Showing posts with label new year. Show all posts
Showing posts with label new year. Show all posts

Monday, April 8, 2013

သင်္ကြန်အကြို ရာသီစာလေး

ဘလော့ဂ်ဂါ မင်းသားကြီး

V1 -(ဘလော့ဂါ မင်းသားကြီး ဘလော့ဂ်ဆိုဒ်တစ်ကာ ရောက်ခဲ့ပြီ...။
ဘယ်ဘလော့ဂ်သူ၊ ဘယ်ဆိုဒ်မှန်းမို့ မသိတော့ ခက်သေးသည်။
မနေ့က ပေးတဲ့ ဘလော့လိပ်စာ Thumb Drive စိုလို့ ပျက်ကုန်ပြီ...
မမှတ်မိတော့ ခက်သားလှဒေ၀ီ...။)၂

PreCho : ဘလော့မင်းသမီးကြီး ခြေရာဖျောက်တော့ လိုက်လို့ရှာသည်။

ဟို CBox တွေ့နိုးနိုး.. ဒီ CBox တွေ့နိုးနိုး...
မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ။
ဘလော့ဂ်မင်းသမီးနဲ့ တွေ့ဖို့ အလွန်ခက်သည်။

V1 - (Solo)
Cho : နေ့သစ်အကူးမှာ ပို့စ်အသစ်လေးတွေ တက်တော့မည်။
Gmail, Native, ပဒုမ္မာ ကျူးပစ်ပလန်းနက်ပါ မကျန်ပြီ...။
ကောမန့်ဘောက်က်မှာ လိုက်ရှာလဲလေ တို့မတွေ့ပြီ။
ဘန်းကျော်ကြောင့်လား တွေးတော့ ဝေးနေပြီ။
မြန်မာဆိုက်ဘာ ယူဆာ လေးနှမငယ် ...
တစ်ချက်စာ Chat မှာ မျက်လှည့်ပြလိုက်ပြီ...။

V1. PreCho:

(မပြီးမချင်း loop ပတ်၍ ပြန်ဆိုရန်။)


- မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ။
- ရှာပုံတော် မင်းသားကြီး သင်္ကြန်သီချင်းကို မှီငြမ်း ပုံဖျက်ထားသည်။
- မူရင်း သီချင်း နားဆင်လိုသော် အောက်ကပုံကို ကလစ်နှိပ်ပါလေ...။

ရှာပုံတော် မင်းသားကြီး - ဇော်ပိုင်


ကိုယ့်ဗားရှင်းနဲ့ကိုယ် ပြန်တင်ထားတာကို ဒီနှစ် 2013 အတာနှစ်ကူး အကြိုအနေနဲ့ ဆားချက်လိုက်ပါတယ်။

Thursday, April 12, 2012

Thingyan Moe (Cover)

နှစ်သစ်ကူးမှာ စိတ်သစ် လူသစ်နဲ့ အားအင်အသစ်တွေ တိုးပွားပြီး လုပ်ငန်း ကိုင်ငန်း အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


သင်္ကြန်မိုး ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းဖြစ်တဲ့ သင်္ကြန်မိုး သီချင်းကို တတ်သလောက် မှတ်သလောက်လေး တီးထားတာ တင်ပေးလိုက်ပါတယ်။ (နားဝင်ပီယံ သူ့လက်သံ တန်းမဝင်တာတော့ ခွင့်လွှတ်...။)




Friday, December 31, 2010

Happy New Year!!!

