Friday, April 8, 2011

သင်္ကြန် အကြို ရာသီစာလေး

ဘလော့ဂ်ဂါ မင်းသားကြီး

V1 -(ဘလော့ဂါ မင်းသားကြီး ဘလော့ဂ်ဆိုဒ်တစ်ကာ ရောက်ခဲ့ပြီ...။
ဘယ်ဘလော့ဂ်သူ၊ ဘယ်ဆိုဒ်မှန်းမို့ မသိတော့ ခက်သေးသည်။
မနေ့က ပေးတဲ့ ဘလော့လိပ်စာ Thumb Drive စိုလို့ ပျက်ကုန်ပြီ...
မမှတ်မိတော့ ခက်သားလှဒေ၀ီ...။)၂

PreCho : ဘလော့မင်းသမီးကြီး ခြေရာဖျောက်တော့ လိုက်လို့ရှာသည်။

ဟို CBox တွေ့နိုးနိုး.. ဒီ CBox တွေ့နိုးနိုး...
မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ။
ဘလော့ဂ်မင်းသမီးနဲ့ တွေ့ဖို့ အလွန်ခက်သည်။

V1 - (Solo)
Cho : နေ့သစ်အကူးမှာ ပို့စ်အသစ်လေးတွေ တက်တော့မည်။
Gmail, Native, ပဒုမ္မာ ကျူးပစ်ပလန်းနက်ပါ မကျန်ပြီ...။
ကောမန့်ဘောက်က်မှာ လိုက်ရှာလဲလေ တို့မတွေ့ပြီ။
ဘန်းကျော်ကြောင့်လား တွေးတော့ ဝေးနေပြီ။
မြန်မာဆိုက်ဘာ ယူဆာ လေးနှမငယ် ...
တစ်ချက်စာ Chat မှာ မျက်လှည့်ပြလိုက်ပြီ...။

V1. PreCho:

(မပြီးမချင်း loop ပတ်၍ ပြန်ဆိုရန်။)


- မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ။
- ရှာပုံတော် မင်းသားကြီး သင်္ကြန်သီချင်းကို မှီငြမ်း ပုံဖျက်ထားသည်။
- မူရင်း သီချင်း နားဆင်လိုသော် အောက်ကပုံကို ကလစ်နှိပ်ပါလေ...။


ရှာပုံတော် မင်းသားကြီး - ဇော်ပိုင်

ကိုယ့်ဗားရှင်းနဲ့ကိုယ် ပြန်တင်ထားတာကို ဒီနှစ် 2011 အတာနှစ်ကူး အကြိုအနေနဲ့ ဆားချက်လိုက်ပါတယ်။

6 comments:

  1. ဘယ်နစ်နစ်ရှိပြီလဲ ချက်နေတာ. :mt:

    ReplyDelete
  2. တို့ဝယ်တုံးကတော့ ၂၄ သိန်းဘဲ။

    ReplyDelete
  3. အခု ဝယ်ထားတဲ့ 017 က 097 ဖြစ်သွားပြန်ပြီ။

    ReplyDelete
  4. ကိုကြီးက ဒီလိုပဲ ချက်နေကြကို မမကွမ်ကလည်း မသိဟန်ဆောင်ပြီးမေးနေသေးတယ်။ ဟဟားး။ ကိုကြီးရေ ပျော်ရွှင်သော နှစ်သစ်မင်္ဂလာလေးပါ။ စကားမစပ် ကိုကြီးရော ဘယ်တော့ နှစ်ကူးမှာတုန်း။ ဟိဟိ

    ReplyDelete
  5. ကျနော် ကိုမိုး မေဃဝတီ ရနောင်းကလည်း } ဒီနှစ်သင်္ကြန်မှာပျော်ချင်ပါတယ်ဒါပေမဲ့ အဝေးတနေရာကပဲ့နှစ်သစ်လိုက်ပါပြီ

    ReplyDelete
  6. မျက်နာကောသစ်လိုက်သေးလား။

    ReplyDelete