Showing posts with label Youtube. Show all posts
Showing posts with label Youtube. Show all posts

Thursday, April 12, 2012

Thingyan Moe (Cover)

နှစ်သစ်ကူးမှာ စိတ်သစ် လူသစ်နဲ့ အားအင်အသစ်တွေ တိုးပွားပြီး လုပ်ငန်း ကိုင်ငန်း အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


သင်္ကြန်မိုး ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းဖြစ်တဲ့ သင်္ကြန်မိုး သီချင်းကို တတ်သလောက် မှတ်သလောက်လေး တီးထားတာ တင်ပေးလိုက်ပါတယ်။ (နားဝင်ပီယံ သူ့လက်သံ တန်းမဝင်တာတော့ ခွင့်လွှတ်...။)




Saturday, December 24, 2011

You might got Dust in your eyes

9Gag Fan တွေ ဆိုရင်တော့ ဒီဗွီဒီယိုကလစ်ကို နားလည်နိုင်မှာပါ။




Credit to uploader and 9gag.

Wednesday, April 13, 2011

"Thin Gyan Moe" Myanmar Classic Movies : သင်္ကြန်မိုး

ပျော်ရွှင်စရာကောင်တဲး့ သင်္ကြန်နှစ်ကူး အခါသမယပါ။
မြန်မာမှန်ရင် သင်္ကြန်ဆိုတာနဲ့ သင်္ကြန်မိုးဇာတ်ကားကို ပြေးမြင်မိကြမှာပါ။ ၁၉၈၅ လောက်တုန်းက ရိုက်ကူးပြသခဲ့တဲ့ ကားဖြစ်ပါတယ်။
ယူကျူ့ပေါ်မှာ ဦးစန်းအောင် တင်ထားတဲ့ “သင်္ကြန်မိုး” ဇာတ်ကားလေး တွေ့မိလို့ အဝေးရောက် မြန်မာများ သင်္ကြန်အလွမ်းပြေစေရန် ပြန်လည် မျှဝေပေးလိုက်ပါတယ်။



အဲဒီကားမှာ သုံးခဲ့တဲ့ သင်္ကြန်သီချင်း အများစုဟာ ယခုထက်တိုင် သင်္ကြန်ရာသီချိန်ရောက်တိုင်း တီးမှုတ်နေကြတဲ့ ကလပ်စစ် သင်္ကြန်သီချင်းများ ဖြစ်လို့နေပါတယ်။
ရိုက်ကူးခဲ့သူကတော့ ဒါရိုက်တာ မောင်တင်ဦးပါ။
အဲဒီကားထဲက အခန်း အကူးအပြောင်းလေးတွေလဲ လှပါတယ်။
နောက်ဆုံးခန်း ရောက်ခါနီးမှာ သက်ထွေးကို သင်္ကြန်လည်ခွင့် မပေးခဲ့တဲ့ ဖခင် ကိုငြိမ်းမောင်တစ်ယောက် အမြင်မှန်ရပြီး အရက်ပုလင်းကို ရိုက်ခွဲလိုက်တဲ့အခန်းကနေ သင်္ကြန်မိုး အလှပြယာဉ်ပေါ်က ဒရမ်မာ ဒရမ်ကို ရိုက်ချလိုက်တဲ့ ရိုက်ချက် အခန်းနဲ့ အကူးအပြောင်း လုပ်ထားတာ မိုက်တယ်။ ပညာပါတယ်။ ကြည့်လိုက်ကြပါလား....

Tuesday, September 14, 2010

ကံထမ်းလာတာ မမြင်ရ။


သူ ကြာသပတေးညက Script တစ်ခုကို ရေးသား ပြီးစီးခဲ့သည်။ ယင်းနောက် ဝဘ်ဆိုဒ်ပေါ်တင်လိုက်သည်။ ဖေ့ဘွတ်မှာ သူငယ်ချင်းများ (အယောက် ၇၀၀ ကျော်) သိစေရန် status ကို update လုပ်ပြီးနောက် အိပ်ရာဝင်ခဲ့သည်။


သောကြာနေ့ မနက်ပိုင်း အိပ်ရာမှ နိုးလာသောအခါ သူ့အီးမေးလ် inbox တွင် မေးလ်များ ဝင်လာမစဲ တစ်သဲသဲ ဖြစ်နေသည်။

ညဦးပိုင်းက သူတင်ထားသော ဝဘ်ဆိုဒ်နှင့် ပါတ်သက်၍ ချီးကျူးစာများ၊ သတင်းစာ မဂ္ဂဇင်းများမှ သူနှင့် အင်တာဗျူးများ ပြုလုပ်ရန် ရက်ချိန်းယူသော အီးမေးလ်များ ဖြစ်နေသည်....။

သူသည်ကား Standford University တွင် Computer Science ဘာသာတွဲဖြင့် ပညာ ဆည်းပူးနေသော Feross ဆိုသည့် သူငယ်ကလေးပင် ဖြစ်သည်။ သူတီထွင်လိုက်သော အရာမှာ တစ်ခြား မဟုတ်။ YouTube Instant ဟု ခေါ်တွင်သော youtube site မှ မိမိ လိုချင်သော ဗွီဒီယိုကလစ်များကို တစ်မုဟုတ်ချင်း ရှာဖွေပေးနိုင်သော YTInstant ဟု အမည်ရသော youtube ရှာဖွေရေး အင်ဂျင်တစ်ခုသာ...။

ဤကဲ့သို့သော ပရိုဂရမ်ကို ရေးသားရန်မှာ နဂိုမူရင်း ကနဦးက စဉ်းစားထားခြင်း မဟုတ်ချေ။ အတူနေ သူငယ်ချင်း ဖြစ်သော Jake Becker မှ စိန်ခေါ်မှုကို မခံချင်စိတ်နှင့် ကြိုးစားမှုကြောင့် ဖြစ်ချေသည်။ မူလအကြောင်းရင်းခံမှာကား Google Search Engine မှ မိမိတို့ အင်တာနက် တွင် ရှာဖွေလိုသော အကြောင်းအချက်များကို ချက်ချင်း ရှာဖွေမှု ပေးစွမ်းနိုင်သော Google Instant ကို စတင်မိတ်ဆက်ရာမှ အစပျိုးခြင်းပင်တည်း။

