ဒီတစ်ခေါက်တော့ဖြင့် တစ်နေ့လုံး နေထိုင်မကောင်း ဖြစ်နေတာနဲ့ အပြင်ကို မထွက်နိုင်လို့ ကုန်ကြမ်းမရသေးပါ...။
သို့သော်ငြားလည်း...
၁။ ဘလော့ဂ်ကြွလာ မိတ်သဟာများ အဟောင်းကိုပဲ ဖတ်ပြီး ပြန်ပြန် သွားရတာကို အားနာတာက တစ်ကြောင်း၊
၂။ တစ်ခြားသော စီဗုံးမှာ သွားသွားရေးနေရင် လေထက် ၀ဲပျံ ပျောက်သွားရင်ဖြင့် ဆိုပြီး ဘလော့ဂ်ထက် အက္ခရာ တင်ထားချင်တာက တစ်ကြောင်း၊
၃။ ပို့စ်အသစ် မတင်ဖြစ်တော့ ပို့စ်အဟောင်းများကို တူးဆွ ပြန်လှန်လိုက်ရင် ဆားချက်တယ် အထင်ခံရမှာက တစ်ကြောင်း၊
၎။ ဒါကို အကြောင်းပြုပြီး ရေးလိုက်ရင် ပို့စ်အသစ် တစ်ပို့စ်တော့ ကောင်းကောင်းရပြီး ဘလော့ဂ်လဲ update ဖြစ်သွားမှာက တစ်ကြောင်း၊
စတဲ့ အကြောင်းကြောင်းသော အကြောင်းကြောင်း များကြောင့် ဤပို့စ်ကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်...။
ဒီပို့စ်ပါ အကြောင်းအချက်များကိုတော့ ဇော်ဂျီက ထုတ်တဲ့ ဇော်ဂျီဝမ်း ယူနီကုဒ် ကို အခြေခံပြီး ရေးသားထားပါတယ်...။
တစ်ကယ်တော့ ဇော်ဂျီကုဒ်ကို အသုံးပြုပြီး မြန်မာစာကို ရိုက်ရတာဟာ အရင်က ၀င်း ဖွန့်တွေနဲ့ အသားကျနေသူများအတွက် အခက်အခဲ မရှိပါ...။ လက်ကွက်အနေအထားဟာ အားလုံးနီးပါး တူညီနေလို့ပါပဲ...။
ထို့အတွက်ကြောင့် ကျွန်တော် အခု ဆက်လက် ရေးသားမယ့် ဇော်ဂျီဝမ်း ဖွန်း အသုံးပြုပုံ/နည်းနဲ့ သတ်ပုံ၊စာလုံးပေါင်းများဟာ သိပြီးသား ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်...။ သိပြီးသူများအတွက်တော့ ထူးပြီး ရသွားတာ မရှိပေမဲ့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေသူများအတွက်တော့ ဒါမျိုးလေးတွေ ရှိနေပါလားလို့ သတိပြုမိနိုင်အောင် သိသလောက်ကို ပြန်လည် လက်ဆင့်ကမ်းလိုက်ရပါတယ်...။
မိမိ တွေ့ကြုံသလောက်ကိုသာ ရေးသားခြင်း ဖြစ်တဲ့ အတွက်ကြောင့် လိုအပ်တာတွေ ရှိကောင်း ရှိပါမယ်...။ အပြစ်တော် မမြင်ပဲ အချစ်တော် ၀င်ကြပါလို့ ...။
ကဲ လာလေရော့... “ဇာတ်မင်းသားလေ ဘွိုင်းနော်... ဘွိုင်းနော် တိုင်းပြည်ကမျှော်”...... ဗလို့ဂျိ...။
(ကိုယ့်ဘလော့ဂ်ပေါ်မှာ အဲလိုတော့ မပေါရဲပါဘူးဗျာ...။)
(၁) ပါဌ်ဆင့်များ။
အခု နောက်ဆုံးထွက်ရှိတဲ့ ဇော်ဂျီဝမ်း ယူနီကုဒ်မှာ ပါဌ်ဆင့်များကို ရိုက်ချင်ရင် အရင်က ၀င်းမှာလို Alt + 4digit ရိုက်စရာ မလိုတော့ပါဘူး...။ အများသုံး ပါဌ်ဆင့်စာလုံးတွေ ဖြစ်တဲ့ -္တ၊ -္က၊ - ၵ၊ - ၳ၊ - ၡ၊ - ႅ၊ - ၻ စတာတွေကို Dead Key "~" လေးနဲ့ ရိုက်ချင်တဲ့ စာလုံးရဲ့ key ကို ပေါင်း ရိုက်ရုံနဲ့ လွယ်လင့်တကူ ရနေပါပြီ...။ (အရင်က ၀င်းကလော ခေတ်တုန်းကလို ဂဏန်းလေးလုံးတွဲကို အလွတ် ကျက်မှတ်နေရတဲ့ ၀ဋ်ဒုက္ခကနေ ကင်းလွတ်သွားကြပါပြီ...။)
