Sunday, May 16, 2010

သီချင်းဟောင်းတစ်ပုဒ်ကို ခံစားကြည့်ခြင်း။

ပူပြင်းလွန်းတဲ့ တနင်္ဂနွေနေ့ အပူဒဏ်ကို ရှောင်ရှားရင်း နားထောင်မိတဲ့ သီချင်းလေးပါ။
ခင်ဦးမေ စီဘောက်ထဲမှာ ရီတာက ဖြူဖြူကျော်သိန်း သီချင်းတစ်ပုဒ်လာပေးတာကို နားထောင်မိရာကနေ ပထမ သီဆိုသူ အေးချမ်းမေ၊ နောက်ဆုံးသီဆိုသူ ဇမ်နူး အထိ ရှာဖွေ နားထောင်မိပါတယ်။
သီချင်း တစ်ပုဒ်နဲ့ တစ်ပုဒ် ယှဉ်နားထောင်မိတော့ မူလသီဆိုသူ အေးချမ်းမေလောက်ကို နားထဲ မစွဲတာ သတိထားမိတယ်။
ဖြူဖြူကျော်သိန်းက သူ့စတိုင် အတိုင်း အသံခပ်သြသြကို Force ထည့်ပြီး ဆိုတယ်။ သို့သော် မာန်ပါရမယ့် နေရာတွေမှာ ထည့်ဆို မထားဘူး။
ဇမ်နူးကျတော့ အမာသီချင်းကို ပျော့ပျော့ ဆိုထားသလိုပဲ။
မူရင်း အဆိုရှင်အေးချမ်းမေကတော့ ဖော့တန်သင့်တဲ့နေရာမှာဖော့ ဖိသင့်တဲ့ နေရာမှာ ဖိ ဆိုထားတယ်။
ခြုံပြောရရင်တော့ အေးချမ်းမေ ဆိုတာကို အကြိုက်ဆုံး၊ ဒုတိယကိုတော့ ဇမ်နူးကို ပေးလိုက်တယ်။ သုံးပုဒ်ပဲ နှိုင်းထားတာဆိုတော့ ဖြူဖြူကျော်သိန်းကို နောက်ဆုံးမှာပဲ အားနာနာနဲ့ ထားလိုက်ရတယ်။
(ဖြူဖြူကျော်သိန်းကို တိုင်တန်းနစ် သီချင်း ပြန်ဆိုတာကို သဘောကျပါတယ်။ မြန်မာလိုဆိုတာကို ပြောတာပါ။ သူနဲ့ လိုက်ပါတယ်။ သူက မာရီယာကရေးတို့လို စတိုင်နဲ့ လိုက်တယ်။ သိပ်ပြီး အူကြောင်ကြောင် ဖက်ရှင်တွေ မထွင်ရင် ဒီ့ထက် လူကြိုက်ပိုများမှာပါ...။)

အေးချမ်းမေ ဆိုတားတဲ့ ဗားရှင်း - ဇာတ်ဆရာ အလိုကျ


အေးချမ်းမေ ဆိုတားတဲ့ ဗားရှင်း - ဇာတ်ဆရာ အလိုကျ


ဇမ်နူး ဆိုတားတဲ့ ဗားရှင်း - ဇာတ်ဆရာ အလိုကျ

ဇမ်နူး ဆိုတားတဲ့ ဗားရှင်း - ဇာတ်ဆရာ အလိုကျ


ဖြူဖြူကျော်သိန်း ဆိုတားတဲ့ ဗားရှင်း - ဇာတ်ဆရာ အလိုကျ

ဖြူဖြူကျော်သိန်း ဆိုတားတဲ့ ဗားရှင်း - ဇာတ်ဆရာ အလိုကျ


Original မူရင်း သီချင်းကတော့ "Making Love Out of Nothing At All" ဖြစ်ပါတယ်။ အဆိုရှင်ကတော့ Air Supply ဖြစ်ပါတယ်။


