Showing posts with label Humour. Show all posts
Showing posts with label Humour. Show all posts

Monday, November 28, 2011

Just For Laughs.. ဘဝအမောများ ပြေစေဖို့...။


တစ်နေ့တာ ဘဝအမောလေးတွေ ပြေနိုင်အောင် တင်ပေးလိုက်ပါတယ်။
ရယ်ရပါတယ်။ အမောပြေပါတယ်ဆိုရင် တင်ရကျိုးနပ်ပါတယ်။ :)

Wednesday, March 10, 2010

ကျွန်တော်နဲ့ Haiku

ငယ်ငယ်က မဂ္ဂဇင်း တစ်ခုမှာ မောင်သာနိုးရေးတဲ့ ဂျပန်ဟိုက္ကူ ကဗျာ အကြောင်း ဖတ်မိတယ်။
ဟိုက္ကူဆိုတာ ဇင်ဘာသာနဲ့ ဘယ်လို ပတ်သက်ဆက်စပ်တယ် ဆိုတဲ့ အကြောင်းတွေလဲ ပါတာပေါ့။
ဟိုက္ကူဆိုတာ ပထမကြောင်း ငါးလုံး ၊ ဒုတိယကြောင်း ခုနှစ်လုံး ၊ တတိယ ငါးလုံး.... ဆိုလား မသိဘူး။ အဲလို ရေးနည်းတွေလဲ ပြောပြထားတယ်။
မြည်သံစွဲ လင်္ကာတွေလဲ သုံးတယ်တဲ့။
ဟိုက္ကူကဗျာကို ဇင်ဘုန်းကြီးများလဲ ရေးစပ်ကြတယ်ဆိုတာတို့ ဘာညာပေါ့ဗျာ။
သူရေးပြသလောက် ကိုယ်တို့က ဖတ်ခဲ့ရတာကိုး။
အဲဒီမှာ သူက နာမည်ကျော် ဂျပန် ဟိုက္ကူ ကဗျာ တစ်ပုဒ်ကို ဥပမာ ပေးတယ်။
အင်္ဂလိပ်လိုလား ဂျပန်လိုလား မသိ မူရင်းကို သူတင်တယ်ထင်တယ်။
အဲဒီတုန်းက ကိုယ်က ငယ်နေသေးတော့ မြန်မာလို သူပြန်ထားတာပဲ မှတ်မိတယ်။

ရေကန်ထဲကို
ဖားကလေး ခုန်ချ
ပလုံ။


Picture Credit to : http://www.scottramsey.com.au/


အဲလိုပေါ့လေ။ အဲဒါတွေပဲ မှတ်မိတယ်။
ဒါနဲ့ ကိုယ်လဲ ခပ်တည်တည်နဲ့ အင်္ဂလိပ်လို ဘာသာပြန်ချလိုက်တယ်။
တောက်မည့် မီးခဲ တစ်ရဲရဲ ဆိုသလိုပေါ့လေ။ (အဟက်...)
ဘယ်လို ပြန်လဲ ဆိုတော့...


Into the pond
Jump The Frog
Zoop!

ကဲ ဘယ်လောက်တော်တဲ့ ကိုယ်လဲ။
ခုထိ မှတ်မိနေတုန်း။ ဟိုတစ်လောက ရီတာတို့ ပလုံတို့နဲ့တောင် စကားစပ်ရင်း ပြောပြဖြစ်သေးတယ်။

ဘာရယ် မဟုတ် ငယ်ငယ်က ကိုယ့်ကိုယ်ကို အဟုတ်ထင်ပြီး လုပ်ချင်ရာ လုပ်တာတွေကို မှတ်တမ်းတင်ထားချင်လို့။
(နောက်ဆို အင်္ဂလိပ်ပုံပြင် တစ်ပုဒ်ကြောင့် အတော့်ကို ဖြစ်ပျက်ခံစားလိုက်ရတာကို လာရေးပြဦးမယ်။ တစ်ကယ်တော့ ကိုယ်က လူကောင်ကြီးပြီး အသည်းငယ်တယ်ဆိုတာ ပြောပြချင်ထှာ။ လာ လာ မစကြနဲ့။ ဟီး။ )

ဟိုက္ကူဆိုတာ သိချင်သူများအတွက် ဝီကီမှာတော့ ဒီလို ရှင်းပြထားလေရဲ့။

မောင်သာနိုးရှင်းပြခဲ့တဲ့ နာမည်ကြီး ဂျပန် ဟိုက္ကူကတော့ အောက်ကအတိုင်းပါပဲ။ ဘရှိုး ဖား လို့ အမည်ရမယ် ထင်ပါတယ်။

Furu ike ya
kawazu tobikomu
mizu no oto


ဒါကို နိုင်ငံတကာက ဘာသာရပ် အသီးသီးနဲ့ ပြန်ထားတာကို ဒီမှာ အမျိုးပေါင်း သုံးဆယ်လောက် တွေ့ရပါလိမ့်မယ်။

Saturday, June 28, 2008

အပျော်တမ်း သွေးဗေဒင် ... တဲ့... ဟဲဟဲ

ကိုယ့်လက်တစ်ဘက်စီမှာ ရှိတဲ့ လက်ချောင်းတွေတောင်မှ အတိုအရှည် မတူညီကြတာ...။ မတစ်ထောင်ဖွား ပုဂ္ဂိုလ်များ တစ်ယောက်နဲ့ တစ်ယောက် အမှုအကျင့်ချင်း တူနိုင်ဖို့ ဆိုတာ တော်တော် ခက်ပါလိမ့်မယ်...။ မိုးပေါ်က အပ်နဲ့ လူ့ပြည်က အပ်တစ်စင်း ထိပ်တိုက်တွေ့လို့ လူတွေသာ တစ်ပြွတ်ပြွတ် မွေးလိမ့်မယ်...။ မွေးလာတဲ့ လူသားတိုင်း အမှုအကျင့်ချင်းတူနိုင်ဖို့ လမ်းဟာ လိပ်ခေါင်း ထမ်းပိုးပေါက် စွပ်မိဖို့ ခဲယဉ်းသလိုပဲပေါ့...။ ဟုတ်တယ်နော် ကိုတီဇက်အေ ...။ (အပျိုးလေးက လှသဗျား...။ ခင်းတတ်တယ်နော်...။)

