Thursday, July 31, 2008

Split Personality Disorder

ဘွိုင်းဇ်။ ။ ပျင်းလိုက်တာဗျာ...။ ဒီနေ့ ဂျာကြီးလဲ မလာ... ဂျာလေးလဲမလာ... လုပ်စရာအလုပ်လဲ မရှိတော့ ဖိုရမ်ဖတ် သီချင်းလေး နားထောင်လုပ်နေတာဗျ...။

ကျွန်တော်
။ ။ အော်... ဇိမ်ကျနေတာပေါ့...ကောင်းတယ်...။ ဒါနဲ့ ဒီနေ့ တက်စီဖိုး ၄၀ ကျော် ကျသွားတယ်ဆို...။ မင်းလဲ အိပ်ရာက စောစောထတဲ့ အကျင့်လေး လုပ်ဦးမှပေါ့...။

ဘွိုင်းဇ်
်။ ။ နိုးတယ် အစ်ကိုရ...။ နိုးစက်ကတော့ အဲဗားနှိုးတယ်...။ ထပိတ်ပြီး ပြန် ပြန် အိပ်နေတာကိုက ကျွန်တော့်ရဲ့ မကောင်းတဲ့ အကျင့်ဗျ...။ အဲဒါနဲ့ ရှာလို့ရတာနဲ့ တက်စီဖိုးနဲ့ မွဲတော့မှာပဲ...။

ကျွန်တော်
။ ။ ဒါဆိုလဲ နိုးနိုးချင်း အိပ်ရာကထပေါ့...။ ဇွတ်ပေပြီးထကွာ...။ အဲဒါဆို လန်းသွားလိမ့်မယ်...။ ငေါက်ကနဲတော့ မထလိုက်နဲ့...။ အခန့်မသင့်ရင် ဦးနှောက် သွေးကြော ပြတ်သွားမယ်လို့ စူလာနဖာ သာဂဒိုးကတော့ ဆိုထားလေရဲ့...။

ဘွိုင်းဇ်
။ ။ ကိုကြီးက အဲဒီစာရေးဆရာ သာဂဒိုးရဲ့ ဘယ်က ထောက်ခံချက်မှ မရတဲ့ ဆေးနည်းကို ယုံနေ...။ ကျွန်တော်ကတော့ မယုံဘူးရယ်...။

ကျွန်တော်
။ ။ ဟကောင်ရ...။ ဟိုက နှစ်လေးဆယ်မက ငါးဆယ်လဲမကတော့တဲ့ အတွေ့အကြုံနဲ့ ရေးတာကွ...။ မင်းက ခုမှ လူဖြစ်တုန်းပဲ ရှိသေးတယ်...။ အေး.. မယုံလဲ နေကွာ...။ ဖြစ်လာရင်တော့ မင်းထိုက်နဲ့ မင်းကံပေါ့...။

ဘွိုင်းဇ်
။ ။ ဟုတ်ပါဘူး ကိုကြီးရာ...။ ဒေါနချည်းပဲ...။ သပြေလေး ဘာလေး လုပ်ဦး...။ ကျွန်တော်သူ့ကို မယုံဘူးဆိုတာက နည်းနည်း တရားလွန်သွားလို့ပါ...။ တစ်ကမ္ဘာလုံးက အေအိုင်ဒီအက်စ် ရောဂါ ပပျောက်ရေး အတွက် ဆေးနည်းတွေ ရှာတာ ခုထိ မတွေ့သေးချိန်မှာ သူက ပဲပိစပ်နဲ့ဆိုလား...။ အဲဒီမြန်မာ့ဆေးစွမ်းနဲ့ ပျောက်အောင် ကုပေးနိုင်တယ်ဆိုလို့ မဂ္ဂဇင်း တစ်ခုမှာ ရေးထားတာ ဖတ်လိုက်ရကတည်းက နည်းနည်း ခပ်ချဉ်ချဉ် ဖြစ်နေတာ...။ ဒီလောက်ထိတောင် အောင်မြင်နေရင် နိုင်ငံကျော်သွားအောင် ဖေါ်ထုတ်ပြီး ရောင်းစားပါတော့လား...။ မီလျံနာဖြစ်သွားပါလိမ့်မယ်...။

ကျွန်တော်
။ ။ မင်းမသိပဲနဲ့ လျှောက်လျှောက် မပြောပါနဲ့...။ သူ့မှာလဲ အကြံအစည် တစ်ခုခု ရှိပါလိမ့်မယ်...။ အချိန်တစ်ခုခု စောင့်ဆိုင်းနေတာကော မဖြစ်နိုင်ဘူးလား...။ မပြီးခင် xxxx မမြင်စေနဲ့ ဆိုတဲ့ စကားပုံ အလကား ထားခဲ့တာ မဟုတ်ဘူး...။
ဘွိုင်းဇ်။ ။ ဟာဗျာ...။ ဘယ်တော့လောက် စောင့်ရမှာလဲ...။ သူရေးထားတာ ၄ နှစ်လောက် ရှိတော့မယ်ထင်တာပဲ...။ ပြောရင်းနဲ့ စကားတွေတောင် ဘယ်ရောက်သွားလဲ မသိဘူး...။ ပြန်ကောက်လိုက်ဦးမှ...။ ဒီလိုဗျ...။ ဟိုဘက်တော့ပစ်က်ထဲမယ် စလုံးမှာ ကုန်ဈေးနှုံးတွေ တက်လာတဲ့ အကြောင်း ပြောနေကြသဗျ...။ ဟုတ်လဲ ဟုတ်တယ်...။ စရောက်ရောက်ချင်း ကြုံရတာက ဂျီအက်စ်တီ ၇ % တက်တာဗျ...။ သူရို့ နိုင်ငံသားတွေအတွက် သူရို့က တစ်ယောက်ကို ရီဘိတ် ဘယ်လောက်ဖိုးဆိုလား မသိဘူး ထည့်ပေးတယ်...။ နိုင်ငံခြားသားတွေတော့ ခံပေရော့ပေါ့...။

ကျွန်တော်
။ ။ အဲဒါက နိုင်ငံယန္တရား လည်ပတ်စရိတ်လေကွာ...။ အစိုးရက ဒီပိုက်ဆံမှ မရရင် ဘယ်က ပိုက်ဆံနဲ့ သွားသုံးရမှာလဲ..။ သူ့ဝန်ထမ်းတွေကို ဘယ်က ငွေနဲ့ လစာ ပေးနိုင်မှာလဲ...။ အခုကုန်ဈေးနှုံးတွေ တက်တာကျတော့ ဒီတစ်နိုင်ငံထဲ မဟုတ်လောက်တော့ဘူးထင်တယ်...။ ရေနံစိမ်းဈေးတွေက တစ်ရာထိတောင် စံချိန်တင်သွားတာပ...။ အဲဒါကြောင့် ဓါတ်ဆီတွေ ဒီဇယ်ဆီတွေ အပေါ် မှီခိုနေရတဲ့ ထုတ်ကုန်တွေ ဈေးမြှောက်ကုန်တာပေါ့...။

ဘွိုင်းဇ်
။ ။ ဟမ်...။ အဲလိုလား...။ ဒါဆို ဓါတ်ငွေ့အလကားထွက်တဲ့ နိုင်ငံက ဓါတ်ငွေ့ဈေးတွေ တက်သွားတာကျတော့...

ကျွန်တော်
။ ။ အဲ.. အဲ..ဒါတော့ ငါလဲ သေချာမသိ...။ ဒါပေမဲ့ အဲဒီ ထွက်လာတဲ့ ဓါတ်ငွေ့တွေက တစ်ခါတည်း သုံးလို့ ရလို့လား...။ နည်းနည်းပါးပါး ပြုပြင်ရသေးတယ် ထင်တာပဲ...။ အဲဒီ ပြုပြင်ရတဲ့ စရိတ်တွေ တက်သွားလို့ ဓါတ်ငွေ့ဈေး တက်တာ နေမှာပေါ့...။

ဘွိုင်းဇ်
။ ။ အော် ဝေးပ... ကိုကြီးရယ်...။ လှိုင်သာယာမှာ နေတာကျနေတာပဲ...။ အတွေးအခေါ်လေး ပြောင်းလဲစမ်းပါဦး...။ မီးဖိုမှာ သုံးတဲ့ ဂက်စ်တွေကိုသာ သဘာဝအတိုင်းထွက်တဲ့ဟာနဲ့ သုံးလို့မရတာ...။ ကားတွေဘာတွေမျာ သုံးဖို့အတွက်က ဒီအတိုင်း တန်းသုံးလို့ရတယ်တဲ့ဗျား...။ (သူမသိလေတော့ ကိုယ်ကတော့ ရွှီးလို့ရတာပ...။)

