Tuesday, December 30, 2008

ခေမာရဌ် တမ်းချင်း (၃)

နိုင်းနိုင်းတစ်ယောက် မိုင်းလား/ကျိုင်းတုံသွားတောလား တွေ တင်ထားတာ ဖတ်လိုက်ရလို့ အိမ်လွမ်းစိတ်တွေ ပိုတိုးလာတယ်...။
ပုံတွေကို ကြည့်ရတာ ကိုယ်အရင်ပြန်သွားတုန်းကလောက် ဘာမှ ထူးထူးထွေထွေ ပြောင်းလဲသွားတာ မရှိဘူး...။
လူတွေကပဲ ရောင့်ရဲလွန်းတာလား ... ??? တိုးတက်ဖို့ အခွင့်အလမ်းကပဲ ရောက်မလာသေးတာလား???

ပုံတွေကို ကြည့်ပြီး ဘုရားကြီးနားတစ်ဝိုက် မျောက်ရှုံးအောင် ဆော့ခဲ့တာတွေ အမှတ်ရတယ်...။
နာရီမပါပဲနဲ့ ဘုရားကြီးရဲ့ ဘယ်နေရာကို နေထိုးခဲ့ရင် ဘယ်နှစ်နာရီ ထိုးပြီဆိုတဲ့ အထိကို ပြောနိုင်အောင် ကျွမ်းဝင်ခဲ့တဲ့ နေရာ...။


ဒီပုံမှာဆိုရင် နေရိပ်က ဘုရားကြီးရဲ့ အနောက်ဘက်မုခ်မှာ မုခ်ထိပ်ပိုင်းကို ရောက်နေပြီ...။ ဒါဆို ဒီဓါတ်ပုံ ရိုက်နေချိန်ဟာ ညနေစောင်း ၃နာရီနဲ့ ၄ နာရီကြား ပဲ...။ ကျွန်တော် အရင်က ဒီမှာ ညွှန်းခဲ့ဖူးတဲ့ ကျိုင်မိန်း လို့ခေါ်တဲ့ မြို့လည် ညောင်ပင်အောက်နားကနေ ရိုက်ထားတာ။ ညာဘက်က ကားလမ်းရဲ့ ဟိုဘက်မှာဆို “ဟိုခုံ ပရိယတ္တိ စာသင်တိုက်” ရှိတယ်။ ဂုံရှမ်းစာနဲ့ စာသင်သံဃာတော်များနဲ့ စည်ကားတဲ့ ဘုန်းကြီးကျောင်းပါ...။ ဘယ်ဘက်လမ်းကနေ အပေါ်ဘက်ကို နည်းနည်း ထပ်သွားလိုက်ရင် ကျိုင်းတုံ ဟော်တယ်သစ် (ယခင် စော်ဘွားဟော်၊ နန်းတော်) ကို ရောက်မှာပါ...။


ဟော.. ဒီပုံကျတော့ ခုနက ဘုရားကြီးကို ရိုက်နေတဲ့ နေရာကနေ ကျောဘက် ပြန်လှည့်ပြီး ရိုက်တာ...။ အုတ်တီတိုင်း နီနီနဲ့က “ဟိုခုံ ပရိယတ္တိ စာသင်တိုက်” ပေါ့...။ ဆိုင်တန်းလျား ဘေးနားက ကုန်းစောင်းလမ်းလေး အတိုင်း ဆင်းလိုက်ရင် မြို့မ ဘော်လုံးကွင်းကို ရောက်မယ်...။ အဲဒီလမ်းလေးရဲ့ ညာဘက်မှာ တင်းနစ်ကွင်း ရှိတယ်...။ ဘယ်ဘက်မှာ အရင်က ကလေးတွေ ကစားဖို့ လုပ်ထားတဲ့ ပန်းခြံလေး ရှိမယ်...။ ဘောလုံးကွင်းကို ကျော်သွားရင် နောင်လျန့်လို့ ခေါ်တဲ့ ရပ်ကွက် ကိုရောက်တယ်...။ အဲဒီ ရပ်ကွက်မှာ နေ့လည်ကနေ ညနေစောင်းအထိ မုန့်ပဲသွားရေစာတွေ ရောင်းတဲ့ မုန့်တန်းလေး ရှိတယ်...။ အဲဒီ မုန့်တန်းကို ကျော်သွားရင် နောင်တုံကန်ကို ရောက်ပြီ...။


အပေါ်က ပုံကတော့ ဝါးကျည်တောက်တွေကို မီး ရှို့နေတာ မဟုတ်ဘူး...။ အဲဒါ အထဲမှာ ကောက်ညင်းတွေကို အုန်းရည်နဲ့ ထည့်ပြီး အုန်းခွံနဲ့ ပိတ်ထားတဲ့ ရှမ်းရိုးရာ အစားအသောက် တစ်မျိုးပေါ့။ “ခေါက်လံ” လို့ ခေါ်တယ်။ ဝါးကျည်တောက် ထမင်းပေါ့။ မီးနဲ့ ကင်ပြီး အထဲက ကောက်ညှင်းတွေ ကျက်လောက်ရင် အပြင်က မီးကျွမ်းသွားတဲ့ အခွံတွေကို ဓါးန့် ခုတ်ခုတ်ပြီး ဖယ်...။ စားလို့ရပြီ...။ ပွဲတော်တွေ ဘာတွေ ကျင်းပချိန်ဆိုရင် လုံခြုံရေး အရ တုတ်ဓါးလက်နက်များ ယူဆောင်ခွင့်မရှိတော့ ကိုယ့်နှမ၊ မိန်းကလေး သူငယ်ချင်းများ၊ ရည်းစားချစ်သူများကို လက်သရမ်းသူများ ရန်မှ ကာကွယ်ဖို့ ခပ်တုတ်တုတ် ဝါးကျည်တောက်တွေ ရွေးဝယ်ကြတယ်။ ရန်ဖြစ်ရင်လဲ ဝါဒကျည်တောက်နဲ့ ရိုက်ကြတယ်...။ ပွဲခင်း အပြင်မှသာ တုတ်ဓါး လက်နက် သုံးတာ၊ ပွဲခင်းထဲဆို ဝါးကျည်တောက်ပဲ။ :D ။ ဗယာကြော် ရောင်းတဲ့ ကုလားလေးက သူတို့ အပြောအရ ကုလားပြည်က လာတာတဲ့...။ ဒီတစ်ယောက်တော့ မသိဘူး။ သူ့အရင် ရောင်းတဲ့ တစ်ယောက်ဆို ကျွန်တော်တို့ကို သူ့လက်ခုပ်နဲ့ တစ်ဆုပ်ကီး ရော့ဆိုပြီး ပေးကျွေးတတ်တယ်...။ တစ်ကျပ်ဖိုးဆိုတာ ဗိုက်ပြည့်တယ်...။ ခုများတော့ တစ်ဆယ် ဖိုးတောင် ရောင်းပါ့မလား မသိ...။ ညနေတိုင်းဆို သူရောင်းတတ်တာက ဘုရားကြီးရဲ့ အနောက်ဘက်မုခ် ရှေ့တည့်တည့်က မြဘုရားကျောင်းရဲ့ လှေကားထစ်မှာပဲ...။


ဘယ်ဘက်ခြမ်းက စေတီက “ထပ်စွမ်ခမ်း” တဲ့။ ထိပ်မှာ ရွှေအတိပြီးတဲ့ စေတီလို့ အဓိပ္ပါယ်ရတယ်။ ဒီစေတီက ကျိုင်းတုံမြို့သက်တမ်းနဲ့ ထပ်တူနီးပါးပဲ...။ ကျိုင်းတုံမြို့ကို လေယာဉ်နဲ့ ပြန်ဖြစ်ရင် အရင်ဆုံး မြင်ရတာ ဒီစေတီနဲ့ သစ်တစ်ပင်တောင် ပေါ့...။ သစ်တစ်ပင်တောင် အကြောင်းကတော့ နောက်မှ ပြောပြမယ်...။ ဒီစေတီက မဟာမြတ်မုနိ ဘုရားရဲ့ မြောက်ဘက်က ကုန်းပေါ်မှာ ရှိတယ်။ ဒါ့ကြောင့် နေရာတိုင်း ရပ်ရှစ်မျက်နှာကနေ မြင်ရတယ်...။

အလယ်က မတ်ရပ်ကိုယ်တော်ကတော့ ကျိုင်းတုံမှာ အမြင့်ဆုံး မတ်ရပ် ဗျာဒိတ်ပေး ကိုယ်တော်ပဲ။ အမှတ် မမှားရင်တော့ ၉၈-၉၉ နောက်ပိုင်းမှ တည်ထား ကိုးကွယ်တဲ့ မတ်ရပ်ကိုယ်တော် ဖြစ်တယ်...။ တည်ထား ကိုးကွယ်တဲ့ အကြောင်းရင်းနောက်ခံကိုတော့ နေးတစ်ဗ် ကျိုင်းတုံသားများသာ သိလိမ့်မယ်။

ညာဘက်နားက ဘုရားဝင်းကတော့ မြဘုရားဝင်း ဖြစ်တယ်...။ ယိုးဒယားနဲ့ နယ်နိမိတ် နီးကပ်တဲ့ နေရာ ဖြစ်တော့ ယိုးဒယားဟန် နွယ်နေတဲ့ ဘုရားပုံတော်ကို ဖူးရပါလိမ့်မယ်။ ဘုရားရှေ့က ဝါဆို ဖယောင်းတိုင်ကြီးတွေဟာ ယိုးဒယားက ထုတ်ထားတဲ့ ဖယောင်းတိုင်တွေ ဖြစ်ပါတယ်။

ကျိုင်းတုံ အကြောင်းရေးရရင် တစ်ထောင့်နဲ့ သုံးညဖြစ်သွားပါလိမ့်မယ်။ ကိုယ်ကျင်လည်ခဲ့ဖူးတဲ့ အရပ်ကို ရေးရတော့ လွမ်းမိသလိုလို၊ ခုပဲ ပြန်ချင်သလိုလို ဖြစ်မိသား...။

ဒီပို့စ်ရေးဖြစ်တဲ့အတွက် ဓါတ်ပုံတွေ တင်တဲ့ နိုင်းနိုင်းကို ကျေးဇူးတင်ပါတယ်...။
တစ်ဆက်တည်း ဒီနေရာကနေပြီး ဓါတ်ပုံ အသုံးခွင့် တောင်းပါတယ်နော့ နိုင်းနိုင်း...။ :) (Hope You Don't Mind!!)

ဆက်စပ် ဖတ်ရှုရန်။
ခေမာရဌ် တမ်းချင်း (၁)
ခေမာရဌ် တမ်းချင်း (၂)

Saturday, December 27, 2008

ဒီဇင်ဘာည


၂၀၀၆ နှစ်ကုန်တုန်းက ထွက်လာခဲ့တဲ့ လူသစ်တန်း အဆိုတော် လင်းနစ်ရဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။ ဒီသီချင်းကို စစထွက်တုန်းက နားမထောင်မိဘူး။ လူငယ်တွေကြားထဲလည်း သိပ်မပြန့်ခဲ့ဘူး။ နောက်မှ တစ်ဖြည်းဖြည်း စိမ့်ဝင်လာခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။ ခံစားချက်ထောင့်တစ်နေရာ က မမေက ဒီသီချင်းကို လှမ်းညွှန်းလို့ နားထောင်ဖြစ်ရာက ကြိုက်မိတဲ့ သီချင်း တစ်ပုဒ်ပါ။ (ကျေးဇူး မမေ။) တစ်ခွေလုံးကို နားထောင်ဖြစ်ပေမယ့် ဒီတစ်ပုဒ်ပဲ ကြိုက်မိတယ်။ ပေါ့ပ်ဆန်ဆန် ခပ်ချိုချို သီချင်းလေးတွေကိုသာ ရွေးကြိုက်မိတဲ့ အာသီသကြောင့် ဖြစ်မယ် ထင်ပါတယ်။


အရင်က (၈၀ ကျော်ခုနှစ်များလောက်ဆီက) ဒီလို သီချင်း ချိုချိုလေးတွေကို ဆိုတတ်တာ တူးတူး ပါ။ (အခုတော့ အနုပညာလောက ကနေ အနားယူသွားပါပြီ။) ဒါပေမဲ့ ခေတ်အခါအရ သူ့သီချင်းတွေက ဒစ္စကို သီချင်းတွေ နွယ်တတ်ပါတယ်။ ၈၇ ခုနှစ် နှောင်းပိုင်းမှာ “နာရီပေါ်က မျက်ရည်စက်များ” အယ်လ်ဘမ်နဲ့ ကိုငှက် ဆိုတဲ့ အဆိုတော် ထူးအိမ်သင် ထွက်လာတော့မှ ကိုငှက်ကို ပိုကြိုက်ပါတယ်။ တောက်လျှောက် ကိုငှက်ကိုပဲ နားထောင်တယ်။ အသံချိုချိုနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက် ကြာပြီး နောက်ပိုင်းမှာ နောက်ထပ် အသံချို ပိုင်ရှင် တစ်ယောက် ပေါ်လာပြန်ပါတယ်။ သူကတော့ ကိုငှက်ရဲ့ ဆိုပေါက် ဆိုဟန်လွမ်းမိုးမှု မကင်းတဲ့ တိုင်းရင်းသား အဆိုတော် အယ်လ်လွန်းဝါ။ သူက ၂၀၀၃ လောက်မှာ ထင်တယ်။ အချစ်မျက်ဝန်းနဲ့ တစ်စိမ့်စိမ့်ပေါက်တာ။ ချက်ချင်း မပေါက်ဘူး။ ဒါပေမဲ့ ခွေထွက်ကတည်းက သူ့မှာ ပေါက်နိုင်တဲ့ သီချင်းလေးတွေ ပါနေတာကို သတိထားမိတယ်။ နောက်တော့ သိတဲ့ အတိုင်း အချစ်မျက်ဝန်းဆိုပြီး မှတ်တိုင်တစ်ခု စိုက်လိုက်နိုင်တယ်။ နောက်တော့ ကြိုကြား၊ကြိုကြား ဟိုနား ဒီနား၊ တစ်ပုဒ်စ နှစ်ပုဒ်စနဲ့ ကိုယ်ပိုင် သီချင်းကောင်းလေးတွေ၊ ပြန်ဆိုတေးလေးတွေ နဲ့ လုံးခြာလိုက်နေခဲ့တယ်။ ကောင်းလဲ ကောင်းပါတယ်။ အယ်လ်လွန်းဝါကို သဘောကျမိတဲ့ အချက်ကတော့ ပြန်ဆိုတေးတွေ ဆိုပေမယ့် ဖြစ်ကတတ်ဆန်း မဟုတ်ပဲ သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ မူရင်း သီချင်းကို မပျက်အောင် သီဆိုနိုင်တာပါပဲ။ ၂၀၀၇ ခုနှစ်ထဲမှာမှ ကိုယ်ပိုင် ဒုတိယခွေ ထွက်လာတယ်။ ဒုတိယခွေက ပထမခွေကို မမှီပါဘူး။ ပရိသတ် အကြိုက်ထက် လွန်းဝါ အကြိုက်သာ များတဲ့ အခွေ ဖြစ်ခဲ့တယ်။ သုံးပုဒ်လောက်ပဲ ရင်ထဲ ဝင်တယ်။ နောက်မှ အယ်လ်လွန်းဝါ သီချင်းများကို ဆွေးနွေးပါမယ်။ ခုတော့ လင်းနစ် ဆီ ပြန်သွားကြရအောင်။

စီးတီးအက်ဖ်အမ် နှစ်ပါတ်လည်မှာလဲ လူကြိုက်များတဲ့ “ဒီဇင်ဘာည” သီချင်းကို လင်းနစ်က သီဆိုသွားပါတယ်။ အဲဒီ အမ်တီဗွီ သီချင်းကို Youtube မှာ တင်ထားတာ တွေ့လို့ တစ်ပါတည်း တင်ထားပေးပါတယ်။
အောက်မှာပါ။ ချိုရှရှ အသံရှင် လင်းနစ်ရဲ့ သီချင်းကို အပေါ်ဆုံးက သီချင်းခွေင်းစဉ်မှာ အမ်ပီသရီး ဗားရှင်းနဲ့ နားထောင်နိုင်သလို အရုပ်ပါ မြင်ချင်ရင်ဖြင့် အောက်က အမ်တီဗွီမှာ နားဆင်ခံစားနိုင်ပါကြောင်း။

ဒီဇင်ဘာည - လင်းနစ် (MTV)



သီချင်းလေးကို နားထောင်မိလို့ ကြိုက်မိတယ် ဆိုရင်ဖြင့် မူရင်း သီဆိုသူ၊ ရေးသားသူများရဲ့ အားထုတ်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ မူရင်း အခွေ၊ စီဒီ၊ ဗွီစီဒီ များကို ဝယ်ယူအားပေးကြပါဗျာ။ ဒီသီချင်း အမ်ပီသရီးကို တင်ထားတဲ့ အတွက်လဲ အဆိုတော် လင်းနစ် အနေနဲ့ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။ လင်းနစ်ဘလော့ သတ်သတ် ရှိပါတယ်။ သူ့သီချင်းကြမ်းတွေကို တင်ထားတာ တွေ့ရပါတယ်။ ဘလော့ လိပ်စာ မေ့သွားပါပြီ။ အဲဒီမှာလဲ မထွက်သေးတဲ့ သီချင်းများကို တင်ထားတာ တွေ့ရပါတယ်။ နောက်တွေ့မှာပဲ အဲဒီလင့်ခ်ကို လာတင်ပေးပါ့မယ်။

အယ်ဘမ်ထဲက သီချင်းလေးများ စာရင်းပါ။

ရင်ဘတ်ထဲက အိပ်မက်ဟောင်း (လင်းနစ်)
၁။ တိမ်တွေလိုဖြစ်ချင်တယ်
၂။ ဒီဇင်ဘာည
၃။ ရေဒီယို
၎။ ၀ိုင်တစ်ခွက်အကြောင်
၅။ နွေအိမ်မက်
၆။ ခေါ်သံအဝေး
ရ။ ကဗျာဆရာ
၈။ တစ်ယောက်သောသူ
၉။ ရပ်ကြည့်နေဆဲ
၁၀။ ရင်ဘတ်ထဲက အိမ်မက်ဟောင်း
၁၁။ လာမနှိုးနဲ့
၁၂။ နေညိုရင်….