Jake က Feross အနေဖြင့် ယင်းကဲ့သို့သော ပရိုဂရမ်ကို Youtube အသုံးပြုလျက် တစ်နာရီအတွင်း ရေးနိုင် မရေးနိုင်ကို စိန်ခေါ်လေသည်။ Feross မှလည်း မိမိ မာနကို ထိပါးသည့်အလျောက် မခံချင်စိတ်ဖြင့် တစ်ထိုင်တည်း ရေးသားက လွှင့်တင်ခဲ့လေသည်။ တစ်နာရီအတွင်း ပြီးစီးသည်တော့ မဟုတ်ချေ။ စုစုပေါင်း သုံးနာရီ ကြာခဲ့ချေသည်။ စိန်ခေါ်ပွဲတွင် သူရှုံးခဲ့သည်။ သို့သော် အရှုံးထဲမှ အမြတ် ဆိုနိုင်သော Youtube ရှာဖွေရေး ပရိုဂရမ် တစ်ခုကို သူရေးသားနိုင်ခဲ့သည်။ (Google Instant ကို အသုံးပြုနိုင်ရန် Google Team မှ အဖွဲ့သားများ နှစ်ပေါက်အောင် ရေးသားခဲ့ရသည်။ Feross အနေဖြင့် YouTube Instant ကို ရေးသားရန် သုံးနာရီခန့်သာ ကြာလေသည်။)



ယင်း ပရိုဂရမ်ကို YTInstant ဟု အမည်သညာ မှည့်တွင်က http://ytinstant.com တွင် တင်ထားခဲ့လေသည်။ ယင်းနောက် အထက်ဖော်ပြပါအတိုင်း ဖေ့ဘွတ် သူငယ်ချင်းများကို အသိပေးကာ အသုံးပြုကြရန် တိုက်တွန်းပြီးနောက် အိပ်ရာဝင်ခဲ့လေသည်။

ကံတရား၏ ဆန်းကြယ်မှုသည် ဤတွင် မရပ်တန့်သေးချေ။ သူ၏ Twitter တွင် youtube မှ အရာရှိChad Jurley ကိုယ်တိုင်က Feross ၏ Youtube Instant တီထွင်ချက်ကို သဘောကျကာ ယင်း၏ ကုမ္ပဏီတွင် လာရောက် လုပ်ကိုင်ရန် Twitter မှတစ်ဆင့် အလုပ်အကိုင် ကမ်းလှမ်းလေသည်။

ပြီးခဲ့သော တနင်္လာနေ့ကမှ Youtube ဌာနချုပ်တွင် Feross နှင့် Hurley တို့ တွေ့ဆုံကာ အလုပ်အကိုင် ကိစ္စများကို ဆွေးနွေးခဲ့ကြလေသည်။

ကံတရားသည် ဆန်းကြယ်လွန်းပေစွ။ Feross ၏ အနာဂတ်သည် ပန်းခင်းထားသော လမ်းမ ဖြစ်နေသည်တကား.....။

Feross ၏ တရားဝင် ဝဘ်ဆိုဒ် - http://www.feross.org
Feross ရေးသားခဲ့သော YouTube Instant - http://ytinstant.com
Feross ၏ ဖေ့ဘွတ် လိပ်စာ - http://www.facebook.com/feross.aboukhadijeh
Feross ၏ Twitter လိပ်စာ - http://twitter.com/FreeTheFeross

Friday, September 4, 2009

နောင်တစ်ချိန် အိုမင်းမစွမ်းချိန်၌ အမှတ်ရစေခြင်းငှာ။

ယောကျာ်းလေးတွေအတွက် တစ်သက်မှာ သုံးခါ ပျော်ရတယ်တဲ့။ ရှင်လိင်ပြန်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့၊ နောက်တစ်နေ့က ဘာလဲတော့ မသိဘူး မေ့သွားပြီ။
မိန်းကလေးများအတွက်ကတော့ ပထမဦးဆုံး မင်္ဂလာဆောင်တဲ့ နေ့ဟာ တစ်သက်မှာ တစ်ကြိမ်တည်းသော အပျော်ဆုံးနေ့ပါတဲ့။
ဒီကောက်ချက်ကို ကြည့်ရရင် မိန်းကလေးများက ယောကျာ်းလေးများလောက် အပျော်ဆိုတာကို မခံစားတတ်ဘူးလို့ ထင်ရသလိုပါပဲ။
ဒါပေမဲ့ သေချာ ပြန်တွေးရင် မိန်းကလေး ရှင်လိင်ပြန်တယ်ဆိုတာ ရှိမှ မရှိတာနော့...။
ဒါ့ကြောင့် ရှင်လိင်ပြန်တဲ့ အပျော်ဆိုတာ မိန်းကလေးတွေအတွက် အကျုံး မဝင်ဘူးပေါ့။
ထောင်ကထွက်တဲ့နေ့ ပျော်ရအောင်ဆိုတာလဲ မိန်းကလေးအများစုက မိုက်မိုက်ကန်းကန်း မရှိကြလေတော့ ထောင်တန်းကျတယ်ဆိုတာ မရှိသလောင်ပါပဲ...။

တစ်သက်မှာ တစ်ခါ ပျော်ရတဲ့ ဒီမင်္ဂလာဆောင်ပွဲမှာ မိန်းကလေးတွေဟာ ဖြစ်နိုင်ရင် အမှတ်ရစရာ တစ်ခုအဖြစ် တစ်သက်တာ သိမ်းဆည်း အမှတ်ရစေချင်တယ်။ နောင်တစ်ချိန် အဖိုးကြီး ငါ့ကို အဖွားကြီးက မောင်တွေ ဘာတွေ ခေါ်ပါဦး ဘာညာ ရယ် ဖြစ်လာရင် တွေးတွေးပြီး ကြည်နူး အမှတ်ရနိုင်အောင် တစ်ခုခုတော့ ချန်ထားခဲ့ချင်ကြတာပဲ။

အောက်က ယူထုလေး ကြည့်ပြီးတော့ မင်္ဂလာဆောင်ချင်စိတ်လေးများ မပေါ်မိဘူးလား။
(Native Myanmar Forum မှာ Alive တင်ထားတာလေးကို ကြည့်ရင်းနဲ့ ဘလော့ဂ်ကြွလာ မိတ်သဟာများကိုပါ မျှဝေချင်မိလို့ တင်လိုက်တာပါ။)