ကျွန်တော်
။ ။ အဲလိုလား...။ မသိဘူးရယ်...။ ငါလဲ အပြင်စာတွေ မဖတ်ဖြစ်တာ တော်တော်ကြာရော့...။

ဘွိုင်းဇ်
။ ။ ဒါကြောင့် ကိုကြီးကို ပတ်ဝန်းကျင် စူးစမ်းလေ့လာမှု အတွက် အမှတ်ပေးရင် ဇီးရိုးပဲ ရမှာလို့ ပြောပြန်တော့လဲ မကြိုက်...။ ကဲ အခု အပြင်မှာ ဘာတွေ ဖြစ်နေလဲ သိလား...။ ၁၀ သိန်းလား...။ ၆ သောင်းလား...။ ဒီနေ့ထုတ် ဂျာနယ်မှာ ပါတယ်ဆို...။ ဖြုတ်ရင် ကောင်းမလား... ဒီအတိုင်းဆက်ထားရင် ကောင်းမလား...။

ကျွန်တော်
။ ။ ဘာတုန်း...။ ဘာတွေဒုန်း...။ အရင်းမရှိ အဖျားမရှိ...။

ဘွိုင်းဇ်
။ ။ ဟာဗျာ...ဟာဗျာ...။ အိုင်ကျူလယ်ဗယ်ချင်း မတူတဲ့ သူနဲ့ စကားပြောရတာ အတော်ပင်ပန်းတာပဲ...။ တော်ပြီဗျာ...။ ကိုယ့်ဟာကို ရုံးက စာရေးတွေကိုပဲ လက်ဘက်ရည်သွားတိုက်လိုက်ရင် သိချင်တာ ရဦးမယ်...။ ခင်ဗျားနဲ့ ပြောရင် လေကုန်တယ်...။ အချိန်ကုန်တယ်...။ အလကား... ဘာမှ မသိတဲ့ လူကြီး...။

ကျွန်တော်
်။ ။ ဟကောင်ရ...။ ယုန်နှာစေးနေတယ်ကွ...။ ဒါမျိုးက ဂဃနဏ မသိရင် ဘာမှ မပြောနဲ့ကွ...။ ဖြုတ်လဲ မဖြုတ်ဘူး...။ တပ်လဲမတပ်ဘူး...။ ငါ့မှာမှ မရှိတာ...။ စိုးရိမ်စရာ မလိုဘူးကွ...။ ဦးနှောက်စားစရာ မလိုဘူးကွ...။

ဘွိုင်းဇ်
။ ။ ခင်ညားလို သူတွေ များနေလို့ xxx (ဆင်ဆာ) xxxx...။ ဟင်း.... ဟင်း...။ (အရသာ ရှိလိုက်တာ...)

ကျွန်တော်
။ ။ ဟေ...။ တိုင်မင်ဆိုတာ လိုတယ်...။ အခြေအနေ အချိန်အခါဆိုတာ ရှိရတယ်ကွ...။ တော်ကွာ .. မင်းနဲ့ စကားပြောရတာ ပီကေလက်မှာ ကပ်တယ်...။ ငါ့စကားနွားရများ ပြောတတ်လိုက်တာ...။ မင်းသွားတော့... သွားသွား...။

ဘွိုင်းဇ်
။ ။ အင်းပါ...။ အင်းပါ...။ မှန်တိုင်းလဲ မကောင်းပါတဲ့...။ သန်လျင်ဖန်ချက်စက်ရုံမှာ ရေးထားတာဆိုလားပဲ...။ ခင်ဗျားနဲ့ အဲဒီ စကားနဲ့ကိုက်တယ်...။ တော်ပြီ.. မရှိတဲ့ အလုပ် သွားလုပ်လိုက်ဦးမယ်...။


(လွန်ခဲ့သော နှစ်ဦးပိုင်း ဇန်န၀ါရီလခန့်က နးတစ်ဖိုရမ်တွင် ရေးထားဖူးသော ပို့စ်တစ်ခုကို ပြန်လည် ဆန်းသစ်ထားခြင်း ဖြစ်သည်...။ တစ်နည်း ဆားချက်ခြင်းမည်၏။)

Wednesday, July 30, 2008

အိမ်လွမ်းခြင်း...။

လရောင်ကို ငတ်မွတ်တယ်...။
စပါးခင်းကို ဖြတ်တိုက်လာတဲ့ ရိုးပြတ်နံ့သင်းတဲ့ ညလေပြေကို တောင့်တတယ်...။
မောင်ရင်ဆိုင်းထမ်း နဲ့ ဖျောက်ဆိပ်ကြယ်ကို လွမ်းတယ်...။
ညမွေးပန်းနံ့ကို သယ်လာတဲ့ ဆောင်းလေကြမ်းကို အောက်မေ့တယ်...။
ပွဲခင်းထဲက ခဲလံချောင်းကို သတိရတယ်...။
ဘုရားရင်ပြင်က ကျောက်ပြားဖြူဖြူ အေးအေးတွေကို တမ်းတတယ်...။
မနက်မနက် ဘုန်းကြီးကျောင်းက တုံးမောင်းခေါက်သံကို လွမ်းတယ်...။
ရွာက ပါးနီနီနဲ့ မတ်ခုတ်ခတ် ကောင်မလေးတွေ မြင်ယောင်တယ်...။

ပေါဆူမီ ခံ(မ်)ဖါ့ဖါ ဟိုဆူ...။
ပေါဟောင်းမီး ခံ(မ်)ကျေးကျေး ...
အောင်ဟိတ်မေး တော်ကျို” လို့ ကိုယ့်ဖက်ကို ယက်ဆိုတတ်တဲ့ ရိုးရာဓလေ့ သီချင်းကို အမှတ်ရတယ်...။
အဲဒီသီချင်းနဲ့ အတူ ရှေ့နှစ်လှမ်းတက် နောက်တစ်လှမ်းဆုတ် အကလေးကို လွမ်းတယ်...။
ကုံးက” သီချင်းသံကို လွမ်းတယ်...။
နောင်တုံကန်ဘေးက ညညရောင်းတတ်တဲ့ ခေါက်ဆိမ့်ကို လွမ်းတယ်...။
ကောက်ညှင်းဆန်နဲ့ ဖေါက်တဲ့ စပါးမီးတောက်ကို လွမ်းတယ်...။
လွမ်းတယ်....။
လွမ်းတယ်....။



အဖြည်။ ။
မတ်ခုတ်ခတ် - ဂုံးဂင်းလို့ တစ်ချို့နယ်တွေမှာ ခေါ်တတ်တဲ့ အံစာတုံး တစ်မျိုးပါ...။ အဲဒီ အံစာတုံးရဲ့ မျက်နှာပြင်မှာ အကောင်ပလောင်တွေ (ဥပမာ - ပုဇွန်၊ငါး၊လိပ် စသည်) ပုံတွေကို ဆွဲထားပြီး အဆိုပါ အံစာတုံး သုံးတုံးကို လျှောစောက်ပေါ် တင်ထားပါတယ်...။ တန်းနဲ့ တားထားပြီး အဲဒီတန်းကို ထိုးသားက ကြိုးနဲ့ ဆွဲလို့ အံစာတုံးများ ကျလာရာက အပေါ်က ပေါ်လာတဲ့ အကောင်ကို ပေါက်ကောင်အနေနဲ့ ဖွင့်တာပါ...။ ဒဲ့ တစ်ဆရပြီး နှစ်ကောင်ကို ကြိုးအောလို့ နှစ်ကောင်စလုံး ထွက်လာရင် ငါးဆ ရတဲ့ ရှမ်းပြည်က လောင်းကစားနည်း တစ်မျိုးပါ..။

(အိမ်ပြန်မယ်လို့ ညီမလေးတစ်ယောက်က မက်ဆေ့ခ်ျပို့လာတော့ လိုက်ပြန်ချင်တဲ့ အတွေးများကို ချရေးခြင်းပါ...။)

Tuesday, July 29, 2008

မိအေး နှစ်ခါနာခြင်း...။

မနေ့က ပြူတင်းပေါက်မှာ ငှက်ကလေးတစ်ကောင် လာနားတယ်...။
မိုးရေတွေစိုလို့ ...။
ငါ့အတွက် သတင်းကောင်းတွေ သယ်လာခဲ့တယ်တဲ့...။
ရှောလမုံ လက်စွပ်များ ယူလာမလားလို့...။
နောက်တော့ ခါတိုင်းလိုပဲ အဖျားရှုးသွားပြန်ရော...။