ဖြည့်စွက်။
လင်းနစ်ဘလော့ဂ်ကို သိသူ တစ်ယောက်က လင်ခ့် လာပို့သွားပါတယ်။ ဒီမှာပါ။ ကျေးဇူးပါ နေနေ

http://linnith.mzblog.net/

Friday, December 26, 2008

ချစ်သူ့ လက်ဆောင်

ငယ်ငယ်တုန်းက ကြားဖူးခဲ့ပြီး ခုထက်တိုင် ကြိုက်နေတဲ့ ၊ ကြိုက်နေဆဲ ဖြစ်တဲ့ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်း တစ်ပုဒ်ပါ...။
မှတ်မှတ်ရရ ဒီသီချင်းကို ရှစ်တန်း အစိုးရစစ် တုန်းက သူငယ်ချင်းတွေ စာစုကျက်တော့ ကြားမိတဲ့ သီချင်း ထင်တာပဲ။ ဆောင်းနှင်းဖုန်ဖုန် ကျတဲ့ နတ်တော်၊ ပြာသိုညချမ်းတွေမှာ ဒီသီချင်းကို စာစုကျက်တဲ့ နေရာကို မသွားခင် ခဏတစ်ဖြုတ် လက်ဖက်ရည်ဆိုင် ထိုင်ရာကနေ ကြားမိပြီး ကြိုက်သွားတာ...။

ထူးအိမ်သင် သီချင်းတွေကတော့ အကုန်ကြိုက်တယ်...။ အနှစ်တွေချည်းပဲ...။ အခု သီချင်းလေးကတော့ “အတ္တပုံဆောင်ခဲများ” အခွေထဲက ဖြစ်ပါတယ်။ “ချစ်သူ့လက်ဆောင်” လို့ အမည်ရပါတယ်။



Credit to : အိပ်မက် Youtube

ဒီသီချင်းရဲ့ အမ်ပီသရီး ဗားရှင်းကိုတော့ မြန်မာ အမ်ပီသရီးဒေါ့နက် မှာ သွားရောက် နားဆင်နိုင်ပါတယ်။

(သီချင်းအကြောင်း ရေးရင်းနဲ့ ကိုယ်နဲ့ သီချင်းတွေ အကြိုက်တူတဲ့ မမေကို သတိတောင် ရနေပါသေးတယ်။ မတွေ့တာ ကြာလို့ နေကောင်းလား၊ အဆင်ပြေလားလို့ တွေးနေမိတယ်။ သီချင်းချိုချိုအေးအေး လေးတွေကို ရှာလာတတ်ပြီး မျှဝေတတ်တဲ့ မမေကို လင်းနစ်ရဲ့ ဒီဇင်ဘာည သီချင်းကြားတိုင်း သတိရနေတယ်...။)

Thursday, December 25, 2008

ကျေးဇူးပါ မေမေ။ (25 Dec '08)


အေးချမ်းတဲ့ ဒီဇင်ဘာဆောင်းညတစ်ည။
မြူနှင်းတွေဟာ သြကာသ တစ်ခွင်ကို ၀ိုင်းပတ်နေတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ ကျော် အဲဒီညမှာ Bethlehem ခေါ်တဲ့ အရပ်မှာ ခရစ်ယာန် ဘာသာဝင်များအတွက် လာခြင်းကောင်းတဲ့ အရှင် ဖြစ်လာမယ့် သူငယ်တစ်ပါး ဖွားမြင်ခဲ့တယ်။

အဲဒီ ခရစ်တော် ဖွားမြင်ခဲ့တဲ့ ရက်ကို ခရစ္စမတ်နေ့ ရယ်လို့ သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘာသာဝင်များက နေ့ထူးနေ့မြတ်တစ်ခု အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတယ်။
အဲဒီအချိန်မှာဆို Carol Singing ကယ်ရို စင်းကင်း တေးသံတွေ လွှမ်းခြုံနေတဲ့ အခါသမယလဲ ဖြစ်တယ်။
ဆိုင်ရာ ဘုရား ရှိခိုးကျောင်း ချာ့ခ်ျ တွေမှာ ဘုရားသွား ကျောင်းတက်သူတွေနဲ့ စည်ကားနေလို့ပေါ့။

Rome နိုင်ငံက စိန့်ပီတာ ဘုရားရှိခိုးကျောင်းမှာ Christian များ အလေးအမြတ်ထားတဲ့ ဂိတ်တံခါး (Holy Door or 'Porta Sancta') ဆိုတာ ရှိတယ်။ တစ်ချို့က အဲဒီ ဂိတ်တံခါးဟာ ကောင်းကင်ဘုံ ကိုဖြတ်သန်းဖို့ အသုံးပြုရတဲ့ တံခါးလို့ ယုံကြည်ကြတယ်။ အဲဒီ ဂိတ်တံခါး ကို ၂၅ နှစ်မှ တစ်ကြိမ်သာ ဖွင့်တယ်။ အဲဒီ ဂိတ်တံခါးကို ဖွင့်တဲ့နှစ်ကို holy year လို့ ခေါ်ဆိုကြတယ်။ အဲဒီနှစ်မှာ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် ဂိတ်တံခါးကို ငွေတူနဲ့ အသာ ရိုက်နှက်ပြီးတော့ ဖွင့်တယ်။ အဲဒီ holy year နှစ်ကုန်ဆုံးသွားရင် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် ပြန်ပိတ်ပေးတယ်။

အဲဒီဂိတ်တံခါး ပွင့်တဲ့ တစ်ခုသော Holy Year ရဲ့ တစ်ရက်သော ခရစ္စမတ်ညမှာပေါ့။
ချမ်းအေးတဲ့ နယ်စပ်တောင်ပေါ်မြို့လေးဟာ ခရစ္စမတ် ရာသီ ထုံးစံ ဖြစ်တဲ့ အတိုင်း ကယ်ရိုစင်းကင်း တေးသံသာ တွေ လွှမ်းခြုံနေခဲ့တယ်။
ဆောင်းရဲ့ သင်္ကေတ ဖြစ်တဲ့ ဆီးနှင်းများဟာလဲ အဆက်မပြတ် ကျဆင်းနေခဲ့တယ်။
ဘုရားကျောင်းမှာတော့ လူတွေ စည်ကားနေလို့။

မြို့ကလေးရဲ့ တစ်နေရာမှာတော့ မိသားစု တစ်ခု ရှိနေခဲ့တယ်။
ညဦးပိုင်းကမှ ရုပ်ရှင်သွားကြည့်ပြီး ပြန်လာကြတာ။
ခုနကတော့ ကယ်ရိုဆင်းကင်း လာဆိုတဲ့ အဖွဲ့ကတော့ ခရစ်တော်ရဲ့ ဂုဏ်ပုဒ်တွေကို ချီးမွမ်းပြီး ပြန်သွားကြလေရဲ့။
မြို့ကလေးရဲ့ ထုံးစံက ဘာသာမရွေး မိမိ အိမ်ရှေ့မှာ ဘယ်ဘာသာပဲ ဖြစ်ဖြစ် သူတို့ ထုံးစံအတိုင်း ဘာသာရေးနဲ့ ပတ်သက်တာ လာဆင်နွဲရင်လဲ ခွင့်ပြုတတ်ကြတယ်။
ခုနက လာဆိုသွားတဲ့ အဖွဲ့ကိုလဲ မိသားစု အကြီးအကဲက အလှူငွေ ထည့်ဝင်လိုက်သေးတယ်။
အဲဒီနောက် ချမ်းအေးတဲ့ ဒီဇင်ဘာ အအေးဒဏ်ကို ခုခံဖို့ မီးဖိုငယ်လေး တစ်ခုအနားမှာ ၀ိုင်းဖွဲ့ရင်း ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကား အကြောင်းကို စားမြုံ့ပြန်နေကြတယ်။ ခေါပုတ်တွေ မီးကင်စားရင်းပေါ့။
အဝေးမှာတော့ သီချင်းသံတွေက လေအသဲ့မှာ ပျံ့လွှင့်နေလေရဲ့။

ဒီအချိန်မှာ အိမ်ထောင်ဦးစီးရဲ့ ဇနီးကတော့ ခုံပေါ်မှာ သက်တောင့်သက်သာ ထိုင်နေလေရဲ့။ ရွှေကြုတ်တော်ကို နှုတ်ငုံထားတော့ အများတကာလို အောက်မှာ ထိုင်လို့က မဖြစ်ဘူးကိုး...။ မီးဖိုဝိုင်းထဲ မပါခဲ့ပေမယ့် သူတို့တစ်တွေ ပြောတဲ့ စကားဝိုင်းကို ရယ်လိုက် မောလိုက်ပေါ့။
ရုတ်တရက်ဆိုသလို ကမ္မဇလေက လှုပ်ရှားလာတယ်။ မွေးရက်က လိုသေးတော့ ပုံမှန်ပဲလို့ သူမ ထင်နေခဲ့တယ်။
နောက်တော့ အကြိမ်ရေတွေ စိပ်စိပ်လာတဲ့ ခဏမှာ...။

အိမ်ထောင်ဦးစီးက အောက်လင်းမီးကို ကပျာကရာထွန်း။
ညီမ များက ရေနွေးတည်။
တစ်ခြားရပ်ကွက် လက်မှတ်ရ ၀မ်းဆွဲဆရာမကို ပြေးခေါ်သူခေါ်နဲ့ တစ်နာရီအတွင်းလောက်မှာ အားလုံး အသင့်ဖြစ်နေခဲ့ကြတယ်။

လေအဝှေ့မှာ ဘုရားရှိခိုးကျောင်းက ခရစ်တော် မွေးဖွားတာကို ကြိုဆိုတဲ့ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။
အိမ်ထဲက မီးနေခန်းမှာ အဲ့ကနဲ ကလေး ငိုသံ သဲ့သဲ့ ကြားလိုက်ရတယ်...။

ဒီလိုနဲ့ လောကကြီးထဲကို (အဲဒီတုန်းက) ဖြူစင်တဲ့ ကလေးလေး တစ်ယောက် ရောက်ခဲ့တယ်။

ဘာလိုလိုနဲ့ ရာသီစက်ဝန်းတွေတောင် တစ်ပတ်ပြန်လည်သွားတယ်။
အသက်တစ်နှစ်ကြီးသွားပြန်ပြီပေါ့။
ကျေးဇူးပါ အိမဲ့။


(ဒီပို့စ်တက်နေချိန်မှာ ကျွန်တော်ဟာ အင်တာနက်နဲ့ အလှမ်းကွာတဲ့ နေရာကို ရောက်ကောင်း ရောက်နေပါလိမ့်မယ်။ ကျွန်တော့် မွေးနေ့မှာ အမှတ်တရ တစ်ခုခုတော့ ရေးထားခဲ့ချင်လို့ ကြိုပြီးတော့ ရေးထားခဲ့တယ်။ မွေးနေ့မှာ အော်တိုတက်နိုင်အောင် Schedule ရေးထားတဲ့ ပို့စ်ပါ။ တစ်ခြား အမှတ်တရ ရေးထားဖြစ်ပေမယ့် မတင်ဖြစ်လိုက်ဘူး။)

@=@= Happy Birthday To Me =@=@

Wednesday, December 24, 2008

Last Christmas

Last Christmas (Wham) : Original




Last Christmas (Karaoke Version)



Last Christmas (Disco Version)


Possible G-2 Anthroid Phone

Photo Credit : BoyGeniusReport

Smart ဖုန်း တိုက်ပွဲတွေ ပြင်းထန်လာပါပြီ။ Google ရဲ့ Open Source OS အိုအက်စ် ဖြစ်တဲ့ Anthroid ကို အသုံးပြု ထုတ်လုပ်ထားတဲ့ G1 ဖုန်းထွက်လာတာ မကြာသေးပါဘူး။ အခု သတင်းထွက်နေတာကတော့ နောက်ထပ် မျိုးဆက်သစ် G2 ဖုန်း ထပ်ထွက်လာတော့မယ်တဲ့။ Anthroid OS ကိုပဲ သုံးထားတာပါ။ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ ပြသနာများကြောင့် နောက်နှစ် ဖေဖေါ်ဝါရီ-ဧပြီလ ကြားမှာ ထွက်ရှိနိုင်မယ်လို့ မျှော်လင့်ရပါကြောင်း...။ အကျယ်ကို ဒီမှာ ရှု။

Tuesday, December 23, 2008

Check Your Eye


Its very amazing about your eyes.
Can you read this????




Possible to read anything? If not, then follow the guidelines given below

Close your eyes almost 90% so that you can actually read it..

Credit to : Wooem (Fwd mail)

Sunday, December 21, 2008

မဆုံတဲ့ ဖူးစာ


ဝိုင်ဝိုင်းနဲ့ ကြိုးကြာတို့ နှစ်ဦး သီဆိုထားတဲ့

ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ပါ။
ကြိုက်လို့ ပြန်မျှဝေပေးလိုက်ပါတယ်။

“ပါးထက်မှာ မင်းမျက်ရည်
ငိုကြွေးခြင်းများနဲ့ မင်းအတွက် မျှော်လင့်ချက်။

အိပ်လိုက်တော့ မင်းမျက်လုံးတွေ မှိတ်လိုက်
မင်းအလွမ်းများကြောင့် ငါ မော....တယ်...။
ဒီအချိန်မှာ သူပြန်လာကာ မနှစ်သိမ့်ဘူးလေ...
မျက်ရည်များ ဒီညနဲ့ အတူ ချန်ခဲ့...။
ဘယ်လောက်အထိ ပေးဆပ်ခြင်းတို့ နင်ပေးလဲ
သူ့ဘက်က အသိအမှတ်မပြုခဲ့နိုင်ဘူး။
နင်နာကျင်နေပါစေ ပြန်မလှည့်ကြည့်ဘူးလေ
သူမင်းအတွက် ကိုယ်ချင်းစာစိတ် လုံးဝ မရှိဘူး...။

အိုး.. မေ့လိုက်ပါ... ကြိတ်မှိတ်ပြီး မေ့လိုက်ပါ
ထားခဲ့ပြီပဲ
မျက်ရည်များ သုတ်လိုက်ပါ
မင်းရဲ့ရှေ့မှာ အလှပဆုံး မိုးကောင်းကင်
ပျံသန်းခြင်းများနဲ့ ခေါင်းမော့ကြည့်လိုက်ပါ။”

စာသားလေးတွေက ထိရှတယ်။


Credit to : Nyakabyar

လွမ်းချင်း။

လက်ပံပွင့်ချိန်
ထွေးရူးချိန်ဟု
ကလေးစနောက်
ထိုသံပေါက်ကို
ကြားသည်ခဏ
့သတိရ၏။

မိုးသည်းတွင်းလျှောက်
ရေနောက်နောက်တွင်
နောက်ကျောပွပေ
ရွှံ့စက်မြေကို
မြင်သည်ခဏ
သတိရ၏။

ဆောင်းတွင်း ဆီးနှင်း
သည်းထန်ပြင်းသော်
ညင်းတန်လေအေး
သုတ်ဆော်ပြေးကို
ကြုံသည်ခဏ
သတိရ၏။

သုံးလီဥတု
ရုန်းစုပေါင်းဖေါ်
ရမ်းရော်အတိတ်
မှန်းမျှော်စိတ်ရည်
ငယ်စဉ်တောင်ကျေး
ပေါင်းဖေါ်တည်း။



(အချပိုဒ်တွင် ပညာမပြည့်မှီ၍ စည်းဖေါက်ထားပါသည်။ ငယ်သူငယ်ချင်းကို သတိရမိ၍ ရေးမိပါသည်။ ချစ်ခင်မြတ်နိုးတတ်သော စာမျက်စေ့နှင့် ချင့်ချိန်ဖတ်ပါကုန်...။)

Friday, December 19, 2008

FireFox Update 3.05

အထူး အရေးကြီး သတင်း

အခုတစ်လော ထိပ်တန်း Internet Browser ကုမ္ပဏီ နှစ်ခု ဖြစ်တဲ့ မိုက်ခရိုဆော့ဖ်နဲ့ Firefox Mozilla တို့က သူတို့ ထုတ်ကုန် ဖြစ်တဲ့ IE နဲ့ FireFox Browser အတွက် တွေ့ရှိနေတဲ့ ဟာကွက်တွေကို ဖာထေးဖို့ အဆင့်မြှင့် Update Patch များကို ဖြန့်ချိလိုက်ပါတယ်။

ညီမလေး နေနေနိုင်က သူ့ဘလော့ဂ်မှာ မိုက်ခရိုဆော့ဖ်ရဲ့ IE အတွက် update patch များကို တင်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ Firefox အတွက် တင်ထားတာ မတွေ့ရပါဘူး။ မြေခွေးမီးလျှံ ဘရောက်ဇာ သုံးသူများ အခု ဒီလင့်ခ်မှာ နောက်ဆုံး ဗားရှင်း ဖြစ်တဲ့ Firefox 3.05 Version ကို Download လုပ်ပြီး အဆင့်မြှင့် upgrade လုပ်နိုကပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် မိမိတို့ ကွန်ပြူတာတွင်းရှိ အဖိုးတန်၊ အရေးကြီး အချက်အလက်များကို မသမာသူ အွန်လိုင်းဖေါက်ထွင်းသမား Hackers များ လက်ကနေ ကာကွယ်နိုင်ပါတယ်။ တတ်နိုင်ပါက Anti Virus Program, Internet Security Program များ တပ်ဆင် သုံးစွဲဖို့ အကြံပေးလိုပါတယ်။

Download here for Firefox 3.05

Thursday, December 18, 2008

ငယ်ငယ်တုန်းက (၁)

ငယ်ငယ်တုန်းက ကလေးလေးပေါ့...။
ကြီးလာတော့ လူကြီးပေါ့...။
ပျိုးထားတာ...။
လှတယ်နော်...။
ခေါင်းစဉ်လေး လူဦးသွားမှာ စိုးလို့...။

အတွေးစဉ် အမျှင်တန်းများ။

  1. မိုက်ခရိုဆော့ဖ်မှ ထုတ်လုပ်သော အိုင်အီး ဗားရှင်းပေါင်းစုံသည် မသမာသူများ ဖေါက်ထွင်းရန် အလွန်လွယ်ကူနေသည့်အတွက် နောက်ဆုံးပေါ် အပ်ပ်ဒိတ်များ ဒေါင်းလုဒ်လုပ်၍ လုံခြုံရေး အဆင့်အတန်းများ မြှင့်တင်ကြန်ရ နိုးဆော်ထားသည်။ အဘယ့်ကြောင့်ပါနည်း။ မိုက်ခရိုဆော့ဖ်သည် အိုအက်စ်စနစ်ကိုသာ အသားပေး ထုတ်လုပ်နေသောကြောင့် အလကားပေးရသော အိုင်အီးကိုမူ အဖြစ်သဘောသာ ထုတ်ပေးလေသလား ဟု ထင်စရာ ဖြစ်ချေသည်။ ထို့ကြောင့် အကျွန်ုပ် မြေခွေးမီးလျှံကို သုံးသည်။ အိုင်အီးသုံးလျင် နေးတစ်မြန်မာ ဖိုရမ်၌ မြန်မာစာ ရိုက်သော် ကာဆာနှင့် ရိုက်ချင်သော နေရာကို လိုက်၍ ချိန်နေရသည်မှာ အလုပ်တစ်ခု။ မြေခွေးမီးလျှံ သုံးလျင် အဆိုပါ ပြဿနာ အလိုအလျောက် ဖြေရှင်းပြီးသား။
  2. အခုတစ်လော ရုံး၌ ဘလော့ဂ်ဖတ်ရသည်မှာ အဆင်မပြေ။ ဘလော့စာမျက်နှာများ ပြိုင်တူ ဖွင့်၍ မရချေ။ တစ်ခုဖွင့်ပြီး တစ်ဝက်မျှသော အချက်အလက်တို့ ပြီးသည်နောက်၌ နောက်ဘလော့တစ်ခုကို ဖွင့်ရချေ၏။ ပြိုင်တူ ဖွင့်မိလျင် ပေ့ခ်ျ အယ်ရာ တက်ချေ၏။ အိမ်နှင့်ရုံးအကြား ကွာခြားချက်။ အိမ်တွင်းသုံး မက်အွန်လိုင်းကား တစ်ပြိုင်နက် ဖွင့်၍ ရသည်။ မြန်တော့ မမြန်ချေ။
  3. ကုန်းပေါ်နေဖြစ်သည့် ကာလတစ်လျှောက်လုံး တင်သမျှသော ရုပ်ရှင်ကို ကြည့်မိ၏။ မူဗီရီဗျူးရေးစားသော် ရလောက်သော ကုန်ကြမ်းများပင်။ ရုံပိုင်ရှင်များအနေဖြင့် ပုံမှန်ဖေါက်သည် ဆု ပေးလျင် အကျွန်ုပ် ဦးစွာ ရချေတော့မည်။ ယနေ့ ဂျင်မ်ကာရေး ပါသော ကားသစ် ရက်စ်မဲန်း ပြမည်ဟု ဆိုသည်။ သွားဦးမည်။ အော် အများတကာတို့ ရီဆက်ရှင်ကာလ၌ အသုံးအစွဲ ချွေတာကုန်၏။ အိမ်တွင်း အိမ်ပြင် မထွက်ပဲ ချက်စား၊ တီဗွီကြည့်ကြကုန်၏။ ငမိုက်သား မောင်ဘွိုင်း အသုံးနှင့် အဖြုန်းကို မခွဲခြားတတ်သေးချေ။
  4. ကမ္ဘာတစ်လွှား ထိခိုက်ကုန်သော ရီဆက်ရှင်သည် ထင်သလောက် ခြင်္သေ့ကျွန်းကို ထိခိုက်ဟန်မတူ။ များများစားစား မတွေ့ရ။ နောက်ဆုံးမတော့ နံရံလမ်း (ဝေါလ်စထရိ) မှ ဦးဆောင် စီးပွားရေး လုပ်ငန်းရှင်ကြီးက ကမကထ ပြု တည်ထောင်သော လိမ်လည်မှုကြီးတွင်မှ အထိနာကြကုန်၏။ အရှေ့ဖျား ခြင်္သေ့ဟု ခေါ်သော ကုမ္ပဏီမှ တစ်ဆင့် အဆိုပါ လိမ်လည်မှုကြီး၌ စတော့ရှယ်ယာများ ၀ယ်ထားကြ၏။ ထိခိုက်မှု ပမာဏ မသိရသေး။ ယခုမှ စီးပွားရေး ဆူနာမီ လာချေပြီတည်း။ ပြင်ဆင်ကြပါကုန်။
  5. ပြီးခဲ့သည့် အပတ်အားလပ်ရက်က ဒေါင်းတောင်းအစ်စ် ပါဆားရဇ်တွင် ကျင်းပသော အလုပ်ရှာပွဲတွင် အဆင့်မြင့် အရာရှိများပါ အလုပ်အကိုင်များ လာရောက် ရှာဖွေကြကုန်သည် ဟူ၏။ မသေချာသော၊ လှုပ်နေသော ကုလားထိုင် အခြေအနေကြောင့် တင်ကြို ရှာထားခြင်း ဖြစ်သည်ဟု ဗျူးကိုကို၊ မမ များက ရေးသားကြ၏။ ပုံမှန် ရနေကြသော လခများထက် အဆပေါင်းများစွာ နိမ့်သော လခ (၅၀%)ကိုသာ တောင်းဆိုကြသည် ဆို၏။ အလုပ်ရှင်ကုမ္ပဏီမှားမှာ အများအားဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖြစ်သည်။ အလုပ်ရှာသူ အများစုမှာ အကြီးတန်း စာရင်းကိုင်၊ ထွေချုပ်၊ စီမံချုပ် စသည့် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ ဖြစ်သည်ဟု ဆိုချေ၏။
  6. မတည်ငြိမ်သော ထိုင်းနိုင်ငံရေးကြောင့် ယင်းနှင် ကုန်သွယ်ဖက် ဖြစ်သည့် ခြင်္သေ့ကျွန်းသည်လည်း အနည်းနှင့်အများ ခံစားလိုက်ရသည်။ ကိုလွန်းက ကိုဖိဆစ်အား အခွင့်သာသည့် တစ်နေ့တွင် ခြင်္သေ့ကျွန်းသို့ အလည်အပတ် လာရောက်ရန် ဖိတ်မန္တက ပြုချေ၏။ ဆုံးမသြ၀ါဒများ ပေးချေတော့မည် ထင်သည်။ ခြသေ့င်္ကျွန်းအပေါ် အားကိုးအားထား မပြုသော အကောင်းစား ယိုးဒယားများကား အားမှ လာလည်မည် ဟု အကြောင်းပြန်ကြားလိုက်၏။