Dead Key ဆိုတာကတော့ ကိုယ့်ရဲ့ ကီးဘုတ် ဘယ်ဘက် အပေါ်ခြမ်းမှာ ထောင့်ဆုံး Esc ခလုတ်ရဲ့ အောက်က ကပ်ရက် ရှိနေတဲ့ ခလုတ်ပါ။ “~” အမှတ်အသားနဲ့ ပါ...။ သူ့ကို အလွတ်ရိုက်ရင်တော့ “]” ဆိုပြီးပဲ ပေါ်မှာပါ...။ တစ်ခြားသော suitable key နဲ့ တွဲရိုက်မှသာ လိုချင်တဲ့ ပါဌ်ဆင့်များ ရလာပါလိမ့်မယ်...။
ကျွန်တော် လက်ရှိသိနေတဲ့၊ သုံးနေတဲ့ ပါဌ်ဆင့်များ ရိုက်ပုံရိုက်နည်းကို အောက်မှာဖေါ်ပြထားပါတယ်...။
၁။ သက္ကရာဇ်မှ -္က ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “u” key ကို တွဲရိုက်ပါ...။
၂။ ဒုက္ခ မှ -္ခ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “c” key ကို တွဲရိုက်ပါ...။
၃။ အနဂ္ဂ မှ -္ဂ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “8” key ကို တွဲရိုက်ပါ...။
၎။ ပစ္စည်းက -္စ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “p” key ကို တွဲရိုက်ပါ...။
၅။ တေစ ၦ မွ - ၦ ပါဌ္ဆင့္ကို ရိုက်ရန် - Dead Key “~” နဲ့ “q” key ကို တွဲရိုက်ပါ...။
၆။ အနတ္တ မှ -္တ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “w” key ကို တွဲရိုက်ပါ...။
၇။ သတ္ထု မှ -္ထ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “x” key ကို တွဲရိုက်ပါ...။
၈။ အာနန္ဒာ မှ -္ဒ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “ ' ” key ကို တွဲရိုက်ပါ...။ (Enter ဘေးမှာ ရှိနေတဲ့ Single Quote Quotation ပါ...။)
၉။ -္နပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “e” key ကို တွဲရိုက်ပါ...။
၁၀။ ကမ္ဘာ မှ -္ဘ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “b” key ကို တွဲရိုက်ပါ...။
၁၁။ အမ္မပါလီ မှ -္မ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “r” key ကို တွဲရိုက်ပါ...။
၁၂။ တိမ်သလ္လာ မှ -္လ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “v” key ကို တွဲရိုက်ပါ...။
၁၃။ ပုပ္ဖါရုံကျောင်းမှ -္ဖ ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “z” key ကို တွဲရိုက်ပါ...။
စကားချပ်။ ။ ပါဌ်ဆင့်တွေကိုကျွန်တော့် လပ်ပ်တော့ပ်မှာ ကီးဘုတ် အခက်အခဲကြောင့် “ပ”၊ “ဗ”၊ “ဃ”၊ “ဇ”၊ “တရေမှုတ်” ရိုက်ပြနိုင်ခြင်း မရှိပါ...။
ကျွန်တော် မရိုက်နိုင်ပဲ ကျန်နေတဲ့ ဆိုင်ရာ လက်ကွက်များကတော့...