တောင်လေတိုက်တော့ အိုက်စပ်စပ်နဲ့...။
မန်းလေးညများကို သတိရသေးတယ်...။
ရင်ဘတ်မှာတော့ အနာတွေက ဒဏ်ရာ မကျက်သေး...။
သွေးညှီနံ့ စို့စို့ကို ခုထိ ရတုန်း...။

အခု စာကလေး၊ အခု ဆီထမင်း
စားချင်တဲ့သူတွေ အုံနဲ့ ကျင်းနဲ့...။
အဖြေသိပြီးသား ပြိုင်ပွဲကို ဘာလို့ ဆက်ဝင်နေတော့မှာလဲ...။
တစ်ယောက်တည်း ပြိုင်လဲ သူနိုင်မှာပဲ...။
သူကိုယ်တိုင် ဒိုင်၊
သူကိုယ်တိုင် တာဖမ်းသူ၊
သူကိုယ်တိုင် ခရာမှုတ်သူ ဖြစ်နေမှတော့...။

လက်ထဲက ငှက် သေလို့ ပုပ်ချင်ပုပ်ပလေ့စေ...။
ချုံထဲက ဖမ်းဖို့ ခက်တဲ့ ငှက်နှစ်ကောင်ထက်တော့
လက်ဆုပ်လက်ကိုင် ပြနိုင်သေးတယ်...။
ဒါပေမဲ့ မိအေး တစ်ယောက် နှစ်ခါနာလို့ ကောင်းတုန်း...။

ရွက်တိုင် ကျိုးနေပြီလား...။
တက်မ ပျောက်သွားပြီလား...။
မျက်စိကို အ၀တ်စည်းခံထားရတဲ့ လှေငယ်ရှင် ဘယ်မှာလဲ...။

ကမ်းမြင် လမ်းမြင်နေတဲ့ ဒီဝဲဂယက်မှာ
ဥပေက္ခာ ပြုနေသူတွေ ပါးစပ်ညောင်းသွားအောင် ကူးခတ်ပြလိုက်စမ်း...။
ထန်နေတဲ့ မုန်တိုင်း မာန်ကျသွားအောင် မဆုတ်မနစ်တဲ့ ဇွဲကို ပြလိုက်စမ်း...။

ဒီလိုနဲ့ မိုးတွေ အခါခါရွာလို့ နှင်းတွေ အခါခါ ကျခဲ့တယ်...။
သစ်ရွက်တွေ အခါခါကြွေလို့ ရွက်နုတွေ အခါခါ ဝေခဲ့တယ်...။
မိအေးကတော့ မိအေးပဲ...။

သြော်...။
ဒီလိုနဲ့ နောက်ပြက္ခဒိန်စာရွက် တစ်ခု ထပ်ဆုပ်ရတော့မှာပါလား...။
(မိအေးရေ...
နင့်အတွက်
နောက်ထပ် ပြက္ခဒိန် နှစ်အုပ်စာ စုထားတယ်...။)

Sunday, July 27, 2008

တစ်နေ့စာ အလွဲများ...၊

ဒီနေ့တော့ ဘွိုင်းတစ်ယောက် အလွဲတွေနဲ့ချည်း တိုးတဲ့ နေ့တစ်နေ့ပေါ့...။ စာရင်းချလိုက်ရင်

၁။ အစ်မ ခင်ဦးမေက ကျွန်တော့်ကို ကိုယ့်ကိုယ်ကို စာပြန်ထည့်တယ်လို့ ထင်သွားတယ်...။

၂။ သူ့ကို နောက်တာကို အတည်ထင်သွားတယ်...။

၃။ သယ်ရင်းနဲ့ ယမကာ မှီဝဲဖို့ ချိန်းတာကို နေရာတွေ လွဲကုန်တယ်...။ (သူ့အိမ်မှာ သောက်ဖို့ ခေါ်တယ် ထင်တာ.. သူက တစ်ခြား တစ်နေရာမှာ သောက်ဖို့ပြောတာ...။)

၎။ သယ်ရင်းနဲ့ တွေ့ပြီး အပြန်မှာ Night Rider Bus (NR2) စီးရမှာကို Night Owl Bus (N2) စီးလိုက်တော့ သွားချင်တဲ့ ပြန်ချင်တဲ့ Woodlands ကို မရောက်ပဲ Enuos ကို ရောက်သွားတယ်...။

၅။ အဲဒါနဲ့ တက်စီ ငှားပြန်တော့ Woodlands Ave 1 ကို ပြောတာကို ဒရိုင်ဘာက ဘယ်လို ကြားလိုက်လဲ မသိဘူး... Woodlands Ave 12 လိုက်ပို့နေလို့ Ave 1 ရောက်အောင် မနည်း ပြောပြီး ပြန်လိုက်ပို့ခိုင်းရတယ်...။ အကျိုးဆက်ကတော့ တက်စီခ အပို ၇ကျပ်နဲ့ ပြား ၈၀ တိတိ ပိုပေးလိုက်ရတယ်...။ (ဗြိတိသျှလို လုံးဝ နားမလည်တဲ့ တရုတ်လူမျိုး တက်စီ ဒရိုင်ဘာပါဗျား...။) အင်တာနေရှင်နယ် လန်းဂွစ်ခ်ျနဲ့ ပြောလိုက်ရတာ.. မူးနေတာ ကောင်းနေတာလေးတောင် ပျောက်သွားတယ်...။

၆။ မထင်မှတ်တဲ့သူက ကိုယ့်ကို လာတိုက်ခိုက်နေတဲ့သူ ဖြစ်နေတယ်..။ ဟီဟိ

တော်ပြီကွယ်...။ အိပ်တော့မယ်...။ ညဥ့်နက်နေပြီ...။

(ကိုယ်ခံစားမိရာ ရေးမိတာကို အချိန်ယူ ဖတ်ပေးတယ်ဆိုတဲ့ ညီမလေးအတွက် ဒီနေ့တော့ ဘာမှ မပေးနိုင်ခဲ့တာ သွေ့ပုချိ...။)

Thursday, July 24, 2008

ချိတ်ပိတ်လိုက်သည်...။

တစ်ကယ်တော့ ကျွန်တော်ဟာ သူ့လက်ထဲက သိုးငယ်တစ်ကောင်ပေါ့...။
သွေးဆာနေတဲ့ သူ့လက်ထဲက ဓါးကောက်ဟာ လေထဲ မြှောက်လိုက်တယ်ဆိုရင်ပဲ
ကျွန်တော်ဆိုတဲ့ သိုးငယ်ဟာ သူ့ရဲ့ မာယာယစ်ပလ္လင်မှာ အခါခါ ကျဆုံးပေါ့...။

မာယာတစ်သိန်း၊ ပလိန်း အနန္တ
ကြံသမျှ ပြီးအောင်
ဖြီးနိုင် ချွဲနိုင် သဲနိုင်ခဲ့တဲ့
ပလီတီတာ၊ မာယာနှုတ်ခမ်းတစ်စုံကို
ကျွန်တော် တပ်မက်နေခဲ့တာ ဆယ်စုနှစ် တစ်ခုတောင် မကတော့...။

ချိုက်ကော့ဗ်စကီရဲ့ ကန်လေးထဲမှာ ငွေငန်းတွေ ပျော်စံနေလေရဲ့....။
သူ့ရဲ့ ချစ်ခြင်း သားရဲတွင်းမှာတော့ ကျွန်တော် ငမိုက်သား အချစ်ကျေးကျွန်ရဲ့ နှလုံးသားက မွေ့လျော်နေလေရဲ့...။
ရှေ့တစ်လှမ်း တိုးမယ်ကြံတိုင်း နောက်ကို နှစ်လှမ်း ရောက်နေတတ်တာ
သူ့ကျော့ကွင်းကြောင့်လား...။
သူ့ညို့မျက်ဝန်းကြောင့်လား...။
ခရာတာတာနဲ့ နွဲ့တတ်တဲ့ သူ့အပြုံးတွေကြောင့်လား...။

ဒီလိုနဲ့ ဆယ်စုနှစ်တွေသာ တစ်ခုပြီး တစ်ခု ပြောင်းသွားတယ်...။
သူ့အချစ်ပြက္ခဒိန်က ရက်စွဲတွေကတော့ ဖေဖေါ်ဝါရီ ၂၉ ကို တွင်တွင်ကြီး ပြနေလေရဲ့...။
မာယာကို ကိုးကွယ်တာ မင်း...။
အချစ်ကို ကိုးကွယ်တာ ကိုယ်...။
တိမ်းညွှတ်ဖို့ကောင်းတဲ့ ချစ်ရနံ့ကြောင့် စစ်ရှုံးခဲ့တာ ကိုယ်....။

