Showing posts with label Nargia Cyclone. Show all posts
Showing posts with label Nargia Cyclone. Show all posts

Saturday, July 5, 2008

Wednesday, May 21, 2008

ွှThis is Myanmar !!! :(

ညီမလေး နေနေနိုင် ဘလော့ဂ်ထဲက တင်ထားတဲ့ ကာတွန်းလေးကို ရင်နာနာနဲ့ သဘောကျမိလို့ ခံစားမိသမျှ တင်လိုက်ရပါတယ်...။

အော်...။ မြန်မာဆိုတာကို ဒါကြီးနဲ့ တွဲပြီးတော့မှ ကမ္ဘာက သိလာပါလားလို့...။

ပုဂံမှာ ဘုရားပုထိုး စေတီတွေ လက်ညိုးထိုးမလွဲအောင် ပေါတယ်...။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို ချစ်မြတ်နိုးသူတွေ မြန်မာပြည်ကို လာလည်ကြတယ်...။
အဲဒါကြောင့် မြန်မာကို သိတယ်...။ (ရှားတယ်...။)

ချောက်ကမ်းပါးပေါ်က ကျလုတည်းတည်း တင်ထားတဲ့ ဧရာမ ကျောက်တုံးကြီးပေါ်မှာ စေတီတည်ထားတယ်...။
လေတိုက်လိုက်တိုင်း ကျောက်တုံးကြီးက လှုပ်နေတယ်...။ ဒါပေမဲ့ ကျောက်တုံးကြီးက ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး အောက်ကို ပြုတ်ကျမသွားဘူး...။
ပါးစပ်ရာဇ၀င်အရ အရင်က ကျောက်တုံးကြီးက မြေကြီးနဲ့ မထိပဲ ကြက်မတစ်ကောင် အဲဒီအောက်ကို သွားပြီး အေးအေးဆေးဆေး ၀ပ်နေနိုင်လောက်တဲ့ အမြင့်လောက် လေထဲ တည်နေတယ်...။
အဲဒီလို ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းများနဲ့ ပြည့်နှက်တဲ့ ကျိုက်ထီးရိုးကြောင့် မြန်မာကို သိတယ်...။ (ရှားတယ်...။)

လှေကို သမားရိုးကျ လက်နဲ့ မလှော်ပဲ ခြေထောက်နဲ့ လှော်ကြတဲ့ လူမျိုးတွေ ရှိတဲ့ နေရာဖြစ်လို့ လူသိများတယ်...။ အင်းသားတွေပေါ့...။ အဲဒီ အင်းသားတွေ နေတဲ့ တောင်ပေါ်က အိုင် “အင်းလေးအိုင်” ကို လာလည်ကြတယ်...။ မြန်မာပြည်ကို သိသွားကြတယ်...။ (ရှားတယ်...။)

ကမ္ဘာပေါ်မှာ အကြီးဆုံး ကျောက်စိမ်းတုံး ထွက်ရှိရာ ဒေသ၊ အကြီးဆုံး ပတ္တမြား ထွက်ရှာရာဒေသ၊ ကမ္ဘာ့အကြီးဆုံး သဘာဝ (သဘာဝ) ပုလဲ ထွက်ရှိရာ ဒေသ၊ ကမ္ဘာ့အကောင်းဆုံး အရည်အသွေး အမြင့်ဆုံး ကျောက်မျက်ရတနာများ ထွက်ရှိရာဒေသ စသည်တို့ကြောင့် လူသိများလာတယ်...။ ကျောက်မျက် ရောင်းဝယ်သူများ လောက်သာ သိကြတယ်...။

သဘောင်္များ တည်ဆောက်ရာမှာ အသုံးပြုလို့ အကောင်းဆုံးသစ်ဖြစ်တဲ့၊ ကမ္ဘာ့အကောင်းဆုံးသစ်လို့ ဆိုရမယ့် ကျွန်းသစ်များ အလျှံပယ် ထွက်ရှိရာ ဒေသ၊ ကမ္ဘာ့ အသန့်စင်ဆုံး ကြေးနီ (၉၉.၉%) ထွက်ရှိရာ ဒေသ၊ ကမ္ဘာ့စပါးကျီ၊ ...၊ ...၊ ......။

