Thursday, September 9, 2010

Google Instant




ဂူဂယ်ကို လူတိုင်း သိမှာပါ။
ဂူဂယ်နဲ့ ကိုယ်သိလိုတဲ့ အချက်အလက်တွေကို ရှာဖွေတာ ဘယ်လောက် မြန်ဆန်တယ်ဆိုတာလဲ သိကြမှာပါ။
အခု ဂူဂယ်ကနေပြီး လုပ်ဆောင်ချက် အသစ်တွေ ပါတဲ့ Google Instant ဆိုတဲ့ new feature ကို Google Search မှာ ထည့်သွင်းပေးလိုက်ပါပြီ။
ဘယ်လို ကောင်းလာလဲ ဆိုတော့ အချို့ဥပမာတွေ ပြရရင် အရင်ကထက် ရှာဖွေနှုန်း ၄-၅ စက္ကန့် ပိုမြန်လာပါမယ်။
စာတစ်လုံး ရိုက်လိုက်ရင် အဲဒီစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ချက်ချင်းပဲ မြင်နေရပါမယ်။ စက္ကန့်မလပ် update လုပ်ပေးမယ် လို့ ဆိုပါတယ်။
လောလောဆယ် အသုံးပြုနိုင်တဲ့ နိုင်ငံတွေကတော့ US, UK, France, Germany, Italy, Spain and Russia တို့ဖြစ်ပါတယ်။
အသုံးပြုနိုင်တဲ့ Browser တွေကတော့ Chrome v5/6, Firefox v3, Safari v5 for Mac and Internet Explorer v8 ဖြစ်ပါတယ်။
လူတိုင်းကသာ Google Instant ကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ အချက်တွေကို ရှာမယ်ဆိုရင် အရင်ကထက် 3.5 billion Second အချိန်ကုန် သက်သာသွားမယ်လို့ ဆိုပါတယ်။

အကျယ်ဖတ်ချင်ရင် ဒီလင့်ခ်မှာ သွားဖတ်လိုက်ပါလေ။
ကော်နက်ရှင်နှေးတဲ့ နေရာတွေမှာတော့ ၅ စက္ကန့်လောက် ပိုမြန်လာတာလောက်နဲ့တော့ ပြောပလောက်အောင် ထူးခြားမှာ မဟုတ်လောက်ပါဘူး။ (တားတို့ ရွှေပြည်ကြီးကို ပြောနေတာ မဟုတ်ဘူးနော်။ :D )

1 comment:

  1. အောက်ဆုံးကစာကြောင်းကိုသေချာဖတ်ပြီး ပြုံးသွားတယ်

    ReplyDelete