Showing posts with label dance. Show all posts
Showing posts with label dance. Show all posts

Saturday, May 2, 2009

Shan Bird Dance



Credit : fabianfred537

ရှမ်းရိုးရာလို့ဆိုလိုက်ရင် ရှမ်းအိုးစည်နဲ့ တွဲမြင်တတ်သလို နောက်တစ်မျိုးတွဲမြင်တတ်တာက ကိန္နရာ အကဖြစ်ပါတယ်။ အခု ဗွီဒီယိုထဲက အကကတော့ ရှမ်းရိုးရာ အက တစ်မျိုးဖြစ်တဲ့ ရှမ်းအမျိုးသားတို့ရဲ့ ယဉ်ကျေးမှု အမှတ်လက္ခဏာ ဖြစ်တဲ့ ရှမ်းရိုးရာ ကိန္နာရာ မောင်နှံအက ဖြစ်ပါတယ်။ အစဉ်အလာအရဆိုရင် အဖို၊ အမ မောင်နှံကရမှာ ဖြစ်ပါတယ်။ ဒီကကွက်မှာတော့ အဖိုမပါပဲ အမချည်းသာ ကသွားတဲ့ အကွက်လေးပါ။ အရင်တုန်းကတော့ ကပြသူတွေက မျက်နှာဖုံးစွပ် ကကြပါတယ်။ ကျင်းပတဲ့နေရာကတော့ ထိုင်းမြန်မာ နယ်စပ် ဖာန်ခရုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၀ါလကင်းလွှတ် သီတင်းကျွတ်ချိန်ခါများမှာ ကျင်းပကြတဲ့ ပွဲတော်တွေမှာ ဒီအကလေးတွေကို ကပြ ဖျော်ဖြေကြပါတယ်။

Thursday, December 11, 2008

Great Dancer

သူငယ်ချင်း တစ်ယောက် အီးမေးလ်ထဲက ပို့လာတဲ့ ကချေသည်မလေး တစ်ယောက် ကနေပုံလေးပါ...။
တော်တယ်နော်...။
Credit : Unknown Creator in Chain Mail

[Dancer.gif]
လှုပ်မလှုပ်တော့ မသိဘူး...။ ကျွန်တော့ဘက်ကတော့ သူ ကနေတာ မြင်နေရတယ်...။ မလှုပ်ရင် ပုံကို ကလစ်နှိပ်ပြီး ကြည့်ပါဗျာ..။

Friday, February 8, 2008

ဝခေ်းမှိုင်းတ'း (OR) Shan State Day (OR)ရှမ်းပြည်နယ်နေ့

မင်္ဂလာပါ ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းတို့ခင်ဗျာ...။
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ဟာ ၆၁ နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဖြစ်ပါတယ်...။
မြန်မာနိုင်ငံတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားများဟာ ဒီနေ့ရောက်တိုင်း ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို စဉ်ဆက်မပြတ် ကျင်းပခဲ့ကြပါတယ်...။ ရန်ကုန်မြို့မှာတော့ ၁၉၆၃ ခုနှစ်ကတည်းက စပြီး နှစ်စဉ်မပြတ် ကျင်းပခဲ့ကြတတယ်လို့ မှတ်တမ်းမှတ်ရာများအရ သိရှိရပါတယ်...။
ဒီနှစ်မှာလဲပဲ စင်ကာပူရောက် ရှမ်းညီအစ်ကို မောင်နှမများ စုစည်းပြီးတော့ ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပွဲတော်တစ်ခုကို ကျင်းပခဲ့ကြပါတယ်။
ပွဲတော် မကျင်းပခင် ၅ရက်အလိုမှာတုန်းက ရိုးရာမပျက် ရှမ်းလို "တူဂ်းသူး" မြန်မာလို "တုတ်ဆူး" ခေါ် Carol Singing သဘောမျိုး တစ်အိမ်တက်ဆင်း သီချင်းဆိုကြတဲ့ အစီအစဉ် လုပ်ခဲ့ကြပါတယ်...။
ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာတော့ East Coast မှာ BBQ အစီအစဉ်လေး လုပ်ကြပါတယ်...။ စင်ကာပူမှာ ရောက်ရှိနေတဲ့ ရှမ်းညီအစ်ကို မောင်နှမများ အားလုံးနီးပါး (တစ်ချို့ မအားလပ်လို့ မလာနိုင်တာကလွဲပြီးတော့) ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့စားသောက် တီးမှုတ် ကခုန်ခဲ့ကြပါတယ်...။
အောက်မှာတော့ ပွဲတော်ညအတွင်းက မှတ်တမ်းတင်ခဲ့တဲ့ ပုံတစ်ချို့ကို မျှဝေပေးထားတာ ဖြစ်ပါတယ်...။
ပထမဆုံးပုံကတော့ ဘာဘီကျူး ကင်နေကြတဲ့ပုံပါ...။ Let's BBQ!!!





