Apple Peel ဆိုပဲ။ အိုင်ပေါ့တ်တပ်ခ်ျကို အဲဒီ Apple Peel တပ်လိုက်တာနဲ့ အိုင်ဖုန်းဖိုး လို သုံးလို့ရမယ်တဲ့...။
လွန်ခဲ့တဲ့ နှစ်လလောက်တုန်း နည်းပညာ သတင်းမှာ တရုတ်ပြည်က ကောင်လေးတစ်ယောက် လုပ်နေတယ်သာ ကြားနေတာ။ အခုလောက် အောင်မြင်လာမယ် မထင်ဘူး။ ခုတော့ ယူအက်စ်ကို သွင်းတော့မယ်တဲ့။
သူက အိုင်ဖုန်းထည့်တဲ့ ကေ့စ်လို ထုတ်ထားတာ။ ဆင်းမ်ကဒ် ထည့်ဖို့ နေရာရယ်၊ ဘက်ထရီရယ် ပါတယ်။ တစ်ခုကို ယူအက်စ် ခြောက်ဆယ်လောက် ကျမယ် ပြောတယ်။ အဲဒါတပ်လိုက်ရင် ဖုန်းပြော မက်ဆေ့ခ်ျပို့လို့ရပြီတဲ့...။
တစ်ကယ် အလုပ်ဖြစ်ရင်တော့ ၆၄ ဂစ် အိုင်ပေါ့တ်တပ်ခ်ျလေး ၀ယ်ပြီး သုံးလိုက်မယ်။ အခု နောက်ဆုံးပေါ် အိုင်ပေါ့တ်တပ်ခ်ျလေးက Rectina Display, Front Facing Camera, FaceTime
ပါတယ်ဆိုတော့ စမ်းချင်နေတာ...။
အကျယ် ဖတ်ချင်ရင်တော့ အောက်ကလင်ခ့်ကို သွားလိုက်ပါ။
ဒီမှာ ဖတ်ပါ။
No comments:
Post a Comment