Credit to : TheKheinz

Tuesday, August 25, 2009

ကျွန်ပ်တို့၏ ကမ္ဘာမြေကြီး။ HOME

ဒီနှစ် စပါး အထွက်နည်းတယ်။
ဆောင်းဝင်နောက်ကျတယ်။
မုန်တိုင်းကျတာ မနှစ်ကထက် ပိုများလာတယ်။
ဆယ်လ်မွန်ငါးတွေ ဒီနှစ် ကနေဒါကို မပြန်ကြတော့ဘူး။ ၄% သာ ပြန်လာကြတယ်။
အယ်နီညိုး ပြန်ဖြစ်လာပြီ။
ရေခဲတောင်တွေ တော်တော်ပြိုနေတယ်။
မိုးနည်းရေရှား ရပ်ဝန်းတော်တော်ကျယ်ပြန့်လာတယ်။

ဖန်လုံအိမ်အာနိသင်ကြောင့်တဲ့။
ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေ လေထုထဲ ရောက်ကုန်လို့တဲ့...။
ဘာ့ကြောင့် ဒီလိုတွေ ဖြစ်နေတယ်ဆိုတာကို အောက်က လင့်ခ်မှာ အချိန်ယူပြီး ကြည့်ကြစို့လား။
တစ်နာရီကျော်ကျော် ကြာပါတယ်။
ဒီဗွီဒီ တစ်ချပ်စာကို သက်ဆိုင်ရာ ကုမ္ပဏီက Youtube ပေါ် အခမဲ့ ကြည့်နိုင်အောင် တင်ထားပေးတာပါ။
Subtitle လဲ English လို စာတမ်းထိုးထားပေးပါတယ်။
High Definition Full HD အနေနဲ့ ကြည့်လို့ရအောင် တင်ထားပေးပါတယ်။
ကော်နက်ရှင် နှေးသူများအတွက် Standard Definition အနေနဲ့လဲ ကြည့်နိုင်ပါတယ်။

ကမ္ဘာမြေကြီးကို ကယ်တင်ကြစို့။

We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate...

ကြည့်ရှုရန် အောက်ကလင့်ခ်ကို ကလစ်နှိပ်ပေးပါ။
HOME

Credit to : Home Project, YouTube

(ဒီ Documentary ကို ယူကျူ့ပေါ်တင်တော့ ကျွန်တော့်ကို ကြည့်ဖို့ သတင်းပေးခဲ့တဲ့ ညီမလေး ငယ်လေးကို ကျေးဇူးတင်ပါတယ်။)

Friday, April 17, 2009

စကားလုံး မရှိတဲ့ ကောင်းကင်




Created By Publicis Mojo and @RadicalMedia Director: Patrick Hughes
Credit to : Uploader StevenMcDonald

ဘ၀ခရီးကို လက်တွဲဖေါ်မပါပဲ တစ်ကိုယ်တည်း ဖြတ်ကျော်နေရတဲ့ ဘ၀...။
မနက် ၇း၀၀ နာရီ နှိုးစက်အသံကြားရင် ပျင်းကြောဆွဲနေတဲ့ စိတ်ကို ဖြတ်။
အိပ်ရာထ၊ ရုံးသွားဖို့ အ၀တ်လဲ။
နေ့တိုင်း သွားနေကျ လမ်း..
စီးနေကျ ကား...
တက်စီးနေကျ ဓါတ်လှေကား...
မြင်နေကျ စက်ရုပ်ဆန်တဲ့ လူသားများ...
ငြီးငွေ့ဖွယ် ကောင်းလှတဲ့ လုပ်ငန်းခွင်....။
အိမ်ပြန်လာတော့လဲ ကြိုသူမဲ့ အခန်းလေးက တိတ်ဆိတ် မှောင်မိုက်စွာနဲ့ ကြိုနေလို့...။
စိတ်အပန်းဖြေစရာ နတ္ထိ။
ခေါ်သူမဲ့ ဖုန်းလေးမှာ မက်ဆေ့ခ်ျလေးများ ၀င်မလား ဖွင့်မိတော့ ကြော်ငြာမက်ဆေ့ခ်ျတွေပဲ ၀င်လာနေ...။
ဆိုးလိုက်တဲ့ ပျင်းရိဖို့ ကောင်းလိုက်တဲ့ ဘ၀...။
ပျင်းရိဖွယ် ညနေစာကို တစ်ယောက်တည်း စားသောက်ရင်း ဖြတ်သန်းခဲ့တာ ဘယ်လောက် ကြာပြီလဲ...။
အိပ်ခန်းထဲ ရောက်တော့ မီးမှိတ်လိုက်တာနဲ့ ချက်ချင်း အိပ်မပျော်နိုင်...။
ဒီလိုနဲ့ နေ့တစ်နေ့ဟာ စက်ရုပ်ဆန်ဆန် ကုန်သွားတယ်။

လောကီသားပေမို့ တစ်ခါတစ်လေမှာ ယုယကြင်နာချင်တဲ့ ချစ်သူလေး တစ်ယောက်လောက် တောင့်တမိပါရဲ့...။
သို့သော်လဲ ရူပါက ချူချာ၊ မူယာမာယာများလဲ လူတကာလို အမူပါပါ မပြောတတ်လေတော့ ဘယ်မဒီကမှ စိတ်ဝင်စားဟန် မပြ....။

ကံကြမ္မာက မျက်နှာသာ ပေးလာလေသလား...။
လမ်းတစ်ဘက်က တိုက်မှာ မျက်နှာခြင်းဆိုင် အခန်းက အလုပ်လုပ်နေတဲ့ သူလေးကို သတိထားမိတယ်။
သူအလုပ်လုပ်နေတာကို မသိမသာ လူရိပ်လူကဲ ခတ်ပြီးတော့ ချောင်းကြည့်ရတယ်...။
သူလေး မမြင်အောင်၊ သတိမထားမိအောင် ချောင်းကြည့်ရတာ အမော...။
သူလေးကို စမြင်တဲ့ နေ့က စပြီး လောကကြီးက စိုပြေစ ပြုလာတယ်...။

တစ်ရက်မှာ အကြည့်သူခိုးလေးကို လူမိသွားတယ်...။
စာရွက်တစ်ရွက်မှာ စာရေးပြီးတော့ ထောင်ပြတယ်...။
“ဓါတ်ပုံရိုက်မလို့လား”တဲ့...။
သူတော်တော် ထိတ်လန့်ပြီး ပျာသွားတယ်။
သူလေးက သူဖြစ်ပျက်နေတာကို ကြည့်ပြီး နောက်ထပ် စာရေးထောင်ပြတယ်...။
“နောက်တာပါ” တဲ့...။
တော်သေးတယ်...။ ရင်ထဲက အလုံးလေး ကျသွားတယ်...။
နောက်ထပ် စာရွက် ထောင်ပြတယ်။
“စတေစီ” ပါတဲ့။

