Saturday, August 27, 2011

iOS : LabelSlide

မင်္ဂလာပါ ဘလော့ကြွလာ ပိတ်သတ်ကြီးတို့...။
မတွေ့ဖြစ်တာ တုတ်ထိုးစားပြိး နောက်ပိုင်းပဲ...။
အလုပ်ကလဲ မိုးလင်းက မိုးချုပ်ဆိုတော့ ဘလော့ဖက်ကိုတောင် မလှည့်အားဖြစ်တော့ဘူး။
ပို့အသစ် မတင်ဖြစ်ပေမယ့် လာလည်ပြီးတော့ ကော်မန့်လေးတွေ ချန်ထားပေးတာ ကျေးဇူးပါ။
အခုကစပြီး တစ်ပတ်ကို တစ်ပို့စ်လောက်တော့ အနည်းဆုံးတင်ပေးပါ့မယ်။
အခုတစ်ပတ်တော့ ပန်းသီးထုတ်ကုန်နဲ့ ပတ်သက်လို့ ကလိဖြစ်တာလေးကို ဖော်ပြချင်ပါတယ်။


iPhone, iPad ကို စစချင်း ဖွင့်လိုက်ရင် Slide to Unlock ဆိုတာလေးကို ပထမဆုံးတွေ့ကြမှာပါ....။ အောက်က ပုံလေး အတိုင်းပေါ့နော်...။
ပုံမှန်ဆို ပန်းသီးက အဲဒါကို ပြင်ခွင့် မပေးပါဘူး။ အဲ့ထှာနဲ့ အနော်လဲ ထောင်ဖောက်လိုက်ပြီး နည်းနည်းကလိလိုက်တယ်။ အဲဒါ အခု ကျွန်တော့် အိုင်ပက်လေးထဲမှာ ဂလိုလေး လုပ်ထားလိုက်တယ်။


ကိုယ်ကြိုက်တဲ့ စာသားလေးတွေ ထည့်ပေးလို့ ရပါတယ်။


လုပ်ပုံလုပ်နည်းကတော့
၁။ မိမိ အိုင်ဖုန်း၊ အိုင်ပက်တွေသည် JailBreak လုပ်ပြီးသား ဖြစ်ရပါမယ်။ (JailBreak လုပ်နည်းကို ဒီမှာ ရှု။ )
၂။ JailBreak လုပ်ပြီးပြီဆိုရင် Cydia Store ထဲက LabelSlide ဆိုတာလေးကို ရှာပြီး အင်စတောလုပ်လိုက်ပါ။ 
၃။ ပြီးရင် Settings ထဲက General ကို သွားဖွင့်လိုက်ပါ။
၎။ အဲဒီမှာ LabelSlide ဆိုတာကို တွေ့ပါလိမ့်မယ်။
၅။ အဲဒီ LabelSlide ကို ဖွင့်ပါ။
၆။ Enabled ဆိုတာကို ON လိုက်ပါ။
၇။ Custom Label ဆိုတာကိုလဲ ON လိုက်ပါ။


ပြီးပါပြီ။ တီထွင်ပေးတဲ့ iOS hacker ကို ကျေးဇူးတင်ပါတယ်။ မ
မရှင်းတာ ရှိရင်တော့ အောက်က ဗွီဒီယိုလင့်ခ်လေးကို ကြည့်လိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
(ဗွီဒီယိုက ကျွန်တော် လုပ်ထားတာ လုံးဝ မဟုတ်ပါဘူး။ :D )





စာကြွင်း။ ။ ဒီလို လေဘယ် ပြောင်းနည်းကို တင်ပေးဖို့ ပြောလာကြတဲ့ လူတွေကို အခုမှပဲ တင်ဖြစ်တဲ့ အတွက် အပြစ်တော် မမြင်ပဲ အချစ်တော် ဝင်ကြပါလို့....။ :)

4 comments:

  1. အကျွန်မှာမူ စာမူခ မရနိုင်သေး၍ မဝယ်နိုင်သေးပါ။ သနားစရာဘဝပါတကား။

    ReplyDelete
  2. စိတ်သာရှင်စော ဘုရားဟော ဟု ကြားဖူးပါသည်။
    ဝယ်ချင်စိတ်ကလေူသာ မွေးမြူလိုက်ပါ။ သနားစရာ ဘဝက ကင်းလွတ်မည် ဖြစ်ကြောင်း အတိအလင်း အာမခံပါသည်။

    ReplyDelete
  3. I m sharing ur posts to Thu Sin Kyel..in FB.. :P

    ReplyDelete
  4. It's free to share.
    Pls, let others know and enjoy the benefit of being jailbreaking.

    ReplyDelete