Sunday, October 11, 2009

ခရမ်း


ကမ်းစပ်နားက ပန်းလေးတစ်ပွင့်

Bonus :


Friday, October 9, 2009

မြိန်ရာ ဟင်းကောင်း

စနေနေ့ညက ပူလာအူပင်ကျွန်းကို ရောက်ခဲ့တယ်။ နောက်တစ်ရက်မှာ ပြန်လာတယ်။ မပြန်ခင်မှာ တစ်မနက်လုံး ကျွန်းအနှံ့ စက်ဘီးစီးတယ်။ နေ့လည်ခင်း မောတော့ လှေဆိပ်ကို ပြန်တယ်။ ထမင်းဝင်စားကြတယ်။ အရင်ဆုံးရောက်လာတဲ့ ဟင်း၂ မျိုးကို ဆာဆာနဲ့ စားကြတာ ထမင်း ၃ပွဲ လိုက်ပွဲယူဖြစ်တယ်။


DSC02396

ကန်စွန်းရွက်ကြော်ပါပဲ။ ပဲငပိစပ်စပ်လေးကို ဘာလချောင်နဲ့ ချက်ထားတာ။

DSC02395


ပုဇွန်တင်ပူရာ။ ကွေကာအုတ်ကြော်ကို ဖြူးထားတယ်။

Wednesday, October 7, 2009

ညီမလေးတစ်ယောက် ရှိခဲ့လေသည်

  • လွန်ခဲ့သော ၆ နှစ်ကျော်က MDD chat ကနေ သိခဲ့တယ်။
  • စေ့စပ်ထားတဲ့ ချစ်သူက လူကီးမီးယား ဖြစ်နေတယ်။
  • စိတ်ညစ်နေတတ်တယ်။
  • NTU ကျောင်းဆင်း။
  • အဲဒီတုန်းက အော်တိုမေးရှင်း စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတယ်။
  • ကျွန်တော့်ကို အွန်လိုင်းကနေတစ်ဆင့် ကျောင်းကိစ္စ၊ ယူရမယ့် ဘာသာတွဲကို တူတူ ရွေးပေးခဲ့တယ်။ (အဲ့တုန်းက တော်တော် အားနာသွားခဲ့တယ်။ ကျွန်တော်က သူ့ကို အွန်လိုင်းမှာ ထားပြီး မေ့ပြီး ချက်တင် ဝင်နေတာ။)
  • ဖိုရမ်မှာ ဝင်ရေး၊ ဝင်ဖတ်နေတာကို သူက သဘောမကျဘူး။
  • ရန်ကုန် အနောက်ပိုင်းက နာမည်ကြီး ခေတ်ဟောင်း စတီရီယို အဆိုကျော် နေတဲ့ ရပ်ကွက်မှာ နေတယ်။
  • အများအားဖြင့် သူနဲ့ ကျွန်တော် အီးမေးလ်နဲ့ပဲ အဆက်အသွယ် ရှိတယ်။
  • အဲ့တုန်းက ကျွန်တော်က ရုံးအီးမေးလ်အပြင် အလုပ်ကထွက်တော့ boyz@autospeed.com ဆိုတဲ့၊ ပုဂံက ပိတ်ဖို့ လေးနှစ်ကြာ မေ့နေတဲ့ မေးလ်ကို သုံးပြီး သူနဲ့ ဆက်သွယ်ဖူးတယ်။
  • နောက်တော့ ဘာအကြောင်းကြောင့်လဲ မသိဘူး အဆက်အသွယ် ပြတ်သွားတယ်။
  • တစ်ရက်သားကျတော့ သူက သွားကျိုးဆိုတဲ့ နစ်နဲ့ မေးလ်အကောင့်တစ်ခု ဖွင့်ပြီး ပြန်ဆက်သွယ်လာဖူးတယ်။ ကျွန်တော့်ကို ဆက်သွယ်ရတာ အတော်ခက်တယ်လို့ ညည်းတယ်။
  • ဒီတစ်ခေါက်မှာ သူ့သူငယ်ချင်းတွေနဲ့ ခရီးသွားနေတဲ့ ပုံတွေ ပို့လာတယ်။ (ပူလာအူပင်ကျွန်းကို အလည်သွားတယ် ထင်တာပဲ။ သူ တော်တော် ပြောင်းလဲသွားတယ်။ ပျော်လာတယ်လို့ ရိပ်မိတယ်။ သူ့အတွက် ဝမ်းသာလိုက်တာ။)
  • ဖြစ်ချင်တော့ ကျွန်တော် သုံးနေတဲ့ autospeed mail ကို ပုဂံက ပိတ်လိုက်တော့ သူနဲ့ အဆက်အသွယ် ပြန်ပြတ်သွားတယ်။
  • နောက်ပိုင်းမှာ autospeed မေးလ်ကို ဘန်းကျော်ကနေ ပြန်ကြည့်လို့ရတော့ အကောင့်က suspend ဖြစ်နေလို့ ပြန်ပြီး password အသစ်နဲ့ ဝင်ရတယ်။ မေးလ် အဟောင်းတွေ အကုန် ပျက်ကုန်တယ်။
  • အခုထိ အဆက်အသွယ် ပြန်မရတော့ဘူး။