မြန်မာပြည်မှာ ရေပြတ်လပ်မှု၊ ရှားပါးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဗောလ်လန်တီယာ အဖွဲ့များကလဲ စုပေါင်း ရေသွားလှူနေကြတယ် သိရတယ်။ ဒီနေ့ကို သွားလှူနေကြတယ်တဲ့။ စင်ကာပူက ချစ်မိတ်ဆွေများ ကိုယ်တိုင် ကိုယ်ကျ မသွားနိုင်ပေမယ့် အလှူငွေတွေ ထည့်ဝင် လှူဒါန်းဖို့ အဖွဲ့လေးများ ရှိပါတယ်။ ကျွန်တော်သိတဲ့ အဖွဲ့ကတော့ အရင်က ဒီဘလော့ လာဖတ်နေကျ မမျိုးမျိုးတို့ ပါဝင်ထားတဲ့ Lotus Foundation ဆိုတဲ့ ကြာဖြူ အဖွဲ့ပါ။
အဖွဲ့လိပ်စာကတော့ http://www.lotusfoundationmm.org/

20 comments:

  1. အေးချမ်းမေ ဆိုတာကို အကြိုက်ဆုံး၊

    Me 2. Me 3...

    ReplyDelete
  2. Hay... I can't go to any link... :(

    ReplyDelete
  3. Now OK by firefox. I can't read ur blog in firefox.
    In I.E, can read but can't go to any link... :P

    ReplyDelete
  4. :) - Your IE got problem? I didn't change any setting in blogspot. I just posted as usual.
    Thanks for comment. I like ACM the best... :D

    ReplyDelete
  5. အေးချမ်းမေဆိုတာကို ဟိုးးငယ်ငယ်ကလေးတုန်းက တစ်ခါလားပဲကြားဖူးတယ်၊ ဖြူဖြူကျော်သိန်းပြန်ဆိုတဲ့ဗားရှင်းကို ခဏခဏကြားမိနေပေမယ့် တစ်ခုခုလိုနေတယ်ချည်း တွေးမိနေတာ.. ခုတော့သိပြီ.. ဒါကြောင့်ကိုး

    ReplyDelete
  6. ကိုဘနဲ့ ကိုယ်နဲ့ တူတယ်။

    ဖြူဖြူကျော်သိန်းကို ဘယ်တော့မှ အနုပညာလို့ ခံစားလို့ မရဘူး။ သူဆိုရင် သီချင်းလို့ကို မခံစားရတာ။ ဂါထာမန္တာန်တွေ ရွတ်ပြီး မကောင်းဆိုးဝါးတွေ နှင်နေသလိုပဲ။ ကိုယ်က အဆိုပညာထက် mood ကို ပိုခံစားတာကိုး။ (အဆိုပညာကလည်း နားမှမလည်တာ)

    ဒါပေမဲ့ ထူးဆန်းတာတစ်ခုက သူ့ကို ကြိုက်တယ်။

    ဇမ်နူးဆိုတာကိုလည်း ခံစားလို့ ရပါတယ်။
    အေးချမ်းမေကတော့ mood ကို အတော်နားလည်တယ် ထင်မိတယ်။

    ကိုယ်ခံစားမိသလောက်တော့ အသံပါဝါ ကောင်းတဲ့လူတွေဟာ mood မကောင်းဘူး။ ဖြူဖြူကျော်သိန်း၊ ချောစုခင် (သူအချစ်သီချင်းဆိုရင် ရန်တွေ့နေသလိုပဲ)။ သျှီ... etc

    အသံပါဝါကောင်းတဲ့အဆိုတော်တွေထဲမှာ... mood ပါကောင်းတာကတော့ တင်ဇာမော် ပဲ။

    ReplyDelete
  7. ခုတင်ထားတဲ့သီချင်းကတော့ ကိုယ့် အကြွေဆုံးသီချင်း။

    ReplyDelete
  8. air supply မကြိုက်ဘူး၊ water supply ဆိုထားတာ တင်ပေးပါ။

    ReplyDelete
  9. food supply ရှိလား။

    ReplyDelete
  10. အေးချမ်းမေ ဆိုတာပဲ ကြိုက်တယ်...း))

    ဟေ့... အပေါ်က မမနဲ့ တီဇက်အေ...
    ဘာ ဆပ်ပလိုင်းဆို ဘာ ဆပ်ပလိုင်း မှ မရှိဘူး...
    အားလုံး ကိုယ်ထူကိုယ်ထ တဲ့... ဟွန်းးးးးးးးးးးးး

    (မီးပူတိုက်စရာ အဝတ်ပုံကြီးကိုကြည့်ရင်း စိတ်တိုတိုနှင့် ပြောသွားသည်...)