ဒါတွေက အခု ဆယ်စုနှစ်တစ်ခုကျော်လော်ကမှ စပြီး သိလာတဲ့ မြန်မာပြည်ပေါ့လေ...။

အရင်ကဆို စီးပွားရေးတွက်တတ်တဲ့ အိမ်နီးချင်းနိုင်ငံကြောင့် မြန်မာပြည်ဟာ ရွှေတြိဂံဆိုတဲ့ နာမည်ဆိုးကြောင့် ကျော်ကြားခဲ့တယ်...။ ဒါကျတော့ တော်တော်များများ (တော်တော်များများ) ကို သိခဲ့ကြတယ်...။
နောက်တော့ အများသိကြတဲ့ သမိုင်း အလှည့်အပြောင်းတစ်ခု ဖြစ်တဲ့ ၈၈ အရေးအခင်းကြောင့် မြန်မာပြည်ကို သိလာကြတယ်...။
အရှေ့တောင် အာရှ...၊ အမျိုးသမီး နိုဘယ်ဆုရှင်၊ ရွှေဝါရောင်၊.....
ဟော အခုတော့ နောက်ဆုံး ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာပြည်ရယ်လို့ မှတ်မှတ်ထင်ထင် သိနားလည်လာကြတဲ့ အချက်....။
နာဂစ် တဲ့...။ နာဂစ်နဲ့ တွဲပြီးမှာ သိလာကြတယ်...။ လူပေါင်း သောင်းနဲ့ချီပြီး အသက်ဆုံးရှုံးရ၊ သောင်းနဲ့ချီပြီး ပျောက်ဆုံးကြ၊ သိန်းနဲ့ချီပြီး အိုးအိမ်ပျက်စီးဆုံးရှုံးရ.....
...။
...။

နောက်ဆုံးတော့ မြန်မာပြည်ဟာ အများနဲ့ မတူပဲ အောက်ကကာတွန်းပုံထဲကလို တစ်ကမ္ဘာလုံးက သိရှိသွားပါပြီ...။
အော်.... This is Myanmar!!!

Disasters Around the World

Source : Disasters - 13 May 2008 , TimesFreePress.com - Cartoons

Credit to : Nay Nay Naing

Thursday, May 8, 2008

Help Nargis Victims !! (Aid Agencis and Contacts)


မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များကို အကူအညီ ပေးလိုသူများ ဆက်သွယ်နိုင်ရန်အတွက် နိုင်ငံအရပ်ရပ်တွင် ဆောင်ရွက်နေသော လိပ်စာများ....။
(ကိုဟန်သစ်ငြိမ် ဘလော့ဂ်မှ ရရှိသော လိပ်စာများ ဖြစ်ပါသည်...။)
(နိုင်ငံတကာ အဖွဲ့အစည်းတွေ)

http://www.unicefusa.org/
http://www.icrc.org/
http://www.wfp.org/english/
http://www.savethechildren.org/
http://www.worldvision.org/
http://foundationburma.org/
http://doctorswithoutborders.org/
https://my.care.org/
http://www.reliefweb.int/
http://www.adra.org/

https://www.worldvision.com.au/appeals/myanmarCyclone/Donate.aspx

(အမေရိကားမှာဆို)

http://www.mahasiusa.org/
http://uscampaignforburma.org/index.php
myintw@greenmtn.edu
burmagirl@gmail.com
cyclamen.Mom@gmail.com

(စင်္ကာပူဆိုရင်)

အလှူကောက်ခံနေသော နေရာများမှာ
လင်းလက်၊ ဒုတိယထပ် Peninsula Plaza
Sin Myanmar တတိယထပ် Peninsula Plaza
သပြေနု (ဒေါ်သန်းသန်းနု) နှင့်
လမ်းပြကြယ် စာကြည့်တိုက်တို့မှာဖြစ်ပါတယ်။
http://cyclonerelief.wordpress.com/

သို့မဟုတ် ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ

ကိုအေးကိုကို - ၉၆၃၅ ၂၀၆၄
ကိုဝင်းကျော် - ၈၁၈၉ ၈၄၂၀
ကိုစိုးထွန်း - ၉၄၈၇ ၄၄၁၃
ကိုမင်းသိန်း - ၈၁၈၆ ၀၀၄၂
ကိုညီ - ၉၇၄၂ ၀၉၀၅
ကိုသူရိန်ဝင်း - ၈၁၈၆ ၈၁၅၆
မလဲ့လဲ့ - ၉၂၇၂ ၆၇၄၄ တို့ကိုလည်း ဆက်သွယ်ကာလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

(ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မည်သည့်နေရာတွင်မဆို လှူဒါန်းနိုင်ပါတယ်လို့လည်း သိရပါတယ်။)

RIT-Alumni Singapore, jointly with Myanmar Club and BBT, will organize a prayer service and donation drive for our people who have suffered from Cyclone Nargis.