မုးလေရှူည်း... ဂျီ,ခေိုဝ့်... ဂျီ,ခေိုဝ့်...
ကင်မယ်...စားမယ်...။ လာကြဟေ့...။



ရှူည်း... ယု,မုး ရှိမ်က၀် ခေိုဝ့်ဂ', ပွတ်းလူင်ခွင်ရှဝ်း...။ နာ့ကြက်သားတုံးကြီး လာမလုနဲ့...။ Dun dare to eye on my chicken drumlet... :D lolz....



~~၀ခေ်း....၀ခေ်းမှိုင်းတ'း... ~~ ရွှင့်ဂ၊မ်းလူည်;ဂခေ်


မုးလေ;... ရှဝ်းဂု;လမ်းဝူင်း... Let's Dance!!! တူတူကရအောင်လား...။


All the fotos and video were taken juz using Phone Camera function built-in from Sony Ericsson W960i, pls bare the quality... (မသိမသာလေးနဲ့ ဆိုနီဖုန်းကို ကပ်ကြွားသွားတာ...။) တီဇက်အေကိုတော့ သတိရမိသား...။ သူပါလာရင် သူ့အုန်းသီးနဲ့ ကောင်းကောင်းလေး ရိုက်နေမှာ...။ သူ့ဖုန်းခေါ်တော့ သူ့ရည်းစားက ကိုယ်စားဖြေ ဖြေနေတော့တာပဲ...။ လူကြီးမင်း..လူကြီးမင်းနဲ့...။ မောင်ရင် ငတ်ပေါ့ကွယ်...။

Sunday, August 12, 2007

Shan New Year Celebration in Muse, Shan State, Myanmar

ရှမ်းအမျိုးသားများရဲ့ တစ်နှစ်တစ်ခါ ကျင်းပကြတဲ့ ပွဲလေးတစ်ပွဲပါ...။
ရှမ်းအမျိုးသားများရဲ့ နှစ်သစ်ကူးပွဲတော်ဟာ အများအားဖြင့် အနောက်တိုင်း ပြက်ခဒိန်တွေရဲ့ ၁၁ လ ပိုင်းနှောင်းရက်တွေမှာ ကြုံတတ်ပါတယ်...။
ရှမ်းနှစ်သစ်ကူးပွဲတိုင်းမှာ အကြောင်းမတိုက်ဆိုင်တာရယ်၊ မကြုံကြိုက်တာရယ်ကြောင့် ကျွန်တော် ပါဝင်ဆင်နွဲခွင့် မကြုံတာ များပါတယ်...။
ဒါပေမဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပခါနီးလေ သတင်းတွေ ကြားရပြီဆိုရင်ဖြင့် စိတ်လှုပ်ရှားတတ်လေ့ ရှိပါတယ်...။
အောက်က လင့်ခ်တွေကတော့ ယူကျူ့ပ်ပေါ်မှာ တင်ထားတာလေးတွေ တွေ့လို့ အမိမြေ ရှမ်းပြည်ကို သတိရစိတ်နဲ့ အမှတ်တရ ပြန်လည် တင်ပေးလိုက်ပါတယ်...။
ရှမ်းပြည် အထက်ပိုင်း (မြောက်ပိုင်းလို့ ပြောရရင် ပို အဆင်ပြေမယ် ထင်ပါ့...။)က မန်းလေးကနေ တရုတ်ပြည်ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိနေတဲ့ မူဆယ်မြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ရဲ့ တစ်စိတ်တစ်ဒေသသော ဗွီဒီယိုကလစ်များကို တင်ပြလိုက်ရပါတယ်...။ ဗွီဒီယိုတင်ပေးသူများကို အထူးကျေးဇူးတင်ရှိပါတယ်...။ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်မှာ ရှမ်းပျိုဖြူလေးများရဲ့ ရိုးရာ အကကို အောက်က ကလစ်မှာ မြင်တွေ့နိုင်ပါတယ်။

ဒီကလစ်ကတော့ ရှမ်းအဆိုတော်များ စုပေါင်းပြီး ၀ိုင်းဖွဲ့သီဆိုတားတဲ့ ရိုးရာနဲ့ ခေတ်ဟန်ရှမ်းသီချင်းကို ပေါင်းစပ် သီဆိုထားတဲ့ သီချင်းပါ...။

နှစ်သစ်ကူးပွဲတော် ကျင်းပမယ့် ကွင်းပြင်ဆီကို ကျေးရွာ ရပ်ကွက်အလိုက် ရှမ်းအမျိုးသား ကြီးကြီးငယ်ငယ်များ လာရောက်စုပေါင်းနေကြတဲ့ ကလစ် ဖြစ်ပါတယ်...။