Sunday, January 22, 2012

How to JailBreak A5 Chips iDevices (iPhone 4S, iPad 2) iOS 5.0.1 with Windows Version Absinthe Software

How to Jailbreak A5 iDevices on iOS5.0.1 with Absinthe Software.

၁။ ပေးထားတဲ့ လင့်ခ်အတိုင်း သွားပြီး မိမိတို့ အလိုရှိရာ OS Version ကို Download လုပ်လိုက်ပါ။
၂။ ဆွဲချလို့ ရလာတဲ့ RAR ဖိုင်ကို UnRar ပြန်လုပ်လိုက်ပါ။
၃။ ဖိုင်သိမ်းထားတဲ့ နေရာကို မှတ်ထားပါ။
၎။ မိမိတို့ရဲ့ အိုင်ဖုန်း (သို့မဟုတ်) အိုင်ပက်ကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။
    အိုင်ကျွန်းနဲ့ ချိတ်ပြီး မိမိတို့ရဲ့ ဒေတာတွေကို Backup လုပ်ပေးပါ။
   Right click on iphones/ipad and choose Transfer. After Tranfer finish, then again choose Backup.
   (ကျွန်တော်ကတော့ ဓါတ်ပုံတွေကို Windows Explorer သုံးပြီး သတ်သတ် ကော်ပီပေ့စ်လုပ်တယ်။)
၅။ အိုင်ကျွန်းကို ပိတ်လိုက်ပါ။ ဖုန်းကို Lock Screen ကနေ Password ပိတ်ထားတယ်ဆိုရင် Password ကို ဖျက်လိုက်ပါ။
၆။ ခုနက သိမ်းထားတဲ့ ဖိုင်ဖိုဒါကို သွားလိုက်ပါ။ အဲဒီထဲက absinthe ဆိုတဲ့ ဆော့ဖ်ဝဲလေးကို Run လိုက်ပါ။ မိမိတို့ရဲ့ အိုင်ဖုန်း/အိုင်ပက်က ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတာ သေချာရင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်။

၇။ Jailbreak ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။
၈။ ဆော့ဖ်ဝဲက အော်တို အလုပ်လုပ်နေပါလိမ့်မယ်။ ဖုန်းကို သွားမတို့မထိပါလေနဲ့။ ဆော့ဖ်ဝဲကို သူ့ဟာသူ အလုပ်ပေးလုပ်နေပါစေ။
၉။ Progress Bar လေး ပြည့်ခါနီးလောက်ရောက်ရင် မက်ဆေ့ခ်ျပေါ်လာပါလိမ့်မယ်။ မိမိတို့ ဖုန်း/အိုင်ပက်ကို Lock ကျနေတာကို ပြန်ဖွင့်ပြီး အရိုးခေါင်းပုံ icon လေး ရှိတဲ့ နေရာကို ရှာပါ။ အဲဒီ icon ကို နှိပ်လိုက်ပါ။ (အရိုးခေါင်းက Greenpois0n ရဲ့ လိုဂိုပါ။)
၁၀။ အဲဒီမှာ ဖုန်းက အော်တို ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်။
၁၁။ Cydia icon လေးကို ကိုယ့်ဖုန်းထဲမှာ မြင်နေရရင် Jailbreak လုပ်တာ အောင်မြင်တယ်လို့ ဆိုရပါမယ်။
၁၂။ မမြင်ရရင်တော့ ဖုန်းကို ရီစတိုး လုပ်ပြီး အစက ပြန်လုပ်ရပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။

စာကြွင်း ။ ။ 
၁။ အထက်ပါနည်းသည် ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်၍ အောင်မြင်ထားသော နည်းဖြစ်ပါသည်။ 
၂။ ဖုန်းမတူ၍ အသင်တို့ဖုန်းနှင့် အကျွန်ုပ်၏ ဖုန်းရလဒ်ချင်း ကွာနိုင်ပါသည်။
၃။ အကျွန်ုပ်နည်းအတိုင်း စမ်းသပ်၍ မအောင်မြင်ပါက တာဝန်မယူပါ။ (Author takes no responsibilities by trying those mentioned method. Please, try it at your own risk)

As of now, My iPad 2 and iphone 4S were successfully jailbreak using Abisnthe.

Credit to All Dream Team and the site hosting.

6 comments:

  1. ios 5.0.1 updateလုပ် ထောင်ဖောက်ပြီးကာမှ မြန်မာစာရိုက်လို့မရတော့ဘူး...

    ReplyDelete
  2. iOS 5 မှာ မြန်မာကီးဘုတ် မရသေးဘူး...။
    လုပ်တဲ့သူက လုပ်နေတာပဲ.. ရမှလာပြောပြမယ်...။

    ReplyDelete
  3. Toshiba softband unlock လုပ်ခြင်လို့ ...လုပ်နည်းနဲ့ ဆော့ ဝဲလေးတင်ပေးပါအုံး
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. Model number လေးပါ ထည့်ပေးပါလား...။
    တိုရှီဘာ ဖုန်းတော့ မလုပ်ဖူးသေးဘူးဗျ....။
    လောလောဆယ် အိုင်ဖုန်းပဲ လုပ်ဖူးတယ်။
    အန်ဒွိုက်ဖုန်းထဲက Dream G1 Mobile ကို စမ်းလုပ်တာ Brick ဖြစ်နေတုန်း...။ :)
    တတ်နိုင်သလောက် ကူညီပါ့မယ်။

    ReplyDelete
  5. ကျေးဇူး ko Boyz ဖုန်းplan ပြောင်းလိုက်လို့  internet tethered မ၇တော့လို့ တောင့် မခံနိုင်တော့ပဲ ထောင်ဖောက်လိုက်ရတယ်ဗျာ

    ReplyDelete