Thursday, February 25, 2010

iPhone Trick for Un-JailBreaked

လူသုံးများနေတဲ့ အိုင်ဖုန်းကို နည်းနည်း နားလှည့်ပါးလှည့်ရိုက်တဲ့နည်းလေး ပြောပြချင်ပါတယ်။
အခု ကျွန်တော်ပြောပြမှာက အချုပ်မဖောက်ရသေးတဲ့ အိုင်ဖုန်း (Un-Jailed-Break iPhone 3GS) များအတွက် ဖြစ်ပါတယ်။

အိုင်ဖုန်းမှာ Apps များကို သိုလှောင်ဖို့ စာမျက်နှာပေါင်း ၁၁ မျက်နှာပါဝင်ပါတယ်။ စာမျက်နှာတစ်ခုမှာ Apps ပေါင်း ၁၆ ခု ကို သိမ်းဆည်း ပေးနိုင်ပါတယ်။ စာမျက်နှာ ၁၁ မျက်နှာကို Apps ပေါင်း ၁၇၆ ခု တင်ထား ပေးနိုင်ပါတယ်။ ဒါကတော့ Apple ကနေ iPhone များ ထုတ်လုပ်ကတည်းက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ပါ။ အဆိုပါ Apps များကို iTunes ကနေ ရယူနိုင်ပါတယ်။ အခပေး Apps များရှိသလို အခမဲ့ Apps များလဲ ရှိပါတယ်။ လက်ရှိမှာ iTunes မှာ Apps ပေါင်း တစ်သိန်းမက တင်ထားတယ်လို့ သိရပါတယ်။

iTunes ပေါ်မှာ တစ်နေ့ တစ်နေ့ အသစ်ပေါ်လာတဲ့ Apps များဟာ သူ့ထက်ငါ ကောင်းသထက် ကောင်းအောင် ထုတ်လုပ်လာကြပါတယ်။ သုံးစွဲသူများအတွက်လဲ ဟိုဟာကောင်းတော့ ဆွဲချထားလိုက်မဟဲ့.. ဒီဟာလေးလဲ ဆွဲချထားလိုက်မဟဲ့နဲ့ ဖြစ်ကုန်ပါတယ်။ ဖုန်းထဲ ဆွဲချရင်း ဆွဲချရင်းနဲ့ ဖုန်းထဲမှာ သိုလှောင်ထားဖို့ နေရာ မကျန်တော့ပါဘူး။ ကျွန်တော်ဆို ခဏခဏ ဖြစ်နေပါတယ်။ အဟောင်းကို ဖျက်ရမှာလဲ နှမြော၊ အသစ်ကလဲ လိုချင်နဲ့ အတော်ကို ခွကျတဲ့ အဖြစ်ပါ။ ဒီလိုမျိုး ကန့်သတ်ချက်ကို ကျော်လွှားနိုင်ဖို့ အခု အိုင်ဖုန်းဟက်ကာတွေက အချုပ်ဖောက်(JailBreak)တဲ့ ဆော့ဖ်ဝဲတွေ ထွင်ထားပါတယ်။ ကျွန်တော်ကို ဖုန်းကို JB မလုပ်ချင်ပါဘူး။ JB လုပ်ထားမိတဲ့ ဖုန်းက ပါဝါ ပိတ်ရာကနေ ပြန်ဖွင့်ရင် ကွန်ပြူတာနဲ့ ပြန်ချိတ်မှ ဖုန်းပြန်ပွင့်တာမို့ မလုပ်ချင်တာပါ။

အခု လောလောဆယ် တွေ့ထားတဲ့ နည်းကတော့ အချုပ်ဖောက်စရာ မလိုပဲ Apple က ကန့်သတ်ထားတဲ့ ၁၁ မျက်နှာအစား စာမျက်နှာတွေ ထပ်တိုးလို့ ရတဲ့နည်း ဖြစ်ပါတယ်။ အောက်မှာ တိုးပုံ တိုးနည်း အဆင့်ဆင့်ကို ပြသထားပါတယ်။ လိုသလောက် တိုးလို့ ရပါတယ်။ ပုံထဲမှာ ပြထားတဲ့အတိုင်း ကျွန်တော့်ဖုန်းကို တိုးထားတာ ၁၃ မျက်နှာ ရှိသွားပါပြီ။