ဤတွင် အတွေးစဉ် အမျှင်တန်းကဏ္ဍ ပြီးဆုံး၏။

မဝံ့ခြင်းများ။

ပန်းပွင့်မြင်လျက်
အချူခက်သည်
ကျဉ်တုပ်ခံဝံ့ မခံဝံ့။

မြင်စနိုးနား
ချစ်ကြင်မှားသည်
သနားခံဝံ့ မခံဝံ့။

ကြင်သူ့ထံပါး
မြဲ ခစားသည်
နှုတ်ထွက် ဆိုဝံ့ မဆိုဝံ့။

နီးစပ်မေတ္တာ
ရင်တွင်းနာသည်
ဖွင့်ဟမြွက်ဝံ့ မ
မြွက်ဝံ့။

မတရားစစ်ပွဲ
တိုက် ဆင်နွဲသည်
သေပွဲ ဝင်ဝံ့ မဝင်ဝံ့။

သူရာရည်ရက်
စွဲနှစ်သက်သည်
လူသိခံဝံ့ မခံဝံ့။

ရသာရမ္မက်
စွဲ ဖြတ်ခက်သည်
ထပ်ခါစားဝံ့ မစားဝံ့။

ဒီဇင်ဘာတွင်း
ဈေးချခြင်းသည်
လိုတိုင်း ဝယ်ဝံ့ မဝယ်ဝံ့။


(လုပ်ဖို့ မဝံ့မရဲ ဖြစ်နေတာတွေ ချရေးမိပါတယ်။ အတည်ရေးလို့ မရတော့တဲ့ လက်ကြောင့် ပေါက်တတ်ကရ ဖြစ်သွားတယ်။ မေတ္တာပို့ကြပါကုန်။ သာဓု၊ သာဓု။)

Wednesday, December 17, 2008

Email ထဲက ရတဲ့ ဟာသ။

အီးမေးလ်ထဲက ရတဲ့ ဟာသ တစ်ပုဒ်ပါ။ ရေးသူမသိပါ။ အလွန်ရီရလို့ မိတ်ဆွေများ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

"ဟေ့လူ... နေကောင်းလား…။"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့...။

"ကောင်းပါတယ်. ကျေးဇူး။"

အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး...။ အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."

ဟာ… ဒီလူတော့ ခက်ပြီ...။ ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ..။ ဘာလဲ….။

စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။

"ခင်ဗျားလိုပဲပေါ့ဗျာ...။"

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား...။"

ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ...။ ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…။
ဘာပဲဖြစ်ဖြစ် ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ...။"

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့….။"

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မပြုံးပဲ ၀ါးလုံးကွဲ ရီချလိုက်ပါ။

လရောင် ငတ်တဲ့ည (၄)

“တစ်နှစ်ထဲကို သုံးခါ ရှိပြီ...။”

ဒီမနက် ဖေဖေ့ကို ဇင်ဇင် အဲဒီ သုံးခါ ဆိုတာ ဘာလဲလို့ မေးတာကို ဖေဖေက မဖြေပဲ စကားလမ်းကြောင်း လွဲသွားတယ်။ အရေးကြီးလို့ ဆိုပြီး စခန်းကို ထွက်သွားတယ်။ ကျောင်းကို တစ်ယောက်ထဲ ထွက်လာရတော့တာပေါ့။ ဒေါ့ဂျစ်နဲ့ ကျောင်းကို မောင်းလာခဲ့တယ်။ တောင်ပေါ်လမ်းတွေမှာ ဒေါ့ဂျစ်ကတော့ မောင်းလို့ ကောင်းတယ်။ ဇင်ဇင်တစ်ယောက် နည်းနည်းတော့ ရှက်နေတယ်။ ကားက ဆေးတောင် ကောင်းကောင်းမှုတ်သေးတာ မဟုတ်ဘူး။ ဘော်ဒီက အကြမ်းသာသာပဲ ရှိသေးတယ်။ ကိစၥ မရွိပါဘူေးလ။ အိမ်နဲ့ ကျောင်းနဲ့က ဒီလောက် ဝေးတာ။ စီးစရာ ကားတစ်စီး ရှိတာကို ကျေးဇူးတင်ရမယ်။

ဒီနေ့က ကျောင်းကို ပထမဦးဆုံး ထရန်စဖာနဲ့ သွားအပ်ရမှာ ဆိုတော့ စောစော သွားတာ ကောင်းပါတယ်လေ ဆိုပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူပြီး ထွက်လာခဲ့တယ်။ လမ်းတစ်လျှောက်မှာ နှင်းမှုန်တွက ခပ်ဖွဲဖွဲ ကျနေလေရဲ့။

ကျောင်းထဲကို ကားဝင်လာတော့ ကိုယ့်ထက် ကြိုရောက်နှင့်နေတဲ့ သူတွေ ရှိနေတာကို တွေ့တယ်။ ကိုယ့်ကားလဲ ၀င်ရော အားလုံးက ၀ိုင်းပြီး စပ်စုတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ မိန်းကလေး တစ်ယောက်တည်း ကျောင်းကို ကားမောင်းလာတယ်။ မောင်းလာတဲ့ ကားကလဲ ဒေါ့ဂျစ် အစုတ်ဆိုတော့ မဆန်းပါဘူးလေ။

အားလုံးကို ဂရုစိုက် မနေပဲ ကျောင်းသားရေးရာကို သွားပြီး လုပ်စရာ ရှိတာကို လုပ်လိုက်တယ်။ ကျောင်းသားရေးရာက လိုအပ်တာကို ဆက်လုပ်ခိုင်းပြီး ဇင်ဇင် တက်ရမယ့် အတန်း၊ အတန်းချိန်ဇယား တွေ ထုတ်ပေးတယ်။ ဒီနေ့ အတန်းရှိတာပဲ။

အတန်းထဲကို မ၀င်ခင် ကင်တင်းမှာ သွားထိုင်မယ်လို့ ဆုံးဖြတ်တယ်။ ကောင်လေးတစ်ယောက် အနားကို ရောက်လာတယ်။ ကျောင်းသူ အသစ် မို့လို့ လိုအပ်တာ ကူညီနိုင်ပါကြောင်း စကားလာရောတယ်။ ရန်သူထက် မိတ်ဆွေက ဒီအချိန်မှာ ပိုလိုအပ်တာမို့ စကားလက်ဆုံ ပြန်ပြောလိုက်တယ်။ နောက်ပိုင်းမှာ လိုအပ်တဲ့ အကူအညီကို အတော်ပေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်လာတာကို သိရတယ်။ ညီထွေးတဲ့။ တရုတ်ကလေး။ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တယ်။ ကျောင်းတွင်း အပ်ပျောက်တာက အစ ဘယ် အိမ်သာမှာ မီးလုံး ပျက်တာ အဆုံး သိတယ်။ သူနဲ့ ပါတ်သက်လို့ တစ်ခြားသော မိတ်ဆွေ အပေါင်းအသင်းများ တော်တော်များများ ရလိုက်တယ်။

ကင်တင်းမှာ ညီထွေးရဲ့ ဘော်ဒါတွေနဲ့ ဆုံဖြစ်တော့ သူ အကုန် မိတ်ဆက်ပေးတယ်။ ကျော်ကျော်၊ လေးကို၊ သူဇာ၊ ထွေးလေး။ အဲဒီနေ့က ဘော်ဒါတွေ အများကြီး ရလိုက်တယ်။

ကင်တင်းမှာ ထိုင်နေတုန်း ညီထွေးက သိသင့်တာတွေ ပြောပြနေတယ်။

ရုတ်တရက် ကျောမှာ စိမ့်သလို ခံစားလိုက်ရတော့ နောက်ကို လှမ်းကြည့်မိတယ်။ သာမာန်ကျောင်းသားတွေနဲ့ မတူ နည်းနည်း ထူးခြားနေတဲ့ အုပ်စု တစ်စု ကင်တင်းထဲ ၀င်လာတာ တွေ့ရတယ်။ ညီထွေးက “သင်းကွဲ အုပ်စု” တဲ့ နာမည်ပေးထားတယ်တဲ့။ သူတို့ သီးသန့် နေတတ်တယ်။ ဘယ်အုပ်စုနဲ့မှ မရောတတ်ဘူးတဲ့။ တစ်တွဲစီ ထိုင်နေကြတယ်။ လေးယောက်ပေါ့။ ဘာမှ မစားမသောက်ကြပဲ စကား ထိုင်ပြောနေတယ်။ နည်းနည်းတော့ ထူးခြားတာပဲလို့ စိတ်ထဲက အသိအမှတ်ပြုပြီး ၀ိုင်းထဲ ပြန်အလှည့်မှာ တံခါးဝက ၀င်လာတဲ့ ကောင်လေး တစ်ယောက်ကို ထူးထူးခြားခြား သတိပြုလိုက်မိတယ်။ ဘာရယ်မသိ သူ့မျက်လုံးအကြည့်တွေက စူးရဲလွန်းတယ်။ ဇင်ဇင် မနေတတ် မထိုင်တတ်သလို ဖြစ်သွားတယ်။ သူကတော့ ဇင်ဇင့်ကို မတွေ့ဘူး။ ခဏနေတော့ ခုနက သင်းကွဲ အုပ်စုနဲ့ သွားထိုင်နေတယ်။ ဇင်ဇင်တစ်ယောက် ဘာကြောင့်မှန်း မသိ... သူထိုင်နေတာကို တောက်လျှောက် ခိုးကြည့်နေမိတယ်။ (စွန်ရဲလို့ တိတ်တခိုး နာမည် ပေးလိုက်မိတယ်။)

အကြည့်သူခိုးကို လူမိသွားတယ်။ သူလဲ ဇင်ဇင့်ကို အကြာကြီး စိုက်ကြည့်နေတယ်။ မိန်းကလေးမို့ ကိုယ်က ဦးဆုံး မျက်နှာလွဲပြီး သူငယ်ချင်းတွေနဲ့ ဆက်စကားပြောနေလိုက်တယ်။ သင်းကွဲအုပ်စု အကြောင်း မေးတော့ အားလုံးက စကားမဆက်ချင်ကြဘူး။ သူတို့ ဘယ်ကလာတယ်၊ ဘယ်မှာ နေတယ်ဆိုတာကို ဇင်ဇင်တစ်ယောက် သိချင်နေတယ်။ အထူးသဖြင့် စွန်ရဲ အကြောင်းကိုပေါ့...။

သူငယ်ချင်းတွေကတော့ လပြည့်ညက ဖြစ်သွားခဲ့တဲ့ လူသေမှုကို စိတ်ဝင်တစား ပြောနေကြလေရဲ့။ ကျောင်းတက်ခေါင်းလောင်းသံ ထိုးမှ လူစုခွဲဖြစ်တော့တယ်။


----xxxx----


အဲဒီည ဇင်ဇင်တစ်ယောက် ဆက်မအိပ်နိုင်တော့ဘူး။
သင်းကွဲ အုပ်စုနဲ့ စွန်ရဲအကြောင်းကို သာ တွေးနေမိတယ်။

လပြည့်ကျော်ညကတော့ လရောင်တွေနဲ့ လင်းချင်းနေရမှာကို တိမ်တစ်ဆုပ်ကြောင့် မှောင်နေခဲ့တယ်။
အဲဒီညမှာ ဇင်ဇင်တစ်ယောက် လရောင်ကို ငတ်မွတ်ခဲ့တယ်။
လရောင်ငတ်တဲ့ညလေး တစ်ည...။


----xxxx----

Tuesday, December 16, 2008

လရောင် ငတ်တဲ့ည (၃)

လရောင်ကတော့ ဖြာနေတုန်းပဲ...။

လရောင် တိုးဝင်နေတဲ့ အိပ်ခန်း ပြူတင်းရဲ့ လေသာပေါက်ကနေ အပြင်ကို ဇင်ဇင် ငေးကြည့်နေမိတယ်...။
တိမ်ညိုမဲ ပုပ်ပုပ်တွေကြားကနေ လက်မတင်လေး လွတ်လာတဲ့ လမင်းကြီးဟာ ၀ိုင်းဝိုင်းစက်စက်ကို သာလို့...။
ဝန်းကျင်မှာတော့ ညဥ့်ရဲ့သရုပ်ကို အားပါစေတဲ့ ဇိုးဇီဇိုးဇီ အသံလေးများ၊ တစ်ချက်တစ်ချက်မှ ဖိုသံပေးနေတဲ့ အုံးအင်သံလေးများ ပေါ်လာလေရဲ့...။
လရဲ့ညကို သရုပ်ပါစေတာကတော့ တောင်ပေါ်လေချမ်းလေ ဝှေ့ခနဲ သုတ်ပြီး တိုက်လိုက်တဲ့ အချိန်ပါပဲ...။
ဇင်ဇင့် အနွေးထည်ပါးပါးထဲကို တိုးဝင်လာတဲ့ ဆောင်းညလေချမ်းကြောင့် နွေးခနဲ ကြက်သီးတွေ ထလာခဲ့တယ်...။

ဆောင်းလေချမ်းကြောင့် ပါးပြင်ပေါ်က အေးစက်တဲ့ အထိအတွေ့ကို သတိထားမိချိန်မှာ သူငိုနေပါလားဆိုတာ သတိရလာတယ်...။ ဇင်ဇင်တစ်ယောက် ငိုနေမိပါပကော။ ပျံ့လွင့်နေတဲ့ အတွေးစများကို ပြန်လည် စုစည်းလိုက်တယ်။ ပြတင်းတံခါးကို ပြန်ပိတ်လိုက်ပြီး မှန်ပြတင်းက ထိုးကျလာတဲ့ လရောင်ကို ငေးကြည့်ဖြစ်တယ်။ လက်ထဲက ကိုင်ထားတဲ့ ခြုံစောင်ပါးပါးကို ကိုယ်ပေါ် အသာ ပြန်တင်လိုက်ရင်း လက်ရှိ ပစ္စုပ္ပါန် အခြေအနေကို သုံးသပ်နေမိတယ်....။

မေမေနဲ့ အပြင်းအထန် စကားများပြီး နောက် တစ်နယ်တစ်ကျေးက အဖေ့ဆီကို ထွက်လာခဲ့လိုက်တယ်။ မေမေကတော့ ဒီတစ်ခေါက်မှာ အတော်နောင်တရသွားတယ်။ သူ့ကို မတားဆီးနိုင်တော့ပဲ ကျန်နေခဲ့တယ်။ ဒီရောက်တော့ အဖေ့ဆီကို ဖုန်း ကြိုဆက်ထားတယ်တဲ့။ အဖေကတော့ ငယ်ငယ်ကတည်းက မေမေနဲ့ ကွဲပြီးတဲ့နောက် သူ့ကို တစ်နှစ်မှ တစ်ခါသာ တွေ့ဖြစ်တယ်။ တရားရုံးက အမိန့်ချလိုက်တယ်လေ။ တော်တော့်ကို ဆိုးဝါးခဲ့တဲ့ အတိတ်ပေါ့။

သူ့အဖေကတော့ အောက်ထပ်မှာ အိပ်နေလောက်ရောပေါ့...။ စခန်းမှူးတစ်ယောက် ဖြစ်တဲ့အတွက် ညဥ့်နက်မှပဲ အမြဲပြန်လာဖြစ်တဲ့ အဖေနဲ့ သူမတို့နှစ်ယောက်ဟာ တစ်အိမ်တည်း အတူ နေနေပေမယ့် ဝေးကွာနေဆဲလို့ သူခံစားနေရတယ်။

ဒီနေ့ ညစာစားချိန်အမှီကို ပြန်လာတဲ့ အဖေက ထူးထူးဆန်းဆန်း သတင်းတစ်ခုကို ပြောပြတယ်။ ထူးဆန်းပေမယ့် အလားတူ ဖြစ်ရပ်ကတော့ ၃ မှုရှိသွားပြီတဲ့။ လူသူ မနီးတဲ့ တောကြီးမျက်မည်းက ချောက်ကမ်းပါးထိပ်မှာ အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ မုဆိုးတစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရကြောင်း၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အတွက် ဘယ်သူမှန်း မသိပေမယ့် ဒီနယ်ဘက်ကို နယ်ကျွံလာတဲ့ မုဆိုးတစ်ယောက် ဆိုတာကို သူ့ဘေးနားက အမဲလိုက် ရိုင်ဖယ်နဲ့ ကိရိယာ တစ်ချို့အရ သိရကြောင်း၊ တိရစ္ဆာန်ရဲ့ တိုက်ခိုက်မှုကို ခံရတာ ဖြစ်ကြောင်း စိတ်မချမ်းမြေ့ဖွယ် ပြောပြနေတယ်။