Venue - Burmese Buddhist Temple (BBT)
Time - 11th May (Sunday) 9:30 am
Please forward this massage to reach the whole Myanmar community in Singapore.
“Give a helping hand, Save our people’s lives”
Please see the following link for more information.
http://www.rit-alumni-singapore.org/

ဆက်သွယ်လှုဒါန်းရန် အီးမေးလ်များ

Daw Soe Soe Aung @ Catherine - 92986743
Se Thu Aung @ Chris - 81681121
YeThway @ Danny – 91084611

ရာဇာကျော် (ဒဏ္ဍာရီစာအုပ်ဆိုင်) - ၉၁၈၆၇၃၇၅၆, ၆၃၃၆၁၁၀၇

(မေလကုန် ပိုလီစာမေးပွဲများအပြီးတွင် ရန်ကုန်ပြန်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်မည့် ပိုလီကျောင်းသားများထံသို့ အလှုငွေများ ပေးအပ်မည် ဖြစ်သည်။ အင်္ကျီအဟောင်းများ အသုံးအဆောင်အဟောင်းများလည်း ပေးနိုင်သည်။)

(သြစတေးလျ ဆိုရင်)

1. World Vision Australia

2. Dr. Soe Htet
69 Glendale Road

Springvale VIC 3171
Melbourne, Australia
Mobile: +61 424 836 727
Email: dr.htet@gmail.com
http://www.soehtet.blogspot.com/

(အင်္ဂလန်မှာ ဆိုရင်)

1.
Sayardaw U San Naw Bar Tha
Bank Name: Barclays
Account Holder Name: Mr A Candobhasa
Sortcode: 20-80-71
AccountNo: 9000 2836
Contact Info: 0787 7297 205,
email: ucandobhasa@googlemail.com
More Info: http://ko-htike.blogspot.com/

2.
Burmese Student Organisation UK
Bank Name: HSBC
Account Holder Name: Burmese Student Organisation UK
Sortcode: 40-01-13
AccountNo: 4154 6694
Ref: CDA-[your mobile number]
Last Day: 10th May, 2008
Contact Info: Ko Win T - 0785 2175 467,
Ko Chan N - 0780 4725 077
More info: http://www.bsouk.org/

3.
Miss Tharaphi Than
Bank Name: Barclays
Account Holder Name: Miss M T Than
Sortcode: 20-89-15
AccountNo: 6055 2232
OR please send a check to
Miss Tharaphi Than
SEAsia Department
SOAS, University of London
London WC1H 0XG
Last Day: She is going to Burma for providing First Aid Support in next three or four days

(ထိုင်းနိုင်ငံမှာ ဆိုရင်)

Ko Kyaw Naing Win
AITMF@ait.ac.th
st105800@ait.ac.th

မကြည်စင်ရွှင် (AIT Student)
Mobile: + (66) (8) 4376 3287
Email: st105907@gmail.com

မျိုးဟန်ထွန်း (ခ) ကိုတိုး
Mobile: + (66) (8) 9994 2042
Email: myohanhtun@gmail.com

(http://www.ait.ac.th/)

(ရုရှမှာ ဆိုရင်)

နတ်သျှင်နောင်ဆီမှ ကူးယူပါသည်

Bauman State University BMSTU

Me: Room no( 607) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094)
Ph: +7- 909 -157 -11- 74
Naung Naung :Room no: (508) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094) .