သူလဲ ကမန်းကတန်း စာရွက်လွတ် တစ်ရွက်ရှာပြီး နာမည်ကို ရေးပေးလိုက်တယ်။
“ဂျေဆန်”။
စတေစီ က နောက်ထပ် စာရေးပြတယ်။
“တွေ့ရတာ ၀မ်းသာပါတယ်”
ဂျေဆန်က အကြောင်းပြန်တယ်
“တို့လဲ တူတူပဲ”
ဒီနေ့တော့ ဂျေဆန် အိမ်အပြန်လမ်း တစ်လျှောက်မှာ ကောင်းကင်ကြီးဟာ လှပနေခဲ့တယ်။
စတေစီနဲ့ အဆက်အသွယ်လုပ် ရေးထားတဲ့ စာရွက်လေးကို ရေခဲသေတ္တာမှာ အမှတ်တရ ကပ်ထားမိတယ်။

နောက်တစ်နေ့မနက် နာရီနှိုးစက်သံဟာ ဂျေဆန် နားထဲမှာ သာယာနာပျော်ဖွယ် အတိပေါ့...။
ဒီလိုနဲ့ စာရွက်တွေပေါ်မှာ ပြောချင်တာလေးတွေကို ရေးပြီး အဆက်အသွယ် လုပ်နေခဲ့တယ်...။

နေ့တိုင်း သွားနေကျ လမ်းဟာ ချစ်စရာ ကောင်းနေတယ်
စီးနေကျ ကားဟာ လှပနေတယ်
တက်စီးနေကျ ဓါတ်လှေကားဟာ တင့်တယ်နေတယ်
မြင်နေကျ စက်ရုပ်ဆန်တဲ့ လူသားများဟာ ချစ်စရာ အပြုံးတွေ ကိုယ်စီနဲ့
ငြီးငွေ့ဖွယ် ကောင်းလှတဲ့ လုပ်ငန်းခွင်ဟာ အရင်ကလို မဟုတ်တော့ဘူး...။

စတေစီနဲ့ ဂျေဆန်တို့နှစ်ယောက်ကြား အသံတိတ် စာရေးဆက်သွယ်မှုဟာ တစ်ယောက်နဲ့ တစ်ယောက်ကြားကို ရင်းနှီးမှုတွေ တိုးပွားလာစေခဲ့တယ်...။
တစ်တက်တိုး လို့ခေါ်တဲ့ ဂိမ်းတွေကို စာရွက်တွေပေါ်မှာ အပြန်ပြန် အလှန်လှန် တူတူဆော့ခဲ့တယ်...။
စာရွက်ပေါ်မှာ ကာတွန်းမျက်နှာတွေ ဆွဲပြီး ကိုယ့်မျက်နှာပေါ် ထပ်... တစ်ယောက်ကို တစ်ယောက် နောက်ကြ ပြောင်ကြနဲ့ မမြင်ရတဲ့ သံယောဇဉ်တွေဟာ ရစ်ပတ်နေပါပြီ...။

ဒီလိုနဲ့ တစ်ရက်မှာ စတေစီက ဂျေဆန်ကို ထူးဆန်းတဲ့ စာသားတစ်ချို့ ရေးပြခဲ့တယ်...။
“နင့်ကို ဖုံးကွယ်ထားတာ တစ်ခု ပြောစရာရှိတယ်”
“တစ်ကယ်တော့ သူ့ကို တို့ အရင် စောင့်ကြည့်ခဲ့တာပါ”တဲ့...
စတေစီက စာပြလိုက်ပြီး ဂျေဆန်ကို အကဲခတ်နေတယ်...။

ဂျေဆန် ရင်ထဲ ဗြောင်းဆန်သွားတယ်...။ မျက်နှာ အမူအရာလဲ ပြောင်းသွားတယ်.
စတေစီလဲ ရိပ်မိတယ်...။
ဂျေဆန်က စာရွက်တစ်ရွက်ပေါ်မှာ စာသား တစ်ချို့ ကမန်းကတန်းရေးလိုက်တယ်...။
စတေစီက ဂျေဆန် ဘာရေးမလဲ ဆိုတာ စောင့်ကြည့်နေတုန်း...။

သူရေးထားတာက
“တွေ့ချင်တယ်”
ရေးပြီးလို့ စတေစီကို ပြသင့် မပြသင့် ချီတုံ ချတုံ ဖြစ်နေချိန်မှာ...။
စတေစီကလဲ သူဘာရေးပြမလဲ ဆိုတာ ငံ့လင့်နေချိန်...။
အခန်းထဲကို လူတစ်ယောက် လာခေါ်လို့ စတေစီ ထွက်သွားတယ်။
ဂျေဆန် စတေ့စီကို သူရေးထားတဲ့ စာ ပြခွင့် မရလိုက်ဘူး...။
ဂျေဆန်တစ်ယောက် စတေစီကို ရေးထားတာလေး ပြဖို့ ရုံးအိမ်သာထဲက မှန်ရှေ့မှာ အခေါက်ခေါက် အခါခါ အမူအရာတွေ လေ့ကျင့်နေခဲ့တယ်...။
သူ့စိတ်ထဲမှာတော့ ကောင်မလေး တစ်ယောက်ကို ချစ်ခွင့်ပန်တော့မယ့်၊ တစ်ခါမှ အတွေ့အကြုံ မရှိဖူးတဲ့ ဆယ်ကျော်သက် အရွယ်လိုပဲ ရင်ခုန် စိတ်လှုပ်ရှားနေခဲ့တယ်...။

ဒါပေမဲ့ အဲဒီနေ့ တစ်နေ့လုံး စတေစီ သူ့နေရာကို ပြန်မလာခဲ့ဘူး...။

နောက်နေ့ မနက်မှာ အိပ်ရာက နိုးတော့ ဂျေဆန်တစ်ယောက် အတော့်ကို စိတ်လှုပ်ရှားနေခဲ့တယ်...။
ဖြတ်နေကျ လမ်းက ခါတိုင်းထက် ပိုရှည်လာသလိုလို...
စီးနေကျ ကားက ပိုနှေးနေသလိုလို...
စီးနေကျ ဓါတ်လှေကားက ဒီနေ့မှပဲ အချိန်ပိုကြာနေသလိုလို...
မစောင့်နိုင်တာနဲ့ ရိုးရိုးဓါတ်လှေကားကနေ အလုပ်ရုံးခန်းကို လာခဲ့တယ်...။
ရောက်ရောက်ချင်းပဲ လက်ထဲက အသင့်ဆောင်ထားတဲ့၊ မနေ့က ရေးထားတဲ့ စာရွက်လေးကို ကိုင်ကာ စတေစီ့ ရုံးခန်းဘက် လှည့်လိုက်တဲ့ အခိုက်မှာတော့...

