Tuesday, August 18, 2009

ကမ္ဘာတစ်လွှား သတင်းတိုထွာများ News In Brief (180809)

- ဂျော်ဂျီယာမှာ ရဲတစ်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ်ကျခံစေဖို့ အမိန့်ချထားခြင်း ခံနေရတဲ့ အမေရိကန်နိုင်ငံသားကို စစ်ဆေးကြားနာမှု အသစ် စတင်ရန် အဆင့်မြင့် တရားရုံးက ထပ်မံ အမိန့်ချမှတ်လိုက်တယ်။
- ပျောက်ဆုံးနေတဲ့ ရုရှားကုန်တင်သဘောင်္ကို ဗာဒီအငူကျွန်းစုနားမှာ သဘောင်္သား ၁၅ ယောက်နဲ့အတူ ပြန်လည် ရှာဖွေတွေ့ရှိပြီလို့ ဆိုပါတယ်။
- ရုရှားတောင်ပိုင်းက ရဲဌာနတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ လူပေါင်း၂၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရသွားပါတယ်။
- စုံစမ်းစစ်ဆေးမှုများအရ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ဖြစ်တဲ့ ရေအားလျှပ်စစ်သုံး ဓါတ်အားပေးစက်ရုံပေါက်ကွဲမှုမှာ ဝန်ထမ်း ၈ ယောက် သေဆုံးပြီး ၅၄ ယောက် ပျောက်ဆုံးနေတယ်လို့ သတင်းရရှိပါတယ်။
- လူပေါင်းမြောက်များစွာ သေကျေဒဏ်ရာရတဲ့ ကူဝိတ်မင်္ဂလာဆောင်တစ်ခုရဲ့ လက်သည်ဟာ သတိုးသားရဲ့ ဇနီးဟောင်း ဖြစ်တယ်လို့ ကိုယ်တိုင် ခံဝန်ချက်ထွက်ဆိုမှုများအရ သိရပါတယ်။
- အီရတ်နိုင်ငံမှာ လိင်တူဆက်ဆံသူများကို ရဲနဲ့ ပူးပေါင်းပြီး လုပ်ကြံသတ်ဖြတ်မှုများ ရှိလာတယ်လို့ လူ့အခွင့်အရေး အဖွဲ့က စိုးရိမ်စွာနဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
- နယူးဇီလန်က သူခိုးတစ်ယောက်ဟာ သူ့ရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို အခင်းဖြစ်ပွားရာ နေရာမှာ သဲလွန်စချန်ထားခဲ့တယ်လို့ အံ့အားသင့်နေတဲ့ ရဲစုံထောက်များက ပြောကြားပါတယ်။
- ဝါရှင်တန် ဒီစီမှာသုံးစွဲနေတဲ့ ဒေါ်လာငွေစက္ကူများရဲ့ ၉၅% ဟာ ကိုကိန်းဓါတ်များနဲ့ ထိတွေ့ထားခံရတယ်လို့ စစ်တမ်းတစ်ခုက တွေ့နေရပါတယ်။
- တရုတ်ပြည် အလယ်ပိုင်း ရှန်စီးပြည်နယ်မှာ ကလေးပေါင်း ၆၀၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွားနေပါတယ်။ အစိုးရ အရာရှိများက ခဲသတ္တု သန့်စင်အရည်ကျိုတဲ့ စက်ရုံကို အပြစ်တင်နေပါတယ်။
- ဝှိုက်ဟာ့လိန်းမှာ ကျင်းပခဲ့တဲ့ လီဗာပူး-စပါး ဘောလုံးပွဲမှာ ဘက်ဆောင်တစ်ယောက် နာမည်ကြီးသွားပါတယ်။ လီဗာပူးက ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
- အာဖဂန်နစ္စတန်မှာ လူအများကန့်ကွက်လျက် ရှိတဲ့ ဥပေဒ တစ်ခုကို အတည်ပြုလိုက်ပါတယ်။ အဆိုပါ ဥပဒေမှာ မိမိခင်ပွန်းနဲ့ လိင်ဆက်ဆံဖို့ ငြင်းဆန်တဲ့ ဇနီးကို အစာမကျွေးပဲ အငတ်ထားနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။
- ရုရှားနိုင်ငံက လေကြောင်းသရုပ်ပြပွဲတစ်ခုမှာ ဂျက်လေယာဉ်အချင်းချင်း တိုက်မိမှုကြောင့် ပိုင်းလော့ တစ်ဦး သေဆုံးပြီး မြေပြင်ပေါ်က ၅ ယောက် ဒဏ်ရာရသွားပါတယ်။
- ဒုတိယ သုံးလပတ် ကာလမှာ ဂျပန်စီးပွားရေး စတင်ပြန်လည် ဦးမော့ လာပါပြီ။ စီးပွားပျက်ကပ်ကနေ လွှတ်မြောက်လာတဲ့ အခြေအနေလို့ စီးပွားရေး ပညာရှင်များက သုံးသပ်နေပါတယ်။
- နိုင်ဂျီးရီးယူးနိုင်ငံ အနောက်မြောက်ပိုင်းက ဗလီတစ်ခုကို ရဲများက ဝင်ရောက်စီးနင်းရာမှာ မူဆလင် ဘာသာဝင်ပေါင်း ၆၀၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။