ဆေးရုံက သေမှုသေခင်း ဆရာဝန်ကတော့ ဒီနယ်ဘက်မှာ မြေခွေးဆိုတာ မရှိသလောက် ရှားပါးတဲ့ အကြောင်း၊ အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ဒီနှစ်ထဲမှာဆို သုံးကြိမ်မြောက်ဖြစ်ကြောင်းကိုလဲ ပြောသွားသေးတယ်...။

ဇင်ဇင့်စိတ်ထဲမတော့ သူနဲ့ သူ့ဖေဖေ ဘယ်တော့ ပြန်နီးစပ်မလဲဆိုတာကို စဉ်းစားနေမိတယ်။



----xxxx----


ဒီနေ့ ဖေဖေ ဘယ်မှ မသွားဘူး အိမ်မှာနေနေတယ် ထင်တယ်။ မနက်နိုးလာတော့ အိမ်ရှေ့ခန်းမှာ ကော်ဖီထိုင်သောက်ရင်းနဲ့ ဂျာနယ်တစ်စောင် ထိုင်ဖတ်နေတာတွေ့တယ်...။ ဇင်ဇင်လဲ မီးဖိုချောင်ထဲ ၀င်ပြီး မနက်စာကို အလွယ် လုပ်စားလိုက်တယ်။ ညဦးပိုင်းက ဖေဖေက ပြောစရာရှိတယ်ဆိုလို့ ခဏနေတော့ ဖေဖေ့နား သွားထိုင်လိုက်တယ်။

ဖေဖေက ဂျာနယ်ဖတ်ရင်းကနေ မျက်လုံးလှန်ကြည့်တယ်။
“သမီးနိုးပြီလား။ လာ ခြံထဲ သွားရအောင်”

ဖေဖေနဲ့ခြံထဲကို ဆင်းခဲ့တယ်။ ခြံလေးကတော့ မာလီ မရှိလို့ ရွက်ကြွေတွေနဲ့ ပြည့်နေလေရဲ့။
ဆောင်းလေရူးက တစ်ချက် တိုက်သွားတယ်။ အနွေးထည် တစ်ထပ်လောက် ၀တ်ခဲ့ရင် ကောင်းမှာလို့ ဇင်ဇင် တွေးမိတယ်။ ဖေဖေက ဂိုဒေါင်ရှေ့မှာ ရပ်လိုက်တယ်။ အိတ်ထဲ အသင့် ပါလာပုံရတဲ့ သော့နဲ့ တံခါးကို ဖွင့်တယ်။ ဂိုဒေါင်ထဲမှာတော့ ထင်ထားသလို ပင့်ကူမျှင်တွေနဲ့ ပြည့်မနေပါဘူး။ အပြင်က နေရောင်ကြောင့် အတွင်းပိုင်းကို သေချာ မြင်နေရတယ်။ ဖေဖေ့ဝါသနာ အတိုင်း တွင်ခုံ၊ လက်သမား ကိရိယာ၊ စတာတွေ တွေ့နေလေရဲ့။ မော်တာ တစ်ချို့၊ ချိန်းကြိုးတွေ လဲတွေ့တယ်။

အထဲမှာ အ၀တ်စအကြီးကြီး အုပ်ထားတဲ့ ခပ်ကြီးကြီး အရာတစ်ခုရှေ့ရောက်တော့ ဖေဖေ ရပ်လိုက်တယ်။ ဇင်ဇင်လဲ ရပ်လိုက်မိတယ်။ ဖေဖေက အ၀တ်စကို ရုပ်ခိုင်းတယ်။ ဆွဲရုပ်လိုက်တော့ ထရပ်ကား တစ်စီး။ နီညိုရောင်လေး။ ဒေါ့ဂျစ်ကို ထရပ်ကား ပုံ ဖြစ်အောင် ပြန်ပြင်ထားတဲ့ ပုံစံ။

“Happy Birthday သမီးလေး” တဲ့။

စိတ်ထဲမှာ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဖေဖေ သူ့မွေးနေ့ကို မမေ့သေးဘူးကိုး။ ၀မ်းသာပေမယ့် စိတ်ထဲမှာပဲ ထားလိုက်တယ်။ မောင်းလို့ ရလားလို့ မေးတော့ ဖေဖေက တစ်ဟားဟားနဲ့ ရယ်နေရင်းကနေ မောင်းလို့ ရတာပေါ့လို့ ပြောတယ်။ အိမ်ရှေ့ကနေ ကားသံကြားလို့ ထွက်ကြည့်တော့ နယ်ခံတိုင်းရင်းသား လူကြီးတစ်ယောက်နဲ့ သူ့အရွယ် ကောင်လေးတစ်ယောက်။ လူကြီးက ၀ှီးလ်ချဲပေါ် ထိုင်လို့။ ဖေဖေက ၀မ်းသာအားရ နူတ်ဆက်တယ်။ လူကြီးက ဇင်ဇင့်ကို ကြည့်ရင်းနဲ့ “အိုး ဇင်ဇင်မဟုတ်လား...။ ကြည့်စမ်း သမီး ထွားလာလိုက်တာ။ ဒီကို မလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ” လို့ မေးတယ်။ ဇင်ဇင်တောင် မမှတ်မိတော့ဘူး။ ဘယ်သူလဲ။ ဘယ်သူလဲ။ ဖေဖေက ဦးဟန်ထွန်းလို့ ပြောပြတယ်။ ငယ်ငယ်က သူတို့အိမ်နားက ချောင်းလေးမှာ အားလပ်ရက်တိုင်း ငါးသွားမျှားတတ်တာ၊ ဇင်ဇင်က အဲဒီ ချောင်းလေးထဲကို ဆင်းဆော့ရတာ ၀ါသနာပါတာ၊ ကောင်လေးက အဲဒီတုန်းက ဇင်ဇင့်နဲ့ ကစားဖေါ် သက်ထွန်း ဖြစ်တာ။ ဇင်ဇင် တစ်ခုမှ မမှတ်မိတော့ဘူး...။ မကောင်းတတ်လို့သာ ပြုံးပြလိုက်ရတယ်၊ ကောင်လေးကို ဘယ်လိုမှ ပုံဖေါ်လို့ မရဘူး။ ဖေဖေက ပြောတယ် ဒီကားကို မောင်းလို့ရတဲ့ အဆင့်အထိ ပြင်ခဲ့တာ သက်ထွန်းရဲ့ ကြိုးစားမှုကြောင့်တဲ့။ သက်ထွန်းက ဂျီတီအိုင်မှာ ဆက်တက်နေတဲ့ အကြောင်းကို ပြောပြတယ်။ အော်.. ဇင်ဇင်နဲ့ တူတူ ကျောင်းတက်မှာပါလားလို့ သိလိုက်တယ်။

ဖေဖေက ဦးဟန်ထွန်းကို အိမ်ရှေ့ရောက်အောင် တွန်းသွားနေတယ်။ ဇင်ဇင်နဲ့ သက်ထွန်းက နောက်ကနေ လျှောက်ရင်းနဲ့ လိုက်လာတယ်။ ဦးဟန်ထွန်းက ဖေဖေ့ကို ပြီးခဲ့တဲ့ လပြည့်ညတုန်းက အလည်မလာတာကို မေးတော့ ဖေဖေက ဦးဟန်ထွန်းကို ဟိုးတစ်ညက တိရစ္ဆာန်အကိုက်ခံရပြီး သေသွားတဲ့ လူသေမှုကို ပြောပြတယ်။ ဦးဟန်ထွန်း သတင်းကို ကြားတော့ ကွက်ကနဲ မျက်နှာပျက်သွားတယ်။ ဖေဖေ့မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး “သူတို့တစ်တွေ ဂတိ ပျက်နေပြီ” လို့ တီးတိုး လှမ်းပြောလိုက်တယ်။ ဇင်ဇင်ကြားဖြစ်အောင် ကြားလိုက်တယ်။ ဘယ်သူတွေက ဂတိတွေ ပျက်နေတာလဲ။ သက်ထွန်းက ဇင်ဇင့် အာရုံလွဲသွားအောင် တစ်ခြား ငယ်ဘ၀က အကြောင်းတွေ ပြောပြပေမယ့် ဇင်ဇင် စိတ်မ၀င်စားနိုင်တော့ဘူး။

“သူတို့တစ်တွေ ဂတိ ပျက်နေပြီ” ဆိုတဲ့ စကားတစ်ခွန်း။
ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ရုပ်အလောင်း။
တစ်နှစ်ထဲကို သုံးခါ ရှိပြီ...။

----xxxx----

(ဆက်ရန်)

(အစကတော့ တည်မိတဲ့ ဘုရား လင်းတပဲ နားနား ဆိုပြီးတော့ စထားမိတယ်။ ခုမှ အလုပ်တွေက ဇယ်ဆက်သလို လုပ်နေရတယ်။ တေချင်တယ်။ မနေ့က အကြမ်းကိုပဲ ပြန်ချောလိုက်ရတယ်။ ခွင့်လွှတ်ပါကုန်။)

လရောင် ငတ်တဲ့ည (၂)


ပြေး...
ပြေး.......
ပြေး.............

လွှတ်အောင်ပြေး...။
နောက်က အုပ်စုလိုက် လိုက်နေသံကို ကြားရတယ်...။
အာခံတွင်းထဲက ခြောက်ကပ်နေတဲ့ မောဟိုက်သံကို ကိုယ်တိုင် ပြန်ကြားနေရတယ်။
ဒါပေမဲ့ သူရပ်နေလို့ မရဘူး။ ကိုယ်ပေါ်မှာ ခြစ်မိတဲ့ ဆူးတွေ၊ နင်းမိတဲ့ ဆူးပြွမ်းလမ်းပေါ်က ကျောက်စရစ်ကြမ်းတွေ၊ ကန္တာရဆူးခြုံတွေ ဒဏ်ကို သူသတိ မပြုမိဘူး။ ဒဏ်ရာတွေက သွေးစိမ်းရှင်ရှင် ထွက်နေတာကို ဂရုမထားအားဘူး။
လောလောဆယ် အတွေးအာရုံထဲမှာ လွမ်းမိုးနေတာကတော့ အသက်ဘေးကနေ လွတ်အောင် ပြေးဖို့ပဲ...။

3 နာရီဆက်တိုက် မရပ်မနား ပြေးလွားနေရတော့ သူ့ခြေထောက်တွေ နွမ်းနယ်လာတယ်။ သူ့နောက်က အုံနဲ့ကျင်းနဲ့ လိုက်နေတုန်းပဲ။
သူ့နှလုံးခုန်သံ တစ်ဒိန်းဒိန်း ရိုက်ချက်ဟာ သူ့နားထင်သွေးကြောကို တစ်ချက်တစ်ချက် လာလာ ဆောင့်နေတယ်။ သူလွတ်နိုင်မလား။ အစက တင်းထားခဲ့သမျှ စိတ်တွေ လျော့ချင်သလိုလို ဖြစ်သွားတယ်။ စိတ်က တွေးနေပေမယ့် ပြေးနေတဲ့ နှုန်းကို မလျော့မိဘူး။ နောက်ကလဲ လိုက်လာတဲ့ အသံတွေ ကြားနေတုန်းပဲ။ ပင်စည်တွေ၊ ချုံပုတ်တွေ သူ့နောက်မှာ ရိပ်ကနဲ ရိပ်ကနဲ ကျန်နေခဲ့တယ်။

သူပြေးနေတယ်။
ဆက်ပြေးတယ်။
တောက်လျှောက်ပြေးနေတယ်
ဒါပေမယ့် သူမောလာပြီ။
ခြေကုန်လက်ပန်း ကျနေပြီ။

လရောင်ကတော့ အဇဋာ မိုးကောင်းကင်မှာ လင်းပနေလို့။
လရောင်ကို တပ်မက်ဖူးတဲ့ သူ၊ ဒီတစ်ခါတော့ လရောင်ကို မုန်းနေတယ်။ သူရှိရာကို မြင်နိုင်တယ်လေ။
လရောင်ကွယ်တဲ့ အပင်တွေကြား သူတိုးဝင် ပြေးတယ်။ ခပ်ဝေးဝေးဆီက လှစ်ခနဲ၊ လှစ်ခနဲ လိုက်လာတဲ့ အရိပ်တွေကို မျက်ဝန်းထောင့်မှာ သူတွေ့နေရတယ်။ အန္တရာယ်တွေ သူ့နားကို တော်တော်နီးနေပြီ။ အားစိုက်ထည့်ပြီး ထပ်ပြေးတယ်။

ရှေ့မှာ ရေစီးသံသဲ့သဲ့ကို ကြားလိုက်တယ်။ သူအားတက်သွားတယ်။ အနည်းဆုံး ရေတစ်ပေါက်တော့ သောက်ရမယ်လေ။ အားတက်သရောနဲ့ ပြေးသွားတော့ ရှေ့မှာ ဘာ အတားအဆီးမှ မတွေ့တော့ပါလား။ ဟာလာဟင်းလင်း ဖြစ်နေတယ်။

အို
ချောက်ကမ်းပါး စွန်းမှာ သူရောက်နေတာကိုး။
ဆောင်းလေအေးက ဟိုးချောက်ကမ်းပါး အောက်ဘက်ကနေ အပေါ်ကို ပင့်တိုက်လာတာ သူခံစားလိုက်တယ်။ ချွေးစေးတွေနဲ့ မောဟိုက်နေတဲ့ သူ... တစ်ခဏလောက်တော့ အပန်းပြေသွားတယ်။

ဒါပေမယ့်...
အသံကြားလို့ နောက်လှည့်ကြည့်တော့ အန္တရယ်က လက်တစ်ကမ်းမှာ။
နောက်ကို တစ်ဖြည်းဖြည်း ဆုတ်မိတယ်။
ဟိုးအောက်နားက ရေစီးသံ ပိုပို ကျယ်လာတယ်။ ချောက်ကမ်းပါးစွန်းက ခဲလုံး နင်းမိလို့ ကိုယ်တစ်ချက် ယိုင်သွားတယ်။
ကျောက်စိုင် ကျောက်ခဲ တစ်ချို့ ပြုတ်ကျသွားတယ်။

ဒီအချိန်မှာ သူမြင်လိုက်ရတာကတော့

ချွန်မြနေတဲ့ အစွယ်ဖွေးဖွး...
လရောင်အောက်မှာ ၀င်းကနဲ ဖြစ်သွား...
သူ့ဆီကို အငမ်းမရ တိုးဝင်လာ...
ရှိသမျှအားနဲ့ ခုခံ...
လဲကျသွား...
အားနည်းလာ...
လည်မျိုနားမှာ တစ်ချက် စူးကနဲ ဖြစ်သွားယ်။
သွေးတွေ ... သွေးတွေ...
အနီရောင် သွေးတွေ...

Photo : Storytimeout

လမင်းကြီးတောင် အနီရောင် ပြောင်းသွားလေသလား...။
မျက်လုံးထဲ အမှောင်တိုက် တိုးဝင်လာ...
စမ်းရေစီးသံ တစ်ဖြည်းဖြည်း တိုးတိတ်သွား...
နာကျင်မှုတွေ မသိတော့
ပိန်းပိတ်တဲ့ အမှောင်ထုကသာ တိုးဝင်...
ချိုမြတဲ့ ဒဏ်ရာတွေကို ခံစားပြီးတော့ အဆုံးစွန်သော အစွန်း တစ်ဘက်ဆီသို့...

----xxxx----


အကျည်းတန်တဲ့ မြင်ကွင်းကို မျက်ကွယ်ပြုလို့... ထက်အာကာ မိုးကောင်းကင် အဇဋာမှာတော့ တိမ်ညိုပုပ်တွေ ကင်းစင်နေတဲ့ လပြည့်ည လမင်းကတော့ ထိန်ထိန်သာနေတယ်...။
လရောင်တွေ ဖျန်းပက်နေတဲ့ တစ်ခဏမှာ ကြယ်တစ်ပွင့် ရုတ်ကနဲ ကောင်းကင်ထက်က ကြွေဆင်းသွားတယ်။
ဘယ်သူမှ မသိလိုက်ဘူး...။
လရောင်ကတော့ ဖြာနေတုန်းပဲ...။

----xxxx----
(ဆက်ရန်)

Happy Birthday အမ်းမား


Photo : Cake Design

ဟဲဟဲ...။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အခါသမယပါ...။
ဒီနှစ်ထဲမှာ ကောက်ရတဲ့ ဘလော့ဂါအစ်မကြီးရဲ့ နောက်တစ်ဖန် ကျရောက်လာပြန်တဲ့ အခုလို မွေးနေ့ အခါသမယမှာ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး လိုရာဆန္ဒ ၊ တောင့်တအပ်သော လိုအင်များ ပြည့်စုံပါစေဗျား...။
အစ်မကြီး လူသိရှင်ကြား တောင်းသော၊ တိုးတိုးတိတ်တိတ် တောင်းသော၊ လူမသိတစ်သိ တောင်းသော ဆုများ ပြည့်စုံပါစေလို့ ကူညီညာလို့ ထပ်လောင်း တောင်းပေးလိုက်ပါတယ်...။
ပျော်ရာအရပ်မှာ မိမိ ချစ်သူခင်သူတွေနဲ့ စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်ပါစေလို့... ဆုတောင်းပေးပါတယ်ဗျား...။
ချမ်းအေးတဲ့ အေးချမ်းတဲ့ ဆောင်းရာသီ အခါသမယမှာ မွေးဖွားခဲ့သလို ဘ၀တစ်လျှောက်မှာလဲ အေးအေးချမ်းချမ်း နေထိုင်နိုင်ပါစေ...။



ကဲ... မွေးနေ့ဆုတောင်းကိုတော့ သေသေချာချာ ဆုတောင်းပေးပြီးသွားပြီ...။
မောင်ဘွိုင်းတို့ရဲ့ ထုံးစံအရ ပေါက်တတ်ကရလေး တစ်ခုခုမှ မလုပ်လိုက်ရရင် စားမ၀င် အိပ်မပျော်တဲ့အတွက် ရိုးရာလေး မပျက်ရအောင် စလိုက်ရအောင်လား...။
ဆင်ထုံ၊ ပေါက်ထုံ၊ လင်းထုံ၊ မေထုံ၊ မချိုသင်း၊ တီဇက်အေ၊ ကျောက်တိုင်ကြီး strike နဲ့ အမ်းမားရဲ့ မိတ်ဆွေ အပေါင်းတို့...။
ထုံးတမ်းစဉ်လာအရ မွေးနေ့ရှင်အတွက် မွေးနေ့ဆုတောင်း သီချင်းလေး ဆိုရမှာပါ...။
Happy Birthday To you.. ဆိုတဲ့ မွေးနေ့ သီချင်းလေး အလိုက်ကို ရကြပါတယ်နော်...။

အခုတော့ အမ်းမားရဲ့ မွေးနေ့ဖြစ်တဲ့ အားလျော်စွာ... ထူးထူးခြားခြားလေး ဖြစ်အောင် ကျွန်တော် အဲဒီမူရင်း သီချင်းထဲက စာသား တစ်ချို့တစ်ဝက်ကို ပြင်ဆင်ထားပါတယ်...။
အဲဒီ ပြင်ဆင်ထားတဲ့ အတိုင်း ဆိုရင်းနဲ့ မွေးနေ့ ဆုတောင်းကြပါစို့...။

လာပါပြီ...။

Happy Birthday To You...
You Belong To The Zoo...
You Are Monkey And Donkey...
Happy Birthday To You....


လက်ခုပ်တီးကြပါ...။
အမ်းမား .. make a wish and blow the candles....
ဟေး။ ဖြောင်းဖြောင်းဖြောင်း....

