Wednesday, July 6, 2011

iPad 2 ကို JailBreak လုပ်ရအောင်

မကြောက်ပါနဲ့။ ထောင်မဖောက်မီတုန်းက တင်ထားတဲ့ iPad 2 Lock Screen ပုံလေးပါ။ 
iPad 2 အတွက် Jailbreak လုပ်လို့ရတဲ့ ဆော့ဖ်ဝဲကို ဇူလိုင်လ ၆ ရက်နေ့က ထုတ်လိုက်ပါတယ်။
အိုင်ဖုန်းကို အောင်မြင်အောင် ထောင်ဖောက်ပေးနိုင်ခဲ့တဲ့ Hacker ဆရာကြီး Comex ရဲ့ Jailbreakme 3.0 နဲ့  မိမိတို့ရဲ့ iPad2 4.3.3 ကို ထောင်ဖောက်နိုင်ပါပြီ။ 






မိမိတို့ရဲ့ iPad 2 မှာ ရှိတဲ့ Safari Browser ကနေပြီးတော့ အောက်ပါလိပ်စာအတိုင်း သွားလိုက်ပါ။
http://www.jailbreakme.com

အဲဒီနောက် Cydia ဆိုတဲ့ လိုဂိုအောက်နားက Free ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။

အဲဒီခလုတ်လေးက Install ဆိုတာ ပြောင်းသွားရင် အဲဒီ Install ခလုတ်ကို ထပ်နှိပ်လိုက်ပါ။ ကျန်တာတွေကတော့ သူ့အလိုအလျောက် ထောင်ဖောက်ပေးသွားပါလိမ့်မယ်။


နောက်ဆုံးမှာ အောက်က ပုံအတိုင်း ကိုယ့် စကရင်မှာ Cydia ဆိုတဲ့ apps store တစ်ခု ကိုယ့်အိုင်ပက်မှာ ပေါ်လာရင် ထောင်ဖောက်တာ အောင်မြင်သွားပြီလို့ ဆိုရပါပြီ။
 
နောက်မှ အသေးစိတ် ထပ်ရေးပေးပါမယ်။
လောလောဆယ် ထောင်ဖောက်ထားတာကို ကလိ လိုက်ပါဦးမယ်။
အကယ်၍ မိမိကိုယ်တိုင် ထောင်ဖောက်ချင်တယ်ဆိုရင် အောက်ပါလင်ခ့်များက ကျူတိုရီရယ်များကို အသုံးချပြီး ကြိုးစားနိုင်ပါတယ်။
http://www.redmondpie.com/jailbreak-ipad-2-4.3.3-using-jailbreakme-3.0-how-to-tutorial/
http://www.iclarified.com/entry/index.php?enid=15889

စာကြွင်း။ ။ ဒါလေးက ကျွန်တော့် LockScreen ပုံပါ။  အသည်းလေးက သူ့ပုံတင်ထားတာ ရှက်တယ်ဆိုလို့.. ကာတွန်းပုံနဲ့ အစားထိုးလိုက်တာ။ ဘယ်ကားထဲက ပုံလဲဖြေပါ (၁၅ မှတ်)။
Thanks for iPad, Honey.


All software credits, photo credits go to respective owner.

အကယ်၍ လက်တွေ့မှ မြင်ချင်တယ်ဆိုရင်တော့ အောက်က ယူထုက ကျူတုရီရယ်ပုံကို ကြည့်ပါလေ။ 



Credit to iClarified

7 comments:

  1. ခွိခွိ... ကာတွန်းရုပ်ရှင် ဂုရုကိုမှ လာမေးမိတာကိုး....။

    ReplyDelete
  2. ၁၅ မှတ်ရ နည်းလား :P

    ReplyDelete
  3. ရုံးမှာပဲ ရှိသေးလို့ပေါ့ဂျာ.. အေးဆေးကျမှ ဖောက်ဦးမှ.. :-P

    ReplyDelete
  4. မထင်ဘဲရောက်လာပါတယ်. ice age 3 က ကောင်လေးတွေထင်တယ်

    ReplyDelete
  5. ကို​ဘ အဲ​ဒါ​က 4.3.5 မှာ အလုပ်မ​လုပ်ဘူး။

    ReplyDelete
  6. Jailbreakme.com ပိုင်ရှင် Comex က သူတွေ့ထားတဲ့ Exploit ကို 4.3.3 အထိပဲ ထုတ်ပြထားပါတယ်။ နောက်ထပ် ထုတ်ပြလိုက်ရင် 4.3.5 မှာ ပိတ်လိုက်မှာ စိုးလို့ 4.3.5 အတွက် သူမလုပ်သေးတာပါ...။
    အခု အဲဒီ 4.3.3 exploit ကို အခု 4.3.5 မှာ apple့ က ပိတ်လိုက်လို့ ထောင်ဖောက်မရ ဖြစ်နေတာပါ။ iOS 5ထုတ်လာတဲ့ နောက်ပိုင်း 4.3.5 ကို ဖောက်လို့ရတော့မှာပါ။
    ကံကောင်းရင် iOS 5 ပါ ဖောက်လို့ရသွားမယ်...။

    ReplyDelete