စတေစီ့စားပွဲမှာ လူသစ် ရောက်နေတယ်.....
ဂျေဆန့်ရင်ထဲ ဟာသွားတယ်...
သူ စတေစီကို တွေ့ချင်တဲ့ အကြောင်း စာတွေ စီလာခဲ့တာ ရင်နဲ့ မဆန့်လောက်အောင်ပဲ...

ကံကြမ္မာက သူ့ဘက် အလေး မသာခဲ့ပါလား...
သူ တစ်ချက်လောက် နောက်ကျတာနဲ့ ....
လောကကြီး ရက်စက်လိုက်တာ...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
အခုမှ ဇာတ်လမ်းက အရှိန်မြင့်တုန်း..... ကျန်တာကို ဗွီဒီယိုမှာပဲ ဆက်ကြည့်လိုက်ပါလေ...။
အသံတိတ် သရုပ်ဆောင်ထားတာတွေ တော်တော် ကောင်းပါတယ်...။
ကြိုက်တယ် မကြိုက်ဘူး...
သဘောထား ကွဲလွဲနိုင်ပါတယ်။
ဒါရိုက်တာရဲ့ အတွေး အိုင်ဒီယာ ဆန်းသစ်တာလေး သဘောကျမိတယ်။
ထုတ်လုပ်မှု ကုန်ကျစရိတ် လောက်လောက်လားလား မရှိပါပဲနဲ့ ရိုက်ထားတဲ့ ကားလေးပါ။
နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။
အဲ... မေ့သွားလို့...။ ရုပ်ရှင်နာမည်က Sign တဲ့...။ ၁၂ မိနစ်စာ ပဲ ရိုက်ထားတဲ့ ကားတိုလေးပါ။

Saturday, July 12, 2008

Myanmar On Youtube

YouTube ပေါ်မှာ တွေ့ရှိမိတဲ့ တစ်ချို့သော မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ဗွီဒီယို ကလစ်များပါ...။

ငယ်ငယ်ကတော့ ဘုတ်အုတ်တွေထဲမတော့ ဖတ်ဖူးတာပေါ့...။ တက္ကသိုလ်ကျောင်းသားတွေက ဘိုကေ လက်လေးသစ်နဲ့ နောက်ပိတ် ရှုးဖိနပ်များ ကို စီးကြတယ်...။ ခေါင်းက ဘိုကေကို အကြော့သား ခေါင်းလိမ်းဆီတွေနဲ့ လိမ်းကြတယ်...။ လက်ကြောမတင်းဘူး ဘာညာ ပေါ့လေ...။ စဉ်းစားမိတယ်...။ အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်များ အုပ်စိုးနေတဲ့ကာလကို ဖြတ်သန်းခဲ့ရလေတော့ အင်္ဂလိပ်တို့ရဲ့ အလေ့အထများ ကူးစက်ကုန်လို့ နေမှာပေါ့လို့...။
အင်္ဂလိပ်များဆိုတာကလည်း အလွန့်ကို ဟိတ်ဟန်ကြီးတဲ့သူတွေ မဟုတ်လား...။ ညစာစားပွဲတွေမှာတောင် ဒင်နာဒရက်စ် ၀တ်ပြီးမှ တက်ကြတယ်လို့ အဆိုရှိတယ်...။ အဲဒီတော့ ကျောင်းမှာ အခုလို ၀တ်စားတယ်ဆိုတာကလဲ သူတို့တစ်တွေရဲ့ အလေ့အထကနေ လက်ခံကျင့်သုံးလာခဲ့ကြတာ နေမှာပေါ့...။
မကောင်းဘူးလား ဆိုတော့လဲ ကောင်းပါတယ်...။
လန်းဆန်းမှု ရှိတာပေါ့...။
ပျိုပျိုမေများကို သွားရောက်ပိုးပန်းမယ်ဆိုလဲ ရူပါ နည်းနည်းလန်းတာပေါ့နော...။
ဘိုကေ ဘုတ်သိုက်နဲ့များဆိုရင်တော့ ပိုးပန်းဖို့ မပြောနဲ့ ... အဝေးက မြင်ရုံနဲ့တင် နှာခေါင်း ရှုံ့ပြီး ထွက်ပြေးကြမှာ သေချာပါတယ်...။
နောက်တစ်ခုကတော့ အရင်တုန်းက အင်္ဂလိပ်အုပ်စိုးတဲ့ခေတ်က ဆိုရင် ရန်ကုန်တက္ကသိုလ်မှာ (ရန်ကုန် တက္ကသိုလ် ဆိုပေမဲ့ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ ဖြစ်ခဲ့သေးတယ်...။) ကျောင်းတက်နေသူ အမျိုးမျိုး ရှိခဲ့ပါလိမ့်မယ်...။
မြန်မာကျောင်းသားများ အပြင်၊ အမိအဖ တစ်ဦးဦးက နိုင်ငံခြားသားများ ဖြစ်တဲ့ ကပြားများ၊ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် တာဝန်လာထမ်းဆောင်နေတဲ့၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများရဲ့ သားသမီးများ စတဲ့သူတွေဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးကြပါလိမ့်မယ်...။
အဲဒီအတွက် လက်ချာ သင်ပေးမယ့် ဆရာများ ဟာ နေးတစ် မြန်မာများတင် မဟုတ်တော့ပဲ နိုင်ငံခြားသားဆရာများပါ ငှားရမ်း သင်ကြားခဲ့ရပါတယ်...။
ဥရောပက ဆရာများ အပြင် အင်္ဂလိပ်စာတတ် အိန္ဒိယ ဆရာများပါ ပါဝင်ခဲ့ပါတယ်...။
မြန်မာဆရာ/၀န်ထမ်းများ ရှိခဲ့ပေမယ့် အရေအတွက်နည်းနေခဲ့တာကို ထောက်ရှုခြင်းအားဖြင့် မြန်မာများကို တတ်နိုင်သလောက် ရာထူးကြီးကြီးတွေမှာ ပါဝင်စေလိုတဲ့ ဆန္ဒ မရှိတာတော့ ထင်ရှားပါတယ်...။ (ဆရာဝန်တွေဆိုရင် အိန္ဒိယက လာတဲ့ ဆရာဝန်များသာ အများစု ဖြစ်နေတာကို ဥပမာ အဖြစ် ကြည့်နိုင်ပါတယ်...။ ရှေးခေတ် မြန်မာကားတွေမှာ ဆရာဝန်ဆိုတာကို သရုပ်ဖေါ်ကြရင် ခေါင်းပေါင်းနဲ့ ပန်ချာပီတွေသာ ဖြစ်နေခဲ့တာကို ထောက်ချင့်ကြပါကုန်...။ ဤကား စကားချပ်။)