ကျေးဇူးပြုပြီးတော့ ပြက်ရယ်မပြုလိုက်ပါနဲ့...။
လှောင်ရီသံကို ၀ှက်ထားပေးပါ...။
ငါ့နှလုံးသားလေး ဆယ်စုနှစ်တစ်ခုစာ
ဖျားနာနေတာ ခုထိ နာလံ မထူနိုင်သေးလို့ပါ...။

(မသက်ဆိုင်တော့သော၊ ပြတ်စဲခဲ့သော လွမ်းရက်တာရှည်နေ့များသို့...။)

Wednesday, July 23, 2008

ကြယ်ဆန်ည

မဝေးသေးတဲ့ အတိတ်တစ်ခုဆီကပေါ့။
ပြန်မယ်ပြောပြီး နောက်ချန်နေရစ်တာ ဘယ်သူလဲ။
ဘူတာအမှတ် ၉၄ မှာ ကိုယ်ဆင်းခဲ့တယ်...။
ဘူတာအမှတ် ၉၄ သွားဖို့အတွက် ကိုယ်ရထားမှီခဲ့တယ်...။
လက်မှတ်ကြိုဖြတ်ထားခဲ့တယ်လေ...။
အထူးတန်းနဲ့ လိုက်ခဲ့တာပေါ့...။
ကိုယ်ဆင်းရမယ့် ဘူတာကို ကြိုတင် ရင်ခုန်ရင်းနဲ့ အဲဒီတုန်းက အနာဂတ်ဟာ ရောင်စုံလွှမ်းနေခဲ့တယ်...။
ကိုယ့်လိုပဲ ရထား မှီရဲ့သားနဲ့ လိုက်မလာခဲ့တဲ့ သူတွေ ရှိတယ်...။ သူ့လမ်းသူ သွားခဲ့သလို ကိုယ်လဲ ကိုယ့်လမ်းကို ရွေးခဲ့တာပဲ...။
ရထားလေးကတော့ လှုပ်တုတ် လှုပ်တုတ်နဲ့ တစ်ရွေ့ရွေ့ သွားခဲ့တယ်...။
ဆင်းသူဆင်း တက်သူတက်နဲ့ သူတတ်စွမ်းသလောက်၊ သူ့ကို အနားပေးခဲ့တဲ့ အချိန်အထိ သူ တာဝန်ကျေခဲ့တယ်...။

ဒီလိုနဲ့ ရထားကြီး ချထားပေးခဲ့တဲ့ ဘူတာမှာ လိုတာလေးတွေ ၀ယ်ခြမ်း၊ မြို့ကလေးထဲ လှည့်လည် ကျက်စားနေတုန်းမှာပဲ (အချိန်မတန်သေးခင်) နောက်ထပ် ရထားအသစ်တစ်စီး (အဟောင်းကို ဖြစ်ကတတ်ဆန်း မွမ်းမံထားတဲ့) ဟာ ကိုယ့်ရှေ့ကို ရောက်လာခဲ့ပြန်တယ်...။
ဒီတစ်ခါတော့ ကိုယ့်လိုအင်မပါပဲနဲ့ အတင်းတက်ခိုင်းလို့ တက်လိုက်ရတယ်...။
ရိုးရိုးတန်းတောင်မှ ရပ်စီးခဲ့ရတယ်...။

ကွမ်းယာဆိုင်တောင်မှ ကချော်ကချက် မည်ကာမတ္တ ရှိတဲ့ ကြားဘူတာ...။
လော်ကယ်ရထားတောင်မှ ဆိုက်ဖို့ အနိုင်နိုင်...။
မရှိမှုတွေနဲ့သာ အသားကျနေတဲ့ ကိုယ့်အတွက် ဒီကြက်သွန်တွေကိုသာ ၀ါးရင်းနဲ့ ဆက်ဝါးနေခဲ့ရတယ်...။
တစ်ခရီးတည်းသွားတဲ့ သူတွေ....
စိတ်ဓါတ်ကျသူတွေ...
ကြုံရာတက်နဲ့ လှော်မယ့်သူတွေ...
လမ်းခုလတ်ကနေ ဖဲ့ဆင်းသွားတဲ့သူတွေ...
လှေကြီးထိုး ရိုးရိုးသွားတဲ့သူတွေ...
သူတို့တစ်တွေနဲ့ ခရီးဆုံးထိ ကိုယ်ရောက်အောင် သွားခဲ့တယ်...။

ဟော... ခုတော့လဲ အဲဒီ ခရီးဆုံးဟာ နောက်ခရီးတစ်ခုရဲ့ အစဆိုတာကို ဇာတ်ရှိန်မြင့်ခါမှ သိလိုက်လေရဲ့...။
အချိန်မနှောင်းလောက်သေးဘူး ထင်ပါရဲ့...။
လာ... ကြယ်ကြွေကောက် သွားကြစို့...။

(ရောင်နီမပျို့ခင် အမှီရောက်ရမယ်...။)

Sunday, July 20, 2008

ရိုးသားမှု

မဝေးသေးတဲ့ အတိတ်တုန်းကပေါ့...။
ငါ့ရင်ထဲက နှင်းဆီတစ်ပွင့်ကို
လက်ကြမ်းတွေနဲ့ ချေဆုပ်သွားကြတယ်...။
နှင်းခါးမိုးတွေကြောင့် တောင်ယာမှာ နှံကောင်တွေ ညိုးငယ်နေလေရဲ့...။
ပျံလွှားငှက်များကတော့ အနောက်ဘက်အရပ်ကို အသိုက်ရွှေ့သွားလေရဲ့...။

စင်ယော်တောင်ပံခတ်သံတွေ သင်းထုံနေတဲ့ ဆားငန်လေတွေကို နှစ်သက်ခဲ့လေသလား...။
တောင်ပေါ်က ထင်းရှူးရနံ့ပါတဲ့ လေနုအေးကို ယစ်မူးမိခဲ့ပါသလား...။
နေကြာပန်းခင်းထဲက လိပ်ပြာရယ်သံများကို သယ်ဆောင်လာခဲ့တဲ့ ပန်းဝတ်မှုံရနံ့များကို တိမ်းမောမိခဲ့ လေသလား...။
မန်းချယ်ရီဆောင်ရှေ့ ညမွေးပန်းနံ့နဲ့ ရောပြွမ်းနေတတ်တဲ့ အညာလေပူကို တပ်မက်မိခဲ့သလား...။

ခုတော့...
ဖုန်ထူနေတဲ့ ကတ္တရာလမ်းပေါ် ဖြတ်တိုက်လာတဲ့ အဆိပ်ငွေ့မှုန်တွေတော့ မုန်းမိပါရဲ့...။
ကားမှတ်တိုင်က နီကိုတင်းတွေ မှုတ်ထုတ်တတ်တဲ့ ရွေ့လျားမီးခိုးခေါင်းတိုင်များကို မုန်းမိပါရဲ့...။
လိမ်ညာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဟန်ဆောင်စကားပြောသူတွေရဲ့ အာပုတ်နံ့ကို မုန်းမိပါရဲ့...။
မုသားတွေနဲ့ တစ်ကိုယ်လုံး လိမ်းကျံ ပြည့်နှက်နေတဲ့ သူတွေရဲ့ အကောင်းစားရေမွှေးတွေနဲ့ ဖုံးကွယ်ထားတဲ့ ကိုယ်နံ့ကို မုန်းမိပါရဲ့...။

အတ္တတွေ...
ကိုယ်ကျိုးတွေ...
တစ်ကိုယ်ကောင်းဆန်မှုတွေ....
ဘယ်တော့မှ ပြည့်နိုင်မှာ မဟုတ်တဲ့ လိုဘတွေ...
မပြည့်အိုးတွေ...