အမ်းမား မွေးနေ့ကိတ်ပေါ်က ထွန်းထားတဲ့ ဖယောင်းတိုင်များကို ဘယ်လိုပဲ မှုတ်မှုတ်.. ဖယောင်းတိုင်များက မီးမမှိတ်သွားပါဘူး...။ အံ့ဖွယ်သရဲပါပဲ...။
(ဘယ်ငြိမ်းမလဲ.. ဘွိုင်းက စီးတီးမတ်က မီးမငြိမ်းနိုင်တဲ့ ဖယောင်းတိုင်ဝယ်ပြီး ထွန်းထားတာလေ...။)
အမ်းမားတစ်ယောက်တော့ ခုထိ ကြိုးစားပမ်းစား မှုတ်နေတုန်း....။


Photo : Clip Art

- ဆင်ထုံကတော့ မျက်နှာပျက်နေလေရဲ့...။
(သူက တစ်ကယ့် ဖယောင်းတိုင် ၀ယ်လာတာ။ ဘွိုင်းက အစားထိုးလဲလိုက်တာ)
- မေထုံကတော့ ငိုမဲ့မဲ့.. (မုန့်မစားရတော့မှာကို စိုးရိမ်လို့)
- ပေါက်ထုံကတော့ ဘွိုင်းကို မျက်စောင်းတစ်ခဲခဲ (သူက မလုပ်ပါနဲ့လို့ ဘွိုင်းကို တားတားတဲ့ကြားက သူ့အလစ်မှာ လုပ်လိုက်လို့)
- မချိုသင်းကတော့ ထုံးစံအတိုင်း မျက်လုံးကလေး ကလယ်ကလယ်နဲ့ .. ဘာဖြစ်လို့ ဖြစ်မှန်းကို မသိသေးဘူး...။
- ကျောက်တိုင်ကြီး strike ကတော့ လူအများ ကိတ်မုန့်ဘက်ကို အာရုံစိုက်နေချိန်မှာ မယောင်မလည်နဲ့ တီဇက်အေ အနား ကပ်သွားလေရဲ့...။

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ပါ အမ်းမား...။

Monday, December 15, 2008

လရောင် ငတ်တဲ့ည (၁)



လရောင်...။
တိမ်မျှင်ပုဝါပါးကနေ ခပ်စောင်းစောင်း ထိုးလာတဲ့ လရောင်။
သြကာသ လောက တစ်ခွင်လုံးကို အေးချမ်းသွားအောင် လွမ်းခြုံပေးတဲ့ လရောင်။
ညဥ့်လည်ယံမှာ အလင်းမျှင်ပါးပါးကို ယစ်မူးမိသူတိုင်း နောက်တစ်ခါ၊ အထပ်ထပ် အခါခါ တိမ်းမူးချင်လောက်အောင် လူတွေကို ဖမ်းစားတတ်တဲ့ လရောင်...။

ဒီလရောင်ဟာ လူတွေကို နူးညံ့စေတယ်။
ဒီလရောင်ကပဲ လူတွေကို ကြမ်းတမ်းစေတယ်...။
ဒီလရောင်ကပဲ အဟိတ်တိရစ္ဆာန်တွေရဲ့ စိတ်နှလုံးကို ဆွဲငင်သိမ်းကျုံး လှုပ်ရှားစေတယ်...။
ဒီလရောင်ကပဲ ကမ္ဘာဦး လူသားတွေရဲ့ နေမင်းကွယ်ပျောက်လို့ အမိုက်မှောင် ဖုံးနေချိန်မှာ အားငယ်နေတဲ့ စိတ်နှလုံးကို ချော့သိပ်တယ်...။

ဒီလရောင်ကြောင့်ပဲ ကမ္ဘာကျော် အနုပညာတွေ ပေါ်ထွန်းခဲ့တယ်။
Beethoven ရဲ့ လရောင်တေးသွား (Moonlight Sonata) ကို နားထောင်ဖူးပါသလား။
Moon River ဆိုတဲ့ ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းကို သောတအာရုံထဲ ခဏလောက် ဖြစ်ဖြစ် ထည့်ကြည့်ဖူးပါသလား...။
ဂျူးရဲ့ ၀တ္ထုဖြစ်တဲ့ “မြရဲ့လ” ကို အဆိုတော် ထူးအိမ်သင်က အသံထွက်ဖတ်ပြခဲ့တဲ့ အသံထွက် ၀တ္ထု ကို ဖတ်ဖူး နားထောင်ဖူးကြလား။




လရောင်ကြောင့် ပြောင်းလဲခြင်းများစွာထဲက တစ်ခုကို ပြောပြချင်တယ်။
နားထောင်မယ်ဆို လရောင်အောက်ကို သွားကြစို့...။

----xxxx-----
(နိဒါန်းပဲ ရှိပါသေးတယ်..။ ခေါင်းစဉ်မှာ အချီးလို့ တပ်ထားတာကို ရှုပ်နေတယ်လို့ ပြောလို့ ပြန်ဖြုတ်လိုက်ပါတယ်...။)
(ဆက်ရန်။)

New Function in Blogspot?

အရင်က သတိမထားမိပါ။
ခုတစ်လောမှ သတိထားမိတာ...။
တစ်ခြားသော ဘလော့ဂ်တွေမှာ ပို့စ်တွေရဲ့ အောက်ခြေမှာ ကိုယ် သွားသွားပြီး ရေးထားတဲ့ comment တွေနဲ့ ပါတ်သက်လို့ပါ။
အရင်ကဆို ဘလော့ဂ်ပိုင်ရှင်ကပဲ သူ့ဘလော့ဂ်မှာ လာရေးထားတဲ့ ကော်မန့်တွေကိုပဲ ဖျက်ခွင့်ရှိသလားလို့...။
အခုဆို ကိုယ်သူများဆီမှာ ရေးပြီးသား comment တွေကို ကိုယ်တိုင် ပြန်ဖျက်ချင်ရင် ပြန်ဖျက်လို့ ရနေပြီ...။
အရင်တုန်းက ရှိခဲ့တယ်ဆိုရင်တော့ ကျွန်တော် သတိမပြုမိလို့ပေါ့...။
အောက်က ပုံမှာ ပြထားတဲ့အတိုင်း သူများဆီမှာ ရေးထားတဲ့ ကိုယ့်ကော်မန့်တွေကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်ချင်ခဲ့တယ်ဆိုရင် ကိုယ့်ကော်မန့် ဘေးနားက အမှိုက်ပုံးလေးကို နှိပ်ပြီး Delete လုပ်လိုက်ရုံပါပဲ...။
မသိသေးသူများအတွက် အသစ် ဖြစ်သလို သိပြီးသူများအတွက် Reminder ပေါ့ဗျာ...။
Blog ကတော့ ညီမလေး နေနေ ဆီက ဘလော့ဖြစ်ပါတယ်။ ကျွန်တော် တင်ထားတဲ့ နမူနာပုံကတော့ အဲဒီဘလော့ဂ်မှာ ကျွန်တော် ရေးခဲ့တဲ့ ကော်မန့် ပါ။ အမှိုက်ပုံးကို အနီနဲ့ ၀ိုင်းပြထားပါတယ်...။

Goat Walk


Photo Credit : www.gamespot.com

ဆိတ်မွေးတဲ့ အိမ်မှာ ညညဆို ဆိတ်တွေကို အိမ်ခေါင်မိုးနားက ဆိတ်အိပ်တဲ့ နေရာကို Goat Walk လို့ ခေါ်တာတဲ့ ဆိတ်တစ်ကောင် လျှောက်စာ လမ်းကလေးကနေ ဆိတ်တွေကို အပေါ်ရောက်အောင် မောင်းသွင်းရသတဲ့...။ ဆိတ်ဆိုတဲ့ ကောင်မျိုးက မှောင်ရင် လန့်တတ်သကိုး...။ အဲဒီတော့ Goat Walk မှာ မီးလုံးလေးတွေ တပ်ထားပေးရသတဲ့...။ မီးပျက်တဲ့ညတွေဆို ဆိတ်တစ်ကောင်ကတော့ အနည်းဆုံး ပြုတ်ကျတယ်တဲ့..။ ပြုတ်ကျရင်လဲ ဇက်ကျိုး သေတာ ဆိုပဲ...။ ဆိုတော့ ညဏ်ကြီးရှင် ဆိတ်ထိန်းကောင်လေးက မီးလုံးလေးကို ခဏလောက် ဖြုတ်ထားလိုက်တယ်တဲ့...။ မီးလုံးဖြုတ်တော့ ဘာဖြစ်သွားလဲ... ပရိသတ်ကြီးတို့...။ မီးမှောင်သွားတာပေါ့နော်...။ မှောင်တော့ ဘာဖြစ်လဲ...။ ဘာဖြစ်လဲ ဆိုတော့... မီးမှိတ်လိုက်လို့ ကြောက်အားလန့်အားနဲ့ ပြုတ်ကျလာတဲ့ ကံဆိုးသူ မောင်ဆိတ်ဟာ မနက်ကျတော့ ဆိတ်သားဆီပြန် ဖြစ်ရောတဲ့...။ ကိုမိုဂျို ပြောတာလေ... အဲဒါနဲ့ ဆက်စပ်ပြီး အခု ပြုတ်ကျလု တည်းတည်း ဖြစ်နေတဲ့ ကြောင်ပုံကို ကြည့်ပြီး ကြောင်သားဆီပြန် စားကြည့်ချင်လိုက်တာ လို့ ပြောရင် ၀ိုင်းသတ်ကြမလားပဲ...။

Related Post : 121308

Sunday, December 14, 2008

ဆားချက်တဲ့ ပို့စ်။

Opposite Stories of Rabbits...


အရင်က ရေးပြီးသားတွေပါ...။ ခုများမှာတော့ အဲလို ပြန်မရေးနိုင်တော့လို့ အဟောင်းများထဲက တူးဆွပြီး မဖတ်ဖူးသေးသူများအတွက် ပြန်လည် ဝေငှပေးလိုက်ရပါတယ်...။ ဖတ်ပြီးသူများ ခန္တီစတရား လက်ကိုင်ထားပြီး ကျော်သွားကြပါလို့...။
===================================
ယုန်ဆိုတဲ့ သတ္တ၀ါအကြောင်းများ မပြောချင်ပါဘူး...။
မစူးစမ်း မဆင်ခြင်တဲ့ ယုန်သူငယ်တဲ့...။
ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ပုံပြင်လေး အကြောင်းပါ...။
ခင်ဗျားတို့ တစ်တွေလဲ ကြားဖူးကြမှာပေါ့...။
ဥသျှစ်ပင်အောက်မှ ၀ပ်နေတဲ့ ယုန်လေးတစ်ကောင်ဟာ အကြောင်းမဲ့ လျှောက်တွေးတဲ့ အကြောင်း...။ တကယ်လို့ ကမ္ဘာကြီးပေါ်နေနေတဲ့ သူ့အပေါ်ကို ကောင်းကင်ကြီး ပြိုကျလာခဲ့ရင် ဘာလုပ်မလဲလို့ တွေးနေတုန်း...။ ဗြုန်းဆို ဥသျှစ်သီးမှည့် တစ်လုံးကြွေကျလာလေရော...။ သစ်ရွက်ခြောက်ပေါ် ဥသျှစ်သီးမှည့် ကြွေကျသံဟာ ပြင်းလွန်းလို့ ယုန်သူငယ်ဟာ အကြောင်းခြင်းရာကို သေချာ မစုံစမ်းတော့ပဲ... သူ့ခေါင်းပေါ်ကို မိုးကောင်းကင်ကြီး ပြိုကျလာပါပြီ ဆိုပြီး ထိတ်လန့်တကြား ပြေးမိပြေးရာ ပြေးတော့တာပေါ့...။ ဒါကိုမြင်တဲ့ တိရစ္ဆာန် အပေါင်းက ယုန်ကို မေးတော့ ယုန်က မိုးကောင်းကင်ကြီး ပြုတ်ကျလာလို့ပါ ဆိုပြီး ပြောလဲပြော ပြေးလဲပြေး ... ပြောပြေးပွဲကြီး ကျင်းပသွားတာပေါ့...။ ဒါကို ကျန်တဲ့ အကောင်ပလောင်တွေကလဲ ဆက်ပြီး မစူးစမ်းပဲ ပြေးကြလိုက်တာ တစ်တောလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ရော...။ အဲဒီမှာ တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြင်္သေ့မင်းက သိတော့ ဒီအကောင်တွေ ငါမကယ်ရင် ပြေးရင်းနဲ့ အမောဆို့ပြီး သေဖွယ် ရှိတယ်ဆိုပြီး ပြေးနေတဲ့ တိရစ္ဆာန်အုပ်ရှေ့ကနေ ခန့်ညားထည်ဝါတဲ့ အသံကြီးနဲ့ ဟောက်လိုက်တယ်တဲ့...။ ဒီတော့မှ တိရစ္ဆာန်တွေလဲ သတိပြန်ရပြီး သွေးရူးသွေးတန်း ပြေးလွှားရာကနေ ရပ်လိုက်ကြသတဲ့..။ ခြင်္သေ့မင်းက အကြောင်းခြင်းရာကို စူးစမ်း ... ပြီးတော့ အခင်းဖြစ်ရာ နေရာကို မူလ အော်ရီဂျင်နယ် ယုန်နဲ့တကွ သွားကြည့်တော့မှ သစ်ရွက်ခြောက်ပေါ် ကြွေကျ နေတဲ့ ဥသျှစ်သီးမှည့်ကို တွေ့ပါရောလား...။ နောက်ဆုံးတော့ အဖြေမှန် ပေါ်သွားရော ဆိုပါစို့...။ ယုန်သူငယ်ရဲ့ မစူးစမ်း မဆင်ခြင်မှုကြောင့်သားရဲ တိရစ္ဆာန်တွေ ဒုက္ခရောက်ကုန်ပေါ့...။ ဟုတ်တယ်နော်...။ ဒီယုန်... ဦးနှောက် မရှိဘူး...။ စကျူးပစ်ယုန်...။
------------------------------------------

နောက်တစ်ပုဒ်ရော ကြားဖူးကြသလားမသိ...။
ယုန်သူငယ် နှာစေးတဲ့ အကြောင်းလေ...။ ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးတို့တုန်းကပါ...။ ဘိုးတော်ဘုရားက သူ့သားတော် နှစ်ယောက်ထဲက ဘယ်သူ့ကို အိမ်ရှေ့အရာ အပ်နှင်းရင် ကောင်းမလဲပေါ့...။ ညီလာခံပြီးလို့ ဘုရင်လဲ ပင်ပန်းတာနဲ့ စကားမရှိ စကားရှာ ကောက်မေးလိုက်တယ်နဲ့ တူပါတယ်...။ ဘယ်မှူးမတ်မှ မဖြေရဲကြဘူးတဲ့...။ ဘယ်ဖြေရဲမလဲ...။ ခေတ်က ပဒေသရာဇ်ခေတ်လေ...။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်၊ အပြောမတော် တစ်ခွန်းဆိုတဲ့ စကားက ရှိတယ်မလား...။ မတော်... ဒီတစ်ယောက်ကို တင်လိုက်ပါဆိုရင် ဟိုတစ်ယောက်က ဟယ်..ငါ့ကျတော့ မတင်ဘူးဆိုပြီး မျက်မှန်တော် ရှပြီး လက်သုံးတော်ဓါးနဲ့ ပိုင်းလိုက်မှဖြင့်.... နောက်နေ့မျက်နှာသစ်စရာ မရှိပဲ ဖြစ်ရော့မယ်...။ ဆိုတော့ကာ ဘယ်သူမှ မဖြေရဲဘူးပေါ့...။ တိတ်တိတ်လေးနေနေကြတာပေါ့...။ ဘုရင်လဲ စိတ်အလိုမကျ ဖြစ်ပြီး သူ့ရဲ့ အမြဲ သုံးနေကျ သံခဲဆေးကြီး အဲအဲ လက်စွဲတော် ပျော်တော်ဆက်ကြီး ဦးပေါ်ဦးကို လှည့်မေးသတဲ့...။ ဦးပေါ်ဦးကလဲ နောက်နေ့ သစ်စရာ မျက်နှာ ရှိအောင် ညဏ်နီညဏ်နက်၊ ညဏ်ရောင်စုံတွေ ထုတ်ရတော့တာပေါ့...။ ၀ှပ်အေစီးလ်လီ့ကွက်ရှင် ဘိုးတော်ဘုရားအစ်စ်အတ်က်စ်ကင်းမီ ဆိုပြီး စိတ်ထဲကလဲ ပွစိပွစိ ရေရွတ် နေမှာပေါ့...။ ဘယ်ရမလဲ..။ ပေါ်ဦး သည်ဂရိတ်ပဲဟာ...။ မဟုတ်မဟတ် ဇာတ်လမ်းလေးတွေ ခင်းပြီး လျှောက်တင်ရမှာပေါ့...။ ဒါမှ ပေါ်ဦးလဲ လျှောက်သာ ၊ ဘိုးတော်ဘုရားလဲ စွဲသာ... အဲအဲ ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဖြစ်မှပေါ့....။ ဒီလို ရှိပါတယ် အရှင်ဘုရား...။ ဟိုးယခင်က တောသုံးထောင်ကို အစိုးရတဲ့ ခြင်္သေ့မင်းတစ်ပါးမှာ လက်ယာတော်နံပါးမှာ သမင် ၊ လက်ဝဲတော်နံပါးမှာ ၀က်ငယ်၊ ရှေ့တော်မှောက်မှာ ယုန်သူငယ်ဆိုပြီး ပညာရှိသုံးပါး ရှိသတဲ့...။ တစ်ရက်မှာ တောဘုရင်ကြီးဟာ အစာရေစာ ၀လင်အောင် စားသုံးပြီးသကာလ စက်တော်ခေါ်မူသတဲ့...။ တစ်ပတ်တောင်ကြာတယ်ဆိုပဲ...။ တစ်ပတ်လဲကြာရော အိပ်ရာက နိုးလို့ သမ်းဝေသတဲ့...။ အဲဒီမှာ အစားကောင်း အသောက်ကောင်းတွေ စားပြီး ကိုးလ်ဂိတ်နဲ့ သွားမတိုက်ပဲ အိပ်တော့ အာပုတ်စော်နံတာပေါ့...။ ဒီမှာတင် လက်ယာဖက်မှာ ခစားနေတဲ့ သမင်ဟာ နံလွန်းလို့ နောက်ကို ယို့ပြီး ခစားသတဲ့...။ ဒါကို သတိမူမိတဲ့ ခြင်္သေ့မင်းက ဘာကြောင့်လဲဆိုပြီးေ မးတာပေါ့...။ သမင်ငယ်က အာပုတ်စော် နံလို့ ဖြစ်ကြောင်း မှန်ရာကို လျှောက်တင်တော့ ခြင်္သေ့မင်းက ငါလို တောဘုရင်ကို ပမာမခန့် မလေးမစား ပြောတယ်ဆိုပြီး သမင်ငယ်ကို ဂုတ်ကဆွဲယူ၊ ဂျိုးဂျိုးကျွတ်ကျွတ်မြည်အောင် ၀ါးစားသတဲ့...။ (သူ့ဟာသူ အိပ်တာကြာသွားလို့ ဗိုက်ဆာပြီး စားချင်တာကို ရမယ်ရှာတယ် မပြောဘူး...။)

