Showing posts with label blogspot. Show all posts
Showing posts with label blogspot. Show all posts

Monday, December 15, 2008

New Function in Blogspot?

အရင်က သတိမထားမိပါ။
ခုတစ်လောမှ သတိထားမိတာ...။
တစ်ခြားသော ဘလော့ဂ်တွေမှာ ပို့စ်တွေရဲ့ အောက်ခြေမှာ ကိုယ် သွားသွားပြီး ရေးထားတဲ့ comment တွေနဲ့ ပါတ်သက်လို့ပါ။
အရင်ကဆို ဘလော့ဂ်ပိုင်ရှင်ကပဲ သူ့ဘလော့ဂ်မှာ လာရေးထားတဲ့ ကော်မန့်တွေကိုပဲ ဖျက်ခွင့်ရှိသလားလို့...။
အခုဆို ကိုယ်သူများဆီမှာ ရေးပြီးသား comment တွေကို ကိုယ်တိုင် ပြန်ဖျက်ချင်ရင် ပြန်ဖျက်လို့ ရနေပြီ...။
အရင်တုန်းက ရှိခဲ့တယ်ဆိုရင်တော့ ကျွန်တော် သတိမပြုမိလို့ပေါ့...။
အောက်က ပုံမှာ ပြထားတဲ့အတိုင်း သူများဆီမှာ ရေးထားတဲ့ ကိုယ့်ကော်မန့်တွေကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်ချင်ခဲ့တယ်ဆိုရင် ကိုယ့်ကော်မန့် ဘေးနားက အမှိုက်ပုံးလေးကို နှိပ်ပြီး Delete လုပ်လိုက်ရုံပါပဲ...။
မသိသေးသူများအတွက် အသစ် ဖြစ်သလို သိပြီးသူများအတွက် Reminder ပေါ့ဗျာ...။
Blog ကတော့ ညီမလေး နေနေ ဆီက ဘလော့ဖြစ်ပါတယ်။ ကျွန်တော် တင်ထားတဲ့ နမူနာပုံကတော့ အဲဒီဘလော့ဂ်မှာ ကျွန်တော် ရေးခဲ့တဲ့ ကော်မန့် ပါ။ အမှိုက်ပုံးကို အနီနဲ့ ၀ိုင်းပြထားပါတယ်...။