နှစ်သစ်အကြို နှစ်သစ်ကူးသီချင်းလေး တင်ပေးလိုက်ပါတယ်။
အားလုံးပဲ Happy New Year ပါ။
Auld Lang Syne လို့ အမည်ရပါတယ်။

Auld Land Syne "Happy New Year"


Wednesday, September 17, 2008

2103 နှစ်မြောက် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်

မိုင်ဆွန်ခ...။
မတွေ့ရတာ အတော်တောင် ကြာပြီပေါ့ ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းတို့...။
ကျန်းခံ့သာလို့ မာပါစ...။
ရာသီဥတု အကူးအပြောင်းကလဲ မြန်နေတော့ နှာစေးချောင်းဆိုး အာဂန္တု အဖျားလေးများလဲ ရာသီအလိုက် ရောက်လာတတ်ပါတယ်...။
ပန်နာဒေါ၊ ပါရာမောလေးများ ဆောင်ထားကြပါကုန်...။

ဒီလိုပါပဲ ရာသီစက်ဝန်းတွေ တစ်ခုနဲ့ တစ်ခု ကူးပြောင်းလို့ တစ်နှစ်ပြီး တစ်နှစ် ဖြတ်ကျော်သွားပါတယ်...။
နှစ်ဟောင်းကုန်လို့ နှစ်သစ် ရောက်ပြီဆိုရင်ဖြင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပတတ်ကြတာ ဓမ္မတာပါပဲ...။
အနောက်တိုင်း နှစ်သစ်ကူးပွဲတော်ကတော့ အများ သိကြတဲ့အတိုင်း ခရစ်သက္ကရာဇ် တစ်ခုရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ နောက်ဆုံးရက် ၃၁ ရက်နေ့ညမှာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြပါတယ်..။
အရှေ့တိုင်း ဗုဒ္ဓဘာသာ နိုင်ငံများမှာတော့ ဧပြီလလယ်လောက်၊ မြန်မာကောဇာသက္ကရာဇ် အနေနဲ့ ပြောရရင်တော့ တန်ခူးလမှာ နှစ်သစ်ကူး ပွဲတော်ကို ကျင်းပကြပါတယ်...။
တရုတ်နိုင်ငံမှာတော့ နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလကုန် သို့ ဖေဖေါ်ဝါရီလဆန်းပိုင်းလောက်မှာ ကျင်းပကြပါတယ်...။

အခုလဲပဲ အရှေ့တောင်အာရှ တစ်ဝိုက်မှာ မှီတင်းနေထိုင်ကြတဲ့ ရှမ်းမျိုးနွယ်များဟာလဲ ၎င်းတို့ရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ ရှိကြပါတယ်...။ မူရင်းဌာနေ တောင်ပေါ်ဒေသ မှာ နေထိုင်ကြတဲ့ ရှမ်းအမျိုးသားများရဲ့ နှစ်သစ်ကူးပွဲတော်ဟာ စပါးပင်များ ရင့်မှည့်စပြုတဲ့ ရာသီ နတ်တော်လဆန်း တစ်ရက်နေ့မှာ ကျရောက်လေ့ရှိပါတယ်...။

နှင်းပွင့်များ တစ်ဖွဲဖွဲကျဆင်းနေတဲ့ ဟေမန္တ ဆောင်းရာသီရဲ့ ညချမ်းမှာ မီးပုံနံဘေးမှာ ၀ိုင်းဖွဲ့ပြီး နှစ်သစ်ကို ကြိုဆိုလာခဲ့ကြပါတယ်...။ မျိုးဆက် တစ်ခုကနေ တစ်ခု လက်ဆင့်ကမ်းပြီး ကျင်းပလာတာ ဒီနှစ်ဆိုရင်ဖြင့် ၂၁၀၃ နှစ် တိုင်တိုင် ရှိခဲ့ပါပြီ...။

အခု လာမည့် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာခ ၂၈ ရက်နေ့ မြန်မာသက္ကရာဇ်အားဖြင့် ၁၃၆၃ ခု နတ်တော်လဆန်းဟာဖြင့် ရှမ်းမျိုးနွယ်များရဲ့ နှစ်သစ်တစ်ခုကို ကူးပြောင်းတဲ့ ကာလ၊ နှစ်သစ်ကို ကြိုဆိုတဲ့ ကာလဖြစ်ပါတယ်...။