- ၂၀၀၁ ခုနှစ်နောက်ပိုင်း တပ်စွဲမှုမှာ အခုအချိန်ထိ ဗြိတိန်တပ်သားများ တာဝန်ထမ်းဆောင်ရင် သေဆုံးမှုဟာ ၂၀၁ ယောက်ထိ ထိုးတက်သွားပါတယ်။
- လွန်ခဲ့သော ဆယ်နှစ်ကျော်က မိုင်းဗုံးနင်းမိမှုကြောင် ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ ထိုင်းနိုင်ငံက ဆင်တစ်ကောင်ဟာ ယခုအခါ ခြေထောက်တု အသစ်နဲ့ ပြန်လည် လမ်းလျှောက်နိုင်ပြီလို့ ဆိုပါတယ်။
- အွန်လိုင်း ဝဘ်ဆိုဒ်ပေါ်မှာ တည်းခိုခကို မှားယွင်းကြော်ငြာ တင်မိတဲ့ ဗင်းနစ်က ဟော်တယ်တစ်ခုဟာ အဆိုပါ အမှားအယွင်းကို လက်ခံပြီး ကြိုတင်အွန်လိုင်း ဘွတ်ကင်တင်သူများကို အရှုံးခံဝန်ဆောင်မှု ပေးသွားမယ်လို့ ဂတိပြု ပြောကြားသွားပါတယ်။ ယူရို ၁၅၀ တင်ရမှာကို တစ်ညကို တစ်ဆင့်ထဲသာ ပေးဆောင်ရမယ်ဆိုပြီး မှားယွင်း ကြော်ငြာမိတဲ့အတွက် ဖြစ်ပါတယ်။
- အာရှဖလား ဘတ်စကက်ဘောပြိုင်ပွဲ ယမန်နှစ်ချန်ပံယံ အီရန်က ပြိုင်ဖက် တရုတ်ကို ၇၂-၅၀ နဲ့ အနိုင်ရသွားပါတယ်။
- အိုးလ်ထရက်ဖို့ဒ်မှာ ယဉ်ပြိုင်ကစားသွားတဲ့ မန်ယူ-ဘာမင်ဂန်စီးတီး ဘောလုံးပြိုင်ပွဲမှာ ရူနီ ကန်သွင်းလိုက်တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ မန်ယူက အနိုင်ရရှိသွားပါတယ်။
- လူမျိုးရေး အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။
- အပူပိုင်းမုန်တိုင်းတစ်ခုဟာ ဖလော်ရီဒါပြည်နယ်ကို ဦးတည်နေတယ်လို့ မိုးလေဝသ သတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။
- နာမည်ကြီး ဘောလိဝုဒ် သရုပ်ဆောင် ရှားရွတ်ခန်းကို အမေရိကန် လူဝင်မှု ကြီးကြပ်ရေး အရာရှိများက လေဆိပ်မှာ တစ်နာရီကျော် ကြာအောင် စစ်ဆေးမေးမြန်းမှုကြောင့် အိန္ဒိယပြည်သူများက အမျက်ဒေါသ ထွက်နေကြပါတယ်။
- ဂျပန်အခြေစိုက် ဆိုနီကုမ္ပဏီဟာ ဆိုနီအဲရစ်ဆန် ကုမ္ပဏီမှာ ရှယ်ယာအများစုကို ထပ်မံ ဝယ်ယူပြီးနောက်ပိုင်းမှာ ထိပ်ပိုင်းဆိုင်ရာ အရာရှိများ အပြောင်းအလဲကို ပြုပြင်ဖြည့်တင်း လိုက်ပါတယ်။
- တရုတ်နိုင်ငံက အံ့ဖွယ် အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ ဆံပင်နဲ့ ကားပေါင်း ၆စီးတိတိကို ကီလိုမီတာ ၅၀ အကွာအဝေးအထိ ဆွဲနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်ကို ပြသသွားပါတယ်။
- အစိုးရပိုင် သံမဏိစက်ရုံမှ လုပ်သားများဟာ အုပ်ချုပ်ရေးပိုင်းမှ ခေါင်းဆောင်များကို ဓါးစာခံအဖြစ် ဖမ်းဆီးဆန္ဒပြခဲ့တဲ့အတွက် အဆိုပါ စက်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး တရုတ်အရာရှိများရဲ့ အစီအစဉ် ခေတ္တ ရပ်ဆိုင်းထားပါတယ်။
- တရုတ်ပြည်ဟာ အင်တာနက် ထိန်းချုပ်ရေးစီမံချက် တစ်ခုဖြစ်တဲ့ ပီစီ ကွန်ပြူတာများမှာ ထုတ်လုပ်သူများက ဖီလ်တာ ဆော့ဖ်ဝဲများ မဖြစ်မနေ ထည့်သွင်းစေမှုကို တန်ပြန်အနေနဲ့ အမေရိကန်က အဆိုပါဆော့ဖ်ဝဲကို ကျော်လွားနိုင်တဲ့ နည်းပညာများ တီထွင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
- ရစ်ခ်ျတာစကေး ၆.၉ နီးပါး ရှိတဲ့ ဆူမားတြား ငလျင်တစ်ခုမှာ လူ ပေါင်း ၇ ယောက် ဒဏ်ရာရသွားတယ်လို့ သတင်းရရှိပါတယ်။