MIET

MIET မှ ကျောင်းသားများ မြန်မာပြည် မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများ အတွက် အလှူငွေများကို အောင်စိုးလွင် (၄၄၂၃) တွင် ထည့်ဝင် လှူဒါန်းနိုင်ပါသည်။

ရုရှားနိုင်ငံရောက် ကျောင်းသားများ အနေနဲ့ မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အတွက် အလှူငွေများကို မိမိကျောင်း မှ ကျောင်းသား ခေါင်းဆောင်များနဲ့ အတူ မော်စကိုမြို့ Mephi ကျောင်းမှ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အသင်း (YMBA ) ymba.mephi@gmail.com Ph:897420905,894874413,81898420 ကို ဆက်သွယ် လှူဒါန်း နိုင်ပြီး ၊

စင်္ကာပူ နိုင်ငံမှာဆိုရင်တော့ ကိုအေးကိုကို Ph:96352064 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ ။

ရုရှားနိုင်ငံတွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသားများ အနေဖြင့်လည်း အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန်နှင့် အလှူငွေများ ဆက်သွယ် လှူဒါန်းနိုင်ရန် အောက်ပါ လိပ်စာများသို့ ဆက်သွယ် မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်း။

ဖုန်းနံပါတ်- +၇၉၂၆-၁၃၇-၄၃၅၉ | အီးမေးလ် - ( myanmarpyithar1@gmail.com)
ဖုန်းနံပါတ် - +၇၉၂၆-၃၉၈-၀၆၇၄ | အီးမေးလ် - ( songster.boy@gmail.com )
ဖုန်းနံပါတ် - +၇၉၂၆-၁၃၇-၈၅၃၁ | အီးမေးလ် - ( adawe46@gmail.com )

(ဂျပန်မှာ ဆိုရင်)

http://www.unicef.or.jp
phone 0120-88-1052

(မလေးရှားမှာ ဆိုရင်)

Blank Paper
ဖုန်း-0173109722
ဖုန်း-0162645761
blankpaperofme@gmail.com
ordinaryguyz@gmail.com

(မြန်မာပြည်တွင်းမှာ ဆိုရင်)

ဒေါ်သန်းမြင့်အောင် (ကလျာမဂ္ဂဇင်း) 01- 579920
ဒေါက်တာတင်တင်ဝင်း (ဆရာမဂျူး) 09-5009600, 01-704656
နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း ဆက်သွယ်နိုင်ပါသည်။
yangonthiha@gmail.com - ကိုသီဟဟာ ရန်ကုန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ သူ့ဆီကို အီးမေးလ်ပို့ ဆက်သွယ်လှုဒါန်းနိုင်ပါတယ်။

Sunday, May 4, 2008

Nargis Hits Yangon : ရက်စက်ပါ့ နာဂျစ်ရယ်...။

ရန်ကုန်မြို့ကို မိုးဦးပိုင်းမှာ မျက်စိလည် လမ်းမှားရောက်လာတဲ့ နာဂျစ် မုန်တိုင်းဟာ ပျက်စီးဆုံးရှုံးတွေ ဘယ်လောက် ဖြစ်ပွားစေတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး...။


Credited to DVB




Credited to Xinhua News Agency
ဒီပုံကတော့ ဆင်ဟွာ သတင်းဌာနက တင်ထားတဲ့ ပုံပါ...။ သစ်ပင်ကြီး တစ်ခုလုံး အမြစ်ကနေ ကျွတ်ထွက်သွားပါတယ်..။ ဘယ်လောက်တောင် အားပြင်းတဲ့ မုန်တိုင်းလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်...။


ရန်ကုန်မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က မုန်တိုင်းတိုက်နေစဉ်နဲ့ စဲသွားချိန်မှာ သူ့ဖုန်းကင်မရာနဲ့ ရိုက်ပေးထားတာကို ယူကျူ့မှာ တင်ထားပေးတာ တွေ့လိုက်ရပါတယ်...။ အောက်က ဗွီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်...။



လောလောဆယ်မှာတော့ အရေးပေါ် ကယ်ဆယ်ရေးစခန်းအဖြစ် စမ်းချောင်း ဟံသာဝတီလမ်းက မူးယစ်ဆေးဝါးပြတိုက်ကို ယာယီ ကယ်ဆယ်ရေး စခန်းအဖြစ် သတ်မှတ်ထားတယ်လို့ ကြားသိရပါတယ်...။
ဖုန်း၊ အင်တာနက်၊ မီး အဆက်အသွယ် အားလုံးနီးပါး ပြတ်တောက်နေတယ်လို့ ကြားသိရပါတယ်...။


ရက်စက်ပါ့... နာဂျစ်ရယ်...။