    ReplyDelete
    Replies
    1. မီးပူ ပြန်ကောင်းသွားပလား မသက်ဝေ.. :P

      Delete
  11. ဟား ...ဟား.. ဟား.. အပေါ်က မသက်ဝေ လို ဘဲ ဒီမှာလည်း တိုက်ရမယ့် အ၀တ်တွေ ရယ် တပုံကြီး ... ဒီနေ့အ၀တ်တောင် မလျော်ရ သေး ဘူးး(
    ဖြူဖြူကျော်သိန်းကို အသံက လွဲ လို့ ဘာမှ မကြိုက်ဖူး ... ရိုးရိုးတန်းတန်းလုပ်ဆိုရင် ဒီထက်မက လူကြိုက်များဦးမှာ .. စလင်းဒီရွန် ကို လိုက် တု ပြီး နှုတ်ခမ်း ထော် သီချင်း ဆို ဆို ပြတဲ့ သူ့ ပုံ ကို စိတ် အပျက် ဆုံး ဘဲ ... သူများ အတု လိုက် မ ခိုး ရင် ကောင်း မှာ ....

    mie nge

    ReplyDelete
  12. Air Supply ဆိုမှ Air Supply albums တွေ ပြန်နားထောင်ချင်စိတ်ပေါက်သွားပြီ ။ အေးချမ်းမေက air supply သီချင်းတစ်ချို့ပြန်ဆိုခဲ့တာပဲနော် ။

    ReplyDelete
  13. သဘောတူတယ်ဘွိုင်းရေ....အမလည်း အေးချမ်းမေရဲ့ အသံနဲ့ ဆိုဟန်ကို သိတ်ကြိုက်ခဲ့တယ်၊ သူဆုံးသွားတာ နှမျောစရာရယ် နော်....

    ReplyDelete
  14. ဟာ မစီကေအေ ကတော့ လုပ်ပြီ။ ဘယ်တုန်းက အေးချမ်းမေက ဆုံးသွားလို့လဲဗျ။

    မကြားမိလိုက်ဘူး။ လင့်ခ်လေး လုပ်ပါဦး။
    တစ်ကယ်ဆိုရင်တော့ နှမြောစရာကယ်....။

    ReplyDelete
  15. http://www.youtube.com/watch?v=C1ue0bRue3g
    အဲ link မှာ သူမသေဘူးလို့ ပြောထားပါတယ် :D

    ReplyDelete
  16. မြန်မာပြည်မှာ သူ့သီချင်းက blacklist (not allowed to air on radio) ဆို ဟိုတလောက ဘယ်မှာလဲ မသိဘူး ဖတ်လိုက်တယ်.

    ReplyDelete
  17. Power supply ရောလုပ်ပါ ကွန်ပျူတာမှာပါတဲ့ဟာကိုပြောတာမဟုတ်ဘူးနော်း)

    ဖြူဖြူကျော်သိန်းသီချင်းဆိုဟန်က မူရင်းအဆိုတော်ကို မသိရင် အရမ်းကောင်းတာဗျ။ မူရင်းသီချင်းကို မတော်တဆ ကြားမိ၊မြင်မိသွားလို့ကတော့ အသံအနေအထား၊ ဟန်ပန် အကုန်ကူးမှန်းသိသွားမှာ။

    ReplyDelete
  18. တော်သေးတာပေါ့ ရှိနေသေးလို့...တကယ်ကို အဲလိုကြားတာ ဂန်းရှော့ လို့ ၃-၄ ယောက်ဆီက တသံတည်းထွက်တာ...ကိုယ်တွေမှာ နှမျောလို့ ဝမ်းနည်းလို့ ပြီးတော့ သူ့ အသံတိတ်သွားတာကိုး....ဆိုတော့ အဟုတ်မှတ်တာပေါ့ ခိခိ...ယူကျူ့မှာ သွားကြည့်လိုက်တယ်၊ အသံတော့ သိတ်မတူတော့ဘူး...ရုပ်က နဲနဲဝလာတာကလွဲလို့ ချစ်ဖို့ကောင်းတုန်း....လင့်ခ်ပေးတဲ့ SM ကို ကျေးဇူးပါ နော်....

    ReplyDelete
  19. အေးချမ်းမေ ဆိုတာ ပိုကြိုက်တယ်.. ဖြူဖြူကျော်သိန်းကိုမကြိုက်ပေမယ့် သူ့ဟန်နဲ့သူ ဒီသီချင်းဆိုတာ ပိုင်နိုင်ပါတယ်..။

    ReplyDelete