ဤတွင် ယနေ့အတွက် သတင်းများကို ကြေငြာလို့ ပြီးပါပြီ။

15 comments:

  1. ကမ္ဘာတစ်လွှားသတင်းတွေမှာ မြန်မာပြည်အကြောင်း တခါမှ မပါဘူးနော်..
    မြန်မာက ကမ္ဘာမှာမပါလို့လား..ဒါမှမဟုတ် သတင်းမရှိလို့များလား..

    သတင်းအကျဉ်းတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်..
    တချို့ဟာတွေကိုတော့ အကျဉ်းဖြစ်နေလို့ မရှင်းဘူး..ဘေးမှာလင့်လေးပါရင်တော့ အကျယ်ကို ကိုယ့်ဘာသာ သွားဖတ်လို့ရမယ်..။

    (အဆင်ပြေမယ်ဆိုရင်ပေါ့.. ပြောကြည့်တာပါ..အကျဉ်းပြောပြတာတောင် ကျေးဇူးတင်ဖို့ကောင်းနေပြီ )

    ReplyDelete
  2. - အဲဒီလင့်ခ်တွေ ထည့်ဖို့က သတင်းဆိုဒ်တွေကို လိုက်ဖွင့်နေရလို့ မထည့်ဖြစ်တာပါ။
    - အရင်က တော့ ထည့်ပေးဖူးပါတယ်။
    - အခုက ညက အွန်လိုင်းဖတ်ဖြစ်တဲ့ သတင်းတွေကို ဖုန်းထဲကို သတင်းအကျဉ်းအနေနဲ့ ဆွဲချလိုက်ပြီး ပြန်တင်ပေးလိုက်တာပါ။
    - သတင်းအကျဉ်းဆိုတိုင်း ဒီအတိုင်း တိုက်ရိုက်မရေးပဲနဲ့ သူနဲ့ သက်ဆိုင်ရာ သတင်းကို အရင် ဖတ်ပြီးမှ scope တစ်ခုလုံးကို သေချာဆန်းစစ်ပါတယ်။
    - နောက်နောင်ကို နည်းနည်းအကျယ်ချဲ့ပေးပါ့မယ်။
    - လင့်ခ်ထည့်ဖို့က နည်းနည်း အလုပ်ရှုပ်လို့ မထည့်ဖြစ်တော့တာပါ။ အရင်က ထည့်ပေးဖူးပါတယ်။

    လာဖတ်တဲ့ အတွက် ကျေးဇူးပါ။
    သတင်းတွေချည်းဆိုတော့ လူသိပ်မကြိုက်ဘူး ထင်နေတာ တစ်ယောက်တော့ အနည်းဆုံး စာဖတ်သူ ရှိနေတယ်ဆိုတာ သိရလို့ တင်ရကျိုးနပ်သလို ရေးရတာလဲ morality မြှင့်ပါတယ်။