အို အသင်လောက
အသင်သည် အံ့သြဖွယ်ရာ ကောင်းလှချည်ပါသကား...။


(စကားချပ်။ ။ “ဖါတစ်လုံး ခေါင်းကျား” ရုပ်ရှင်မှ နာမည်ကျော် Phrase ကို ငှားရမ်း သုံးစွဲထားသည်...။)

Saturday, July 12, 2008

Myanmar On Youtube

YouTube ပေါ်မှာ တွေ့ရှိမိတဲ့ တစ်ချို့သော မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ဗွီဒီယို ကလစ်များပါ...။

ငယ်ငယ်ကတော့ ဘုတ်အုတ်တွေထဲမတော့ ဖတ်ဖူးတာပေါ့...။ တက္ကသိုလ်ကျောင်းသားတွေက ဘိုကေ လက်လေးသစ်နဲ့ နောက်ပိတ် ရှုးဖိနပ်များ ကို စီးကြတယ်...။ ခေါင်းက ဘိုကေကို အကြော့သား ခေါင်းလိမ်းဆီတွေနဲ့ လိမ်းကြတယ်...။ လက်ကြောမတင်းဘူး ဘာညာ ပေါ့လေ...။ စဉ်းစားမိတယ်...။ အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်များ အုပ်စိုးနေတဲ့ကာလကို ဖြတ်သန်းခဲ့ရလေတော့ အင်္ဂလိပ်တို့ရဲ့ အလေ့အထများ ကူးစက်ကုန်လို့ နေမှာပေါ့လို့...။
အင်္ဂလိပ်များဆိုတာကလည်း အလွန့်ကို ဟိတ်ဟန်ကြီးတဲ့သူတွေ မဟုတ်လား...။ ညစာစားပွဲတွေမှာတောင် ဒင်နာဒရက်စ် ၀တ်ပြီးမှ တက်ကြတယ်လို့ အဆိုရှိတယ်...။ အဲဒီတော့ ကျောင်းမှာ အခုလို ၀တ်စားတယ်ဆိုတာကလဲ သူတို့တစ်တွေရဲ့ အလေ့အထကနေ လက်ခံကျင့်သုံးလာခဲ့ကြတာ နေမှာပေါ့...။
မကောင်းဘူးလား ဆိုတော့လဲ ကောင်းပါတယ်...။
လန်းဆန်းမှု ရှိတာပေါ့...။
ပျိုပျိုမေများကို သွားရောက်ပိုးပန်းမယ်ဆိုလဲ ရူပါ နည်းနည်းလန်းတာပေါ့နော...။
ဘိုကေ ဘုတ်သိုက်နဲ့များဆိုရင်တော့ ပိုးပန်းဖို့ မပြောနဲ့ ... အဝေးက မြင်ရုံနဲ့တင် နှာခေါင်း ရှုံ့ပြီး ထွက်ပြေးကြမှာ သေချာပါတယ်...။
နောက်တစ်ခုကတော့ အရင်တုန်းက အင်္ဂလိပ်အုပ်စိုးတဲ့ခေတ်က ဆိုရင် ရန်ကုန်တက္ကသိုလ်မှာ (ရန်ကုန် တက္ကသိုလ် ဆိုပေမဲ့ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ ဖြစ်ခဲ့သေးတယ်...။) ကျောင်းတက်နေသူ အမျိုးမျိုး ရှိခဲ့ပါလိမ့်မယ်...။
မြန်မာကျောင်းသားများ အပြင်၊ အမိအဖ တစ်ဦးဦးက နိုင်ငံခြားသားများ ဖြစ်တဲ့ ကပြားများ၊ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် တာဝန်လာထမ်းဆောင်နေတဲ့၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများရဲ့ သားသမီးများ စတဲ့သူတွေဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးကြပါလိမ့်မယ်...။
အဲဒီအတွက် လက်ချာ သင်ပေးမယ့် ဆရာများ ဟာ နေးတစ် မြန်မာများတင် မဟုတ်တော့ပဲ နိုင်ငံခြားသားဆရာများပါ ငှားရမ်း သင်ကြားခဲ့ရပါတယ်...။
ဥရောပက ဆရာများ အပြင် အင်္ဂလိပ်စာတတ် အိန္ဒိယ ဆရာများပါ ပါဝင်ခဲ့ပါတယ်...။
မြန်မာဆရာ/၀န်ထမ်းများ ရှိခဲ့ပေမယ့် အရေအတွက်နည်းနေခဲ့တာကို ထောက်ရှုခြင်းအားဖြင့် မြန်မာများကို တတ်နိုင်သလောက် ရာထူးကြီးကြီးတွေမှာ ပါဝင်စေလိုတဲ့ ဆန္ဒ မရှိတာတော့ ထင်ရှားပါတယ်...။ (ဆရာဝန်တွေဆိုရင် အိန္ဒိယက လာတဲ့ ဆရာဝန်များသာ အများစု ဖြစ်နေတာကို ဥပမာ အဖြစ် ကြည့်နိုင်ပါတယ်...။ ရှေးခေတ် မြန်မာကားတွေမှာ ဆရာဝန်ဆိုတာကို သရုပ်ဖေါ်ကြရင် ခေါင်းပေါင်းနဲ့ ပန်ချာပီတွေသာ ဖြစ်နေခဲ့တာကို ထောက်ချင့်ကြပါကုန်...။ ဤကား စကားချပ်။)

အခု ကျွန်တော် တင်လိုက်တဲ့ ပထမဆုံးသော ဗွီဒီယိုကလစ်ကတော့ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က တိတိကျကျ ပြောရရင်တော့ ၁၉၅၇ ခုနှစ်တုန်းက ရန်ကုန် တက္ကသိုလ်မှာ စာသင်ကြားပုံကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်...။ လက်ချာတွေကို အင်္ဂလိပ်လိုပဲ သင်ကြားတာ တွေ့ရပါတယ်...။ ကျောင်းသားများကလည်း မေးခွန်းများ ပြန်လှန် မေးမြန်းရာမှာ အင်္ဂလိပ်လိုပဲ ပြောဆိုကြတာ တွေ့ရပါတယ်...။ ဒီမှာတော့ ဆရာကတော့ မြန်မာဆရာ ဖြစ်ပါတယ်...။ ဒေါက်တာကျော်သက်လို့ သိရပြီး ယေးလ်တက္ကသိုလ်မှာ သမိုင်းဆရာ လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်...။ အင်္ဂလိပ်အသံထွက် လေယူလေသိမ်းကတော့ စံယူလောက်ပါတယ်...။ (ငါးပိသံ ပေါက်နေသေးတယ်လို့လဲ ကြည့်မိတဲ့ သူငယ်ချင်းတစ်ယောက်က ဆက်ပြောပါသေးတယ်...။)
အဖြူအမည်း မို့လို့လား... ဒါမှမဟုတ် ရုပ်ရှင်ရိုက်မှာကို သိလို့ ဖြီးလိမ်း ပြင်ဆင် လာကြသလားတော့ မသိပါ...။ အားလုံးသော ပါဝင်သူများမှာ ရုပ်ရည် ရူပကာသန့်ပြန့်ပြီး ဘိုကေများ ကြော့မော့နေတာကို တွေ့ရပါလိမ့်မယ်...။



ဒုတိယ ကြည့်မိတဲ့ ဗွီဒီယို ကလစ်ကတော့ ရန်ကုန်မှာ နာမည်ကြီးခဲ့ဆဲ့ ကလပ်စစ်ကယ်ဂီတာဆရာ ကိုသက်လွင်ရဲ့ လက်ရာ ပါ...။ ကလပ်စစ်ကယ်ကို နိုင်ငံခြားကျောင်းမှာ ကောင်းကောင်း ကျေညက်ခဲ့တဲ့ သူတစ်ယောက်လို့ သိရပါတယ်...။ ဟိုတယ်မှာ သူတတ်ကျွမ်းတဲ့ ဂီတာနဲ့ အနုပညာ ဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်...။ အချိန်ရှားပါးလှတဲ့ သူ့ဆီမျာ သင်တန်းတက်ချင်ရင် သင်တန်းကြေးကတော့ တစ်ခြားသော နေရာတွေထက် ပိုတယ်လို့ သိရပါတယ်...။ ကဲ.. ဆက်ပြီး လေ့လာကြဦးစို့...။

Friday, July 11, 2008

Way Back Into Love

သီချင်းလေးက ရိုးရိုးလေးနဲ့ ရင်ကို စွဲငြိမိလို့ ချစ်သူငယ်ချင်း၊ မိတ်ဆွေများ နားဆင်ရန် မျှဝေ ပေးလိုက်ပါတယ်...။
အပေါ်က ညာဘက်က status မှာ တင်ထားတယ်...။ သီချင်း ဒေါင်းလုဒ် လုပ်ချင်တဲ့ သူများ ဒီမှာ တောင်းနိုင်ပါတယ်...။