ဘာရယ်မဟုတ်ပါဘူး...။ ဒီနေ့ အီးမေးလ်ထဲက ရလာတဲ့ ကာတွန်းလေး တစ်ပုဒ်ကို သဘောကျလို့ပါဗျာ...။ ပေါ့ပေါ့ပါးပါးလေးပါ...။ ပါးပါးလေးနဲ့ အတွေးတွေ ပစ်ပေးသွားတယ်ဗျ...။ မှန်တာ မမှန်တာ အပထား...။ ရုံးပိတ်ရက် နားနားနေနေလေးမှာ အပန်းပြေ၊ စိတ်ရွှင်လန်းသွားအောင် တင်ပေးလိုက်ပါတယ်...။ မိမိတို့ရဲ့ သွေးအမျိုးအစားနဲ့ တိုက်ကြည့်ပြီးတော့ ကောင်းရင်ယူ မကောင်းရင်ပယ်ပေါ့ဗျာ....။ ဥပါဒါန်ကြောင့် ဥပါဒ် မရောက်စေနဲ့လို့ ရှေးလူကြီးများက ဆိုခဲ့သကိုးဗျ...။
(စကားမစပ်ဗျာ... အဲဒီ ရှေးလူကြီးဆိုတဲ့ ပုဂ္ဂိုလ်ကို ကျွန်တော် စွယ်စုံကျမ်းထဲ လိုက်ရှာတာ မတွေဖူးဘူးဗျ...။ ဟိုအင်္ဂလိပ်ကဗျာတွေမှာ ပါတတ်တဲ့ Anonymous ဆိုတဲ့ ကဗျာဆရာကို ရှာလို့ မတွေ့သလိုဗျ...။ တွေ့ရင် လက်တို့လိုက်ပါဦး...။ )

ကဲ.. လာပါပြီဗျာ.. သွေးဗေဒင်...။
တစ်ချို့က ပြောကြတယ်...။ သွေးအမျိုးအစား ကွဲရင် အမှုအကျင့်တွေလဲ ကွဲကြတယ်တဲ့...။ အဓိကအားဖြင့် လူတွေမှာ သွေးအမျိုးအစား အုပ်စု လေးခု ခွဲထားကြတယ်တဲ့...။ A, B, O နဲ့ AB သွေးအမျိုးအစားတွေပေါ့...။



အလုပ်တစ်ခု အပေါ် ရှုမြင်သုံးသပ်ပုံ ကွာခြားခြင်း...။


ဘယ်လိုကွာခြားမလဲ..။ စမ်းကြည့်ရအောင်....။ ဆိုတော့ ဒီ အေ၊ ဘီ၊ အို နဲ့ အေဘီ တို့ကို တစ်ခန်းထဲ ထည့်ထားပြီး အလုပ်တစ်ခု ခိုင်းကြည့်လိုက်ရအောင် ဘာတွေ ဖြစ်လာမလဲ...။

ကဲ...အခုတော့ သူတို့ လေးယောက်ကို ကဲန်တင်း တစ်ခုမှာ အတူတူ ထမင်းစားခိုင်းစို့...။




Timing, Punctuation, Promising အချိန်ကို ဂရုစိုက်ခြင်း
ဘယ်သူက အချိန်မှန်မလဲ...။ ချိန်းထားတဲ့နေရာကို ဘယ်သူတွေ ရောက်လာမလဲ...။

ပွင့်လင်းခြင်း၊ (သို့)အားနာတတ်ခြင်း (သို့) မသိတတ်ခြင်း၊(သို့) ဒဲ့ဒိုး ပြောတတ်ခြင်း၊ (သို့)တုတ်ထိုးအိုးပေါက် ပြောတတ်ခြင်း။

အသိနှင့် နေထိုင်ခြင်း (သို့) စိုးရိမ်စိတ် လွန်ကဲခြင်း (သို့) ကြောက်တတ်ခြင်း။
စူစမ်းခြင်း (သို့) စပ်စုခြင်း...။

အကြောင်းခြင်းရာ တစ်ခုကို အတင်းတုပ် ..အဲ.အဲ အတင်းပြောခြင်း၊အဲ..အဲ.. ဆွေးနွေးခြင်း (သို့) သတင်း ဖလှယ်ခြင်း...။

နာခံတတ်မှု


ကဲ... ကဲ...။ ဒီလောက်ဆို ကိုယ်ဘယ်လိုလူလဲ ဆိုတာ သိလောက်ကြပြီ ထင်ပါရဲ့...။ မကောင်းတာပယ်၊ ကောင်းတာဆယ်ပြီး လူအထင်ကြီးအောင် နေကြစို့လား...။ ဟီဟိ
(ပုံတွေ တင်ရတာ လက်ညောင်းလိုက်တာ...။ ၃-၄ ရက်လောက် ထပ်နားလိုက်ဦးမယ်...။ ဟဲ...)

အီးမေးလ် ပို့ပေးတဲ့ ညီမငယ် လေးနွယ် ကို ကျေးဇူးတင်ရှိပါကြောင်း Credit ပေးလိုပါတယ်...။