Tuesday, August 21, 2007

Let's Walk Till Journey Ends

အခုလတ်တလော ရင်ကို လာမှန်တဲ့ သီချင်းတစ်ပုဒ်ပါ...။
လေးဖြူရဲ့ "ခဏလေးများ" စီးရီးစ်ထဲက ဖြစ်ပြီး
သီချင်းခေါင်းစဉ်ကတော့ "ခရီးများ အဆုံးထိလျှောက်" ပါ။

တေးသွားနဲ့ စာသားကို လင်းလင်းက ရေးစပ်ထားပြီး အဆိုပိုင်းကိုတော့ ရော့ခ်သူရဲကောင်းကြီး လေးဖြူက သီဆိုထားပါတယ်။
ရင်ဘတ်ကြီးနဲ့ ခံစားကြည့်လိုက်ကြပါစို့...။


"ခရီးများ အဆုံးထိလျှောက်"

မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့
ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့
ခံစားချက်တူညီ
ရှိခဲ့တဲ့နောက်...။
မင်းရဲ့အတွေးများနဲ့
ငါ့ရဲ့ အတွေးများနဲ့
အနာဂတ်သစ် တူညီ
ထားခဲ့တဲ့နောက်တော့...။
ခမ်းနားခြင်း ကင်းမဲ့
အရိုးသားဆုံး ခရီးတစ်ခု
ငါတို့နှစ်ယောက် ကိုယ်တိုင်
ရွေးထားခဲ့ပြီး...။
သဘောထားများ အပြည့်နဲ့
ဆူးလမ်းများနင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ်
ခရီးများဆုံးအထိလျှောက်
(အဆိုးများကြုံကြိုက်တုန်းမှာ
ဒုက်ခတွေဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများ အဆုံးထိလျှောက်

လက်တွေ့ဟာ ရင်ဘတ်မှာ
လမ်းဆုံးဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများအဆုံးထိလျှောက်...။)
အားဟာ...
ခရီးများအဆုံးထိလျှောက်...။
အူးဟူ...
ခရီးများအဆုံးထိလျှောက်...။


Credit to Lynn Lynn, Lay Phyu

2 comments:

  1. link နှိပ်တာ ဘယ်ရောက်သွားတယ် မသိ

    ReplyDelete
  2. အာ... သီချင်းဖိုင်ကို နှိပ်တာ သီချင်းဖိုင်ရှိတဲ့ နေရာကို ရောက်မှာပေါ့။ ဒွတ်ခ

    ReplyDelete