား...။

အာဖရိကမှာ လွန်ခဲ့သော ၂၅ နှစ်ကျော်က အငတ်ဘေး ဆိုက်ခဲ့တာ သွားလေသူ မိုက်ကယ်ဂျက်ဆင်က ဦးဆောင်ပြီး အငတ်ဘေးဒုက္ခသည်များအတွက် ရန်ပုံငွေ ရှာဖွေခဲ့တယ်။ အခုပို့စ်ခေါင်းစဉ်ပါ "We Are The World" သီချင်းကို သူကိုယ်တိုင် ရေးစပ်ပြီး သူနဲ့ နီးစပ်ရာ သူ့အပေါင်းအသင်း မိတ်ဆွေ နာမည်ကျော် အဆိုတော်များနဲ့ စုပေါင်း သီဆိုခဲ့တယ်။ အဲဒီက ရလာတဲ့ အမြတ်တွေကို အာဖရိကကို လှူခဲ့တယ်။ မွန်မြတ်လှတဲ့ အလှူပေပါပဲ။

မကြာတင်သေးမီက ဟေတီဆိုတဲ့ နိုင်ငံငယ်လေးမှာ ငလျင်တစ်ခု လှုပ်သွားပါတယ်။ အသက်အိုးအိမ်စည်းစိမ် ပြုတ်ပြုန်းဆုံးပါးသွားသူတွေ အများကြီးပါပဲ။ ကမ္ဘာတစ်ဝှမ်းလုံးကလဲ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးကြတယ်။ ရိက္ခာတွေ ပို့ကြတယ်။ အကူလူအင်အားတွေ ကျန်းမာရေး ဝန်ထမ်းတွေ ပို့ကြတယ်။

အခုလဲပဲ ဂီတ အနုပညာရှင်များက သူတို့ တတ်အားတဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီဖို့ ဆုံးဖြတ်ကြတယ်။ အဲဒါကတော့ အနုပညာရှင်များ အားလုံး စုစည်းပြီး အယ်လ်ဘမ်တစ်ခု ထုတ်ကြတယ်။ ရတဲ့ အမြတ်ငွေကို ဟေတီ ငလျင်ဘေး ဒုက္ခသည်များအတွက် လှူဒါန်းကြပါမယ်တဲ့။ ဖေဖော်ဝါရီလ ၁ ရက်နေ့က အားလုံးစုပေါင်း အသံသွင်းခဲ့တဲ့ ဒီသီချင်းလေးကို အခုအခါ iTunes စတိုးမှာ အခပေး ဒေါင်းလုပ် လုပ်ပြီး နားဆင်ရင်းနဲ့ အလှူငွေတွေ ထည့်ဝင်လှူဒါန်းပေးနိုင်ပါတယ်တဲ့။

အသေးစိတ် သိချင်ရင်တော့ iTunes store ကို သွားကြည့်လိုက်ပါ။
ယူထုကနေ ကြည့်ချင်သူများအတွက် အောက်က ယူထုကို အားပေးလိုက်ကြပါ။


Credit to wearetheworld

7 comments:

  1. သ့င်္ကကျွန်းဈေးမီလောင်တာကုန်ရောတဲ့။
    ပန်းဆိုတးန်းအပေါ်လန်းမှာလဲ မီးလန့်သတဲ့
    ဒိုင်နာတွေ မြို့ထဲမဝင်ရတော့ဘူးတဲ့။
    ရွေမှောတွေမှာလူတွေ ရွေလာရှာနေကြ့။
    မြို့နယ်အချို့မှာကြက်သားအရောင်းပိတ်ပင်..
    မင်းသမီးတွေို့ကျော်တက်သွားတဲ့မင်းသားတွေရဲ့ အကယ်ဒမီဖက်ရှင်
    အမျိုးသမီးနစ်ဦးအငှားမယားအဖြစ်ရောင်းစားခံရ
    လိုင်းဖုံးတစ်ချို့ခေါ်သံကြားရပေမဲ့လိုင်းမဝင်

    ReplyDelete
  2. Boyzကြားလား we are myanmar ဆိုသွားတာ

    ReplyDelete
  3. we are the world, except burma ဆိုတာကြီးမျိုးတော ဖြစ်ချင်ဘူးဗျာ...

    ReplyDelete
  4. လှူဖို့ အခပေးဝယ်ကြပါဆိုခါမှ ဘယ်နှဲ့ ယူထုမှာပါနေပါလိမ့်။ ခက်တာပဲ

    ReplyDelete
  5. ရပ်ပ်အပိုဒ် တစ်ခုထဲမှာတော့ အာဖရိက ၊ အင်ဒို ၊ ဟေတီ လို့ ဆိုသွားတာတော့ ကြားတယ်။
    အာဖရိက အငတ်ဘေး
    အင်ဒိုနီးရှား စူနာမီ
    ဟေတီ ငလျင် စတဲ့ မေဂျာဒစ်စ်စပ်စတာ တွေကို ပြောချင်တာလား မသိဘူး။
    မဆီမဆိုင် နာဂစ်ကို သတိရသေးတယ်။

    ReplyDelete
  6. အော်ဖီရှယ် ဗားရှင်းကို တင်ထားတာပဲဗျ။
    နားထောင်ပြီး သဒ္ဓါပေါက်လာရင် အိုင်ကျွန်းထဲကနေ အော်ဒီယိုဗားရှင်းကို အားပေးခိုင်းတာ ထင်တယ်။ လောလောဆယ်တော့ စလုံးမှာ အိုင်ကျွန်းစတိုးကို ပိတ်ထားတော့ အော်ဒီယိုဗားရှင်းကို နားမထောင်ရသေးဘူး ဖြစ်နေတယ်။

    ReplyDelete
  7. အဲဒီ we are the world 25 for haiti ကို နားထောင်ရတိုင်း ကြည့်ရတိုင်း နာဂစ်ကို သတိရ နာကျင်မိတယ်.. ကိုယ့်ကိုကိုယ် တာဝန်မကျေခဲ့သူတယောက်လိုပဲ ခံစားရတယ်..
    ကိုယ် ဘာမှ မလုပ်နိုင်သေးပါလားးး

    ReplyDelete