    (ငတို့ မြိုးများလား မသိဘူး...။ တစ်ခါမှ အကောင်းမရေဘူးတဲ့သူက ကောင်းကောင်းကန်းကန်း လာရေးနေတယ်။ မဟုတ်ရင်တော့ ဆောဒီးပါနော်..။)

    ReplyDelete
  3. ထပ်ဖြည့်။ ။ မြန်မာ့အလင်းတို့ ၊ ကြေးမုံတို့မှာ ကမ္ဘာ့သတင်း ကဏ္ဍမှာ မြန်မာသတင်းများကို ထည့်လေ့ မရှိပါဘူး။ ဘလော့လာဖတ်သူများကတော့ မြန်မာအများစု ဖြစ်နေသလို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းများကိုလဲ ကိုယ့်နီးစပ်ရာတွေက တစ်ဆင့် သိနေပြီးသား ဖြစ်နေတော့ အထူးတလည် အားစိုက်စရာ မလိုပဲ သိနေကြပါတယ်။ ဒါ့ကြောင့် လစ်ဟာနေတဲ့ ကမ္ဘာ့သတင်းများ နေရာကို တတ်နိုင်သလောက် ဖြည့်တင်းပေးတဲ့ သဘောပါ...။

    ReplyDelete
  4. ရှိပါတယ် လာဖတ်တဲ့အထဲမှာ ပီအိုက်ကလည်း ပြောတော့မယ်
    ရေးသာေ၇း လာဖတ် မယ် ကိုယ်ရေးရတာလည်းမဟုတ်ဘူး
    မျက်စိလေး အညောင်းခံပြီးဖတ်ရတာများ ဖတ်တယ် ဖတ်တယ်

    ReplyDelete
  5. ကိုဘတင်တဲ့ပို့စ်တွေမှာ ဒီသတင်းပို့စ်တွေကို ကြိုက်လို့မလွတ်တမ်းဖတ်ပြီးအားပေးနေကြပါနော်....

    ReplyDelete
  6. ဒီဘလော့မှာ အကြိုက်ဆုံးက News Around The World ပါ ။ ဆက်တင်ပါ ။ အားပေးနေပါတယ် ။

    ReplyDelete
  7. ခုလိုကမ္ဘာတလွှားသတင်းများကို စီစဉ်တင်ဆက်ပေးနေတဲ့ နှလုံးသားရပ်ဝန်းမှ ကိုဘွိုဇ်းကို အထူးကျေးဇူးတင်ပါတယ်ရှင် (ဟင် ဒီနေ့ ကိုဘကအရင် ကြေငြာလို့ ပြီးကြောင်းရေးသွားပြီ) ဖတ်ရတဲ့သတင်းများကို သုံးသပ်ကြည့်ခြင်းအားဖြင့် မြန်မာမှာ လူဖြစ်ရတာကို ဂုဏ်ယူသွားပါသည်

    ReplyDelete
  8. အမြဲဖတ်ဖြစ်ပါတယ်...comment သာမပေးဖြစ်တာပါ...
    ဆက်တင်ပေးပါ...ကျေးဇူးတင်ပါတယ်
    အားပေးလျက်

    Good day!

    ReplyDelete
  9. အားပေးသူ တစ်ယောက်မက ရှိပါတယ်။ ဆက်ရေးပါ။

    ReplyDelete
  10. အားရှိသွားပြီ။ နောင်ကို အလျဉ်းသင့်သလို တင်သွားပေးပါမယ်။

    ReplyDelete
  11. ဘာအားဆေးသောက်လဲဟင် ကိုဘ

    ReplyDelete
  12. တို့လဲ လာဖတ်ပါတယ် ကိုဘရဲ့ အားပေးပါတယ် ။ ရေးသာရေးးးး
    ( ကိုယ်မှမရေးနိုင် မဖတ်နိုင်တာကိုးး )

    ReplyDelete
  13. အစ်မကြီး လာဖတ်သေးသကိုး။ မလာဘူး ထင်နေတာ။ ကျေးဇူးပါဗျ...။

    ReplyDelete
  14. ကိုကြီး သတင်းစုံလာဖတ်တယ်နော် နေ့တိုင်းရောက်ပါတယ် သတင်းရှိမရှိစစ်ကြည့်တာလေ အဟဲ ကျေးဇူးလည်းတင်ပါတယ်။ မေလေးက အဲလောက် နားမလည်ဘူးလေ ဗြိတိသျှလိုပေါ့ ။ ခု ဒီမှာဖတ်ရ အဆင်ပြေသွားရော

    ReplyDelete
  15. ဝက်ဝက်ကွဲ အားပေးနေပါ၏ .။

    ReplyDelete