အသီးမှာ သရက်၊ အသားမှာ ဝက်၊ အသံမှာ စိုးစံတဲ့။
ငယ်ငယ်က ကြော်ငြာ ဖတ်ဖူးတာ။ စိုးစံတေးသံသွင်း ကြော်ငြာလေ....။
နောက်တော့ တစ်မျိုး ထပ်တိုးလာတယ်။ အရွက်မှာ လက်ဖက်ဆိုပြီး လက်ဖက်ခြောက်ရောင်းတဲ့ သူတွေ ကြော်ငြာ ပြန်ရော။
ဒီစလုံးကျွန်းရောက်ကတည်းက ဘာဘီကျူး ကောင်းကောင်းမစားရဘူး။ Seoul Garden, Han River တွေမှာ စားပြန်တော့လဲ ကိုယ်ကြိုက်တဲ့ ဝက်သားက မပါပြန်ဘူး။ ကိုယ်တိုင်လုပ်မှ စားရမဲ့ ဝက်သားကင်ပါလားလို့ သူငယ်ချင်းတစ်ယောက်ကို ညည်းပြတော့ သူက ဘူးဂစ်စ်ဆိုတဲ့ အရပ်မှာ ရှိတယ်တဲ့။ အဲဒါနဲ့ သူခေါ်ရာ လိုက်သွားတာနဲ့ စားဖြစ်လာတဲ့ပုံတွေ ပြန်တင်ပေးတာ။ ဆိုင် ဘူးဂစ်ဂျန်းရှင်း အနောက်ဘက်က လမ်းသွယ်လေးထဲမှာ။ Beach Hotel နားက Beach Road ပေါ်မှာ ရှိတယ်။ ဘူဖေးဘာဘီကျူး တစ်ယောက် ၁၈ ကျပ်တဲ့။ ကောင်းတယ်။ အစုံပဲ။ အရသာထဲမှာ ဆိုးလ်ဂါးဒန်းက အကောင်းဆုံးပဲ။

လမ်းညွှန်ပေးရမယ်ဆိုရင်တော့ ပထမ ဘူးဂစ်ဘူတာမှာ ဆင်းပါ။ ညာဘက်ကနေ ထွက်လိုက်ပါ။ ဘူးဂစ်ဂျန်းရှင်းကုန်တိုက်ကို တက်သွားပါ။ ရုပ်ရှင်ရုံ ရှိတဲ့ဘက် ရောက်ရင် ညာဘက် ကွေ့ပြီး ကုန်တိုက် အပြင်ကိုထွက်လိုက်ပါ။ အောက်က ကာရာအိုကေဆိုင်ကို တွေ့ရင် အသင် လမ်းမှန်ပေါ်ကို ရောက်နေပါပြီ။

ဒါဆိုရင် အဲဒီဘေးက လမ်းသွယ်လေးကို လမ်းသွယ် (၁)လို့ သတ်မှတ်ကြစို့။ လမ်းသွယ် (၁)ထဲကို ဝင်နေပြီလား...။ ဟိုးထား....။ အဲဒီလမ်းမဟုတ်ဘူး...။ ညာဘက်ကို ဆက်လျှောက်မယ်။ လမ်းသွယ် (၂) ကို ရောက်မယ်။ ဒါဆို အဲဒီ လမ်းထဲ ချိုးလိုက်ပါ။ လမ်းသွယ်လေးအတိုင်း ကမ်းနားဘက်ကို တည့်တည့် လျှောက်လာပါ။ အောက်က ဆိုင်လေးက လမ်းရဲ့ အဆုံး ဘယ်ဘက်ထောင့်မှာ ရှိပါတယ်။ ကျူဝင်စီနေလိုက်ပါ။

ကဲ.. အပြောလေးတွေ လျှော့ပြီး အလုပ်တွေနဲ့ သက်သေပြမယ်။ ရှိသမျှ အသားတွေ အကုန် သယ်လာခဲ့တယ်။ ဝက်၊ အမဲ၊ ဆိတ်၊ ကလီစာ၊ ခရု၊ ဂုံး၊ ကမာ၊ ပုဇွန် ကိုယ်ကြိုက်တာ ယူကင်စားပေတော့ကွယ်။ Happy Deepavali...





ဓါတ်ပုံတွေက ဆိုနီဖုန်းကင်မရာလေးနဲ့ ရိုက်တာမို့ ကြည်လင်ပြတ်သားမှု မရှိက ခွင့်လွှတ်ပါရန်။
ခေါင်းစဉ်ကတော့ မောင်တီဇက်အေဆီက စတိုင်ခိုးချတာ။ သူက "C"တွေနဲ့ ဓါတ်ကျနေတယ်။ ကိုယ်က Boyz ဆိုတော့ B နဲ့ ဈေးဦးဖောက်လိုက်တယ်။ အေးရော။
Update : How to get there
1. First Go to Bugsin Junction. (Point A) 2. From Victoria Street, turn to right go to North Bridge Street.
3. Go along the North Bridge, you will find the first lane "Tan Quee Lan Street". Karaoke building is at that corner.
4. Do not turn to that lane and walk until you see the Liang Seah Street.
5. ok. now you turn into the lane called Liang Seah Street. Walk until the end of the road.
6. You will find that shop at the corner. Shop name written only in chinese character.
(Pictur attached)