သီချင်းလေးက လွန်ခဲ့တဲ့ နှစ် ၂၀၀၇ က ရုံတင်သွားခဲ့တဲ့ ကားလေးပါ...။ အချစ်၊ တေးသံစုံ ကားကြီးပေါ့...။ ပျိုမေတို့ အသဲစွဲ၊ သဲသဲလှုပ်ဖြစ်တဲ့ ဗြိတိသျှ မင်းသား Hugh Grant၊ ကိုကိုကာလသားများ အကြိုက် မင်းသမီး Drew Berry Moore တို့ အဓိက ပါဝင် သရုပ်ဆောင် ထားကြပါတယ်...။ ဇာတ်လမ်းရယ်လို့ မယ်မယ်ရရ မရှိပါဘူး...။ ဒါပေမဲ့လဲ ပျင်းစရာ မရှိအောင် ဇာတ်ကို သယ်ထားပါတယ်...။ ရုပ်ရှင်နာမည်ကတော့ "Music & Lyrics" ပါတဲ့...။
သီချင်းက ဖိုင်ဆိုဒ်ကြီးတာက တစ်ကြောင်း၊ တင်ထားတဲ့ Hosting Server က နည်းနည်းနှေးနေတာက တစ်ကြောင်းတို့ကြောင့် သီချင်းပလေယာက သီချင်းများကို Loading လုပ်နေတာ နည်းနည်းကြာတော့ သီချင်းဘားလေး ပြည့်တဲ့ အချိန်မှသာ ပလေး ခလုတ်လေး နှိပ်နားထောင်ပေါ့နော်...။
သီချင်း စုစုပေါင်း ၂ ပုဒ် တင်ထားပါတယ်...။
ပထမ တစ်ပုဒ်က Way Back Into Love ကို စုံတွဲ Duet အဆိုပါ...။ မင်းသား Hugh Grant နဲ့ အဆိုတော် Haley Bennett တို့ နှစ်ယောက်တွဲ ဆိုထားတာပါ...။
ဒုတိယ တစ်ပုဒ်ကတော့ Drew Berry Moore တစ်ယောက်ထဲ ဒီသီချင်းကိုပဲ single ဆိုထားတာပါ...။
တစ်မျိုးစီ ကောင်းပါတယ်...။

(တင်သာ တင်ထားရတယ်...။ မူပိုင်ခွင့်၊ ကော်ပီရိုက် တွေနဲ့ ငြိမလား မသိဘူး...။ မငြိခင် နားထောင်လိုက်ပါဗျို့...။ ဟီး... :D )
သီချင်း စာသားများကို အောက်မှာ ဖေါ်ပြထားပါတယ်...။

Way Back Into Love
(Theme Song from Music & Lyrics)

[Verse 1]
(Drew Barrymore)
I've been living with a shadow overhead,
I've been sleeping with a cloud above my bed,
I've been lonely for so long,
Trapped in the past,
I just can't seem to move on!

(Hugh Grant)
I've been hiding all my hopes and dreams away,
Just in case I ever need them again someday,
I've been setting aside time,
To clear a little space in the corners of my mind!

[Chorus]
(Both)
All I want to do is find a way back into love.
I can't make it through without a way back into love.
Oooooh.

[Verse 2]
(Drew Barrymore)
I've been watching but the stars refuse to shine,
I've been searching but i just don't see the signs,
I know that it's out there,
There's got to be something for my soul somewhere!

(Hugh Grant)
I've been looking for someone to shed some light,
Not somebody just to get me through the night,
I could use some direction,
And I'm open to your suggestions.

[Chorus]
(Both)
All I want to do is find a way back into love.
I can't make it through without a way back into love.
And if I open my heart again,
I guess I'm hoping you'll be there for me in the end!

[Middle-eight]
(Drew Barrymore)
There are moments when I don't know if it's real
Or if anybody feels the way I feel
I need inspiration
Not just another negotiation

[Chorus]
(Both)
All I want to do is find a way back into love,
I can't make it through without a way back into love,
And if I open my heart to you,
I'm hoping you'll show me what to do,
And if you help me to start again,
You know that I'll be there for you in the end!

Wednesday, July 9, 2008

ဇော်ဂျီ သတ်ပုံစာလုံးပေါင်း။ (သို့) ပေါက်ကရ အိတ်တီ့ (၃)၊

ဒီတစ်ခေါက်တော့ဖြင့် တစ်နေ့လုံး နေထိုင်မကောင်း ဖြစ်နေတာနဲ့ အပြင်ကို မထွက်နိုင်လို့ ကုန်ကြမ်းမရသေးပါ...။
သို့သော်ငြားလည်း...
၁။ ဘလော့ဂ်ကြွလာ မိတ်သဟာများ အဟောင်းကိုပဲ ဖတ်ပြီး ပြန်ပြန် သွားရတာကို အားနာတာက တစ်ကြောင်း၊
၂။ တစ်ခြားသော စီဗုံးမှာ သွားသွားရေးနေရင် လေထက် ၀ဲပျံ ပျောက်သွားရင်ဖြင့် ဆိုပြီး ဘလော့ဂ်ထက် အက္ခရာ တင်ထားချင်တာက တစ်ကြောင်း၊
၃။ ပို့စ်အသစ် မတင်ဖြစ်တော့ ပို့စ်အဟောင်းများကို တူးဆွ ပြန်လှန်လိုက်ရင် ဆားချက်တယ် အထင်ခံရမှာက တစ်ကြောင်း၊
၎။ ဒါကို အကြောင်းပြုပြီး ရေးလိုက်ရင် ပို့စ်အသစ် တစ်ပို့စ်တော့ ကောင်းကောင်းရပြီး ဘလော့ဂ်လဲ update ဖြစ်သွားမှာက တစ်ကြောင်း၊
စတဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်း များကြောင့် ဤပို့စ်ကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်...။

ဒီပို့စ်ပါ အကြောင်းအချက်များကိုတော့ ဇော်ဂျီက ထုတ်တဲ့ ဇော်ဂျီဝမ်း ယူနီကုဒ် ကို အခြေခံပြီး ရေးသားထားပါတယ်...။

တစ်ကယ်တော့ ဇော်ဂျီကုဒ်ကို အသုံးပြုပြီး မြန်မာစာကို ရိုက်ရတာဟာ အရင်က ၀င်း ဖွန့်တွေနဲ့ အသားကျနေသူများအတွက် အခက်အခဲ မရှိပါ...။ လက်ကွက်အနေအထားဟာ အားလုံးနီးပါး တူညီနေလို့ပါပဲ...။

ထို့အတွက်ကြောင့် ကျွန်တော် အခု ဆက်လက် ရေးသားမယ့် ဇော်ဂျီဝမ်း ဖွန်း အသုံးပြုပုံ/နည်းနဲ့ သတ်ပုံ၊စာလုံးပေါင်းများဟာ သိပြီးသား ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်...။ သိပြီးသူများအတွက်တော့ ထူးပြီး ရသွားတာ မရှိပေမဲ့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေသူများအတွက်တော့ ဒါမျိုးလေးတွေ ရှိနေပါလားလို့ သတိပြုမိနိုင်အောင် သိသလောက်ကို ပြန်လည် လက်ဆင့်ကမ်းလိုက်ရပါတယ်...။

မိမိ တွေ့ကြုံသလောက်ကိုသာ ရေးသားခြင်း ဖြစ်တဲ့ အတွက်ကြောင့် လိုအပ်တာတွေ ရှိကောင်း ရှိပါမယ်...။ အပြစ်တော် မမြင်ပဲ အချစ်တော် ၀င်ကြပါလို့ ...။
ကဲ လာလေရော့... “ဇာတ်မင်းသားလေ ဘွိုင်းနော်... ဘွိုင်းနော် တိုင်းပြည်ကမျှော်”...... ဗလို့ဂျိ...။
(ကိုယ့်ဘလော့ဂ်ပေါ်မှာ အဲလိုတော့ မပေါရဲပါဘူးဗျာ...။)

(၁) ပါဌ်ဆင့်များ။
အခု နောက်ဆုံးထွက်ရှိတဲ့ ဇော်ဂျီဝမ်း ယူနီကုဒ်မှာ ပါဌ်ဆင့်များကို ရိုက်ချင်ရင် အရင်က ၀င်းမှာလို Alt + 4digit ရိုက်စရာ မလိုတော့ပါဘူး...။ အများသုံး ပါဌ်ဆင့်စာလုံးတွေ ဖြစ်တဲ့ -္တ၊ -္က၊ - ၵ၊ - ၳ၊ - ၡ၊ - ႅ၊ - ၻ စတာတွေကို Dead Key "~" လေးနဲ့ ရိုက်ချင်တဲ့ စာလုံးရဲ့ key ကို ပေါင်း ရိုက်ရုံနဲ့ လွယ်လင့်တကူ ရနေပါပြီ...။ (အရင်က ၀င်းကလော ခေတ်တုန်းကလို ဂဏန်းလေးလုံးတွဲကို အလွတ် ကျက်မှတ်နေရတဲ့ ၀ဋ်ဒုက္ခကနေ ကင်းလွတ်သွားကြပါပြီ...။)