အခု ကျွန်တော် တင်လိုက်တဲ့ ပထမဆုံးသော ဗွီဒီယိုကလစ်ကတော့ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က တိတိကျကျ ပြောရရင်တော့ ၁၉၅၇ ခုနှစ်တုန်းက ရန်ကုန် တက္ကသိုလ်မှာ စာသင်ကြားပုံကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်...။ လက်ချာတွေကို အင်္ဂလိပ်လိုပဲ သင်ကြားတာ တွေ့ရပါတယ်...။ ကျောင်းသားများကလည်း မေးခွန်းများ ပြန်လှန် မေးမြန်းရာမှာ အင်္ဂလိပ်လိုပဲ ပြောဆိုကြတာ တွေ့ရပါတယ်...။ ဒီမှာတော့ ဆရာကတော့ မြန်မာဆရာ ဖြစ်ပါတယ်...။ ဒေါက်တာကျော်သက်လို့ သိရပြီး ယေးလ်တက္ကသိုလ်မှာ သမိုင်းဆရာ လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်...။ အင်္ဂလိပ်အသံထွက် လေယူလေသိမ်းကတော့ စံယူလောက်ပါတယ်...။ (ငါးပိသံ ပေါက်နေသေးတယ်လို့လဲ ကြည့်မိတဲ့ သူငယ်ချင်းတစ်ယောက်က ဆက်ပြောပါသေးတယ်...။)
အဖြူအမည်း မို့လို့လား... ဒါမှမဟုတ် ရုပ်ရှင်ရိုက်မှာကို သိလို့ ဖြီးလိမ်း ပြင်ဆင် လာကြသလားတော့ မသိပါ...။ အားလုံးသော ပါဝင်သူများမှာ ရုပ်ရည် ရူပကာသန့်ပြန့်ပြီး ဘိုကေများ ကြော့မော့နေတာကို တွေ့ရပါလိမ့်မယ်...။



ဒုတိယ ကြည့်မိတဲ့ ဗွီဒီယို ကလစ်ကတော့ ရန်ကုန်မှာ နာမည်ကြီးခဲ့ဆဲ့ ကလပ်စစ်ကယ်ဂီတာဆရာ ကိုသက်လွင်ရဲ့ လက်ရာ ပါ...။ ကလပ်စစ်ကယ်ကို နိုင်ငံခြားကျောင်းမှာ ကောင်းကောင်း ကျေညက်ခဲ့တဲ့ သူတစ်ယောက်လို့ သိရပါတယ်...။ ဟိုတယ်မှာ သူတတ်ကျွမ်းတဲ့ ဂီတာနဲ့ အနုပညာ ဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်...။ အချိန်ရှားပါးလှတဲ့ သူ့ဆီမျာ သင်တန်းတက်ချင်ရင် သင်တန်းကြေးကတော့ တစ်ခြားသော နေရာတွေထက် ပိုတယ်လို့ သိရပါတယ်...။ ကဲ.. ဆက်ပြီး လေ့လာကြဦးစို့...။

Monday, February 25, 2008

မာကိုပိုလိုနဲ့ ပျော်ပျော်ပါးပါးကြီး ခရီးသွားရအောင်...။

မင်္ဂလာပါ... ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်း...။ ကျန်းခန့်သာလို့ မာပါစ...။ ကျွန်တော်တော့ သာလဲသာ မာလဲမာပါကြောင်း နှုတ်ခွန်းဆက်သလိုက်ပါရစေ...။ ဘာရယ်မဟုတ်...။ ခုတစ်လော နည်းနည်း ပေါက်နေလို့ ရယ်စရာ မောစရာများကို ဆက်တိုက်ဆိုသလို တင်ဖြစ်နေတော့တယ်...။

ခုတစ်ခေါက်တော့ ကျွန်တော့်အသည်းကျော်ကြီး နိပွန်ကိုပဲ တင်ဆက်လိုက်ပါ့မယ်...။ မောင်နိပွန်ကို ၁ ကနေ ၁၀၀ အထိ ရေတွက်ခိုင်းပြီးတဲ့နောက် ဒီတစ်ခေါက်တော့ သူ့ကို စာဖတ်သူနဲ့အတူ မာကိုပိုလိုနဲ့ ခရီးသွားခိုင်းလိုက်ပါမယ်...။ ထုံးစံအတိုင်းပဲပေါ့...။ သူ့ကို မာကိုပိုလို ခရီးထွက်တဲ့အကြောင်းကို ဖေါ်ညွှန်းထားတဲ့ အင်္ဂလိပ်စာပိုဒ်တစ်ပိုဒ်ကို ဖတ်ခိုင်းပါမယ်...။ အဲဒါကို ကြည့်ပြီး ရယ်မောခြင်း မပြုမိအောင် နေရပါမယ်...။ ရယ်မောမိရင်တော့ တင်းနစ်ရိုက်တံနဲ့ ဆော်ပလော်တီးခံရမှာ ဖြစ်ပါတယ်...။

ကဲ...။ ဘယ်သူက ကျန်ခဲ့ပြီး ဘယ်သူက အရှိုးရာ ထင်သွားအောင် ရိုက်ခံထိမလဲဆိုတာ ရှု့စားကြပါစို့လား...။

ဟီဟိ...။

Saturday, February 23, 2008

Sharing Joke... Do not watch at work or office

ကဲ...။ ဒီတစ်ခါတော့ ဂျပန်ဆား ပြန်ချက်လိုက်ပါဦးမယ်...။ အများ တောင်းဆိုချက်အရပေါ့လေ...။ ဟီးဟီး...။ (ဆားချက်ရင် ချက်တယ် မပြောဘူး...။)ဒီတစ်ခါတော့ အရင်တစ်ခါတုန်းက ကြည့်ဖူးပြီးသား collection လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်...။

