မခိုင်သင်းသင်း ပိုင်ဆိုင်သော
၁။ POSB Bank Card
၂။ S-Pass Card
ကောက်ရထားပါသည်။
ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထား (ပါတ်စ်ပို့တ်၊ ကျောင်းသားကဒ် အစရှိသည်) နှင့် အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်၍ သွားရောက်ထုတ်ယူနိုင်ပါသည်။
မိုဘိုင်း - ၈၃၅၀ ၄၉၅၈
(ကောက်ရသူအား မုန့်ကျွေးပါလေ။ ဘလော့ပိုင်ရှင်ကို ကျွေးချင်သည် ဆိုပါက လူ့ကျင့်ဝတ်နီတိအရ ဖိတ်ခေါ်ချက်ကို မငြင်းဆန်သင့်သဖြင့် အားနာစွာ လိုက်လျောပါမည်။)
Monday, October 19, 2009
Lost & Found
ရေးသားသူ
Ko Boyz
at
3:08 PM
2
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Miscellaneous
Sunday, October 18, 2009
အဆိုတော်တစ်ယောက် ပြောပြဖူးတဲ့ ဟာသတစ်ပုဒ်
စင်ကာပူမှာ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပတော့ မြန်မာပြည်က အဆိုတော်ကို ဖိတ်ခေါ်တယ်။ အဲဒီ အဆိုတော်က သီချင်းလာရောက် ဖျော်ဖြေရင်းနဲ့ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကြား အတီးသမားတွေ ခဏအနားရနိုင်ဖို့ အရွှန်းဖောက်တဲ့ လူကြီး ဟာသပါ။ အသက်၁၈ နှစ်နဲ့ အထက် လူကြီးများအတွက်သာ ဖြစ်တဲ့ အတွက် မိမိကိုယ်ကို လူကြီးလို့ သတ်မှတ်သူများ အောက်က စာတွေကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးသူ ညီငယ် ညီမငယ်များ ဒီပို့စ်ကို မဖတ်ပါနဲ့။ (မဖတ်နဲ့ဆိုပေမယ့် ခိုးဖတ်မယ်ဆိုတာ ကြိုသိနေတယ်။)
တစ်ခါကပေါ့။ ဘတ်စ်ကားပေါ်မှာ တစ်နှစ်သားအရွယ် နို့မပြတ်သေးတဲ့ ကလေးလေးနဲ့ သူ့အမေတို့ ပါလာသတဲ့။ ကလေးကို နို့တိုက်ချိန်ရောက်တော့ အမေက ကလေးကို နို့တိုက်တာမှာ ကလေးက ဂျီကျပြီး မသောက်ပဲ နေတော့ အမေက စိတ်တိုပြီး ကလေးကို “နို့စို့မလား မစို့ဘူးလား။ မစို့ရင် ကုလားကြီးကို တိုက်လိုက်မှာနော် ” ဆိုပြီး ပြောသတဲ့။ ကလေးက မစို့ဘူးတဲ့။ အမေက ကလေး မဆာသေးလို့ နေမှာ တွေးမိပြီး ခဏ နေလိုက်သတဲ့။ နောက်တစ်အောင့်လောက်ကြာတော့ ကလေး နို့တိုက်ချိန် ကျော်လာတာ သတိပြုမိတော့ ကလေးကို နို့တိုက်မယ် ပြင်သတဲ့။ ကလေးကလဲ မသောက်ချင်ပဲ ဂျီကျပြန်သတဲ့။ အမေကလဲ ရှေးနည်းတူ “သား မစို့ရင် ကုလားကြီးကို တိုက်လိုက်မှာနော်” လို့ ပြောပြန်သတဲ့။ ကလေးကလဲ မစို့ချင်လို့ ငိုသတဲ့။ အမေကလဲ လက်လျှော့ရပြန်သတဲ့။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရှေ့က ကုလားကြီးက ပြောလိုက်သတဲ့။ “အစ်မဂျီးနော်။ အစ်မဂျီး ကလေးကို ပြတ်ပြတ်သားသားမေးပါနော်။ ကုလားနော် စောင့်နေတာ ဆင်းရမယ့် မှတ်တိုင် ၃ မှတ်တိုင်တောင် ကျော်လာပြီတဲ့”။