Dead Key ဆိုတာကတော့ ကိုယ့်ရဲ့ ကီးဘုတ် ဘယ်ဘက် အပေါ်ခြမ်းမှာ ထောင့်ဆုံး Esc ခလုတ်ရဲ့ အောက်က ကပ်ရက် ရှိနေတဲ့ ခလုတ်ပါ။ “~” အမှတ်အသားနဲ့ ပါ...။ သူ့ကို အလွတ်ရိုက်ရင်တော့ “]” ဆိုပြီးပဲ ပေါ်မှာပါ...။ တစ်ခြားသော suitable key နဲ့ တွဲရိုက်မှသာ လိုချင်တဲ့ ပါဌ်ဆင့်များ ရလာပါလိမ့်မယ်...။
ကျွန်တော် လက်ရှိသိနေတဲ့၊ သုံးနေတဲ့ ပါဌ်ဆင့်များ ရိုက်ပုံရိုက်နည်းကို အောက်မှာဖေါ်ပြထားပါတယ်...။

၁။ သက္ကရာဇ်မှ -္က ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “u” key ကို တွဲရိုက်ပါ...။
၂။ ဒုကၡ မွ - ၡ
ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “c” key ကို တွဲရိုက်ပါ...။
၃။ အနဂ္ဂ မှ -္ဂ
ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “8” key ကို တွဲရိုက်ပါ...။
၎။ ပစ္စည်းက -္စ
ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “p” key ကို တွဲရိုက်ပါ...။
၅။ တေစ ၦ မွ - ၦ
ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “q” key ကို တွဲရိုက်ပါ...။
၆။ အနတ္တ မှ -္တ
ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “w” key ကို တွဲရိုက်ပါ...။
၇။ သတ္ထု မှ -္ထ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “x” key ကို တွဲရိုက်ပါ...။
၈။ အာနန္ဒာ မှ -္ဒ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “ ' ” key ကို တွဲရိုက်ပါ...။ (Enter ဘေးမှာ ရှိနေတဲ့ Single Quote Quotation ပါ...။)
၉။ -္နပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “e” key ကို တွဲရိုက်ပါ...။
၁၀။ ကမၻာ မွ - ၻ
ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “b” key ကို တွဲရိုက်ပါ...။
၁၁။ အမ္မပါလီ မှ -္မ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “r” key ကို တွဲရိုက်ပါ...။
၁၂။ တိမ်သလ္လာ မှ -္လ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “v” key ကို တွဲရိုက်ပါ...။
၁၃။ ပုပ္ဖါရုံကျောင်းမှ -္ဖ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “z” key ကို တွဲရိုက်ပါ...။

စကားချပ်။ ။ ပါဌ်ဆင့်တွေကိုကျွန်တော့် လပ်ပ်တော့ပ်မှာ ကီးဘုတ် အခက်အခဲကြောင့် “ပ”၊ “ဗ”၊ “ဃ”၊ “ဇ”၊ “တရေမှုတ်” ရိုက်ပြနိုင်ခြင်း မရှိပါ...။
ကျွန်တော် မရိုက်နိုင်ပဲ ကျန်နေတဲ့ ဆိုင်ရာ လက်ကွက်များကတော့...
“ပ” အတွက် - ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “y” key ကို တွဲရိုက်ပါ...။ (ကျွန်တော့်ဆီမှာတော့ အဲလို တွဲရိုက်ရင် “” အက္ခရာ ဆိုတာပဲ ပေါ်သေးတယ်...။)
“ဇ” အတွက် - ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” + Shift key နဲ့ “z” key ကို တွဲရိုက်ပါ...။
“တရေမှုတ်” အတွက် - ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “<” key ကို တွဲရိုက်ပါ...။

တစ်ခြားသော လက်ကွက်များလည်း ကျန်နေကောင်း ကျန်နေပါလိမ့်မယ်...။ ကျွန်တော် လက်လှမ်းမီသလောက်၊ သိသလောက်ကိုသာ တင်ပြရခြင်း ဖြစ်တဲ့ အတွက် ကျန်နေရင် ဖြည့်စွက် ဖတ်ပေးကြပါလို့...။

နောက်တစ်ခါ ယပင့်နဲ့ ယရစ်အကြောင်းလေးများ ဆက်လိုက်ကြစို့...။
ယပင့်ကို အရင် သွားလိုက်ရအောင်...။

(၂) ယပင့် “-ျ”

၁။ “လျင်” ဆိုတာကို ရိုက်ဖို့ “s” ခလုတ်ကို နှိပ်ရုံပါပဲ...။
၂။
လျှောက်ထားချက်” ဆိုတဲ့နေရာက “ယပင့် ဟထိုး -ှ” ကို ရိုက်ဖို့ Shift +“q” ခလုတ်ကို နှိပ်ရုံပါပဲ...။
၃။ “ဂျွမ်းထိုးကောင်
ဆိုတဲ့နေရာက “ယပင့် ၀ဆွဲ -ျွ” ကို ရိုက်ဖို့ Shift +“r” ခလုတ်ကို နှိပ်ရုံပါပဲ...။

(၃) ယရစ်အကြီး “ြ- ”
၁။ အကြောင်းအရာ = ဆိုတဲ့နေရာက “ယရစ်အကြီးြ- ” ကို ရိုက်ဖို့ Shift +“m” ခလုတ်ကို နှိပ်ရုံပါပဲ...။
၂။
ကြွက် = ဆိုတဲ့နေရာက “ယရစ်ဝဆွဲြ-ွ ” ကို ရိုက်ဖို့ကတော့ သမားရိုးကျပါပဲ..။ Shift + Dead Key "~"+“m ခလုတ်ကို နှိပ်ရုံပါပဲ...။ (ကျွန်တော့်ဆီမှာ ရှစ်ပ်နဲ့ ဒက်ကီးက ပေါင်းလိုက်ရင် အလုပ်မလုပ်ပါ...။)
၃။ အကြီးဆုံး = ဆိုတဲ့နေရာက “ယရစ်အကြီးခေါင်းပြတ် - ” ကို ရိုက်ဖို့ Shift +“m” ခလုတ်ကို နှိပ်ရုံပါပဲ...။

(၄) ယရစ်အသေး “ြ- ”
၁။ ပြောင်းလဲခြင်း = ဆိုတဲ့နေရာက “ယရစ်အသေးြ- ” ကို ရိုက်ဖို့ j” ခလုတ်ကို နှိပ်ရုံပါပဲ...။
၂။
ပြွန် = ဆိုတဲ့နေရာက “ယရစ်ဝဆွဲြ-ွ ” ကို ရိုက်ဖို့ကတော့ သမားရိုးကျပါပဲ..။ Dead Key "~" + “m” ရယ်၊ Shift +“g” ရယ် ခလုတ်ကို နှိပ်ရုံပါပဲ...။
၃။ အပြီးသတ် = ဆိုတဲ့နေရာက “ယရစ်အသေး ခေါင်းပြတ် - ” ကို ရိုက်ဖို့ Shift +“n” ခလုတ်ကို နှိပ်ရုံပါပဲ...။

(၅) ရကောက်
၁။ ရက်စွဲ = ဆိုတဲ့နေရာက “ရကောက် ” ကို ရိုက်ဖို့ Shift +“7 ခလုတ်ကို နှိပ်ရုံပါပဲ...။
၂။
ရှာဖွေခြင်း = ဆိုတဲ့နေရာက “ရကောက် ” ကို ရိုက်ဖို့ကလဲ Shift +“7 ခလုတ်ကို နှိပ်ရုံပါပဲ...။
၃။ ရိုက်နှက်သည် = ဆိုတဲ့နေရာက “ရကောက် အမြီးပြတ် ” ကို ရိုက်ဖို့ Dead Key " ~ " +“7” ခလုတ်ကို နှိပ်ရုံပါပဲ...။

(၆) ငှားရမ်းခြင်း။
ငှား ဆိုတာကို တစ်ချို့က ဌား ဆိုပြီး Shift + x ခလုတ်နဲ့ “ဌ” (အသံထွက် - ထ၀မ်းဘဲ) ကို ရိုက်နေကြတာ တွေ့ရတယ်...။
အမှန်က “” အက္ခရာကို “-” ဟထိုး တပ်ပြီး “-” ရေးချ “ငှာ” ပြီးမှ၊ ၀စ္စနှစ်လုံးပေါက် “-”ကို ရိုက်ရတာ ဖြစ်တယ်...။ အလွယ်လမ်း လိုက်တာလား...။ မျက်စိ ရှမ်းသွားကြတာလား မသိ.. ခုနောက်ပိုင်းမှာ “ငှားရမ်းသည်” ကို “ဌားရမ်းသည်” (အသံထွက်- ထားရမ်းသည်။) ဆိုပြီး ရိုက်နေကြတာ မြင်ရတော့ ဖတ်ရတာ ထောက်နေရော...။

(၇) ကြ နှင့် ကျ
ကြ နဲ့ ကျ ကို အသုံးအနှုန်း လွဲနေတာကိုလဲ တွေ့ရသေးတယ်...။
ဥပမာ -
“မောင်မောင်နှင့် မမ တို့ ဈေးသွားကြသည်။” ဆိုတဲ့ နေရာမှာ...
“မောင်မောင်နှင့် မမ တို့ ဈေးသွားကျသည်။” ဆိုပြီး ရေးတတ်တဲ့ အမှားပေါ့...။