ကဲ...။ စာသင်ခန်းထဲက ၁ ကနေ ၁၀၀ အထိ ရေတွက်ပြတာကို မရီမအောင် ကြိုးစားပြီး နေရတဲ့ ဂျပန်က အဖွဲ့ကို မှတ်မိမယ် ထင်ပါ့..။ ဒီတစ်ခါလဲ သူတို့ ပါဝင်တဲ့ “မရီရ” ဆိုတဲ့ ဗွီဒီယိုလေး ကြည့်လိုက်ရအောင်...။ တစ်ဆိတ်... Play ခလုတ်ကို နှိပ်ပြီး Pause ခလုတ်ကို ပြန်နှိပ်ပါ...။ အနီရောင်ဘားလေး ပြည့်သွားအောင် စောင့်လိုက်ပါ...။ ပြီးမှ Play ခလုတ်ကို ပြန်နှိပ်လိုက်ပါ...။ (Connection မကောင်းတဲ့ ကိုကိုမမ များကို ရည်ညွှန်းပါတယ်...။)...။



ဒီတစ်ခါတော့ သူတို့ထဲက လေးယောက်ပဲ ကျန်ပါတော့တယ်...။ ဓါတ်ခွဲခန်းထဲမှာ ဓါတ်ခွဲခန်းမှူးက ပေါက်တတ်ကရ လုပ်ပြတာကို ကြည့်ပြီး မရီမိအောင် ထိန်းရတာပါ...။ ဘယ်သူတွေက မရီပဲ နေနိုင်ပြီး ဘယ်သူတွေက တင်းနစ်တံနဲ့ ဆော်ပလော်တီးခံရမလဲ...။ ဆက်လက် ရှုစားကြပါစို့...။



ဆက်လက် ရှုစားရမှာကတော့ မွေ့ရာ အရောင်းကုန်တိုက်က ပြကွက် ဖြစ်ပါတယ်...။ သိကြတဲ့အတိုင်း သူတို့ဆီမှာက ကာစတန်မာတွေ က ကိုယ်ကြိုက်တဲ့ ကုန်ပစ်စည်းကို မ၀ယ်ခင် အစမ်းသဘော သုံးကြည့်ကြပါတယ်။ ကြိုက်မှ ၀ယ်ကြတာလေ...။ အဲဒါကို တီဗွီအစီအစဉ်တစ်ခုကနေပြီးတော့ ဟာသအစီအစဉ်လေးအဖြစ် ဒီလို ရိုက်ကူးခဲ့တာကို ကြည့်ရှုနိုင်ပါတယ်...။ နောက်ပြောင်ခံရသူတွေ မနစ်နာရလေအောင် ပါလာတဲ့ ဖုန်းတို့၊သော့တွဲ ဘာဘာညာညာတို့ကို အပြင်မှာ ထားစေခဲ့ပြီးမှ စမ်းသပ်စေတာ တွေ့ရတော့ သူတို့တစ်တွေ စီစဉ်တာ အကွက်စေ့ပုံကို သဘောကျမိပါတယ်...။



နောက်တစ်ခုကတော့ ဂျပန်ဟာသပြကွက်များကို စုစည်းထားတဲ့ ဗွီဒီယို ဖြစ်ပါတယ်...။



ကဲ...ဒီနေ့တော့ ဒီလောက်နှိပ်စက်ရရင် ပျော်သွားပါပြီ...။ ဂွဒ်ညပါဗျာ...။

Tuesday, February 19, 2008

Don't watch it at Work or Office ... ဆားချက်ခြင်း...။

ဆားချက်တယ်လို့ ပြောချင်ပြောကြပါဗျာ...။ အခုတစ်လော အလုပ်တွေရှုပ်လွန်းလို့ပါ...။ မျောက်အုန်းသီး Part 2 ကို မဆက်နိုင်သေးတဲ့အတွက် ဒီပို့စ်နဲ့ပဲ ကျေနပ်ကြပါဦးလို့...။

အခု တင်ပြမယ့် ပို့စ်ကတော့ ရီစရာ မောစရာ ဖြစ်တဲ့ (ရီစရာကတော့ ဟုတ်ပါရဲ့ မောစရာက ဘယ်က ပါလာမှန်းမသိဘူး...။ ဗမာစကာားများ တယ်ရှုပ်တာပဲ...။ :)) ဗွီဒီယိုကလစ်လေးတွေ ပြမလို့ပါ...။

လွန်ခဲ့တဲ့ နှစ်သုံးနှစ်လောက်က စပြီး အင်တာနက် လောကမှာ metacafe ဆိုတဲ့ Application တစ်ခု ပေါ်ခဲ့ပါတယ်...။ အဲဒီ Application က ဘာလေးလဲဆိုတော့ .... (ဟယ်... အဲဒီဟာလေးကို ကလစ်နှိပ်ပြီ ကိုယ်တိုင်သာ သွားကြည့်ပေတော့ :D ...။ လက်ညောင်းလို့...။ ဟီး.. အလကားစတာ...။)


သူ့မှာ မှတ်ပုံတင်ထားရင် ကိုယ့်မှာ ရှိတဲ့ ပုံတွေ အသံဖိုင်တွေ ဗွီဒီယိုဖိုင်တွေကို upload လုပ်ပြီး သူ့server ပေါ်မှာ တင်ထားလို့ရတယ်...။ ကြည့်စေချင်တဲ့သူတွေကိုပဲ ကွက်ပြီး ပေးကြည့်လို့ ရအောင် လုပ်နိုင်သလို အများ အင်တာနက်ပြည်သူများ ကြည့်နိုင်အောင်လဲ လုပ်နိုင်တယ်...။ အဲဒါလေးကို အတော်သဘောကျသမို့ ရန်ကုန်က အင်တာနက်ကဖေးဆိုင်တစ်ခုမှာ ရှိသမျှစက်တွေထဲကို install လုပ်ထားလိုက်တယ်...။ အေးရော...။ အင်း.. စကားကြောရှည်နေတာနဲ့ ပို့စ်ကလဲ လိုရင်းကို မရောက်နိုင်တော့ဘူး...။


ဒီလိုပါ...။ အဲဒီမီတာကဖေးကို ကြည့်ရင်းနဲ့ တစ်နေ့တော့ comedy ဆိုတာလေးကို သွားနှိပ်မိရော...။ အဲဒီမှာ ဟာသတွေနဲ့ စပ်ဆိုင်တဲ့ စာတွေ ဗွီဒီယိုဖိုင်တွေ တွေ့တော့တာပဲ...။ ရေငတ်တုန်း အလယ်ပိုင်း ...အဲ..အဲ.. အယ်လ်ပိုင်း သောက်ရေသန့် သောက်လိုက်ရသလိုပါပဲ...။ (Loi Hein မှ တာဝန်ရှိသူများ ကြော်ငြာခ ပေးကြပါကုန်...။)