ဒီနေ့မှ သူ့အကြောင်းတွေ မစဉ်းစားဘဲ ခေါင်းထဲ ရောက်လာတယ်။ ညီမလေးကို သတိရလိုက်တာ။
နာမည်မှာ စိုး ပါတယ် ထင်ပါရဲ့။ သတိရရင် မေးလ်ပို့ပါ။

Thursday, September 24, 2009

The Lost Symbol


ဒါလေး ဝယ်ခဲ့တယ်။
၉၉ ရင်းဂစ်တဲ့။
စလုံး ၄၀ နီးပါးပဲ။
စလုံးမှာ ဘယ်ဈေးလဲ မသိပါ။
၁၅ စက်တင်ဘာက ထွက်တာ။
အရင် ၄ အုပ်ထက်တော့ ပိုကောင်းမယ် ဆိုပဲ...။

Thursday, September 10, 2009

Irish College Entrance Exam

Irish College ကို ဝင်ဖို့အတွက် ဖြေရတဲ့ ဝင်ခွင့်စာမေးပွဲ Entrance Exam လို့ သိရပါတယ်။
ဟုတ်တာ မဟုတ်တာ အပထားပါ။
မိမိတို့ရဲ့ IQ ကို စမ်းသပ်ကြည့်ပါ။
(အဖြေကို ဒီမှာ ကြည့်နိုင်ပါပြီ...။)

အီးမေးလ်က ရပါတယ်။ ညီမလေး နန္ဒကို ကျေးဇူးတင်ပါတယ်။

Wednesday, September 9, 2009

09/09/09

ဒီပုံလေးကို ကြိုက်လွန်းလို့ ၉ သုံးလုံးအမှတ်တရ ထပ်တင်သည်။

http://www.fileden.com/files/2007/2/5/735861/Jyun%20Ji%20Hyun.gif

Email နှင့် ဘလော့ပို့စ်တင်ခြင်း။

စမ်းသပ်ကာလ ဖြစ်ပါတယ်။ အရင်ဗားရှင်းတုန်းက စမ်းနေတာ အောင်မြင်မှု မရသေးပါ။
အခုပို့စ်တော့ တက်မယ်လို့ မျှော်လင့်ရပါတယ်။
ကြိုက်လား... ကြိုက်လား...။

http://www.fileden.com/files/2007/2/5/735861/Jyun%20Ji%20Hyun.gif

ကိုရီးယား မင်းသမီးလေးပါ။ နာမည်က Jyun Ji Hyun တဲ့။ ဝီကီမှာ သူ့အကြောင်း ဖတ်နိုင်ပါတယ်။
Korea က နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ My Sassy Girl (US က ဒီနာမည်နဲ့ ပြန်ရိုက်ထားတယ်။), Il Mare (Lake House ဆိုပြီး ကီနူးရိဗ်၊ ဆန်ဒရာ ဘူးလ်လော့ခ်နဲ့ ပြန်ရိုက်ထားတယ်။ ) ထဲက အဓိက ဇာတ်ဆောင် မင်းသမီးလေး။ ချစ်စရာလေး။

အောက်က ယူထုတွေက သူပါတဲ့ ကြော်ငြာတွေ...။


ဒါက ဂျင်းကြော်ငြာတဲ့။ ကျော်သန်းဦး ဂျင်းကြော်ငြာဆိုပဲ။


ဒါက ကေအက်ဖ်စီ ကြော်ငြာ KFC


ဘာကြော်ငြာလဲတော့ မသိဘူး။ အဖြူအမည်းနဲ့။