ဒါနဲ့ မပြီးသေးဘူး...။ လက်ဝဲဘက်ကို လှည့်ပြီး နောက်တစ်ခါ သမ်းဝေသတဲ့...။ ဒီအခါမှာလဲ ထိုနည်းလည်းကောင်းပဲ... ၀က်ငယ်ကလဲ ကိုယ်ကို နောက်တွန့်ပြီး ခစားပြန်သတဲ့...။ နံတာကိုး...။ နံတာကို ဘယ်သူကြိုက်ပါ့မလဲ...။ (နံတာကို ပြောတာနော်...။ နန္ဒါကိုပြောတာ မဟုတ်ဘူး...။ လူနန္ဒာကိုတော့ ကြိုက်တယ်...။ ဟီးဟီး...။) အဲအဲ .. ဆက်လိုက်ဦးမယ်...။ အဲဒီမှာ ဘုရင်က ၀က်ပျိုလေးကို ငါ့ခံတွင်းနံ့ ဘယ်လိုလဲလို့ ထပ်မေးပြန်သတဲ့...။ ၀က်ပျိုလေးက စဉ်းစားတယ်...။
အင်း...။ ခုနင်က .. သမင်တော့ မှန်ကန်လို့ ကွဲ ...အဲအဲ အသက်နဲ့ ခန္ဓာ အိုးစားကွဲရတယ်...။ ငါတော့ ဒီလိုတော့ အဖြစ်မခံဘူးဆိုပြီး ... အရှင့်ခံတွင်းနံ့ဟာ ကြာညိုနံ့လိုပဲ သင်းပျံ့ပျံ့မွှေးကြောင်းပါဖျာ့လို့ လိမ်လည် လျှောက်တင်သတဲ့....။ ဒီမှာတင် သမင်တစ်ကောင်တည်း ၀ါးတီးပရိတ်ဖတ်စ် ဖွင့်လိုက်ရလို့ ဒေါသထွက်နေတဲ့ ကိုယ်တော်ချော ရွှေခြသေ့င်္ ၀ါယာကြိုး အဲအဲ... ဘုရင်ကြီးဟာ ရမယ်ရှာပြီး ၀က်ပျိုကလေးကို ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားပြန်သတဲ့...။ ငါလို ဘုရင်ကို လိမ်လည် လျှောက်တင်ရကောင်းလား ဆိုပြီးတော့ပေါ့...။ ၀က်ပျိုသားများ တယ်ကောင်းဆိုပဲ...။ ၀က်စ်တမ်း ပတ်က် (Western Park) မှာတောင် ဒီလောက်မကောင်းဘူးဆိုပဲ...။ လက်ဝဲရံလဲကုန်ပြီ...။ လက်ယာရံလဲ မရှိတော့ဘူး...။ ဟိုဒီကြည့်လိုက်တော့ ရှေ့မှာ ခစားနေတဲ့ ယုန်သူငယ်လေးကိုတွေ့ရောတဲ့...။ အင်း.. ဒီငချွတ်လေးနဲ့ပဲ အစာပိတ်ပွဲတော်တည်လိုက်မဟဲ့ဆိုပြီး... အကြံနဲ့ မေးခွန်းဟောင်းကိုပဲ မေးသတဲ့...။
(ဧကန္တ.... ဒီခြသေ့င်္ဟာ စံနစ်ဟောင်းတုန်းက ဆယ်တန်းမေးခွန်းကို ထုတ်ဖူးပုံရတယ်...။ မေးခွန်းဟောင်းတွေကိုပဲ ထပ်တလဲလဲ ပြန်ပြန် မေးနေတယ်...။)

ယုန်သူငယ်ကလဲ ရွှေခြသေ့င်္ရဲ့ တားဂက်ကို ရိပ်မိတော့ အောက်ပါအတိုင်း ပြန်ဖြေသတဲ့...။ အရှင် ခြသေ့င်္မင်းခင်ဗျားပေါ့...။ ကျွန်တော်မျိုး မျက်နှာမွဲ မောင်ရွှေယုန်မှာ အရှင်မင်းကြီးမေးသည့် မေးခွန်းကို ဖြေကြားနိုင်ရန်အတွက် အရှင်မင်းရဲ့ ခံတွင်းတော်မှ ရနံ့ ကို ကြိုးစားရှုပါသော်လည်း ယုန်ကလေးမှာ ခုတစ်လော ငှက်တုပ်ကွေး မိနေ၍ ယုန်ကလေးနှာစေးနေကြောင်းပါ...။ သို့ကလိုကြောင့် ဘာရနံ့မှ မရကြောင်းပါလို့ လျှောက်တင်သတဲ့...။ ဒီအခါမှာ ခြသေ့င်္ကြီးက ယုန်သူငယ်ကို စားချင်ပါသော်လည်း ယုန်သူငယ်က သူ့ထောင်ချောက်ထဲကို တိုးမလာပဲ ပညာရှိနည်းနဲ့ ရှောင်ခွာသွား၍ အကြံမအောင်ပဲ ရှိလေသတဲ့...။


ဦးပေါ်ဦးကလဲ ဘိုးတော်ဘုရားကို အထက်ပါပုံပြင်အတိုင်း ယုန်ကလေး ပေါ်ဦး နှာစေးနေ၍ ဘိုးတော်မေးခွန်းကို မဖြေကြားနိုင်ကြောင်း သံတော်ဦးတင်သတဲ့...။ ဒီမှာတင် ဘိုးတော်က.... ကွယ်...။ မောင်ပေါ်ဦးရယ်...။ မဖြေချင်ရင်လဲ မဖြေချင်ဘူးလို့ ဒဲ့ဒိုး ပြောလဲရရဲ့သားနဲ့ ... ဥပမာ ဥပမေရတွေနဲ့ ခိုင်းနှိုင်းလိုက်တာ....။ ငါကိုယ်တော်မြတ်လဲ အာပုတ်စော်နံတဲ့ မင်း ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်ရတယ်ဆိုပြီး... ရယ်ရယ်မောမောနဲ့ ညီလာခံကို ရုပ်သိမ်းပြီး အတွင်းတော်ကို ကြွမြန်းသွားသတဲ့...။

ဒီပုံပြင်နှစ်ခုမှာ ယုန်ဆိုတဲ့ သတ္တ၀ါမျိုးဟာ တစ်ခါတစ်လေမှာ စဉ်းစားညဏ်မရှိပဲ “အ” ချင်ရင် “အ” ပြီး ... တစ်ခါတစ်လေတော့လဲ.... တော်သွားပြန်ရော...။

ဘာရယ်မဟုတ်...။ ဖတ်မိတဲ့ ပုံပြင်တွေထဲက ယုန်နဲ့ပါတ်သက်ပြီး ဆန့်ကျင်ဖက် ဖြစ်နေတဲ့ ဒီပုံပြင်နှစ်ပုဒ်ကို ဘလော့ဂ်ကြွလာ မိတ်သဟာများ ဗဟုသုတ ပွားစေချင်လို့ ပြင်ဆင်ပြီး မော်ဒန် ပုံပြင် အဖြစ် တင်လိုက်ရပါတယ်...။

ပန်းပျိုးသူ အလင်္ကာ

ပန်းတစ်ပွင့်ကို နောက်ကျပြီးမှ ပွင့်အာတာ သိလိုက်တယ်...။
ပန်းကတော့ နေရောင်ရနေလောက်ရောပေါ့...။
တစ်ကယ်တော့ အဲဒီနေက နေရောင်အတုမှန်း ပန်းကလေးက မသိရှာဘူး...။
ဘယ်သိမလဲ...။
ပန်းကလေးက ဖန်မီးချောင်းအောက်မှာ ပွင့်အာခဲ့တာဆိုတော့ အလင်းမြင်တိုင်း နေရောင်လို့ ထင်နေရှာတယ်...။
ပန်းလေးကို နေရောင်အောက် ရွှေ့ပေးမိတယ်...။
ဒါပေမဲ့ ပန်းလေးက သူ့ မီးချောင်က အလင်းကိုမှ မီးလို့ ထင်နေတော့တယ်...။
အော်... ပန်းလေးရယ်.... သဘာဝ အလင်းရောင်လေးကို မြင်နေတာတောင် အလင်းတုလို့ မြည်တမ်းနေတယ်...။
တစ်ကယ်တော့ ပန်းလေးက ဖန်ပေါင်းချောင်ထဲ ပိတ်မိနေတဲ့ ပန်းဆိုတာ ပန်းပျိုးသူ မေ့သွားတယ်...။
ပန်းပျိုးသူက အဲဒီပန်းကို သဘာဝ အလင်းရောင်နဲ့ မိတ်ဆက်ပေးဖို့ အတော့်ကို ကြိုးစားရမှာပါလား...။
ဒီလို အသိတွေ ၀င်လာတဲ့ အချိန်မှာတော့ ပန်းလေးက ဖန်မီးချောင်းကို အလင်းစစ်လို့ ထင်သွားပြီလေ...။
ပန်းပျိုးသူရေ.... စိတ်မကောင်းပါဘူး...။ နောင်ပွင့်အာလာမယ့် ပန်းလေးတွေကို နေရောင်အောက် အချိန်မှီ ရွှေ့ပေးဖို့ ကြိုးစားပါလေ...။

(ပန်းပျိုးသူ ဖြစ်ဖို့ မကြိုးစားခဲ့ပါဘူး...။ ပန်းဥယျာဉ်တစ်ခုကို ရောက်ရင်းနဲ့ သဘာဝ အလင်းစစ်နဲ့ အလင်းတုကို မခွဲနိုင်တဲ့ ပန်းလေးအတွက် စိတ်မကောင်းခြင်းများစွာ၊ နှမြောတသ ခြင်း များစွာ ခံစားခဲ့ရတဲ့ ပန်းကြိုက်သူပါ။)

Saturday, December 13, 2008

Myanmar Telecommunication News

From http://myanmarictweek.com/


ရတနာပုံတယ်လီပို့ အိုင်စီတီ ရက်သတ္တပတ်ပြပွဲတွင် ရောင်းချနေသည့် တစ်ခါသုံး GSM SIM Cardများကို ရန်ကုန်မြို့တွင်လည်း စတင်ရောင်းချတော့မည် ဖြစ်သည်။ အဆိုပါ ဖုန်းကတ်များကို ရွှေဂုံတိုင် အရှေ့လမ်းမကြီးရှိ Mr. Fone Telecon Centre တွင် ဒီဇင်ဘာ(၁၃)ရက်(ယနေ့)မှ စတင်၍ ရောင်းချမည်ဟု သိရသည်။ ဖုန်းကတ် တန်ဖိုးများမှာ အက်ဖ်အီးစီ (၁၀)တန်နှင့် (၂၀)တန်ဟူ၍ ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းကဒ် သက်တမ်းမှာ အက်ဖ်အီးစီ(၁၀)တန်သည် (၂)ပတ်အတွင်းသုံးနိုင်ပြီး၊ အက်ဖ်အီးစီ (၂၀)တန်မှာ (၃)လအတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ သက်တမ်းကုန်ဆုံး၍ ဖုန်းကဒ် အသစ် ထပ်မံဝယ်ယူသည့်အခါ မူလနံပါတ်အတိုင်း ရရှိမည်မဟုတ်ပဲ နံပါတ်အသစ်တစ်ခု ရရှိသုံးစွဲရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရောင်းချသည့် ဖုန်းကတ်များကို အက်ဖ်အီးစီဖြင့် ငွေပေးချေ ဝယ်ယူနိုင်သကဲ့သို့ မြန်မာငွေလဲလှယ်နှုန်းထား တွက်ချက်ပြီးလည်း ကျသင့်သည့် မြန်မာငွေကျပ် တန်ဖိုးအတိုင်းလည်း ပေးချေနိုင်ကြောင်း သိရသည်။ ဝယ်ယူလိုသူများ အနေဖြင့် မြန်မာနိုင်ငံသား ဆိုပါက မှတ်ပုံတင် မူရင်းနှင့် နိုင်ငံခြား သားဆိုပါက ပတ်စ်ပို့မူရင်း ယူဆောင်လာရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရောင်းချမည့် တစ်ခါသုံးဖုန်းကတ် အရေအတွက်မှာ သောင်းဂဏန်းရှိကြောင်း Mr. Fone Telecon Centreမှ တာဝန်ရှိသူက ပြောကြားသည်။ အနာဂတ်ကာလတွင် နိုင်ငံတကာတွင် အသုံးပြုနေသည့် GSM SIM Card များကဲ့သို့ ငွေကြေးထပ်မံ ပေးသွင်းပြီး သက်တမ်းတိုးကာ မူလနံပါတ်အတိုင်း အသုံးပြုနိုင်မည့် Mobile Phoneများကို ရောင်းချသွားနိုင်ရန် အထူးစီမံ ကြိုးစားနေကြောင်းလည်း သိရသည်။ ယခုကဲ့သို့ GSM SIM Cardများကို ဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းချပေးခြင်းကြောင့် ဖုန်းHandsetများ ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်းနှင့် အက်ဖ်အီးစီ(FEC)ဖြင့် ရောင်းချခြင်းကြောင့် အက်ဖ်အီးစီနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားလည်း မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း ပြောကြားနေကြသည်။

Ref: TheVoiceWeekly (Vol. 5, No. 8 )

Prepaid GSM ကဒ်များ ရတနာပုံ အိုင်စီတီတွင် ရောင်းချပေးနေပြီ...။

(အိုင်စီတီပြပွဲတွင် ရောင်းချနေသည့် တစ်ခါသုံး အက်ဖ်အီးစီ ၁၀ တန် GSM Prepaid Card)

(Photo: LA MINN NAING(LMN, arrivel to Yatanarpon)

(ဖုန်းကဒ်များ အလုအယက် ဝယ်ယူနေကြသည်) (Photo: LA MINN NAING(LMN), arrivel to Yatanarpon)

(တစ်ခါသုံးဖုန်းကဒ်များ ရောင်းချသည့် နေရာ)

(Photo: LA MINN NAING(LMN), arrivel to Yatanarpon)

All Credit go to : http://myanmarictweek.com/
Photos Credit to : La Minn Naing (LMN)

Thursday, December 11, 2008

Great Dancer

သူငယ်ချင်း တစ်ယောက် အီးမေးလ်ထဲက ပို့လာတဲ့ ကချေသည်မလေး တစ်ယောက် ကနေပုံလေးပါ...။
တော်တယ်နော်...။
Credit : Unknown Creator in Chain Mail

[Dancer.gif]
လှုပ်မလှုပ်တော့ မသိဘူး...။ ကျွန်တော့ဘက်ကတော့ သူ ကနေတာ မြင်နေရတယ်...။ မလှုပ်ရင် ပုံကို ကလစ်နှိပ်ပြီး ကြည့်ပါဗျာ..။

Computer Addicted


ကွန်ပြူတာ သုံးတာလား.. အင်တာနက် သုံးတာလား... ဘလော့ဂ်စွဲတာလားတော့ မသိဘူး...။
ဒီနေ့မှ သတိထားမိတယ်...။
ဘယ်ဘက်လက်ညိုးက ထိပ်မှာ အသားမာ တက်နေပြီ...။
ကောင်းကြသေးရဲ့လား...။



အိပ်ရေးလဲပျက်...
အသားမာတက်...
ညောင်းတာက ဇက်...
အိပ် ညဥ့်နက်...
မနက် စောစောထဖို့ခက်...

တွေးမိ စံနက်
ဤငါးချက်ကြောင့်
စွဲတဲ့ အင်တာနက်
ဖြတ်မလား မေးရင်
သေတောင် ပြတ်ဘူး။
ချက်မှာပဲ...။

Wednesday, December 10, 2008

အနေနီးလေ ပိုခံစားရလေ...။



ยิ่งใกล้ยิ่งเจ็บ (Ying Glaih Ying Jaep)

(By Inca)

จากคน คนที่เคยมีใจกันอยู่
เปลี่ยนไป เป็นไม่มี เยื่อใยต่อกัน
အရင်က ဘယ်လောက်ပဲ အချစ်ကြီး ချစ်ခဲ့ပေမယ့်
အခုတော့လဲ သူစိမ်းတွေလိုပါပဲလား။
อยากลืม ลืมทุกสิ่ง ลบล้าง เรื่องวันวาน
ဖြစ်နိုင်ရင် အရင်ချိန်တွေတုန်းက ဖြစ်ပျက်ခဲ့သမျှတွေကို မေ့ပစ်ချင်တယ်။
หากเราไม่เห็นกัน คงลืมกันได้
တစ်ကယ်လို့ တို့နှစ်ယောက် ဆက်မတွေ့ဖြစ်ကြရင် မေ့တန်ကောင်းပါရဲ့။


หนักใจ ตรงที่ความจำเป็นบางอย่าง
အမှတ်ထင်ထင် ရှိတတ်တဲ့ မှတ်ညဏ်ကို အပြစ်တင်ချင်ရဲ့။
กดดัน ทำให้เรา เจอกันต่อไป
တို့နှစ်ယောက်ကို အမြဲတမ်း တွေ့ဖြစ်အောင် ကံကြမ္မာက ဖန်တီးနေခဲ့တယ်။
ยิ่งเจอใจยิ่งเจ็บ มันทรมานเกินไป
ပြန်ဆုံလေ ရင်နာလေ၊ ပိုခံစားရလေ။
ห่างกันไปให้ไกล มันยังดีกว่า
ဝေးဝေးကို ပြေးပုန်းနေတာဟာ အကောင်းဆုံး အဖြေ ဖြစ်လေမလား။


*คนที่รัก ร้างไกลนั้นเจ็บไม่นาน
တစ်ကယ် ချစ်ကြသူတွေအတွက် ဝေးကွာခြင်းဟာ ခဏတာ ခံစားရတဲ့ ချိုမြိန်ခြင်းပဲ။
คนไม่รัก ใกล้กันช้ำใจยิ่งกว่า
မချစ်နိုင်တော့တဲ့သူတွေအတွက် နီးလေ ခါးသီးမှုကို ပိုခံစားရလေပေါ့။
แต่ว่าหนทาง ทางของคน
နှစ်ယောက်စလုံးအတွက် လမ်းတွေ ကိုယ်စီရှိခဲ့ပေမယ့်
ไม่มีให้เลือกเท่าไหร่ เจ็บสักเท่าไร ก็ต้องรับมา
ရွေးချယ်စရာ လမ်းက များများစားစား မရှိခဲ့ဘူး။
ရင်နာနာနဲ့ လက်ခံလိုက်ရုံပဲ။


**อีกนาน นานเท่าไร มันจึงจะจบ
ဘယ်တော့များမှ အဆုံးသတ်လေမလဲ။
จบไป ไปให้ไกล ไกลกันสุดตา
တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်တော့တဲ့ အထိ ဝေးကွာသွားစမ်း။
อยากมีชีวิตใหม่ ไม่ต้องมีเธอมา
ရက်စက်တဲ့ မင်းမပါတော့တဲ့ ဘ၀သစ်ကို ပြန်စချင်တယ်။
ต้องเจอกับสายตา เย็นชากันอยู่
အေးစက်စက် မျက်ဝန်းတွေနဲ့
မင်းရဲ့ အကြည့်တွေ မပါတဲ့ ဘ၀ကို ပြန်စချင်တယ်။



เจ็บปวดเสมอ ที่ต้องเจอกัน
မတတ်သာလို့ ပြန်ကြုံလေတိုင်း ရင်နာမိတယ်။
เอ่ยปากต่อกัน เหมือนคนใหม่
သူစိမ်းတွေလိုပဲ နူတ်ဆက်ကြပါစို့။
จำใจแสดง แกล้งทำกันไป
อย่างไม่ค่อยเต็มใจ
อย่างกับคนไม่เคยรักกัน
တစ်ယောက်နဲ့ တစ်ယောက် အရင်က မသိခဲ့ကြသလိုပဲ
ဟန်ဆောင်ကြပါစို့။

( * , ** )
ต้องเจอ กับสายตา เย็นชากันอยู่
အေးစက်စက် အကြည့်တွေနဲ့ ပြည့်နှက်နေတဲ့ မင်းရဲ့ မျက်ဝန်းတွေ...