အဲဒါနဲ့ ကိုယ်ကြိုက်တဲ့ ဟာသလေးတွေကို စုမိဆောင်းမိခဲ့တာပေါ့...။ ဒါပေမဲ့ ခက်တာက အဲဒီသိမ်းထားတဲ့ Hard Disk က ရန်ကုန်မှာ ကျန်ခဲ့တော့ Blog ပေါ် ဘယ်လို တင်ရမလဲလို့ စိတ်ညစ်နေတာ...။ ရန်ကုန်ကို လှမ်းမှာရအောင်လဲ မလွယ်...။ ဆိုတော့...။

ဆိုတော့ကာ အင်တာနက်ကြီးပေါ် လျှောက် ကြည့်ရင်းနဲ့ အကြံရသွားပြီး youtube ပေါ် googling လုပ်လိုက်တာ ရလာတယ်ဗျား...။


ဘလော့ဂ်ကြွလာ မိတ်သဟာများ စိတ်အဆာပြောသွားအောင် လင့်ခ်များ ချိတ်ကာ ဟားပေတော့ဗျား...။ (တစ်ခုတော့ ရှိသဗျား...။ ကော်နက်ရှင် နှေးတဲ့သူများ Play ခလုတ်ကို အရင် နှိပ်လိုက်ပါ...။ ကိုယ့်စက်က youtube ကို လှမ်းချိတ်ပြီ ဆိုမှ Pause ခလုတ်ကို နှိပ်ထားလိုက်ပါ...။ အဲဒီနားက အနီရောင်ဘားလေး ပြည့်သွားပြီဆိုမှ play ခလုတ်ကို ပြန်နှိပ်လိုက်ပါ...။ အဲဒါမှ ဗွီဒီယို စမ်းရေ တစ်သွင်သွင် စီးခြင်းဆိုတဲ့ Video Streaming အပြည့်အ၀ရပြီး ဗွီဒီယို ကလစ်များကို အရသာအပြည့်အ၀နဲ့ ကြည့်ရှုခံစားနိုင်ပါကြောင်း...။)


ပထမဆုံး တင်ပြချင်တာကတော့ ဂျပန် တီဗီရှိုးမှာ ပြသွားခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်...။ ဂျပန်တွေဟာ သိကြတဲ့အတိုင်း အများစုဟာ အင်္ဂလိပ်စာမယ် အားနည်းကြပါတယ်...။ တော်ရုံတန်ရုံလူများ အင်္ဂလိပ်စာကို နားမလည်ကြပါဘူး...။ အခုအစီအစဉ်ကတော့ တီဗွီအစီအစဉ်ရဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြတာကို ထုတ်လွှင့်တဲ့ ပြကွက် ဖြစ်ပါတယ်...။

ဘယ်လိုလဲဆိုတော့ ပါဝင်သူများကို စာသင်ခန်း တစ်ခုက စာသင်ခုံတွေမှာ ထိုင်ခိုင်းထားပါတယ်...။ ပြီးတော့ အခန်းရှေ့က ကျောက်သင်ပုန်းမှာ ဗွီဒီယို ပြကွက်တစ်ခုကို ပြထားပါတယ်...။ အဲဒီပြကွက်ကို ကြည့်ပြီးတော့ ရယ်မောခြင်း မပြုရပါဘူး...။ ရယ်မောခဲ့ရင် တင်ပါးကို တင်းနစ်ရိုက်တံနဲ့ အားရပါးရ ဆော်မှာ ဖြစ်ပါတယ်...။ ပြကွက်မှာ ပြထားတာကတော့ အင်္ဂလိပ်စာမတတ်တဲ့ ဂျပန်တစ်ယောက်ကို တစ်ကနေ တစ်ရာ အထိ အင်္ဂလိပ်လို ရွတ်ခိုင်းတာပါ...။

အင်္ဂလိပ်စာမကျွမ်းတဲ့သူက ဘယ်လို ရွတ်ပြမလဲဆိုတာကို ပိတ်ကားပေါ်မှာ ... အဲ... ကွန်ပြူတာ အယ်လ်စီဒီ စကရင်မှာသာ ကြည့်ပေတော့ဗျို့...။



နောက်ထပ်ပြချင်တဲ့အကွက်လဲ ထိုနည်းတူ ပါဝင်ယှဉ်ပြိုင်မှုပါပဲ...။ ဒီတစ်ခါတော့ စာသင်ခန်းမှာ လုပ်တာ မဟုတ်ပဲ အများပြည်သူ စာကြည့်တိုက်ထဲမှာ သွားလုပ်တာပါ...။ ပါဝင်သူ ခြောက်ယောက် ရှိပါတယ်...။ စားပွဲတစ်ခုမှာ သုံးယာက်စီ မျက်နှာခြင်းဆိုင် ထိုင်ပြီးတော့ စားပွဲထိပ်မှာတော့ လုပ်ရမယ့်အစီအစဉ်များကို ရေးထားတဲ့ စာရွက်တစ်ထပ်ပါတဲ့ stand တစ်ခု ထောင်ထားပါတယ်...။

ပါဝင်သူများကို ကဒ်ပြားခြောက်ခု၊ တစ်ယောက်တစ်ခု ဝေပါမယ်...။ မှောက်ထားတဲ့ ကဒ်တွေထဲက ကိုယ်ကြိုက်တဲ့ကဒ်ကို ရွေးရြတာပါ...။ ကြက်ခြေခတ် အျမှတ်အသားပါတဲ့ ကဒ်ကို ရွေးမိသူက stand ပေါ်က စာရွက်မှာ ရေးထားတဲ့အတိုင်း လုပ်ရတာ...ဒါမှမဟုတ် အလုပ်ခံရတာပါ...။ ဘယ်သူက ကံဆိုးသူ မောင်ရှင် ဖြစ်ပြီး ဘယ်လို အလုပ်ခံရမယ်ဆိုတာကို အောက်က ဗွီဒီယိုကလစ်မှာ ကြည့်လိုက်ကြပါစို့...။ ပြောထားတယ်နော်...။ အလုပ်ထဲမှာ ရုံးထဲမှာ မကြည့်နဲ့...။ ပြသနာ တက်လိမ့်မယ်...။ ဟီဟိ...။