“ပ” အတွက် - ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “y” key ကို တွဲရိုက်ပါ...။ (ကျွန်တော့်ဆီမှာတော့ အဲလို တွဲရိုက်ရင် “၌” အက္ခရာ ဆိုတာပဲ ပေါ်သေးတယ်...။)
“ဇ” အတွက် - ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” + Shift key နဲ့ “z” key ကို တွဲရိုက်ပါ...။
“တရေမှုတ်” အတွက် - ပါဌ်ဆင့်ကို ရိုက်ရန် - Dead Key “~” နဲ့ “<” key ကို တွဲရိုက်ပါ...။
တစ်ခြားသော လက်ကွက်များလည်း ကျန်နေကောင်း ကျန်နေပါလိမ့်မယ်...။ ကျွန်တော် လက်လှမ်းမီသလောက်၊ သိသလောက်ကိုသာ တင်ပြရခြင်း ဖြစ်တဲ့ အတွက် ကျန်နေရင် ဖြည့်စွက် ဖတ်ပေးကြပါလို့...။
နောက်တစ်ခါ ယပင့်နဲ့ ယရစ်အကြောင်းလေးများ ဆက်လိုက်ကြစို့...။
ယပင့်ကို အရင် သွားလိုက်ရအောင်...။
(၂) ယပင့် “-ျ”
၁။ “လျင်” ဆိုတာကို ရိုက်ဖို့ “s” ခလုတ်ကို နှိပ်ရုံပါပဲ...။
၂။ “လျှောက်ထားချက်” ဆိုတဲ့နေရာက “ယပင့် ဟထိုး -ျှ” ကို ရိုက်ဖို့ Shift +“q” ခလုတ်ကို နှိပ်ရုံပါပဲ...။
၃။ “ဂျွမ်းထိုးကောင်” ဆိုတဲ့နေရာက “ယပင့် ၀ဆွဲ -ျွ” ကို ရိုက်ဖို့ Shift +“r” ခလုတ်ကို နှိပ်ရုံပါပဲ...။
(၃) ယရစ်အကြီး “ြ- ”
၁။ အကြောင်းအရာ = ဆိုတဲ့နေရာက “ယရစ်အကြီးြ- ” ကို ရိုက်ဖို့ Shift +“m” ခလုတ်ကို နှိပ်ရုံပါပဲ...။
၂။ ကြွက် = ဆိုတဲ့နေရာက “ယရစ်ဝဆွဲြ-ွ ” ကို ရိုက်ဖို့ကတော့ သမားရိုးကျပါပဲ..။ Shift + Dead Key "~"+“m” ခလုတ်ကို နှိပ်ရုံပါပဲ...။ (ကျွန်တော့်ဆီမှာ ရှစ်ပ်နဲ့ ဒက်ကီးက ပေါင်းလိုက်ရင် အလုပ်မလုပ်ပါ...။)
၃။ အကြီးဆုံး = ဆိုတဲ့နေရာက “ယရစ်အကြီးခေါင်းပြတ် -ြ ” ကို ရိုက်ဖို့ Shift +“m” ခလုတ်ကို နှိပ်ရုံပါပဲ...။
(၄) ယရစ်အသေး “ြ- ”
၁။ ပြောင်းလဲခြင်း = ဆိုတဲ့နေရာက “ယရစ်အသေးြ- ” ကို ရိုက်ဖို့ “j” ခလုတ်ကို နှိပ်ရုံပါပဲ...။
၂။ ပြွန် = ဆိုတဲ့နေရာက “ယရစ်ဝဆွဲြ-ွ ” ကို ရိုက်ဖို့ကတော့ သမားရိုးကျပါပဲ..။ Dead Key "~" + “m” ရယ်၊ Shift +“g” ရယ် ခလုတ်ကို နှိပ်ရုံပါပဲ...။
၃။ အပြီးသတ် = ဆိုတဲ့နေရာက “ယရစ်အသေး ခေါင်းပြတ် -ြ ” ကို ရိုက်ဖို့ Shift +“n” ခလုတ်ကို နှိပ်ရုံပါပဲ...။
(၅) ရကောက်
၁။ ရက်စွဲ = ဆိုတဲ့နေရာက “ရကောက် ရ ” ကို ရိုက်ဖို့ Shift +“7” ခလုတ်ကို နှိပ်ရုံပါပဲ...။
၂။ ရှာဖွေခြင်း = ဆိုတဲ့နေရာက “ရကောက် ရ ” ကို ရိုက်ဖို့ကလဲ Shift +“7” ခလုတ်ကို နှိပ်ရုံပါပဲ...။
၃။ ရိုက်နှက်သည် = ဆိုတဲ့နေရာက “ရကောက် အမြီးပြတ် ရ” ကို ရိုက်ဖို့ Dead Key " ~ " +“7” ခလုတ်ကို နှိပ်ရုံပါပဲ...။
(၆) ငှားရမ်းခြင်း။
ငှား ဆိုတာကို တစ်ချို့က ဌား ဆိုပြီး Shift + x ခလုတ်နဲ့ “ဌ” (အသံထွက် - ထ၀မ်းဘဲ) ကို ရိုက်နေကြတာ တွေ့ရတယ်...။
အမှန်က “င” အက္ခရာကို “-ှ” ဟထိုး တပ်ပြီး “-ာ” ရေးချ “ငှာ” ပြီးမှ၊ ၀စ္စနှစ်လုံးပေါက် “-း”ကို ရိုက်ရတာ ဖြစ်တယ်...။ အလွယ်လမ်း လိုက်တာလား...။ မျက်စိ ရှမ်းသွားကြတာလား မသိ.. ခုနောက်ပိုင်းမှာ “ငှားရမ်းသည်” ကို “ဌားရမ်းသည်” (အသံထွက်- ထားရမ်းသည်။) ဆိုပြီး ရိုက်နေကြတာ မြင်ရတော့ ဖတ်ရတာ ထောက်နေရော...။
(၇) ကြ နှင့် ကျ
ကြ နဲ့ ကျ ကို အသုံးအနှုန်း လွဲနေတာကိုလဲ တွေ့ရသေးတယ်...။
ဥပမာ -
“မောင်မောင်နှင့် မမ တို့ ဈေးသွားကြသည်။” ဆိုတဲ့ နေရာမှာ...