ကမ္ဘာအရပ်ရပ်မှာ ပြောင်းရွှေ့မှီတင်း နေထိုင်ကြတဲ့ ရှမ်းအမျိုးသားများဟာ မိမိတို့ ရောက်ရှိရာ ဒေသတွေမှာ အချင်းချင်း စုပေါင်းကြပြီး မိမိတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို အတူတကွ ပျော်ရွှင်စွာ ကျင်းပကြိုဆိုကြပါတယ်...။
ထိုနည်းတူစွာဖြင့် စင်ကာပူမှာ ရောက်ရှိနေတဲ့ အဝေးရောက် ရှမ်းအမျိုးသားများကလဲ မိမိတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ တိမ်ကောပပျောက်မှု မရှိစေဖို့ ရိုးရာပွဲတစ်ခု ဖြစ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပဖို့ အစီအစဉ် ရှိနေပါတယ်...။

အရင့်အရင် နှစ်များက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ခဲ့ကြပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က စပြီး ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းကာ မြန်မာပြည်မှ နာမည်ကျော် တေးသံရှင်များကို ဖိတ်ခေါ်ပြီး ကပွဲခန်းမမှာ သီဆိုဖျော်ဖြေ ကျင်းပခဲ့ကြပါတယ်...။ ပွဲတော်ကို တက်ရောက်ကြတဲ့ ဧည့်သည်တော်များအတွက်လဲ ရှမ်းရိုးရာ အစားအသောက်များနဲ့ တည်ခင်း ဧည့်ခံပါတယ်...။ ထို့ပြင်တ၀ ရှမ်းအမျိုးသားများရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှူ ဓလေ့ရိုးရာ ပြကွက်များ၊ ရိုးရာအ၀တ်အစား ဆင်ယင်သရုပ်ပြပွဲ၊ ရိုးရာအကများ စသည်တို့ကို ပြသခဲ့ပါတယ်...။

၂၀၀၇ ခုနှစ်တုန်းကတော့ ပြပွဲအချို့ကို ပြောပြရရင် “ပွဲဆံလောင်း” လို့ ခေါ်တဲ့ မောင်ရှင်လောင်းလှည့်လည်ပွဲ၊ ရှမ်းအမျိုးသမီးများရဲ့ အ၀တ်အစား ဆင်ယင် သရုပ်ပြပွဲ မော်ဒယ်ရှိုး၊ တိုးနယားအက၊ ကိန္နရာ အက စသည်များကို သရုပ်ဖေါ်တင်ဆက်ခဲ့ပါတယ်...။

ဒါ့အပြင် နာမည် ကြီး အဆိုတော်များကိုလဲ ပွဲတော်မှာ ပါဝင်ဖျော်ဖြေသီဆိုရန်အတွက်လဲ နှစ်အလိုက် ဖိတ်ခေါ်ခဲ့ပါတယ်...။

၂၀၀၆ ခုနှစ်တုန်း နာမည်ကြီး ရှမ်းအဆိုတော် ဖြစ်တဲ့ (အခု ဆုံးပါးသွားပြီ ဖြစ်တဲ့ ) စိုင်းထီးဆိုင်
၂၀၀၇ ခုနှစ်မှာကျတော့ အဆိုတော် ဘိုဖြူနဲ့ စိုင်းဆိုင်ကျွမ်ဖ။ ဧည့်သည် အဆိုတော် အဖြစ် အဆိုတော် ဆုန်သင်းပါရ်က ပါဝင်ကူညီ ဖျော်ဖြေခဲ့ပါတယ်...။
ယခုနှစ် ၂၀၀၈ မှာတော့ ရှမ်းအဆိုတော် စိုင်းဆိုင်မော၊ စိုင်းအောင်ထီးခမ်း နဲ့ တင့်တင့်ထွန်း တို့ကို လျာထား ဖြစ်ပါတယ်...။ (စိုင်းအောင်ထီးခမ်းဟာ အဆိုတော် စိုင်းထီးဆိုင်ရဲ့ ညီအရင်း ဖြစ်ပါတယ်...။)