***End***


Inca ဆိုတာ အရင်က ယိုးဒယားမှာ အလွန်ကို နာမည်ကြီးခဲ့တဲ့ ပေါ့ပ် သီချင်း အဆိုကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အခု သီချင်းကတော့ သူတို့ရဲ့ Masterpiece သို့မဟုတ် သူတို့ရဲ့ Trade Mark လို့ ဆိုရမယ့် သီချင်းပါပဲ။ ၁၉၉၂ ခုနှစ် လောက်က ထုတ်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ Inca ဆိုရင် Ying Klai Ying Jaeb သီချင်း၊ Ying Klai Ying Jaeb သီချင်းဆိုရင် Inca နဲ့ ဆိုပြီး တွဲသိလာခဲ့ကြတာပါ။ အဲဒီ သီချင်းကို နောက်ပေါက် အဆိုတော်တွေကလဲ New Version နဲ့ ပုံစံပြောင်းပြီး ပြန်လည် သီဆိုခဲ့ကြတယ်။ ခုတော့လဲ သူတို့တစ်တွေလဲ အသက်ကြီးပိုင်းကို ရောက်နေပါပြီ။ တစ်လောကမှ ဒီသီချင်းကို ဦးလေးတစ်ယောက်က အမှတ်တရ ပို့လာပေးလို့ ဘလော့ဂ်ကြွလာ မိတ်သဟာများ ခံစားနိုင်အောင် တင်ပြလိုက်ရပါတယ်။ ဘာသာပြန်စွမ်းရည်ကတော့ သိပ်မကောင်းလို့ ဖတ်မကောင်း၊ ခံစားလို့မရ၊ နားမလည် စတာတွေ ဖြစ်ခဲ့ရင် ဘာသာပြန်သူရဲ့ အရည်အချင်း မပြည့်ဝမှုလို့ သတ်မှတ်ပေးပါ။ နားလည်တယ်ဆိုရင်တော့ သီချင်းရေးဆရာ တော်လို့ ဖြစ်ပါတယ်...။ သီချင်းကတော့ အတော့်ကို ခံစားရတယ်ဗျာ...။

Download here : "Ying Klai Ying Jaeb"



ချဉ်ခြင်း...။


Photo Credit to : http://www.totalpda.co.uk/
ဒီဟာလေး လိုချင်နေတာ...။ ဆိုနီ အဲရစ်ဆန် ဖုန်းတွေနဲ့ တွဲသုံးလို့ရတဲ့ အက်ဆက်ဆာရီပေါ့ဗျာ...။ HGE-100 GPS Enabler တဲ့..။ သူက စတီရီယိုသီချင်း နားထောင်လို့ရတဲ့ နားကျပ် ဖြစ်သလို ဂျီပီအက်စ် ရီဆစ်ဗ်ဗာ လဲ ဖြစ်တယ်...။ ခက်တာက သူနဲ့ တွဲသုံးရမယ့် ဆော့ဖ်ဝဲက လိုအပ်တဲ့ မြေပုံကို အင်တာနက်က သူ့ဆာဗာပေါ် တက်တက်ပြီး ဒေါင်းလုဒ် ဆွဲဆွဲချနေလို့ ဂျီပီအာအက်စ် ဒေတာဖိုးနဲ့ မွဲမယ့်ကိန်းဗျ...။ ဘလူးတုဒ် ဂျီပီအက်စ် ကိရိယာများ ၀ယ်သုံးချင်သော်လည်း ဘလူးတုဒ် ON ရင် ဘက်ထရီအား အကုန်များမှာရယ်၊ ကိရိယာက ဖုန်းထက် ကြီးနေတာရယ်ကြောင့် ခုထိ စိတ်ကြိုက် မတွေ့မိသေးဘူး...။ ဒါဆို ဘာလို့ ဂျီပီအက်စ်Built-in ပါတဲ့ ဖုန်း မ၀ယ်သလဲ မေးကြမယ်။ အခုသုံးတဲ့ ဖုန်းက ဆိုနီထဲက ကျွန်တော် အကြိုက်ဆုံးဖြစ်တဲ့ ၀ိုင်ဖိုင်ပါသော မြင်ကွင်းကျယ် Touch Screen Smart Walkman Phone ဖြစ်လို့ပါ...။ သီချင်းနားထောင်ရင် ဝေါ့ခ်မဲန်းက ဆရာကြီးဆိုတော့ ဖုန်းကိုလဲ ဝေါ့ခ်မန်းမှ ဝေါ့မန်း ဖြစ်နေတယ်...။ အိုင်ဖုန်းက အိုင်ဂျွန်း က ဆိုနီ ဝေါ့ခ်မန်း ကို မမှီသေးဘူးလို့ ခံစားမိတယ်...။





Photo Credit to - Mobile Gazzette
ဆက်ကဲန်းချွိုက်စ် အနေနဲ့ အခု ဒီဇင်ဘာလကမှ ထုတ်သွားတဲ့ HTC Touch HD ကို သဘောကျမိတယ်...။ မြူးဇစ်ဖန်ရှင်တော့ မစမ်းကြည့်ရသေးဘူး...။ ဖုန်းလဲကိုင်မယ်ဆိုရင်တော့ သူ့ကို တားဂက်ထားထားတယ်...။ သူက ၀ိုင်ဖိုင်၊ ဂျီပီအက်စ်၊ ၃.၈လက်မ စကရင်၊ တပ်ခ်ျစကရင်၊ ၀င်းဒိုးမိုဘိုင်းအိုက်အက်စ်၊ အမေရိကားနဲ့ အီးယူမှာ သုံးနိုင်တဲ့ ဖန်ရှင်တွေ ပါတဲ့အတွက် တေးထားတယ်...။ မြူးဇစ်ပိုင်းကို ရီဗျူးတွေမှာ သေချာ ပြန်လိုက်ဖတ်လို့ ကြိုက်တယ်ဆိုရင် နောက်နှစ် ပြောင်းသုံးဖို့ စိတ်ကူးထားတယ်...။ ခုက ပေါ်ခါစဆိုတော့ ဈေးကြီးနေသေးတယ်...။ နှစ်နှစ် ကန်ထရိုက်နဲ့ကို စလုံး ဒေါ်လာ ၈၀၀ ကျော် ၉၀၀ နီးပါး ပေးနေရတုန်းပဲ...။

Tuesday, December 9, 2008

ရသာရုံကို အလိုလိုက်မိခြင်း။

ဒီနေ့တစ်နေ့လုံး အလုပ်မှာ စိတ်မပါ့တစ်ပါနဲ့ အလုပ်လုပ်နေရတယ်။ လာမယ့် ရက်အတောအတွင်းမှာ စိတ်ညစ်စရာကောင်းတဲ့ ခရီးတစ်ခု ထွက်ရမယ်ဆိုတာကို သိနေတော့ စိတ်လက် မချမ်းမသာစွာနဲ့ လုပ်စရာရှိတာကို အီလေးဆွဲပြီး လုပ်နေဖြစ်တယ်။ မနက်ကလဲ မနက်စာကို ကောင်းကောင်း မစားဖြစ်ဘူး။ ၀က်နံရိုးခေါက်ဆွဲစားတာ ဂျုံခေါက်ဆွဲ ထည့်ပေးလိုက်လို့ နံရိုးက အသားတွေပဲ စားပြီး မိုင်လိုအေး တစ်ခွက်နဲ့ မျောချတယ်။ နေ့ခင်းဘက်ကျတော့ ကြာညို့များများနဲ့ ချက်ထားတဲ့ ပုဇွန်ထမင်းကြော်ကို တို့ကနန်း၊ ဆိတ်ကနန်းပဲ စားပြီး Diet Coke နဲ့ မျှောချမိပြန်တယ်။ အစာအိမ်ထဲကို အစားအသောက် လောက်လောက်လားလား မရောက်တော့ ဦးနှောက်က တယ် အလုပ် မလုပ်ချင်ဘူး။ ပရိုဂရမ်တွေ ပြင်နေတာ ပြင်ပြီးသားကိုပဲ ထပ်ခါ ထပ်ခါ ပြင်နေတယ်။ ဒါနဲ့ မှာထားတဲ့ ပစ္စည်းတစ်ခုကို Supplier က လာပို့တယ်လို့ Purchase Dept: က လာပြောတာနဲ့ လုပ်လက်စ စိတ်မပါတဲ့ အလုပ်ကို ပစ်ချပြီး လာပို့ထားတာတွေကို Testing လုပ်နေလိုက်တယ်။ ဒီလိုနဲ့ ညနေစောင်းရောပေါ့။ေိုက်ထဲကလဲ တစ်ခုခုကို စားချင်လာတာပေါ့။ စားချင်စိတ်တွေ ဖြစ်လာတဲ့ တစ်ခဏ ဘာစားချင်သလဲလို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တယ်။ လျှာဖျားနားက ရသာရုံ ထိပ်ဖူးများက ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးတယ်။ ဦးနှောက်က အရင်တုန်းက စားချင်တာတွေ၊ အချက်အလက်တွေကို သိုမှီးထားတဲ့ Storage Memory Partition ထဲက ကောင်းနိုးရာရာ သင့်တော်တဲ့ အချက်အလက်တွေကို ရှာတယ်။ အားလုံးပေါင်း ၁၅ စက္ကန့်လောက်ကြာတယ်။
  1. မာရီနာစကွဲက ၀က်နံကင်။ (မနေ့က N3 သတင်းလာပေးသွားတာ။)
  2. ငါးခေါင်းချဉ်ရည် (ဂျူရောင်းက သယ်ရင်းက အလုပ်ပြီးရင် ၀င်လာခဲ့တဲ့။)
  3. Bugis က ကြက်အရေခွံကင်။
  4. ဘွန်လေးနားက မြေအိုးမြီးရှည်။
၁၊ ၂၊ ၄ က ဝေးလို့ ပယ်လိုက်တယ်။ အနီးဆုံး ဖြစ်တဲ့ ဘူဂစ်နားက ကြက်အရေခွံကို သွားစားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီတော့ အလုပ်ဆင်းတာနဲ့ Tampines ကနေ အမ်အာတီ စီးသွားတယ်။ ဘူဂစ်ရောက်တော့ ဘူဂစ်ဂျန်ရှင်နားက ကုန်တိုက် မြေအောက်ထပ်(အေတီအမ် စက်တွေဘေးနားမှာ ရှိတယ်။) မှာ ရောင်းတဲ့ ကြက်အရေခွံ ကို သွားဝယ်ပြီး စားလိုက်တယ်။

ဒါက ၀က်သားကင်...။




ဒါက ကြက်အရေခွံကင်...


အာသာပြေသယောင်တော့ ရှိသား။ ဒီညတော့ ညစာလွတ်ပြီ...။ စားပါဦးလား...။ ကြက်အရေခွံက တစ်ကင် ၁.၃ ကျပ်၊ ၀က်ကင် (ဘာအပင်ရိုးထည့်ထားမှန်း မသိ) က ၁.၈ကျပ်၊ ရိုးရိုး အကင်က ၁.၁ ကျပ်တဲ့ဗျား။

အော်.. လူဖြစ်ရတဲ့ ဒုက္ခ။ အာရုံငါးပါးနဲ့ ဒီရုပ်ဆောင်နေတဲ့ အပုပ်ကောင်ကို ဖက်တွက်နေကြတာ...။ အဲဒီ အာရုံငါးပါးတွေကလဲ ဒုက္ခ တွေပါလား...။

စားချင်တဲ့ သောက်ချင်တဲ့ ဒုက္ခ...။ ရသာရုံ လို့ခေါ်တယ်။
အထိအတွေ့ ကို စွဲလမ်းတပ်မက်မှု ဆိုတဲ့ ဒုက္ခ...။ ဖောဌဖအာရုံ။
အနံ့အသက်ကို စွဲလမ်းရတဲ့ ဒုက္ခ...။ ဂန္ထရုံ။
မြင်ရတဲ့ ကြည့်ရတဲ့ ဒုက္ခ....။ စက္ခုအာရုံ။
ကြားရတဲ့ နားထောင်ရတဲ့ ဒုက္ခ...။ သောတ အာရုံ။

ဖတ်ထားမှတ်ထားဖူးတာတွေပါ...။ အဲဒါတွေကို ကာမဂုဏ် အာရုံ ငါးပါး လို့ ခေါ်တယ်တဲ့...။ တဏှာဆိုတဲ့ လက်သမားက အဲဒီ ငါးပါးသော အာရုံတွေကို ထုပ်တန်း၊ အိမ်တိုင်၊ ခေါင်မိုး၊ နံရံ၊ တံခါးတွေနဲ့ ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်ဆိုတဲ့ အိမ်လေးကို ဖက်တွယ်နေကြပါလား...။ ဒါတွေ ရေးလိုက်လို့ ဘွိုင်းဇ်တစ်ယောက် တောထွက်မယ်၊ မြို့ဝင်မယ် ထင်လား...။ အသိခေါက်ခက် အ၀င်နက်ဆိုတဲ့ စကားပုံက ဘွိုင်းဇ်အတွက်များ ထားခဲ့သလား ထင်ရလောက်အောင် ကျင့်သုံးနေပါတယ်....။ စိတ်ချ... သောက်လေ သောက်လေ ငတ်မပြေတဲ့ လောကီအာရုံ ကာမဂုဏ် ဆားငံရေ ပင်လယ်ထဲမှာ လက်ပစ်ကူးနေမယ့် မောင်ပါ...။

Monday, December 8, 2008

News Around The World (081208)

  1. ကမ္ဘာ့စီးပွား ပျက်ကပ်ကို ခံစားနေရတဲ့ အမေရိကန်နိုင်ငံက ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီး သုံးခု ဖြစ်တဲ့ Ford, Chrysler နဲ့ GM မော်တော်ကား ကုမ္ပဏီ သုံးခုဟာ ၄င်းတို့ရဲ့ ကားထုတ်လုပ်ရေး လုပ်ငန်း ဆက်လက် သက်ဆိုးရှည် ကျားကန်နိုင်ရေးအတွက် နိုင်ငံတော်ထံမှ ထောက်ပံ့ငွေများ တောင်းခံခဲ့ပါတယ်။ အခုတော့ လွှတ်တော်ကနေ အဆိုပါ ထောက်ပံ့ငွေများ ပေးရေး၊မပေးရေးအတွက် အခြေအတင် ဆွေးနွေးနေပါတယ်။
  2. အင်္ဂလန်နိုင်ငံ အင်တာနက် သမိုင်းမှာ အွန်လိုင်း အဘိဓါန်ဖြစ်တဲ့ ၀ီကီပီဒီးယားနဲ့ ပါတ်သက်ပြီး ဆင်ဆာ ပိတ်ပင်မှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဂျာမဏီ တီးဝိုင်းတစ်ခု ဖြစ်တဲ့ Scorpion အဖွဲ့က ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အယ်ဘမ်ဖြစ်တဲ့ Virgin Killer ဆိုတဲ့ တေးစီးရီး ဆောင်းပါးတစ်ပုဒ်ကြောင့်ပါ။ အဆိုပါ အယ်ဘမ်မှာ ကာဗာ အဖြစ် သုံးထားတဲ့ ကိုယ်လုံးတီး မိန်းကလေးဟာ အသက်ပြည့်မပြည့်ဆိုတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး အခြေအတင် ဖြစ်ခဲ့လို့ပါ။ ယခုအခါမှာ အင်္ဂလန်က အင်တာနက် ထိန်းချုပ်ရေးဘက်က အဆိုပါ ၀ီကီ ဆောင်းပါးကို ဆင်ဆာဖြတ်လိုက်တာ အရှိန်လွန်ပြီး ကျန်တဲ့ ဆောင်းပါး စာမျက်နှာများပါ တည်းဖြတ်မရ ဖြစ်ကုန်တယ်လို့ သိရပါတယ်။ အဆိုပါ Virgin Killer ဆောင်းပါးပါ ၀ီကီ စာမျက်နှာကို ဒီမှာ သွားဖတ်နိုင်ပါတယ်။
  3. မွန်ဘိုင်း အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယနိုင်ငံက စွပ်စွဲနေတဲ့ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုရဲ့ စခန်းတစ်ခုကို ပါကစ္စတန် ရဲအဖွဲ့က ၀င်စီးတယ်လို့ စီအန်အန် သတင်းဌာနက လာတဲ့ သတင်း အရ သိရပါတယ်။ အကြမ်းဖက်မှုနဲ့ ပါဝင် ပါတ်သက်မှု ရှိတယ်လို့ ယူဆရသူ ၁၅ ဦးကိုလဲ ဖမ်းဆီးထားပါတယ်။
  4. ဂရိနိုင်ငံမှာ ရဲတပ်ဖွဲ့က လူငယ်တစ်ဦးကို မှားယွင်းပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး ဆန္ဒပြမှုဟာ သုံးရက်တိုင်နေပါပြီ...။
  5. အိုင်ယာလန်မှ ၀က်သား အဆိပ်သင့်မှုကြောင့် ဈေးကွက်ထဲမှာ ပြန်လည် ရုပ်သိမ်းရတဲ့ ထုတ်ကုန် အရေအတွက်တန်ဖိုးဟာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၂၈ ဘီလီယံ ခန့ ရှိနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဆိပ်သင့်မှု ဖြစ်ပွားရာ ဖြစ်နိုင်ခြေကတော့ တိရစ္ဆာန်အစာထဲ ရောစပ်ရာမှာ အသုံးပြုတဲ့ အဆီ တစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း သိရပါတယ်။ အဆိုပါ အစာများကို စားသုံးမိတဲ့ ၀က်ကောင်ရေပေါင်း အနည်းဆုံး ၁၀၀,၀၀၀ ခန့်ကို ချက်ချင်း သုတ်သင် ပစ်ရမယ်လို့ ခန့်မှန်းပါတယ်။
  6. မွန်ဘိုင်းအကြမ်းဖက်မှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့တဲ့ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန် နှစ်နိုင်ငံတို့ဟာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် စီးပွားရေး လုပ်ငန်း ပရောဂျက်များကို ဆိုင်းငံ့ထားပါတယ်။
  7. အီဂျစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် အဆိုပါနိုင်ငံမှာ ရောင်းချမယ့် မျိုးဆက်သစ် 3G iPhone များမှာ GPS စံနစ်များ ပါရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အီဂျစ်အစိုးရရဲ့ အကြောင်းပြချက်ကတော့ စစ်တပ် လုံခြုံရေးဖြစ်ပါတယ်။ အိုင်ဖုန်းပါ ဂျီပီအက်စ်စနစ်ကို အသုံးပြုပြီးတော့ စစ်တပ်ရဲ့ နိုင်ငံလုံခြုံရေး နေရာများကို သိရှိနိုင်လို့ လို့ ဆိုပါတယ်။ (စကားချပ်။ ။ အိုင်ဖုန်းမသုံးလဲ ဂူဂယ်အတ်၊ ဂူဂယ်မြေပုံတွေနဲ့ သုံးလဲ တွေ့နိုင်တာကို...။ တစ်ခွဲဆံပင်ကောင်းနေတယ်။)
  8. ဇင်ဘာဘွေနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကြောင့် အီးယူနိုင်ငံများက သမ္မတ မူဂါဘီကို နိုင်ငံရေးအရ ဖိအားပေးပြီး ရာထူးစွန့်လွတ်ဖို့ စဉ်းစားနေကြောင်း သတင်းရရှိပါတယ်။