“မောင်မောင်နှင့် မမ တို့ ဈေးသွားကျသည်။” ဆိုပြီး ရေးတတ်တဲ့ အမှားပေါ့...။
“ကျ” ဆိုတဲ့ အသုံးဟာ ကြိယာ သဘောနဲ့ နာမ် သဘောတွေမှာ သုံးတာတွေ့ရပါလိမ့်မယ်..။
ဥပမာ - လိမ့်ကျ (ကြိယာ) ၊ ကျဆင်းခြင်း (နာမ်)။
“ကြ” ဆိုတဲ့ အသုံးကိုတော့ ကြိယာကို အများအနေနဲ့ ပြချင်ရင် သုံးတတ်တာကို သတိပြုမိပါတယ်...။
ဥပမာ - ငါတို့ သွားကြရအောင်။ သူတို့ စားသောက်နေကြတယ်...။
(၈) တစ်ချောင်းငင် “-ု”
တစ်ချောင်းငင် အသုံးကတော့ ရှင်းပါတယ်...။
၁။ တို့၊ ကိုကို စသဖြင့်မှာတော့ ရိုးရိုး တစ်ချောင်းငင် “-ု” ကို သုံးတာပါ...။
၂။ အပျို၊ ဓါးနဲ့ ချိုင် စတဲ့ အသုံးအနှုန်းတွေမှာ နည်းနည်း ပိုရှည်တဲ့ တစ်ချောင်းငင် “-ု” ကို သုံးကြပါတယ်...။ Shift + "k " key (ဘယ်လိုခေါ်လဲတော့ မသိ။)
(၉) အောက်ကမြစ် “-့”
၁။ -့ ဒီအောက်ကမြစ်က h ကို ရိုက်တာ ဥပမာ - အမေ့ ဖား.. ဖား!!!
၂။ -ို့ ဒီဟာကျတော့ Shift + y ဥပမာ - တို့ကို မမေ့နဲ့နော်..။
၃။ -ှူ့ သူကျတော့ Shift + u ဥပမာ - ကောင်းမှူ့။
ကဲ... ကဲ...။ သိသလောက်၊ တတ်သလောက်တော့ဖြင့် ဆြာဂျီး (သက်သက် သတ်ပုံမှားအောင် ရေးထားတာ၊ အမှား မပြင်ရ။ ) လုပ်ထားလိုက်ပါတယ်...။ ဖတ်ပြီးမှတော့ တပည့်ဖြစ်သွားတာတော့ မတတ်နိုင်...။ အဟက်...။ မကြိုက်ရင်လဲ ဆက်မဖတ်နဲ့တော့ပေါ့နော...။ ဟိ...။
ရေးပြီး ရိုက်ပြီးမှ ဇော်ဂျီနဲ့ ပတ်သက်တာ အွန်လိုင်းပေါ် တက်ရှာလိုက်တာ ဒါကြီး တွေ့လာပါရော့လား...။ ဒါကြီးက ဇော်ဂျီက ထုတ်လိုက်တဲ့ သူတို့ လက်ကွက်ပုံစံပါ...။ .gif ဖိုင်နဲ့ ပြထားတာပါ...။ Print out ထုတ်ပြီးပဲ ဖြစ်ဖြစ်၊ ကွန်ပြူတာထဲ သိမ်းပြီး ပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အချိန်မှာ အသုံးချနိုင်ပါတယ်...။
ဇော်ဂျီ လက်ကွက်ပုံစံကို အောက်မှာ ထပ်ပြထားလိုက်ပါတယ်...။

(အဲဒါကြီးကို အစောကြီးကတည်းက တွေ့လိုက်ရင် ပြီးရော...။ ရော့အင့် ဆိုပြီး ပေးလိုက်လို့ ရတယ်...။ ခုတော့ လက်ညောင်းလိုက်တာ...။ တော်ပြီ ၃-၄ ရက်လောက်တော့ နားလိုက်ဦးမယ်...။ လက်ညောင်းလို့...။ :D )