။ နောက်ဆုံးစာမျက်နှာကို Apps များနဲ့ အပြည့်ဖြည့်လိုက်ပါ။
။ ပထမ စာမျက်နှာက Voice Memo Apps ကို ခပ်ကြာကြာလေး ဖိလိုက်ပါ။ icon လေးရဲ့ ဘယ်အပေါ်ထောင့်မှာ x ပုံစံ ပေါ်လာမယ်။ icon လေးက wiggling လှုပ်နေပါလိမ့်မယ်။
။ အဆိုပါ Voice Memo ကို နောက်ဆုံးစာမျက်နှာဆီသို့ Drag လုပ်ပြီး ရွှေ့လိုက်ပါ။
။ နောက်ဆုံးစာမျက်နှာရဲ့ အောက်ဆုံးတန်း ညာဘက်ဆုံးမှာ နေရာချထားပေးပါ။
။ Dock ပေါ်က Safari Browser icon ကို လက်နဲ့ဖိပြီး ခုနက နေရာရွှေ့ထားတဲ့ Voice Memo icon အပေါ်တည့်တည့်ကို Drag လုပ်ပြီး ဆွဲချလိုက်ပါ။
။ Voice Memo Icon ဟာ pop out ဖြစ်ပြီး ပျောက်သွားပါလိမ့်မယ်။
။ Home Button ကို ပြန်နှိပ်လိုက်ပါ။ လှုပ်တုတ် လှုပ်တုတ် Wiggling ဖြစ်နေတဲ့ icons, apps များ အားလုံး နဂိုအတိုင်း ပြန်ငြိမ်သွားပါလိမ့်မယ်။
။ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။
။ ဖုန်းကို ပါဝါ ပြန်ဖွင့်လိုက်ပါ။ ဒုတိယ စာမျက်နှာမှာ ခုနက နောက်ဆုံးစာမျက်နှာကနေ pop up ဖြစ်ပြီး ပျောက်သွားတဲ့ Voice Memo Apps က ပြန်ပေါ်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဒုတိယ စာမျက်နှာဟာ အသစ်ထပ်တိုးလိုက်တဲ့ စာမျက်နှာပါ။ မယုံရင် ပြန်ရေကြည့်လိုက်ပါ။ စာမျက်နှာ ၁၂ ခု ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
၁၀။ Safari Browser ကို သူ့နေရာဖြစ်တဲ့ နဂို Dock ပေါ်ကို ပြန်ပြီး Drag ဆွဲချဖို့ မမေ့ပါနဲ့။ တော်ကြာ safari ပျောက်တယ် ရှာမတွေ့ဘူး ဖြစ်နေပါဦးမယ်။

ဒီနည်းအတိုင်းပဲ လိုအပ်ရင် လိုအပ်သလို စာမျက်နှာများကို တိုးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ဘလော့ဖတ်လာ မိတ်သဟာ ကျန်းမာကိုယ်စိတ် မြဲပါစေ။


မသက်ဝေတစ်ယောက် ဖတ်ပြီး ကလယ်ကလယ် ဖြစ်မှာ မြင်ယောင်သေး။ မလုပ်တတ်ရင် လုပ်ချင်ရင် ဖုန်းဆက်လိုက်ပါ။

10 comments:

  1. မလုပ်တတ်ရင်လုပ်ချင်ရင် (စာလုံးပေါင်းမှားနေသည်။)
    အခုလိုမျှဝေတဲ့အတွက်ကျေးဇူးပဘဲ။
    သက်ဝေသည်..လိုက်မလုပ်ပါ. ဖုံးဖြင့် ပြောပြလည်းနားမလည်မှာဖြစ်သောကြောင့်ဖြစ်သည်။ စာမျက်နာ ၁၆ လည်းသူ့အတွက် မလိုအပ်ပါ. ဘလော့ဖတ်လို့ရလျှင် ပျော်နေလောက်ပါပြီ။ ဘရိတ်ဘဲ လုပ်ပေးလိုက်ပါရန်။

    ReplyDelete
  2. မိုက်တယ်... စမ်းကြည့်အုံးမယ်.. လောလောဆယ် ၁၁ မျက်နှာတောင် မပြည့်သေးဘူး။

    ReplyDelete
  3. ae lauk a myarr gyee ... bar loat tone nay dar lae? :D

    ReplyDelete
  4. များတာနည်းတာ သုံးတာ မသုံးတာ သူ့အလုပ်မဟုတ်ဘူး .....သူများရွရင် လိုက်ရွဖို့သာ သူ့အလုပ်

    ReplyDelete
  5. ဟီး...
    မမ လူနောက်...း))

    ReplyDelete
  6. လုပ်ကြည့်ချင်တယ်ဗျ...
    ဒါပေမယ့် ဖုံးမရှိဘူး...
    ဘယ်လိုလုပ်ရမလဲ ဖုံးဆက်လိုက်မယ်လေ...

    ReplyDelete
  7. ဒီနည်းကို မသိသေးဘူးဗျ လောလောဆယ်တော့ ၁၀မျက်နှာရှိတယ်

    ReplyDelete
  8. ပထမဆုံး စာမျက်နှာမှာ အပလီကေးရှင်း အပြည့်မရှိလဲ လုပ်လို့ရပါကြောင်း၊ အိုင်ပေါ့များမှာလဲ လုပ်လို့ရပါကြောင်း .. ထပ်ကာထပ်ကာ ရွှေ့ရွှေ့သွားခြင်းဖြင့် စာမျက်နှာများ ..အမှန်တကယ်ပင် တိုးပွားလာပါကြောင်း ..

    ReplyDelete
  9. နောက်ဆုံးစာမျက်နှာကနေ စလုပ်လျှင်လဲ ရ၍ ပိုမိုလွယ်ကူပါကြောင်း :P

    ReplyDelete