အစားအသောက်အနေနဲ့ကတော့ ၂၀၀၇ ခုနှစ်တုန်းက ကျိုင်းတုံ ၀က်အူချောင်း ၊ နမ့်ဖစ်ပါ အစရှိတဲ့ ရှမ်းရိုးရာ အစားအသောက်များနဲ့ ဘူဖေးအဖြစ် တည်ခင်းဧည့်ခံခဲ့ပါတယ်...။ ဒီအခုနှစ်မှာကျတော့ မနှစ်ကနဲ့ မတူ ရှမ်းရိုးရာ အစားအသောက်များကို ရွှေပွဲလာ ဧည့်ပရိသတ်များအကြိုက်တွေ့စေရန် စီစဉ်ထားပါတယ်...။

ဒီတစ်နှစ်အတွက် ပွဲတော် ကျင်းပမယ့် ကပွဲ ခန်းမကို လာဗဲန်းဒါး ဘူတာနားက ဖူးချူးခန်းမကို ငှားရမ်းထားပါတယ်...။ ပွဲတော် အစီအစဉ် အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...။

၂၀၀၈ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော် (စင်ကာပူ) အစီအစဉ်။
နေရာ။ ။ ဖူးချောင်းခန်းမ (လာဗဲန်းဒါး ဘူတာရုံအနီး) လက်မှတ်နောက်ကျောတွင် လမ်းညွှန်မြေပုံပါသည်။
@21 Tyrwhitt Road (Near Jalan Besar Stadium - North Gate) Foochow Building, Singapore 207530. Click Here for detail map.

နေ့ရက်
။ ။ ၂၀၀၈ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၂ ရက် (စနေနေ့)။

အချိန်
။ ။ ညနေ (၀၅း၀၀) နာရီမှ (၁၁း၀၀) နာရီအထိ။

အစားအသောက်
။ ။ ရှမ်းရိုးရာ အစားအသောက်။ Click here to check.

ဖျော်ဖြေရေး
။ ။ ရှမ်းရိုးရာ ယဉ်ကျေးမှု အကများ၊ ပြကွက်များ၊ ၀တ်စားဆင်ယင်မှု ဖက်ရှင်ပြပွဲများ၊ နာမည်ကြီး အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ။
Click here to check.
(Optional : ရှမ်းရိုးရာ ဓါးသိုင်းအက (အမျိုးသမီး) ကို တင်ဆက်ရန် လျာထားသည်။ အဆင်ပြေပါက အဆိုပါ ပြကွက် ပါမည်။)

လက်မှတ် တန်ဖိုး
။ ။ SGD 30, SGD 40
(နေရာကောင်းရရန် စောစောကြွပါ...။ ခုံနေရာများကို ပွဲတော်ခန်းမ Reception Counter တွင် တာဝန်ရှိသူများမှ လက်မှတ် တန်ဖိုးအလိုက် First Come First Serve စံနစ်ဖြင့် သတ်မှတ်ပေးပါလိမ့်မည်။)

လက်မှတ်များ ၀ယ်ယူရရှိနိုင်သော နေရာများ
-
၁။
mr.boyz@gmail.com သို့ အီးမေးလ်ပို့ပေးပါရန်။
၂။ ရှမ်းတောင်တန်း (ပင်နီစူလား ကုန်တိုက်)။
၃။ လွယ်ဟိန်း
(ပင်နီစူလား ကုန်တိုက်)။
၎။ သီရိမွန်
(ပင်နီစူလား ကုန်တိုက်)။
၅။ နီးစပ်ရာ ရှမ်းတိုင်းရင်းသားများ။

ဒီမှာလဲ အစီအစဉ်အသေးစိတ်ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်...။