မရယ်ရရင် ကျွန်တော် တင်ပြပုံ ညံ့ဖျင်းလို့ လို့ပဲ မှတ်ယူပါ။ အဆိုတော် ပြက်လုံးထုတ်တုန်းကဆို ပိတ်သတ်တွေ ပွဲကျလိုက်တာ ပတ်တုတ်လို့ တောင် မနိုင်ဘူး။ (သူက ကုလားအမူအရာ ဟန်ပန်လေသံနဲ့ လေယူလေသိမ်းပါ လုပ်ပြတာ။)
Discrimination ဘာညာ မရှိပါ။ ဟာသ တစ်ပုဒ်ကို မျှဝေခြင်း ဖြစ်ပါတယ်။
ရေးသားသူ
Ko Boyz
at
11:49 PM
25
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Joke
"B" for Beach a.k.a ဝက်သားတုတ်ထိုး ပါတီ
ဒီလိုညလေး ပြန်ကြုံချင်သေးတယ်။ ကျေးဇူး ကိုဟိုးမား
မုဒိတာပွားလို့ရအောင် ဖုန်းကင်မရာလေးနဲ့ ရိုက်လာတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဝါးတား မှုန်တုန် မကြည်လင် မပြတ်သားမှုများကို ဖယ်ပြီး ကြည့်လိုက်ရင် ဝက်သားတုတ်ထိုးဆိုတာ တွေ့ပါလိမ့်မယ်။
ကိုယ်ကြိုက်တဲ့ Angle ကနေ ကြည့်ချင်ရင် ကြည့်နိုင်အောင် Direct cut အနေနဲ့ ရှုထောင့်စုံစုံကနေ တင်ပြလိုက်ပါတယ်။
ရေးသားသူ
Ko Boyz
at
12:41 PM
8
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Food
"B" for Barbecue
အသီးမှာ သရက်၊ အသားမှာ ဝက်၊ အသံမှာ စိုးစံတဲ့။
ငယ်ငယ်က ကြော်ငြာ ဖတ်ဖူးတာ။ စိုးစံတေးသံသွင်း ကြော်ငြာလေ....။
နောက်တော့ တစ်မျိုး ထပ်တိုးလာတယ်။ အရွက်မှာ လက်ဖက်ဆိုပြီး လက်ဖက်ခြောက်ရောင်းတဲ့ သူတွေ ကြော်ငြာ ပြန်ရော။
ဓါတ်ပုံတွေက ဆိုနီဖုန်းကင်မရာလေးနဲ့ ရိုက်တာမို့ ကြည်လင်ပြတ်သားမှု မရှိက ခွင့်လွှတ်ပါရန်။
ခေါင်းစဉ်ကတော့ မောင်တီဇက်အေဆီက စတိုင်ခိုးချတာ။ သူက "C"တွေနဲ့ ဓါတ်ကျနေတယ်။ ကိုယ်က Boyz ဆိုတော့ B နဲ့ ဈေးဦးဖောက်လိုက်တယ်။ အေးရော။
Update : How to get there
1. First Go to Bugsin Junction. (Point A) 2. From Victoria Street, turn to right go to North Bridge Street.
3. Go along the North Bridge, you will find the first lane "Tan Quee Lan Street". Karaoke building is at that corner.
4. Do not turn to that lane and walk until you see the Liang Seah Street.
5. ok. now you turn into the lane called Liang Seah Street. Walk until the end of the road.
