Wednesday, June 9, 2010

Gmail Group Chat

ဒီမနက် Gmail ကို Sign in မဝင်ခင် http://mail. google.com စာမျက်နှာမှာ ဇွန်လ ၉ ရက်နေ့အတွက် Google Lab ကနေ အသစ် ထပ်ထည့်လိုက်တဲ့ ဖန်ရှင် အသစ် ကို မိတ်ဆက်ပေးထားတာ သိရတယ်။

အားလုံး သိကြတဲ့ အတိုင်း ဂျီမေးလ်ထဲက ဘယ်ဘက်ကော်လံမှာ chat လုပ်လို့ရတဲ့ နေရာလေး ရှိတယ်။
Gtalk ထဲကို တိုက်ရိုက် မဝင်ချင်သူတွေ မေးလ်စစ်ရင်းနဲ့ ဂျီမေလ်းထဲက ပါလာတဲ့ ဒီ GChat function လေးကို သုံးလို့ လွယ်တာပေါ့လေ...။
နောက်ပိုင်း အဲဒီ GChat မှာ Video Chat, Video Calling တွေပါ ရအောင် လုပ်လာတာ တွေ့ရတယ်။ ဒါပေမယ့် အဲဒီ Video Call, Video Chat function ကို လူတိုင်းက အလွယ်တကူ မသုံးကြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်တွေက chtting ထိုင်တယ်ဆိုရင် Gtalk ပဲ သွားသွားဖွင့်နေကြတာကိုး။ နောက်ပြီး Gtalk မှာကျတော့ အဲဒီ Video Chat Function ထည့်မထားတော့ မသိတာများတယ်။

အခုကျတော့ ဒီ Gmail ထဲက Gchat မှာ TextChat, Voice Chat, Video Chat အပြင် Group Chat ဆိုတဲ့ function ကို ကနေ့ ထပ်ထည့်လိုက်ပါတယ်။


စမ်းသုံးကြည့်ကြပါလေ။
ကျွန်တော်တော့ Gmail ထဲက chatting style ကို မနှစ်သက်ပါဘူး။ Gtalk ကနေပဲ ချက်တာ ကြိုက်ပါတယ်။
ဒါပေမယ့် လောလောဆယ် ဒီ Gmail ထဲမှာ Group Chat ကို ပေးထားတယ် ဆိုတော့ စမ်းသပ်ကြည့်လိုက်ပါဦးမယ်။
Feed Back လေးများ ပေးကြပါဦး။

အကျယ်ကို ဖတ်ချင်ရင် Google Blog ဖြစ်တဲ့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

12 comments:

  1. Group chat ဆို skype ပဲ သုံးနေတာ...စမ်းကြည့်ပါဦးမယ်...TQ

    ReplyDelete
  2. ဒီမနက်ပဲစပြီးသတိထားမိတယ် .. မြန်ပါပေတယ် အဘရယ်

    ReplyDelete
  3. cbox ကလူတွေ g မှာပဲ group chat လိုက်ကြရင် ဘလော့လောကကြီးမှာ ပြောစရာ အတော်လျော့သွားတော့မှာပဲ လို့ တွေးနေမိတယ်။
    :)))

    ReplyDelete
  4. ကိုယ်က ခုနကပဲတွေ့လို့ ဘာလေးပါလိမ့်လို့ကြည့်နေတာ...
    သူက ရေးတောင်ပြီးပြီ... မြန်ပါ့...း))

    ReplyDelete
  5. ချက်ကြည့်ကြတာပေါ့ ကိုဘွိုင်း ဂျီမေးလ် လိပ်စာပြောပြ....ဇွတ်ပဲ.... ဒီက...:)

    ReplyDelete
  6. ရေးသားသူ Ko Boyz at 11:26 AM

    Posted by Nay Nay Naing at 6/09/2010 11:00:00 AM 0 comments

    http://naynaynaing.blogspot.com/2010/06/chat-in-gmail.html

    သူက ကိုယ့်ထက် ၂၆ မိနစ်စောတယ်ဗျ။ အဟက်...
    ရီတာ -CBox က Register လုပ်စရာ မလိုပဲ ချက်လို့ရတယ်။
    Gtalk က ကိုယ်သိတဲ့သူကို Add လုပ်ထားမှ ချက်လို့ရတယ်။ ဒါကွာတယ်။
    မျက်နှာဖုံးတပ်ချင်သူများအတွက် CBox က ဆက်လက် အသုံးဝင်နေမှာပါ။

    မမCKM - အတင်းရော ကာရောပါလားဟင်... ဂလောက် ပေါ်တင် Open ထားတာတောင် လိပ်စာ လာတောင်းနေတုန်း...။ :)

    ReplyDelete
  7. သိပါတယ် အဲလောက်တော့
    ကိုဘ ရှင်းပြလိုက်မှပဲ ကိုယ်က ဘာမှ မသိတဲ့ ငတုံးလိုလို ဘာလိုလိုနဲ့
    ကိုယ်ချက်ချင်တဲ့သူတွေပဲ ထည့်ချက်ရတော့ ကောင်းတာပေါ့။
    ပြီးတော့ privacy ရှိတယ်လေ။

    ReplyDelete
  8. gmail ကနေပဲ chatတာများပါတယ်..
    ဗီဒီယိုချက်ကလဲ သိပ်ရင်းနှီးတဲ့ညီမလေးတွေက အစားအသောက်ကြွားချင်ရင် သိပ်သုံးဖြစ်တဲ့အရာပေါ့..
    ဂလုချက်တော့ မသိသေး..



    ပုံ..
    စကားနည်းသူ

    ReplyDelete
  9. ဟမ် ဘယ်မဒုံး တွေ့ပါဘူး CKA ပါဟဲ့ ...:P

    ReplyDelete
  10. ပို့စ်ထဲက ဒီနေရာ ဆိုတာကို ဘယ်နှစ်ယောက်လောက်က ကလစ်လုပ်ပြီး သွားဖတ်ဖြစ်လဲ မသိဘူး။
    သိချင်လိုက်တာ။

    ReplyDelete
  11. ကိုယ်တော့ မဖတ်ဘူး သေချာတယ်

    ReplyDelete
  12. ထိပ်ဆုံးက ဆိုတာ သိပါတယ် ဒေါ်ရီတာ...။ :)

    ReplyDelete