Dwelling Mood

မိုးတွေ ညို့နေတယ်ကွယ်...။
မဖြစ်သင့်တာတွေကို ဖြစ်ချင်နေတဲ့ ကိုယ့်စိတ်ခံစားချက်ကို မိုးစက်မှုန်တွေက ပြက်ရယ်ပြုနေတယ်...။
စနိုးစနောင့် ဖြစ်လောက်စရာကောင်းတဲ့ မိုး၊ ဒီဇင်ဘာမှာ ရွာတဲ့ အချိန်အခါမဟုတ် မိုးက ကိုယ့်ကို ပိုပြီးတော့ ဘောင်ခတ်လိုက်တယ်...။
ရွာယောင်ယောင် ၊ ဟိုယောင်ဒီယောင် လုပ်နေတဲ့ မိုးဖွဲစွေစွေက ကိုယ့်ခံစားချက် ဒီဂရီကို ပို ပို မြှင့်ပေးနေသလိုလို...။
စစ်ကြိုခေတ် ရုပ်ရှင်ကားတစ်ခုလို မှုန်မှိုင်းနေတဲ့ ပတ်ဝန်းကျင်က နောက်ကျိကျိနဲ့ ခံစားချက်အတွေးတွေကို ရှုပ်ထွေးသွားမတတ်...။
မောင်ပိုနေမြဲ ၊ ကျားနေမြဲလား...။
ရက်စွဲလွန်နေတဲ့ ပြက္ခဒိန်ပေါ်က ခြစားရက်စွဲတွေ အကြောင်း တစ်ရက်ပြီး တစ်ရက် ရေကြည့်ရအောင်...။
ပုပ်သိုးမှုတွေ တစ်ရစ်ပြီး တစ်ရစ်ပေါ်လာ...။
မသိမသာနဲ့ အထပ်ထပ် ချည်နှောင်လာတဲ့ ဒီကြိုးဟာ နောက်ဆုံးတစ်နေ့မှာ ကိုယ့်ကို လှုပ်မရအောင် ချည်နေတဲ့ကြိုးဆိုတာ နောင်တတွေ ကျောင်းခန်းနဲ့ အပြည့်ရမှ သိလိုက်တဲ့ အဖြစ်...။
รักแท้ แพ้ใกล้ชิด တဲ့...။
ဟာဟ...။
မီးဝေးချိပ်ရော မဖြစ်နိုင်ဘူးလား...။

မိုးတွေကတော့ စွေလို့ ညို့လို့ ကောင်းတုန်းပဲကွယ်...။

ပေါက်တတ်ကရ အိတ်တီ့ အပိုင်း(၈)

- ပါကစ္စတန်က အိန္ဒိယနိုင်ငံရဲ့ နူကလီးယားတပ်လှန့်ရေးကို စိုးရိမ်မကင်း ဖြစ်တယ်လို့ ပြော။
- ဆယ်စုနှစ် ၃ ခုကြာ ကိုမာ ဖြစ်ပြီး မေ့မျောနေခဲ့တဲ့ အမေရိကန်သား တစ်ယောက် ကွယ်လွန်သွားတယ်။
- ကုလသမဂ္ဂကနေပြီးတော့ ဦးသန့် ရာပြည့် အထိမ်းအမှတ်အနေနဲ့ ဦးသန့်ရုပ်ပုံပါ ကုလသမဂ္ဂ တံဆိပ်ခေါင်း ထုတ်မယ်လို့ ကြေငြာတယ်။
- Greek နိုင်ငံ Athens မြို့မှာ ဆယ်ကျော်သက်ကလေးတစ်ဦးကို ရဲတပ်ဖွဲ့က မှားယွင်းပစ်ခတ်မှု ဖြစ်ပွားလို့ ဆန္ဒပြမှုတွေ ဖြစ်ပွားတယ်...။ အဆိုပါ ဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို လောလောဆယ် ဖမ်းထားတယ်။
- အာဖဂန်နစ္စတန်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် စစ်သားတွေကို ရိက္ခာပို့ဖို့ ပါကစ္စတန်နိုင်ငံ အနောက်ဘက်ခြမ်းကနေ ထွက်ခွာသွားတဲ့ ကုလရိက္ခာ ယာဉ်တန်းကို တာလီဘန်သူပုန်တွေလို့ ယူဆရတဲ့ အဖွဲ့တစ်ခုက ချုံခို တိုက်ခိုက်တဲ့အတွက် ယာဉ်အစီးရေ ၁၅၀ ကျော် ပျက်စီးတယ်လို့ သတင်းရတယ်...
- အမေရိကန်နိုင်ငံ ပုလဲဆိပ်ကမ်းကို ဂျပန်စစ်လေယာဉ်များ တိုက်ခိုက်ခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် နှစ်ပါတ်လည် အခမ်းအနားကို အမေရိကန်မှာ ကျင်းပတယ်...။ စစ်ပြန်အနည်းငယ်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။
- ဇင်ဘာဘွေနိုင်ငံမှာ ပြည်သူတွေ ၀မ်းလျှောရောဂါ ဖြစ်နေတာကို ပုံမှန်ပါပဲလို့ ဆိုခဲ့တဲ့ သမ္မတာ မူဂါဘီကို နိုင်ငံအများက အပြစ်တင်နေပါတယ်။
- အမေရိကန် အတွင်းရေးမှုး ကွန်ဒိုလီဇာ ရိုက် က မွန်ဘိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး ပါကစ္စတန် အနေနဲ့ အိန္ဒိယ အစိုးရနဲ့ လေးလေးနက်နက် လက်တွဲဆောင်ရွက်ဖို့ လိုတယ်လို့ ပြောကြားလိုက်တယ်။
- ထင်ရှားတဲ့ social networking site တစ်ခု ဖြစ်တဲ့ face book ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် ဗိုင်းရပ်စ် koobface ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ပြန့်ပွားနေတယ်။
- အမေရိကန် သမ္မတ အသစ် အိုဘားမားက အမေရိကန် စီးပွားရေးဟာ ပြန်လည် ထူထောင်ရေးကာလ ၊ နာလံထူစ ကာလ မတိုင်မီ အထိ အခုအချိန်ထက် ပိုဆိုးတဲ့ ကာလကို ရောက်နေဦးမှာ ဖြစ်ကြောင်း နိမိတ်ဖတ်သွားတယ်။
- ထိုင်ဝမ်(ကျွန်း/နိုင်ငံ???) က ရုပ်ရှင်ပိုင်းဆိုင်ရာ ဆု တစ်ခုဖြစ်တဲ့ ရွှေမြင်းဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို Jet Li, Andy Lau, Takeshi Kaneshiro တို့ ပါဝင်တဲ့ Warlords ရှေးဟောင်းတရုတ် စစ်ကားက ရရှိသွားတယ်။ TZA တင်ဖူးတဲ့ Cape No.7 ကတော့ ကြိုတင်ခန့်မှန်းဆု ၁၂ ဆု အနက် သုံးဆု သာ ရသွားတယ်။ စင်ကာပူမှာ လောလောဆယ် အဲဒီ ဇာတ်ကား ရုံတင်နေတယ်။
- ဆယ်စုနှစ်တစ်ခုကျော် ကြာ စစ်ဆေးနေခဲ့တဲ့၊ မိမိရည်းစားဟောင်းနဲ့ သူ့သူငယ်ချင်းကို သတ်ခဲ့တဲ့ လူမည်း သရုပ်ဆောင် အိုဂျေ ဆင်မ်ဆန် ကို တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်တယ်။ အိုဂျေဆင်မ်ဆန် အနေနဲ့ ထောင်ထဲမှာ ၃၃ နှစ်ကြာ မိုက်ကြွေး မိုက်ပြစ်များ ပေးဆပ်ရမှာ ဖြစ်တယ်။ (ထပ်ဖြည့်။ ။ ဓါးပြတိုက်ခဲ့တဲ့ အမှုအတွက်ပါ။ လူသတ်မှုတုန်းကတော့ လွတ်ခဲ့ပါတယ်။)
- အိုင်ယာလန်နိုင်ငံကနေ ပြည်ပကို တင်ပို့နေတဲ့ ၀က်သားများထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓါတုပစ္စည်းများ တွေ့ရှိရတဲ့အတွက် ဈေးကွက်ထဲမှာ ချက်ချင်းပဲ ပြန်ရုပ်သိမ်းနေပါတယ်။ စင်ကာပူမှာ အရေးပေါ် အဆိုပါ အိုင်ယာလန်နိုင်ငံက ၀က်သားများကို ချက်ချင်း သိမ်းဆည်းဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။


(ဤတွင် ယခု တစ်ပါတ် News Round up အစီအစဉ် ပြီးဆုံးသည်။ နောင်တွင် ကြုံလျင် ကြုံသလို တင်ပေးမည်။)

Sunday, December 7, 2008

မျောလွင့်နေသော မီးခိုးတန်းများ...။

သက်ရောက်မှုတိုင်းတွင် တန်ပြန် သက်ရောက်မှု ရှိသည်တဲ့...။
ကမ္ဘာကျော် တွေးခေါ်၊ သချာင်္ပညာရှင်ကြီး နယူတန်က အဆိုပါ တန်ပြန်နိယာမကို ဖေါ်ထုတ်ခဲ့သည်...။
မှန်သာ မမှန်သာ အပထား။
အခုထိတော့ သိပ္ပံပညာရှင်များကတော့ အဆိုပါ နိယာမအဟောင်းကို ဖက်တွယ်ထားဆဲပင်။
(ရူပဗေဒ ပညာရှင်များက အများစုပေါ့...။)
မမှန်ဘူးလို့လဲ ဘယ်သူမှ မပြောကြ...။
သက်သေပြနေရမှာ စိုးလို့ အလုပ်ရှုပ်ခံပြီး မည်သူကမှ မမှန်ကြောင်း သက်သေ မပြချေ။


ပြန်ကောက်ရသော် နယူတန်၏ နိယာမ အတိအကျ ဆိုရသော် Newton's Third Law of Motion တွင် ဆိုထားသည်မှာ

Every force causes an equal force opposite in direction. When the tires apply a force to the ground, the ground pushes back with an equal force


ဖြစ်ပါသတဲ့...။

သက်ရောက်မှုတိုင်းတွင် ယင်းနှင့်ညီမျှသော တန်ပြန် သက်ရောက်မှု ရှိပါသတဲ့...။
ယင်းဥပဒေသသည် နယူတန် ကျင်လည်ခဲ့သော ရုပ်ဝတ္ထု ပတ်ဝန်းကျင်၌သာ မှန်ကန်မှု ရှိလေသည်တကား...။ အို အသင် နယူတန်... အသင်သာ အခုအချိန်အထိ အသက်ရှင်နေထိုင်ဖြစ်ခဲ့မယ် ဆိုရင် အသင့်ရဲ့ နိယာမတွေဟာ အလုံးစုံ မှန်ကန်မှု မရှိတာကို တွေ့ရပါလိမ့်မယ်။ နယူတန် စတုတ္ထ နိယာမ တင်မကပဲ ပဉ္စမ ၊ ဆဌမ နိယာမ စသဖြင့် ထုတ်ရမှာ ထင်ပါတယ်...။

်ဝမ်းနည်းပါတယ် ကိုနယူတန်...။
ကျွန်တော့်နံဘေးမှာ ကြေကွဲခြင်း အပိုင်းအစတွေ ပျံ့ကျဲနေတယ်...။
တစ်ချို့တစ်ဝက်သော မကျေနပ်ခြင်းတွေက ကခုန်နေလေရဲ့...။
အလိုမကျခြင်းများနဲ့ မွန်းလှောင်နေတဲ့ အဆုတ်ထဲက လေကို ခပ်ပြင်းပြင်း ရှိုက်ထုတ်လိုက်တယ်...။

တန်ပြန် သက်ရောက်မှု မရှိတဲ့ ကနဦး သက်ရောက်မှုများကို နောင်တရမိတယ်...။
အစကတည်းက ပရမ်းပတာဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ထိန်းညှိဖို့ ကြိုးစားခဲ့တဲ့ ကိုယ့်ရဲ့ မိုက်မဲမှုတွေကို ပြန်ပြင်ဖို့ အတွေးတစ်စ ဆုပ်ငင်မိတယ်...။
လမ်းချော်သွားတဲ့ အယူအဆကို လမ်းကြောင်းပြန်တည့်မလား...။
စိတ်အလိုကို လိုက်ပြီး လမ်းဟောင်းကိုပဲ ဖက်တွယ်လေမလား...။

ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေသာ ပြွမ်းထုံခဲ့တဲ့ ဒီ ကမောက်ကမ အခြေအနေကို ဘယ်အထိ ရင်နာနာနဲ့ လက်ခံနေရဦးမလဲ...။
တစ်စုံတစ်ခုသော၊ နောက်ထပ်သော ပရမ်းပတာဖြစ်ရပ်တွေ ၀င်မလာမချင်းအထိတော့ ဒီအတိုင်း ဆက်သွားရဦးမှာပါပဲလေ...။

နားလည်မှုများ ပြန်လည် သင့်မြတ်မယ့် နေ့တစ်နေ့ကို ကြေကွဲခြင်းများနဲ့ စောင့်ဆိုင်းနေရင်း...။


(တစ်ပါးသူ နားမလည်စေချင်လို့ အထက်က စာကို လူ နားမလည်နိုင်အောင် အတတ်ဆန်း ရေးထားပါတယ်။ နားမလည်ဘူးလို့ ခံစားရလျင် သင်သည် ပုံမှန် ဖြစ်ပါတယ်...။ နားလည်ပါတယ်လို့ ဆိုလာခဲ့လျင် ဒီစာဟာ အသင့်ကို ရည်ညွှန်းတာလို့ မှတ်ယူနိုင်ပြီး တစ်ယောက်ထက်ပို နားလည်ခဲ့ရင်တော့ အဲဒီ တစ်ယောက်ထက် ပိုတဲ့ တစ်ယောက်က ကိုယ့်ကိုယ်ကို လိမ်ညာနေတာ ဖြစ်ကြောင်း ပြောလိုက်ပါရစေ...။)

Thursday, December 4, 2008

ရင်ခတ်လိပ်ပြာ

ဆောင်းမနက်ခင်းတစ်ခု...။
နွေးထွေးသော နေရောင်ခြည်အောက်တွင် ပန်းရောင်စုံများနှင့် အပြောကျယ်လှသော ပန်းပင်လယ်ကြီး...။
မနက်ခင်း ဆောင်းနှင်းရည်ကို သောက်သုံးရသဖြင့် လတ်ဆတ်စွာ ငွားစွင့် ပွင့်လန်းနေသော ရောင်စုံပန်းပွင့်တစ်ပွင့်...။
ဝတ်ရည်အပြည့်ဖြင့် အစွမ်းကုန် လှပ ဖူးအာနေ၏။
ဆွတ်ချူလှည့်ပါ ... သောက်သုံးလှည့်ပါ... ဟု ဖိတ်ခေါ်နေသည့်အလား...။
ကိုရွှေပိတုန်း၊ ပျားမောင်ဖုန်းများသည် ဟိုမှ သည် လူးလာပျံသန်းကာ ပျားပန်းခပ် လှုပ်ရှားနေ၏။
ခေါက်တုန့်ခေါက်ပြန် ပျံသန်းေ
နသော လိပ်ပြာငယ်သည် အလှဆုံး ပန်းတစ်ပွင့်ကို ရွေးချယ်ရန် စိတ်စောနေ၏။
ဟိုးအဝေး တောင်တန်းများဆီမှ အပြောကျယ်လှသော ဤရောင်စုံပန်းခင်းဆီသို့ အားစိုက်ကာ အရောက်သူလာခဲ့ရ၏။
လေညှင်းလေးများ သယ်ဆောင်လာသော ပန်းရနံ့များကို ခြေရာခံလျက် မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်ကို သူ အားစိုက်လာခဲ့ရ၏။
လေဆန်ကို မကြောက်၊ ဆောင်းချမ်းကို အံတု၊ နေပူကို ကြံ့ကြံ့ခံလျက် ဦးတည်ရာအရပ်ကို တူရူ ရောက်လာခဲ့၏။
အရှေ့ဆီမှာ ရတနာပန်းခင်းတစ်ခု သူ့ကို ကြိုဆိုလျက်...။

Edward Lorenz ဟူသည့် ပုဂ္ဂိုလ်သည် သူ့အမျိုးအနွယ်များနှင့် ပါတ်သက်၍ လွန်မင်းစွာ ဖွဲ့ဆိုတတ်ချေ၏။

ကမ္ဘာ့ တောင်ဘက်ခြမ်းမှ လိပ်ပြာတစ်ကောင် တောင်ပံခတ်လိုက်သည်၌ ဆင့်ကဲ ဆိုသလိုပင် အခြားသော ကမ္ဘာ့ တစ်ဘက်ခြမ်းတွင် အားပြင်းသော မုန်တိုင်း တစ်ခု ဖြစ်နိုင်သည်။
တဲ့...။

အဆိုပါ သီအိုရီကိုပင် လိပ်ပြာတောင်ပံအကျိုးဆက် ဟူ၍ပင် တီထွင် ဖေါ်ထုတ်ခဲ့လေသည်။ အကျယ်ကိုမူ အဆိုပါ သီအိုရီကို အသေးစိတ် ရှင်းပြထားသည့် ဤနေရာတွင် ဖတ်ရှုနိုင်သည်။




The butterfly effect is a phrase that encapsulates the more technical notion of sensitive dependence on initial conditions in chaos theory. Small variations of the initial condition of a dynamical system may produce large variations in the long term behavior of the system. So this is sometimes presented as esoteric behavior, but can be exhibited by very simple systems: for example, a ball placed at the crest of a hill might roll into any of several valleys depending on slight differences in initial position.

ရမ်းသန်းမှန်းသန်း ဘာသာပြန်ရသော်
လိပ်ပြာတောင်ပံ အကျိုးဆက်ဆိုသည်မှာကား ပရမ်းပတာ ဖြစ်စဉ်တစ်ခု၏ ကနဦးအစပျိုး ဖြစ်စဉ်တစ်ခုကို တင်စား ခေါ်ဝေါ်ခြင်း ဖြစ်ချေသည်။ အမြဲတမ်း လှုပ်ရှားနေသော စံနစ်တစ်ခု၏ ကနဦး အခြေအနေ ပြောင်းလဲမှုအနည်းငယ် သည် ဖြစ်စဉ်တစ်ခုလုံး၏ အကျိုးဆက်အပေါ်တွင် သက်ရောက်မှု ရှိသည်။

လူပြန်းနားလည်အောင် ပြောရချေသော် မိမိ အမှတ်မထင် ပြုလိုက်မိသော အပြုအမှု တစ်ရပ်ရပ်သည် မိမိနှင့် ပါတ်သက် ဆက်နွယ်နေသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အသင်းအပင်း အဖွဲ့အစည်းတစ်ခု အပေါ်သို့ အကျိုးသက်ရောက်မှု ရှိတတ်သည့် သဘောကို ဆိုလိုလေသည်။

Lorenz မှ အဆိုပါ သီအိုရီ သဘောတရားကို ၄င်း တီထွင်ထားသော Attractor နှင့် စမ်းသပ်ပြရာတွင် အောက်ပါ ရလဒ်ကို ရရှိခဲ့လေသည်။



တူညီသော Three-dimensional evolution ဖြစ်စဉ်တစ်ခုတွင် အရာဝတ္ထုနှစ်ခုကို နေရာအနည်းငယ်သာ ခွာ၍ ထုတ်လွင့်ကြည့်ရာ ရလဒ်မှာ အချိန်ကာလာ ကြာမြင့်လာလေ လမ်းကြောင်းသွေဖည်မှု ပိုများလာလေကို တွေ့ရှိရလေသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်သကဲ့သို့ လိပ်ပြာတစ်ကောင်၏ ရင်ခုန်သံနှင့် တိုက်ရိုက် အချိုးကျဥည့် တောင်ပံ ခတ်သံသည်လည်း အားကောင်းခက်ထန်သော မုန်တိုင်းတစ်ခုဆီသို့ ဦးတည် ဖြစ်ပေါ်နိုင်သလို ပန်းပွင့်လေပြေ တစ်ခုအဖြစ်လည်း ပြောင်းလဲနိုင်ချေ၏။


သက်ဆိုင်သူသို့...။
မဆိုင်တာတွေကို ဆွဲပြီး မဆိုင်ဆိုင်အောင်သာ ရေးထည့်လိုက်ရတယ်...။
မရည်ရွယ်ပဲ တိုက်ဆိုင်သလို ဖြစ်သွားတာတွေအတွက် ၀မ်းနည်းပါတယ်...။
တစ်ကယ်ကို မရည်ရွယ်ပါဘူး...။