“ကျ” ဆိုတဲ့ အသုံးဟာ ကြိယာ သဘောနဲ့ နာမ် သဘောတွေမှာ သုံးတာတွေ့ရပါလိမ့်မယ်..။
ဥပမာ - လိမ့်ကျ (ကြိယာ) ၊ ကျဆင်းခြင်း (နာမ်)။

“ကြ” ဆိုတဲ့ အသုံးကိုတော့ ကြိယာကို အများအနေနဲ့ ပြချင်ရင် သုံးတတ်တာကို သတိပြုမိပါတယ်...။
ဥပမာ - ငါတို့ သွားကြရအောင်။ သူတို့ စားသောက်နေကြတယ်...။

(၈) တစ်ချောင်းငင် “-ု”
တစ်ချောင်းငင် အသုံးကတော့ ရှင်းပါတယ်...။
၁။ တို့၊ ကိုကို စသဖြင့်မှာတော့ ရိုးရိုး တစ်ချောင်းငင် “-” ကို သုံးတာပါ...။
၂။ အပျို၊ ဓါးနဲ့ ချိုင် စတဲ့ အသုံးအနှုန်းတွေမှာ နည်းနည်း ပိုရှည်တဲ့ တစ်ချောင်းငင် “-” ကို သုံးကြပါတယ်...။ Shift + "k " key (ဘယ်လိုခေါ်လဲတော့ မသိ။)

(၉) အောက်ကမြစ် “-့”
၁။ -့ ဒီအောက်ကမြစ်က h ကို ရိုက်တာ ဥပမာ - အမေ့ ဖား.. ဖား!!!
၂။ -ို့ ဒီဟာကျတော့ Shift + y ဥပမာ - တို့ကို မမေ့နဲ့နော်..။
၃။ -ှူ့ သူကျတော့ Shift + u ဥပမာ - ကောင်းမှူ့။


ကဲ... ကဲ...။ သိသလောက်၊ တတ်သလောက်တော့ဖြင့် ဆြာဂျီး (သက်သက် သတ်ပုံမှားအောင် ရေးထားတာ၊ အမှား မပြင်ရ။ ) လုပ်ထားလိုက်ပါတယ်...။ ဖတ်ပြီးမှတော့ တပည့်ဖြစ်သွားတာတော့ မတတ်နိုင်...။ အဟက်...။ မကြိုက်ရင်လဲ ဆက်မဖတ်နဲ့တော့ပေါ့နော...။ ဟိ...။

ရေးပြီး ရိုက်ပြီးမှ ဇော်ဂျီနဲ့ ပတ်သက်တာ အွန်လိုင်းပေါ် တက်ရှာလိုက်တာ ဒါကြီး တွေ့လာပါရော့လား...။ ဒါကြီးက ဇော်ဂျီက ထုတ်လိုက်တဲ့ သူတို့ လက်ကွက်ပုံစံပါ...။ .gif ဖိုင်နဲ့ ပြထားတာပါ...။ Print out ထုတ်ပြီးပဲ ဖြစ်ဖြစ်၊ ကွန်ပြူတာထဲ သိမ်းပြီး ပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အချိန်မှာ အသုံးချနိုင်ပါတယ်...။

ဇော်ဂျီ လက်ကွက်ပုံစံကို အောက်မှာ ထပ်ပြထားလိုက်ပါတယ်...။



(အဲဒါကြီးကို အစောကြီးကတည်းက တွေ့လိုက်ရင် ပြီးရော...။ ရော့အင့် ဆိုပြီး ပေးလိုက်လို့ ရတယ်...။ ခုတော့ လက်ညောင်းလိုက်တာ...။ တော်ပြီ ၃-၄ ရက်လောက်တော့ နားလိုက်ဦးမယ်...။ လက်ညောင်းလို့...။ :D )

Monday, July 7, 2008

အတ္တတစ်ခုကို ပုံဖော်ခြင်း...။

ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
ငါ့လက်ထဲက မရှိမုန့်ကို လာလာတောင်းနေတော့
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။

နိုးချိန်တန်လို့မှ ထ မလာတာ ငါ့အပြစ် မဟုတ်...။
ငတက်ဖြားက ငါ့ကို သူခိုးလို့ လာဟစ်နေတယ်...။
(အိပ်မက်ထဲထိတောင် ငါပြုံးမိရဲ့...။)
ဥယျာဉ်မှူးတစ်ယောက် မဟုတ်သလို
မာလီလဲ မဟုတ်ဘူး...။

ငါပြုံးနေခဲ့တာ မဟုတ်ဘူး...။
မချိရင်ကွဲ ဖြစ်နေတာ...။
မင်းသား မဟုတ်တောင် ဆိုင်းနောက်ထ လို့
အထင်ရှိနေတဲ့ နင့်ရဲ့
ဟန်ဆောင် မျက်နှာဖုံး ကွာကျတော့
အလို ...။
ဘီလူးမဟုတ်ဘူးကိုး...။
စပျစ်သီးချဉ်တယ်လို့
ငြီးနေတဲ့ လျှာနှစ်ခွနဲ့ မြေခွေး ဖြစ်နေပါရော့လား...။
လက်ထဲမှာလဲ ဓါးမြောင်တစ်ချောင်းနဲ့
သွေးတွေ စွန်းနေတယ်...။
ငါ့ကျောမှာတော့ သွေးတွေ စက်စက်ယိုလို့...။

အဒ်ဂါ အယ်လဲန်ပိုး၊ ဆီမွန် ဒီပူးပွား
တိုက်ဂါးဝုဒ်၊ မော်စီတုန်း
....
....
သူတို့နဲ့တူပေမဲ့ မတူခဲ့ဘူး...။
မကာရ်းကောင်ကြီးရေ့...။
နင့်မှာ ချိုနှစ်ချောင်းတောင် ရှိခဲ့ပေမယ့် လိုက်မဝှေ့ခဲ့ပါလား...။
လင်းပိုင်လို အမြီး ရှိပေမယ့် ရေမကူးခဲ့ပါလား...။

စကားမစပ်
တန်ရာတန်ရာပဲ ပြောစမ်းတဲ့...။
သင်္ကြန်အမြောက်လို မဖြစ်ချင်စမ်းနဲ့တဲ့...။
ရှေ့မှီ နောက်မှီ ပုဂ္ဂိုလ်များ ပြောခဲ့ကြတယ်...။
ဥပုသ်စောင့်ချင်ယောင်ဆောင်တဲ့
ကျားတစ်ကောင်တော့ တွေ့ခဲ့တယ်...။
ဝက်ပျိုမ များကတော့ တစ်နေ့ထက်တစ်နေ့ လျော့လျော့သွားတာပဲ...။

ဟိမ၀န္တာက သင်းကွဲငှက်ကြီးရေ...။
(တစ်ကယ်တော့ အပုပ်ကောင်ကို စားတဲ့ လင်းတ တစ်မျိုးပါ...။)
ရေခြား မြေခြားမှာ နေတတ်အောင် နေပါ့လား...။
အတောင်ညောင်းလို့ နားမယ်ဆိုလဲ
လွတ်ရာကျွတ်ရာနေကွဲ့...။
သာဂိ လေးဂွစာ မိသွားလို့
အရှေ့မြောက် လေစီးကြောင်းထဲ မပါသွားပဲ နေဦးမယ်...။

နက္ခတ်တွေ စုံတော့မယ့်နေ့ကို ရောက်တော့မယ်...။
လတစ်စင်းကတော့ ပျောက်နေတုန်း...။
တဂိုးရေ...။
နေမင်းနဲ့လွဲလို့ ငိုနေခဲ့တာ မဟုတ်ပါဘူး...။
လမ်းမတန်းက ဖုန်ထူနေလို့
မျက်စိမှိတ်ထားခဲ့တာပါ...။
နေ့တိုင်း မြင်နေရတာပဲ...။
တစ်ရက်လောက် လွဲတာနဲ့ ဘာမှ ဖြစ်လောက်မှာ မဟုတ်ဘူး...။

(ပြန်ကောက်ရရင်တော့)
ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
.......
.......
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။


(အလွမ်းသင့် ကွင်းပြင်ကို ဖြတ်တိုက်လာသော မကျေနပ်ခြင်း လေညှင်းများကို ခံစားထားခြင်း ဖြစ်သည်။
အရမ်းကာရော ဘာသာပြန်လိုပါက မူပိုင်ခွင့် ရှိသည်ကို သတိချပ်လေ...။)

Saturday, July 5, 2008