6. You will find that shop at the corner. Shop name written only in chinese character.
ရေးသားသူ
Ko Boyz
at
1:36 AM
12
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Food
Saturday, October 17, 2009
ကြက်သား ထောပတ်ထမင်း
ဒီမနက် ကြက်သား ထောပတ်ထမင်း စားဖြစ်တယ်။ မစားဖြစ်တာ ကြာလို့လား မသိဘူး။ စားကောင်းကောင်းနဲ့ စားလိုက်တာ နှစ်ပန်းကန်တောင် ကုန်တယ်...။ လောလောဆယ် ဗိုက်ကြီးက တင်းကားနေတော့ အိပ်ချင်နေတယ်။
ကြက်သားကို ရှယ်နူးနေအောင် ချက်ထားတယ်။ အနှစ်များများ ပါတယ်။
ထောပတ်ထမင်းက ဆန်ခြင်ထည့်တာ နည်းနည်းများသွားလို့ မနပ်တာနဲ့ နှစ်အိုးခွဲထည့်လိုက်တယ်။ ဖာလာစေ့တွေ ၊ အမွှေးအကြိုင်တွေ၊ အခေါက်တွေ၊ သပျစ်သီး ခြောက်တွေ ပါတယ်။ ကြက်သွန်ဥ ဥသေးလေးတွေ အလုံးလိုက် မြုပ်ပြီး ချက်တယ်။
ကြက်ခြေထောက်နဲ့ ရင်ပုံနားက အရိုးကိုကျတော့ ခုတ်ထစ်ပြီး ဟင်းရည်လုပ်လိုက်တယ်။
အအီပြေ သရက်သီးသနပ်လေး ရှိတယ်။ ကြက်သွန်နီကို အချဉ်ရည်ဆမ်းပြီး ငြုပ်သီး ပါးပါးလှီးထည့်ထားတဲ့ အချဉ်လဲ ရှိတယ်။
လောလောဆယ်တော့ ကမ္ဘ့ာအလေးဆုံး အရာကို ထမ်းထားရတယ်။
ရေးသားသူ
Ko Boyz
at
3:22 PM
9
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Food
Picture = Thousands Words
ကျွန်တော် သုံးနေတာ WalkMan Series လေ။
အလုပ်ပြီးမြောက်ဖို့က အဓိက။ ရေကူးကန်ထဲကို လှေကားချမရလဲ ရတာနဲ့ ဆေးသတ်မှာပဲ။ သေချာဆွဲထားကြ။
ယခုလအတွက် ပရိုမိုးရှင်း = ဓါတ်ဆီခွဲတမ်း မပေးပါ။
နောက်ထိုင်ကယ်ရီယာ မပါတဲ့ ဘီးကိုစီးမိရင် ဒီလိုပဲ ဖြစ်မှာပေါ့။
ဆွဲ..ဆရာရေ့ အတွယ်အတာတွေ များနေပြီ။ (လေးတောင် ကျိုးနေပြီလား မသိ။)
ကျွန်တော်တို့ရဲ့ ဆီစားသက်သာတဲ့ ပို့ဆောင်ရေး လုပ်ငန်းတစ်ခုပါ။
အနည်းဆုံးတော့ သတိထားမိပြီး ကားအရှိန်နှေးသွားမှာပဲ။
ပြည်သူတွေအတွက် အလင်းရောင် ပေးစွမ်းနိုင်ရေးက အရေးကြီးတယ်။
ရေပူရေပေး စံနစ်တပ်ထားပေးပါတယ်။ ဉာဏ်ရှိသလိုသာ သုံးပါလေ။
အရေးပေါ် လူနာတင်ယာဉ် ဖြစ်ပါတယ်။
ဆိုင်မဖွင့်ရခြင်း အကြောင်းရင်း။
အီးမေလ်းထဲမှ ရရှိလာသော အချက်အလက်များကို ဝေငှခြင်း ဖြစ်ပါသည်။
ရေးသားသူ
Ko Boyz
at
3:27 AM
8
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Joke
Monday, October 12, 2009
Lost & Found
အီးမေးလ်နဲ့ ဖုန်းထဲကို ရောက်လာတဲ့ မက်ဆေ့ခ်ျတစ်ခုပါ။
Pandavacara ဆိုတဲ့ ပုဂ္ဂိုလ်က မြန်မာပတ်စ်ပို့ စာအုပ် တစ်အုပ် ကောက်ရထားပါတယ်တဲ့။ (ဘယ်လိုနာမည်ကြီးပါလိမ့်။)
ပိုင်ရှင်အစစ်အမှန်ကို တွေ့မိရင် အောက်က လိပ်စာအတိုင်း ပြန်ဆက်သွယ်ပေးပါ။
မြန်မာပတ်စ်ပို့ ဆိုတာ ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးမားဆုံးပဲ။
ပိုင်ရှင်တော့ မတွေ့မချင်း အတော်ကို စိတ်လေနေလိမ့်မယ်။
Pandavacara: Please be informed that i've got one Myanmar passport under name by Mr Win Swe Myint who is holding passport no 243641 .
Kindly pass this massage to all your kindness friends . Contact us @ 81802985. or 9734 1415
ရေးသားသူ
Ko Boyz
at
9:41 AM
4
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Miscellaneous