Potential Reserved list :(လက်မှတ် ၀ယ်ယူမည့်သူများ စာရင်းများ။ လျာထားစာရင်း :D )
01. KOM + 1
02. TZA + 1 (+1 ကတော့ သိပ်မထင်) :D (ဓါတ်ပုံရိုက်ရန် အလွန်ကောင်းသော ပြကွက်နှင့် ချောမောလှပသော ရှမ်းပျိုဖြူ မော်ဒယ်များ ရှိသည်။)
03. Mi Nwe + 1
04. RedRose + 1
05. Suzu (+1 ရမလား အကြောင်းပြန်ပါ...။ ဟိ)
06. အန်တီမေ
07. Thinking Honey + 1
08. Ma Bay Dar
09. GuGu (+1 or not pls confirm :D )
10. TommyGirl +1
11. Ko Paw + Madam Paw
12. NayNayNaing
13. FreshUp
14. ကလူသစ် +1

Venue Map

Sunday, August 12, 2007

Shan New Year Celebration in Muse, Shan State, Myanmar

ရှမ်းအမျိုးသားများရဲ့ တစ်နှစ်တစ်ခါ ကျင်းပကြတဲ့ ပွဲလေးတစ်ပွဲပါ...။
ရှမ်းအမျိုးသားများရဲ့ နှစ်သစ်ကူးပွဲတော်ဟာ အများအားဖြင့် အနောက်တိုင်း ပြက်ခဒိန်တွေရဲ့ ၁၁ လ ပိုင်းနှောင်းရက်တွေမှာ ကြုံတတ်ပါတယ်...။
ရှမ်းနှစ်သစ်ကူးပွဲတိုင်းမှာ အကြောင်းမတိုက်ဆိုင်တာရယ်၊ မကြုံကြိုက်တာရယ်ကြောင့် ကျွန်တော် ပါဝင်ဆင်နွဲခွင့် မကြုံတာ များပါတယ်...။
ဒါပေမဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပခါနီးလေ သတင်းတွေ ကြားရပြီဆိုရင်ဖြင့် စိတ်လှုပ်ရှားတတ်လေ့ ရှိပါတယ်...။
အောက်က လင့်ခ်တွေကတော့ ယူကျူ့ပ်ပေါ်မှာ တင်ထားတာလေးတွေ တွေ့လို့ အမိမြေ ရှမ်းပြည်ကို သတိရစိတ်နဲ့ အမှတ်တရ ပြန်လည် တင်ပေးလိုက်ပါတယ်...။
ရှမ်းပြည် အထက်ပိုင်း (မြောက်ပိုင်းလို့ ပြောရရင် ပို အဆင်ပြေမယ် ထင်ပါ့...။)က မန်းလေးကနေ တရုတ်ပြည်ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိနေတဲ့ မူဆယ်မြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ရဲ့ တစ်စိတ်တစ်ဒေသသော ဗွီဒီယိုကလစ်များကို တင်ပြလိုက်ရပါတယ်...။ ဗွီဒီယိုတင်ပေးသူများကို အထူးကျေးဇူးတင်ရှိပါတယ်...။ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်မှာ ရှမ်းပျိုဖြူလေးများရဲ့ ရိုးရာ အကကို အောက်က ကလစ်မှာ မြင်တွေ့နိုင်ပါတယ်။

ဒီကလစ်ကတော့ ရှမ်းအဆိုတော်များ စုပေါင်းပြီး ၀ိုင်းဖွဲ့သီဆိုတားတဲ့ ရိုးရာနဲ့ ခေတ်ဟန်ရှမ်းသီချင်းကို ပေါင်းစပ် သီဆိုထားတဲ့ သီချင်းပါ...။

နှစ်သစ်ကူးပွဲတော် ကျင်းပမယ့် ကွင်းပြင်ဆီကို ကျေးရွာ ရပ်ကွက်အလိုက် ရှမ်းအမျိုးသား ကြီးကြီးငယ်ငယ်များ လာရောက်စုပေါင်းနေကြတဲ့ ကလစ် ဖြစ်ပါတယ်...။