Showing posts with label tai. Show all posts
Showing posts with label tai. Show all posts

Saturday, August 14, 2010

Forget Me Not : ယု,ပေလိုမ်း

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးလေးတော်စပ်သူ စိုင်းရီဝုန်း ရဲ့ သီချင်း တစ်ပုဒ်ပါ။
အမှတ်မမှားဘူးဆိုရင်တော့ ကျိုင်းတုံမှာ နာမည်ကြီးခဲ့တဲ့ အမျိုးသမီး အဆိုရှင် နန်းနန်း ကို သူကိုယ်တိုင် ရေးစပ်ပေးခဲ့တဲ့ သီချင်း ထင်ပါတယ်။ သီချင်းနာမည်က “မမေ့ပါနဲ့”တဲ့။
ရှမ်းလိုတော့ “ယု,ပေလိုမ်း” လို့ အမည်ရပါတယ်။
အမ်ပီသရီး သိမ်းထားတာလေး ပြန်တွေ့လို့ အစ်ကိုက ဗွီဒီယို လုပ်ထားပေးတာပါ။ ကျိုင်းတုံမြို့ရှုခင်းနဲ့ စင်ကာပူအလှတွေ ပေါင်းစပ် ထည့်သွင်းထားပါတယ်။

ယု,ပေလိုမ်း
င်္တမ်;/ရွှင့် - ယီ;ဝုင်း (င်္ဂင်းတုင်)

Sunday, August 12, 2007

Shan New Year Celebration in Muse, Shan State, Myanmar

ရှမ်းအမျိုးသားများရဲ့ တစ်နှစ်တစ်ခါ ကျင်းပကြတဲ့ ပွဲလေးတစ်ပွဲပါ...။
ရှမ်းအမျိုးသားများရဲ့ နှစ်သစ်ကူးပွဲတော်ဟာ အများအားဖြင့် အနောက်တိုင်း ပြက်ခဒိန်တွေရဲ့ ၁၁ လ ပိုင်းနှောင်းရက်တွေမှာ ကြုံတတ်ပါတယ်...။
ရှမ်းနှစ်သစ်ကူးပွဲတိုင်းမှာ အကြောင်းမတိုက်ဆိုင်တာရယ်၊ မကြုံကြိုက်တာရယ်ကြောင့် ကျွန်တော် ပါဝင်ဆင်နွဲခွင့် မကြုံတာ များပါတယ်...။
ဒါပေမဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပခါနီးလေ သတင်းတွေ ကြားရပြီဆိုရင်ဖြင့် စိတ်လှုပ်ရှားတတ်လေ့ ရှိပါတယ်...။
အောက်က လင့်ခ်တွေကတော့ ယူကျူ့ပ်ပေါ်မှာ တင်ထားတာလေးတွေ တွေ့လို့ အမိမြေ ရှမ်းပြည်ကို သတိရစိတ်နဲ့ အမှတ်တရ ပြန်လည် တင်ပေးလိုက်ပါတယ်...။
ရှမ်းပြည် အထက်ပိုင်း (မြောက်ပိုင်းလို့ ပြောရရင် ပို အဆင်ပြေမယ် ထင်ပါ့...။)က မန်းလေးကနေ တရုတ်ပြည်ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိနေတဲ့ မူဆယ်မြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ရဲ့ တစ်စိတ်တစ်ဒေသသော ဗွီဒီယိုကလစ်များကို တင်ပြလိုက်ရပါတယ်...။ ဗွီဒီယိုတင်ပေးသူများကို အထူးကျေးဇူးတင်ရှိပါတယ်...။ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်မှာ ရှမ်းပျိုဖြူလေးများရဲ့ ရိုးရာ အကကို အောက်က ကလစ်မှာ မြင်တွေ့နိုင်ပါတယ်။

ဒီကလစ်ကတော့ ရှမ်းအဆိုတော်များ စုပေါင်းပြီး ၀ိုင်းဖွဲ့သီဆိုတားတဲ့ ရိုးရာနဲ့ ခေတ်ဟန်ရှမ်းသီချင်းကို ပေါင်းစပ် သီဆိုထားတဲ့ သီချင်းပါ...။

နှစ်သစ်ကူးပွဲတော် ကျင်းပမယ့် ကွင်းပြင်ဆီကို ကျေးရွာ ရပ်ကွက်အလိုက် ရှမ်းအမျိုးသား ကြီးကြီးငယ်ငယ်များ လာရောက်စုပေါင်းနေကြတဲ့ ကလစ် ဖြစ်ပါတယ်...။